ရွာသားတစ်ဦးထင်းခုတ်နေသည့် အနားသို့ သစ်တောဝန်ထမ်းတစ်ဦးရောက်လာ သည်။
"ဟေ့ကောင်.. ရပ်စမ်း မင်းဘာလုပ်နေတာလဲ"
"ထင်းခုတ်နေတာလေ ဆရာရဲ့"
"အောင်မာ မင်းက...ဘယ်သူ့အမိန့်နဲ့ခုတ်တာလဲ..."
"ဗျာ...ဘိုးစဉ်ဘောင်ဆက်တစ်သ က်လုံး...ဒီအတိုင်း
ခုတ်လာခဲ့တာပဲ..ဗျာ....ဘယ်သူ့ဆီကမှ..ခွင့်မတောင်းခဲ့ဖူးပါဘူး..."
"ဒါကိုဘာပင်မှတ်နေလို့လဲ Golden Teak လို့ခေါ်တယ်ကွ"
"ဟုတ်လားဆရာ ကျွန်တော်က ထင်း ပင်မှတ်လို့ခုတ်နေတာ
လက်စသပ်တော့ အင်္ဂလိပ်ပင် ဖြစ်နေတာကိုး.."
"မြန်မာလို ကျွန်း ပင်လို့ခေါ်တယ်ကွ၊ ခုတ်ချင်တိုင်းခုတ်မရဘူး
ဒီအပင်ကိုရောင်းရင် နိုင်ငံခြား ပိုက်ဆံရတယ်"
"မသိလို့မေးပါရစေ ဆရာ၊ မြန်မာပိုက်ဆံက ဘာဖြစ်လို့လဲ"
"မင်းနဲ့တော့ ခက်ပြီ၊ ဒီအပင်ကို အစိုးရပိုင်တယ် မင်းတို့ခုတ်ချင်တိုင်းခုတ် လို့မရဘူး"
"အစိုးရမင်းတွေ ရေလာလောင်းတာ အပင်လိုက်စိုက်တာလဲ
တစ်ခါမှ မတွေ့ပါဘူးဆရာရယ်"
"မင်းတော့ ပြဿနာတက်ပြီ ကျွန်းပင်ကိုခုတ်ရင် ထောင် ၇ နှစ်ကွ။ နိုင်ငံတော်ပိုင်တဲ့ပစ္စည်း၊ မင်းတော့ ထောင် ၇ နှစ်ကျပြီ..သာမှတ်...လာလိုက်..ခဲ့"
သစ်ပင်ခုတ်နေတဲ့ ရွာသားစိတ်ထဲ၌ ရုတ်တရက်တွေးမိလိုက်သည်။
ဟိုဘက်ရွာက အောင်ပု လူသတ်မှူဖြစ်တာ ထောင် ၃ နှစ်ပဲကျတယ်။ ဒါတောင် လျော့ရက်မပါသေးဘူး။ ငါ ဒီအပင်ကို ခုတ်မိတာ ထောင် ၇ နှစ်တောင်ကျတော့မယ်။
မဖြစ်ချေဘူး...
ဒီကိစ္စကို သိတဲ့သူကလည်း ဒီကောင်တစ်ကောင်ပဲရှိတယ်ဆို တော့...
ဒီကောင့်ကို သတ်လိုက်ရင် ငါ ..အဖမ်းခံရရင်တောင်
ထောင် ၄ နှစ် သက်သာမယ်...
ထို့နောက်..........တွင်... ..
(ဆရာနေဝင်းမြင့်)
"ဟေ့ကောင်.. ရပ်စမ်း မင်းဘာလုပ်နေတာလဲ"
"ထင်းခုတ်နေတာလေ ဆရာရဲ့"
"အောင်မာ မင်းက...ဘယ်သူ့အမိန့်နဲ့ခုတ
"ဗျာ...ဘိုးစဉ်ဘောင်ဆက်တစ်သ
ခုတ်လာခဲ့တာပဲ..ဗျာ....ဘယ်သ
"ဒါကိုဘာပင်မှတ်နေလို့လဲ Golden Teak လို့ခေါ်တယ်ကွ"
"ဟုတ်လားဆရာ ကျွန်တော်က ထင်း ပင်မှတ်လို့ခုတ်နေတာ
လက်စသပ်တော့ အင်္ဂလိပ်ပင် ဖြစ်နေတာကိုး.."
"မြန်မာလို ကျွန်း ပင်လို့ခေါ်တယ်ကွ၊ ခုတ်ချင်တိုင်းခုတ်မရဘူး
ဒီအပင်ကိုရောင်းရင် နိုင်ငံခြား ပိုက်ဆံရတယ်"
"မသိလို့မေးပါရစေ ဆရာ၊ မြန်မာပိုက်ဆံက ဘာဖြစ်လို့လဲ"
"မင်းနဲ့တော့ ခက်ပြီ၊ ဒီအပင်ကို အစိုးရပိုင်တယ် မင်းတို့ခုတ်ချင်တိုင်းခုတ်
"အစိုးရမင်းတွေ ရေလာလောင်းတာ အပင်လိုက်စိုက်တာလဲ
တစ်ခါမှ မတွေ့ပါဘူးဆရာရယ်"
"မင်းတော့ ပြဿနာတက်ပြီ ကျွန်းပင်ကိုခုတ်ရင် ထောင် ၇ နှစ်ကွ။ နိုင်ငံတော်ပိုင်တဲ့ပစ္စည်း၊
သစ်ပင်ခုတ်နေတဲ့ ရွာသားစိတ်ထဲ၌ ရုတ်တရက်တွေးမိလိုက်သည်။
ဟိုဘက်ရွာက အောင်ပု လူသတ်မှူဖြစ်တာ ထောင် ၃ နှစ်ပဲကျတယ်။ ဒါတောင် လျော့ရက်မပါသေးဘူး။ ငါ ဒီအပင်ကို ခုတ်မိတာ ထောင် ၇ နှစ်တောင်ကျတော့မယ်။
မဖြစ်ချေဘူး...
ဒီကိစ္စကို သိတဲ့သူကလည်း ဒီကောင်တစ်ကောင်ပဲရှိတယ်ဆို
ဒီကောင့်ကို သတ်လိုက်ရင် ငါ ..အဖမ်းခံရရင်တောင်
ထောင် ၄ နှစ် သက်သာမယ်...
ထို့နောက်..........တွင်...
(ဆရာနေဝင်းမြင့်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။