Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 17, 2017

အဲ့စိတ်ဓါတ်ဟာ ငါ့ကိုမြန်မာပြည်သူတွေချစ်တယ်။

 
 
အောင်လအန်ဆန်းရယ်လို့ စပြီးသိတဲ့အချိန်တုန်းက သူ့ကျောကုန်းမှာ တော်ပံတစ်စုံနဲ့ တက်တူလေးမရှိသေးဘူး။ အဲ့ဒီတက်တူးလေးဟာ ဂျိန်းဖောကို ကိုယ်စားပြုတယ်လို့ သူပြောဖူးတယ်။

သူစပြီးအောင်မြင်ကာစပွဲတွေမှာ ကချင်အလံနဲ့အောင်ပွဲခံသလို ကိုယ်အမှတ်မမှားဘူးဆိုရင် သူ့ပွဲတွေမှာ ကချင်အလံနဲ့ပဲထိုးပေးတယ်။

နောက်ပိုင်း အောင်လအန်ဆန်းဆိုပြီးမြန်မာတွေသိလာတဲ့အချိန်မှာ မြန်မာအလံနဲ့ သူ့ကိုယ်သူကိုယ်စားပြုခဲ့တယ်။ အဲ့စိတ်ဓါတ်ဟာ ငါ့ကိုမြန်မာပြည်သူတွေချစ်တယ်။ ငါ့နောက်မှာသူတို့ရှိတယ်ဆိုတဲ့စိတ်၊ ငါဟာ ကချင်လူမျိုးစုတစ်ခုတည်းကို ကိုယ်စားပြုလို့မရတော့ဘူးဆိုတဲ့စိတ်နဲ့ မြန်မာလူမျိုးတွေအားလုံးရဲ့ကိုယ်စားပြု သူ့ကိုသူခံယူလိုက်တယ်လို့ နားလည်မိတယ်။တကယ်ဆိုရင်သူဟာအမေရိကန်စီတီဇင်ရပြီးသားပါ။
သူများတွေများအဲ့လိုသာအောင်မြင်ကြည့်ပါလားမြန်မာလို့ကိုအသိခံချင်ကြတာမဟုတ်ဘူး။

အောင်လအန်ဆန်းဟာ မြန်မာပြည်ကိုရောက်တိုင်းအရင်သွားလေ့ရှိတာက စာသင်ကျောင်းတွေ၊မိဘမဲ့ကလေးတွေဆီကိုဖြစ်တယ်။ ကလေးတွေနဲ့ဆော့တယ်။ အချိန်ပေးတယ်။လှူတယ် တန်းတယ်။

သူ့ကိုအရမ်းလေးစားသွားတာတစ်ခုရှိတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ မြန်မာပြည်မှာသူအောင်ပွဲခံတော့ အဲ့ဒီပွဲမှာသူပြောတာက "စစ်ဘေးရှောင်ကချင်ပြည်သူတွေကို အကူအညီပေးကြပါဗျာ"တဲ့။ အရမ်းလှတယ် အဲ့စကားလုံးက။ အမှန်အတိုင်းပြောရရင် အင်း..အောင်လတော့ စစ်ပွဲတွေရပ်ပါ၊ဘာညာဆိုပြီးဆရာကြီးဂိုက်နဲ့ပြောတော့မယ်လို့ထင်လိုက်တာ။မဟုတ်ဘူး၊ သူပြောသွားတာက ဖြစ်နိုင်ချေရှိတာလေးကိုသူတောင်းဆိုတာ၊ ပြည်သူတွေအချိန်မရွေးလုပ်ပေးနိုင်တဲ့လူသားချင်းစာနာမှုလေးကိုသူတောင်းဆိုတာ။လေကြီးမိုးကြီးတွေနဲ့အခွင့်သာတုန်းဆရာကြီးလေသံဖမ်းလိုက်မယ်ဟဲ့ဆိုပြီး ပြောခဲ့တာမဟုတ်ဘူး။ သူ့စိတ်ဓါတ်အရမ်းဖြူလွန်းတယ်။

အခုကျွန်တော်တို့အောင်လလေးရှုံးသွားတယ်။ကိုယ့်သွေးရင်းညီအကိုတစ်ယောက်ခံနေရသလိုခံစားရပါတယ်။အသွေးအသားတွေတလျှပ်လျှပ်ဖြစ်အောင်ကို ခံစားရပါတယ်။

ပြိုင်ဘက်ဟာချန်ပီယံပီသစွာသိပ်ပါးနပ်လွန်း၊လျှင်မြန်လွန်းတယ်။ အောင်လရဲ့နာမည်ကျော်အကွက်ထဲကိုအ၀င်မခံပဲအချုပ်မခံပဲလျှင်လျှင်မြန်မြန်ကစားသွားခဲ့တယ်။

နောက်တစ်ခုကျွန်တော်သိထားတာက MMA ပြိုင်ပွဲဟာ တစ်ခါထိုးပြီးရင် (၆)လနားရတယ်လို့သိထားတယ်။ကမ္ဘာ့ချန်ပီယံကိုထိုးသတ်မယ့်အောင်လဟာ(၃)လပဲနားရပါသေးတယ်။ပြင်ဆင်ချိန်ဘာမှမရခဲ့ပါဘူး။ပြိုင်ဘက်ရဲ့အားသာချက် အားနည်းချက်တွေကိုရှာဖို့အချိန်သိပ်နည်းပါတယ်။ အင်းလေ...ထားပါတော့။

ဒါဟာမစ်ဒယ်ဝိတ်ကမာ့နံပါတ်(၁)ကိုစိန်ခေါ်ပြီးထိုးသတ်ခဲ့တာပါ။လက်ရည်ကွာလွန်းပေမယ့်။သတ်မှတ်တဲ့(၅)ချီလုံးလုံးကိုပွဲပြီးတဲ့အထိပေကပ်ပြီးထိုးသွားခဲ့တာပါ။မြန်မာပြည်ဖွားကချင်တိုင်းရင်းသားတစ်ယောက်ရဲ့ဇွဲနဲ့စိတ်ဓါတ်ကတော့ လုံးဝမရှုံးသွားခဲ့ပါဘူး။

အောင်လရေ..ကမ္ဘာ့ချန်ပီယံမဖြစ်လို့ခင်ဗျားကိုပြည်သူတွေမေ့မယ်လို့တော့မထင်နဲ့၊မြန်မာပြည်ကိုချစ်တဲ့ခင်ဗျား၊ကချင်တွေကိုချစ်တဲ့ခင်ဗျား၊စိတ်ထားဖြူစင်ပြီး မာနထောင်လွှားမှုမရှိတဲ့ခင်ဗျားဟာ မြန်မာပြည်သူတွေရဲ့နှလုံးသားထဲမှာ သူရဲကောင်းတစ်ယောက်အဖြစ်ထာဝရရှိနေမှာပါ၊ဒါကိုတော့ခင်ဗျားယုံစေချင်တယ်။ ။

Credit Lin Wai‎

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။