Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 14, 2017

ကောင်းလိုက်တဲ့​ရေးသားချက်​ အားလုံးဖတ်​ပြီး ဝို​င်း ရှယ်​​ပေးကြပါဗျာ

 
 
ကောင်းလိုက်တဲ့​ရေးသားချက်​ အားလုံးဖတ်​ပြီး ဝို​င်း ရှယ်​​ပေးကြပါဗျာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်က နေရာတကာ ဝင်ပါတတ်သူ မဟုတ်ပါဘူး။
ဒါပေမယ့် အခု မထသကို ဖြုတ်ချပြီး အများပိုင် ယာဉ်လိုင်းတွေအနေနဲ့ ပြောင်းလဲပြေးဆွဲတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ဘာမှ လေ့လာမှု မရှိဘဲ၊ ဘာမှ မသိဘဲ အပုတ်ချနေကြလို့ ပြောစရာရှိလာတယ်။

၁)
အရင်ကရှိခဲ့တဲ့ ကားလိုင်း ၃၀၀ ကျော်ထဲက လမ်းကြောင်းတူ ကားလိုင်းတွေကို ပေါင်းပစ်ပြီး ကားလိုင်း ၆၀ ဖြစ်အောင်လုပ်လိုက်တယ်။
ဥပမာ အင်းစိန်က မြို့ထဲလာတဲ့ ကားလိုင်း ၅ လိုင်းရှိတယ်ဆိုရင် လမ်းကြောင်းတူမို့လို့ ပေါင်းပစ်ပြီး တစ်လိုင်းတည်း လုပ်လိုက်တယ်။

လမ်းကြောင်းတူမှာ ကားလိုင်း မတူတာတွေ ရှိနေရင် အကျိုးစီးပွါးအတွက် ပြိုင်မောင်းကြလွန်းလို့ ဒီလိုလုပ်တာပါ။ လိုင်းတွေ နည်းသွားတာ မဟုတ်ပါဘူး။ ပေါင်းစည်းသွားတာပါ။

၂)
ကားလိုင်း ၃၀၀ ကျော်ကို အရင်က ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီတွေ၊ အသစ်ဖွဲ့စည်းထားတဲ့ အများပိုင်ကုမ္ပဏီတွေကို ပေါင်းပြီး အများပိုင်ကုမ္ပဏီ ၈ ခုဖွဲ့စည်းလိုက်ပါတယ်။ အခုလိုင်းသစ် ၆၀ ကို အဲဒီ ကုမ္ပဏီ ၈ ခုက ပိုင်ဆိုင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။
အရင်က မထသလက်အောက်ခံ ကားတစ်လိုင်းချင်းရဲ့ သောင်းပြောင်းထွေလာ တံဆိပ်တွေ ခေါင်းစည်းနံပါတ်တွေ နေရာမှာ အခုစနစ်သစ်မှာသုံးမယ့် အရောင်နဲ့ လိုင်းနံပါတ်တွေ ပြောင်းလဲတပ်ဆင်ရမှာပါ။

စပြောင်းပြောင်းချင်း နံပါတ်အသစ်တွေ မှတ်ရလို့ ခက်ခဲသလိုလို ဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ ပိုမိုရှင်းလင်း လွယ်ကူသွားတယ် ဆိုတာကို လက်တွေ့သိရှိလာမှာပါ။

၃)
စစချင်းမှာတော့ အရင်က ပြေးဆွဲနေတဲ့ ကားအစီးရေ ၇၀၀၀ ကျော်ကိုပဲ လောလောဆယ် ဒီအတိုင်း ပြန်သုံးမှာ ဖြစ်ပါတယ်။

မြို့ပြအင်္ဂါရပ်နဲ့ မညီတဲ့၊ အန္တရာယ်မကင်းတဲ့ ၁၉၉၅ မော်ဒယ်အောက် စီးတီဘတ်စ်၊ ဘီအမ်နဲ့ ဒိုင်နာကားတွေကို ပြေးဆွဲခွင့်ပိတ်ပြီး ကားစလစ်တွေ အစားထိုးထုတ်ပေးမယ်လို့ စီစဉ်ထားပေမယ့် စစချင်း အများပြည်သူ ကားမလုံလောက်မှု ဖြစ်မှာစိုးလို့ အချိန် အတိုင်းအတာတစ်ခုအထိ ဆက်လက်ပြေးဆွဲခွင့် ပြုထားဦးမှာ ဖြစ်ပါတယ်။

ဒီတော့ ရန်ကုန်တိုင်း အစိုးရရဲ့ ပထမဆုံး ခြေလှမ်းမှာ ကားစုတ်တွေကို ဆက်စီးရဦးမှာ ဖြစ်ပေမယ့်...
အဆင့်မီကားတွေနဲ့ လဲလှယ်ပေးမယ့် နောက်ဆက်တွဲ ခြေလှမ်းတွေလည်း မကြာခင် လာမှာ ဖြစ်ပါတယ်။

၎)
ယာဉ်မောင်းတွေနဲ့ စပယ်ယာတွေလည်း အရင်လူတွေပဲ ဆက်မောင်းမှာ ဖြစ်ပါတယ်။

ဒီတော့ အလုပ်လက်မဲ့ ဖြစ်မှာ ပူစရာ မရှိပါဘူး။

စိးနင်းသူတွေအတွက်ကတော့...
မိုက်ရိုင်းရမ်းကားတဲ့ ယာဉ်မောင်းတွေနဲ့ စပယ်ယာတွေ ပြန်ပါလာမှာ စိုးရိမ်စရာပေမယ့် အားလုံးကတော့ မိုက်ရိုင်း ရမ်းကားနေတာ မဟုတ်လို့ စိတ်ပူစရာမရှိပါဘူး။
အုပ်ချုပ်မယ့် အဖွဲ့အစည်း ပြောင်းသွားပြီဖြစ်လို့ အချို့သော မိမဆုံးမ ဖမဆုံးမ၊ မထသ မဆုံးမတဲ့ မိုက်ရိုင်းတဲ့ ဒရိုင်ဘာ၊ စပယ်ယာတွေ အရင်လို ရမ်းကားလို့ မရနိုင်တော့ပါဘူး။

အရင်လို ဘယ်အာဏာရှင်ရဲ့ မြေးတွေပိုင်တဲ့ ယာဉ်လိုင်းက ဒရိုင်ဘာ စပယ်ယာတွေမို့ မထိရဲဘူး ဆိုတာမျိုးလည်း ရှိမှာ မဟုတ်တော့ပါဘူး။

မဟုတ်မတရားလုပ်လာရင် ကွီးဖြိုး မထိရဲတာ ဘာမှမရှိဘူးဆိုတာ အကြိမ်ကြိမ် မှတ်ကျောက်တင်ခံပြီးပါပြီ။

၅)
ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချချင်တဲ့အတွက် မြို့ပြင်ကနေ မြို့တွင်းကို ဝင်တဲ့ လိုင်းတွေ၊ လမ်းကြောင်းတွေကို လျှော့ချပြီး မြို့တွင်းပတ်သီးသန့် ထည့်ထားလို့...

အရင်က မြို့ပြင်က မြို့တွင်းထိ ဝင်တဲ့ လိုင်းမျိုး မဟုတ်တော့တဲ့အတွက် ကားပြောင်းစီးရတဲ့ အဆင့်ပိုလာပါမယ်။

အမှားတွေကို မြေလှန်ပြီး ပြောင်းလဲရာမှာ ထိခိုက်နစ်နာသူတွေ ရှိမှာပါ။ သူတို့ကို ငဲ့လို့ မပြောင်းရင် ဘာမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။

ဒီတော့ လူများစုကောင်းဖို့ အရင်ပြောင်းပစ်...
ပြီးတော့မှ ထိခိုက်ရတဲ့ လူနည်းစုအတွက် လုပ်နိုင်တဲ့ ဘောင်ထဲက ပြန်လုပ်ပေးတဲ့ နည်းကိုပဲ သုံးရမှာပါ။

၆)
တစ်ဆင့်ထဲရောက်တာကနေ နှစ်ဆင့် သုံးဆင့် ကားပြောင်းစီးရသူတွေဟာ ကားခတွေ ပိုကုန်ပါမယ်။

တကယ်က ယာဉ်စီးခတွေ တိုးသွားတာမဟုတ်ပါဘူး။ လိုင်းတိုင်းမှာ အရင်ကလိုပဲ ၁၀၀၊ ၂၀၀၊ ၃၀၀ ပါပဲ။ ဒါပေမယ့် ကားစီးတဲ့ အဆင့်တွေ ပိုများသွားသူတွေကတော့ ပိုကုန်တဲ့သဘောပါ။

အပေါ်မှာ ပြောခဲ့သလိုပဲ၊ အပြောင်းအလဲမှာ နစ်နာသူတွေလဲ ရှိမှာပါ။ အားလုံးပြေလည်အောင် ဘယ်လိုမှ လုပ်ပေးလို့မရပါဘူး။

ဒါပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ အဲလို မြို့တွင်းဝင် ကားလိုင်းကို လျှော့ချလိုက်လို့ ငွေပိုကုန်ရမယ့်သူတွေအတွက် စဉ်းစားပေးပါတယ်။ အဲဒီခရီးသည်တွေ ထပ်ပြောင်းစီးရမယ့် မြို့တွင်းပတ်လမ်းကြောင်းတွေမှာ အစိုးရပိုင် ကုမ္ပဏီပိုင် ယာဉ်လိုင်းတွေကို အရှုံးခံပြေးဆွဲစေမယ်လို့ ဆိုပါတယ်။

ဘယ်လောက် ချစ်စရာကောင်းလိုက်ပါသလဲ။
.
.
.
ပြောစရာရှိတာ ပြောပြီးပြီမို့...

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာအစစ်ရဲ့ ထောက်ပြမှုနဲ့ မီဒီညာတွေရဲ့ ကလိန်ကျ အပုတ်ချမှုတွေ ကွာခြားမှုကို ပြောချင်ပါသေးတယ်။

သဘောမှန်တဲ့ စံတော်ချိန်သတင်းစာမှာ မထသကို နာမည်ပြောင်းလိုက်ရုံနဲ့ ပြည်သူ့ဝန်ဆောင်မှု ကောင်းလာမှာလားလို့ ဝေဖန်ပါတယ်။ ခေါင်းစဉ်က အထင်လွဲစရာပေမယ့် ဖတ်ကြည့်တော့ တကယ့်ကို အပြုသဘောဝေဖန်ထားပြီး ပြည်သူ့အစိုးရနဲ့ ပြည်သူတွေကြားကို "ခလောက်ဆန်တဲ့ လေသံ" တစ်စက်တောင် မပါတာကိုတွေ့ရပါတယ်။

ဒါက ဘာ့ကြောင့် ဝေဖန်တိုင်း ပြည်သူက မဆဲတာလဲ ဆိုတာရဲ့ သက်သေတစ်ခုပါ။
.
.
.
မီဒီညာတွေက အယ်ဒီချာဆိုသူ၊ ဂျာနယ်ညစ်ဆိုသူတွေ၊ အနီကြောင်တွေ၊ ဖွတ်စိမ်းနဲ့ ချီးမဲလူးဘောမတွေကတော့...

ဗြုန်းစားကြီး ထလုပ်တော့ ယာဉ်လိုင်းတွေ၊ ယာဉ်မောင်းနဲ့ စပယ်ယာတွေနဲ့ သူတို့ မိသားစုဝင်တွေ ဒုက္ခရောက်ရပြီ။
BRT လိုမျိုး အသစ်တစ်လိုင်းလောက် စမ်းလုပ်၊ အောင်မြင်မှ အဟောင်းတစ်လိုင်း ဖြုတ်ပစ်၊ ပြီးမှ နောက်တစ်လိုင်း ထပ်လုပ်တာမျိုးဖြစ်သင့်တာပေါ့... တဲ့။

ဘယ်လောက်အောက်တန်းကျပြီး ပညာမဲ့၊ စေတနာမဲ့၊ စိတ်ယုတ်မာပြည့်နေတဲ့ အပုတ်ချချက်ပါလဲ?

BRT က အထူးယာဉ်လိုင်း အနေနဲ့ အသစ်လုပ်ခဲ့တာဖြစ်တယ်။
ဘယ်သူနဲ့မှ ညှိစရာမလိုဘူး။ သဘောသဘာဝ မတူပါဘူး။

အခု မထသကိုဖြုတ်တဲ့ ကိစ္စမှာ တစ်လိုင်းချင်း လုပ်ရမယ်ဆိုရင်...
ကားပိုင်ရှင်တွေ နေရာကနေ စဉ်းစားကြည့်ပါ။

ဒီယာဉ်လိုင်းကို အရင်လာထိရင် ဒီယာဉ်လိုင်းက ဆန္ဒပြမယ်...
ဟိုယာဉ်လိုင်းကို အရင်စလုပ်ရင် အဲဒီယာဉ်လိုင်းက ဆန္ဒပြမယ်...

အဲဒီအခါကျရင် မီဒီညာ အလေနတောတွေက တစ်လိုင်းတည်း ကွက်ပြီး ဖျက်လို့ဆိုပြီး အကြောင်းရှာ ဝိုင်းအူမယ်။

မထသကို မဖျက်သိမ်းလို့ ဟောင်တုန်းကလည်း ဒီကောင်တွေပဲ၊ အခု ဖျက်သိမ်းတော့ ဝုတ်ဝုတ်ကြတော့လည်း ဒီခွေးတွေပဲ။

တကယ်က အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေအတိုင်း သေချာစီစဉ်ပြီးမှ အားလုံး တပြေးညီ ကျောသားရင်သား မခွဲဘဲ မထသ ဖျက်သိမ်း၊ အဖွဲ့သစ် ပြန်စတာသာဖြစ်တယ်။
.
.
.
နောက်တစ်ချက်က...

"ကေတီဘီ၊ မာဆတ်၊ ဆောက်လုပ်ရေးတွေ ရပ်၊ လမ်းဘေးဈေးသည်၊ ကွန်တိန်နာကားတွေ ဖယ်၊ နောက်ဆုံးပိတ် အိတ်နဲ့လွယ် မထသကို ဖျက်သိမ်းတယ်" စသဖြင့်

အစိုးရသစ်ဟာ ဆင်းရဲတဲ့ပြည်သူတွေကို ရွေးပြီး ဒုက္ခပေးနေတဲ့ အစိုးရဖြစ်နေပြီ... နင်းပြားပြည်သူတွေ နစ်နာကုန်ပြီလို့...

သူလို့ လုပ်နေကျ ခွေးကျင့် ခွေးကြံအတိုင်း သူတို့ အပုတ်ချချင်တဲ့ စကားကို ပြည်သူ့စကားလုပ်ပြီး ပြည်သူနဲ့ လှည့်တိုက်တယ်။

ဥပမာ တစ်ခုပဲ ပြပါမယ်။

လမ်းဘေးဈေးသည်ဦးရေနဲ့ ရန်ကုန်ထဲကို အလုပ်လာဆင်းတဲ့ အလုပ်သမား ဝန်ထမ်းဦးရေ ဘယ်ဟာက များပါသလဲ?

ရန်ကုန်တရုတ်တန်းက လမ်းဘေးဈေးသည်တွေနဲ့ မြို့ပြင်ကလာရတဲ့ အလုပ်သမားတွေ ဘယ်သူက ပိုပြီး ဆင်းရဲတာပါလဲ?

ဒါကို "လမ်းပိတ်ဆို့တဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားတာဟာ ကားစီးနိုင်တဲ့ ချမ်းသာသူတွေအတွက် ဆင်းရဲသားကို ချနင်းတယ်" ဆိုပြီး ရန်တိုက်ပေးပါတယ်။

ဒါပေမယ့် သန်းချီတဲ့ တကယ့်ဆင်းရဲသားတွေ ဒီလမ်းဘေးဈေးသည်တွေကြောင့် ဘတ်စ်တွေပေါ်မှာတင်၊ ကားလမ်းပေါ်မှာတင် အချိန်ကုန်နေရတဲ့ အဖြစ်ကိုတော့ ရန်တိုက်သူတွေက မြှုပ်ထားပါတယ်။

အခုဆိုရင် ကမ်းနားလမ်းမကြီးက တော်တော်ချောင်သွားပြီး မြို့တွင်း ၆ မြို့နယ်လမ်းတွေ အရင်လောက် မပိတ်တော့ပါ။ ဒီအကျိုးကို သန်းနဲ့ချီတဲ့ ဝင်ငွေနိမ့် ခရီးသွားပြည်သူတွေ ခံစားနေကြရပါပြီ။

လမ်းဘေးဈေးသည် အချို့ (အများစုက နေရာသစ်မှာ အဆင်ပြေနေပါပြီ) နဲ့ ကွန်တိန်နာယာဉ်မောင်းတွေ နစ်နာတယ်ဆိုရင် လူဦးရေနည်းနည်းပေါ့။

နင်းပြား အများကြီး အကျိုးရှိဖို့ နင်းပြား အနည်းငယ် အကျိုးယုတ်ရတာကို ငဲ့နေလို့ မရပါဘူး။ နောက်ပိုင်းမှာ သူတို့ကိုလည်း အဆင်ပြေအောင် ပြန်လုပ်ပေးနိုင်ရင် ပြီးတာပါပဲ။ အခုတောင် အဲဒီလူတွေရဲ့ အသံ မကြားရတော့ပါဘူး။
.
.
.
နောက်ဆုံးအနေနဲ့ ပြောရရင်...
ဖြစ်လာနိုင်တဲ့ အဆင်မပြေမှုတွေဆိုတာက စနစ်သစ်က လုံးလုံး အသုံးမကျလို့၊ အစိုးရက မလုပ်တတ်လို့ မဟုတ်ဘဲ...

စနစ်သစ်နဲ့ ခရီးသည်တွေ အသားမကျသေးခင်...

ဘာစီးရမှန်းမသိ...
ဘယ်ပြောင်းစီးရမှန်းမသိ...
လိုင်းအချိတ်အဆက်တွေ မမိ... ဖြစ်နိုင်တာကို ပြောတာ။

ဒါလည်း ၅ ရက်လောက်စီးလိုက်ရင် အဆင်ပြေ မှတ်မိသွားမှာ။ ထမင်းစားကြီးတဲ့ လူတွေကိုး...

ဝေဖန်နေတဲ့ "ဂျိုးတွေသင်း" ဆိုတဲ့ မျောက်ဖင်နီပါးစပ်နဲ့ အခြောက်အယ်ဒီချာကောင်ကတော့ ဘာစားလဲ ကျွန်တော် မသိဘူး။

နောက်ပြီး
အချို့တွေ ကားခပိုကုန်ကြ...
အချို့တွေ အိမ်နားက မှတ်တိုင်ပျောက်ကြ စတဲ့ အဆင်မပြေမှုလေးတွေ ရှိသေးတယ်။

ဒါလည်း အစိုးရသစ်လုပ်တာ ၁၀၀% တန်းကောင်းသွားမယ်လို့ ဘယ်ဒီမိုမှ လော်မနေဘူး။ အကောင်းများလို့ ကြိုဆိုကြတာ။ အဆိုးအနည်းငယ်အတွက် အားလုံး အပြုသဘော ဝိုင်းဝန်းကြမယ် ဒီသဘောပဲရှိတယ်။

အသစ်စပြောင်းတဲ့အခါ ကောင်းတာတွေ ရှိသလို လိုသေးတဲ့ လိုင်းအသစ်တွေ၊ အချိတ်အဆက် မမိတာတွေရှိရင်လည်း ပြန်ပြင်ဆင်လိုက်ပြီး၊ အခြား လိုအပ်တာလေးတွေကို ထပ်ဖြည့်ဆည်းလိုက်ရင် တစ်လ နှစ်လ အတွင်း ကားစီးရတာ အဆင်ပြေသွားကြမှာ။

အားလုံးအဆင်သင့်ခဲ့ရင်...
လိုင်းသစ်တွေရောက်သွားတဲ့ စိတ်သစ်လူသစ်နဲ့ ဒရိုင်ဘာ စပယ်ယာတွေ စည်းကမ်းလည်း ရှိကြရင်...

ပြည်သူမုန်းတဲ့ မထသကို ဖြုတ်လိုက်နိုင်တဲ့ အပြင် အပိုဆုအနေနဲ့ ယာဉ်ကြောပိတ်ဆို့တာတွေတောင် အတော်လျော့ကျသွားနိုင်တယ်။

ကားခပိုကုန်သူတွေအတွက်လည်း အထက်ကပြောခဲ့သလို လိုအပ်ရင် အစိုးရက အရှုံးခံ ပြေးဆွဲပေးမှာတွေ ရှိသေးတယ်။
ကားစုတ်တွေကို အသစ်တွေနဲ့ အစားထိုးမှာတွေ ရှိသေးတယ်။ ခေတ်မီ ကားခပေးစနစ်ကို ပြောင်းပေးမှာတွေ ရှိသေးတယ်။

ဘယ်လောက်ကောင်းသလဲဗျာ။
ပြည်သူအများက စနစ်သစ်ရဲ့ အားသာချက် ၈၀% ကို ရင်ခုန်ပျော်ရွှင်ပြီး ကူညီရင်း ကြိုဆိုနေချိန်မှာ...

ဖြစ်မလာသေးတဲ့ အဆင်မပြေမှု ၂၀% ကို ဘယ်လို ကုစားကြမလဲလို့ အပြုသဘော အကြံမပြုဘဲ...

နွားရူးလို နီနီမြင်တိုင်း လိုက်ဝှေ့နေတော့ အဲဒီကောင်စားတွေတော့ မသိဘူး၊ အများအပြည်သူမှာတော့ ဘာအကျိုးမှ မရပါဘူး။ အနှောင့်အယှက်သာ ဖြစ်နေပါတယ်။
.
.
.
အထူးသဖြင့် ဒီမိုတွေကို "ဖာသည်မသားတွေ" လို့ဆဲတဲ့ ဟိုမီဒီယာကြီးက အယ်ဒီချာကောင်ကို ပြောချင်တာက...

အများအကျိုးအတွက် ထောက်ပြတာလို့လည်း မိုးကြိုးကို ထန်းလက်နဲ့ ကာဖို့ မကြိုးစားပါနဲ့။

ဟုတ် မဟုတ်ကို မင်းတို့တိုက်က အယ်ဒီချာကောင်တွေ ဖေ့စ်ဘွတ်ခ်မှာ ရေးရေးနေတဲ့ စတေးတပ်စ်တွေကို ကြည့်တာနဲ့...

မင်းတို့ဟာ ဘယ်လောက် စိတ်သဘောထားယုတ်မာစွာနဲ့ အစိုးရသစ်အပေါ် မလိုတမာ မုန်းတီးစိတ်အခံနဲ့ အပြစ်ရှာ ဖောင်းထုနေတယ်ဆိုတာ ကပ္ပလီမချက်ကို ထုံးကွင်းပြသလို ရှင်းရှင်းကြီး မြင်နေရပြီးသား။

ချီးစားတဲ့ ခွေးက ထမင်းစားတဲ့ လူကို လိမ်လို့ ရရိုးထုံးစံမရှိဘူးကွ မင်းတို့မှတ်ထား!

မင်းတို့ရဲ့ ဝေဖန်ရေးအမည်ခံ အပုတ်ချချက်တွေကို ကြည့်လိုက်ရင် အင်မတန်အောက်တန်းကျပြီး ပညာမတတ်၊ ဦးနှောက်နဲ့ IQ အဆင့်အတန်းနိမ့်ကျကြောင်း အရမ်းကို ပေါ်လွင်လွန်းလှတယ်။

ဒေါက်တာဦးမြင့်ကို ဝေဖန်တုန်းကလည်း ဟိုက ပညာတတ်ဆန်ဆန် အဆင့်မြင့်မြင့် ပြန်တွယ်လိုက်လို့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ စစ်အစိုးရ ပညာရေးစနစ်ကို ဆွဲထည့် လက်ညှိုးထိုးလိုက်ရတာ မမေ့နဲ့ဦး။

အခုလည်း Transportation engineering တို့ urban planning တို့ကို ပါရဂူမြောက် ဘွဲ့ယူထားတဲ့ သူတွေက သေချာ လေ့လာသုံးသပ်ပြီးမှ အသစ်ပြင်ဆင်လိုက်တာကို...

မင်းတို့လို ဘာမှ မဟုတ်တဲ့ အလေအလွင့်ကောင်တွေက လူတတ်ကြီးလုပ်ပြီး လိုက်ဟောင်နေတော့ ဘောင်ဝင်မဝင် စဉ်းစားကြည့်...

လောကမှာ ချီးကျူးတယ်ဆိုတာတောင် ချီးကျူးသူရဲ့ အဆင့်အတန်းကို လိုက်ပြီး ချီးကျူးရာ ဂုဏ်ပြုရာ မရောက်ဘဲ အောက်တန်းကျသွားတတ်တာမျိုး ရှိတယ်။

ရာဇဝင်မှာ ယောအတွင်းဝန် ဦးဖိုးလှိုင်ကို မြင်းထိန်းငတာက ချီးကျူးမိတော့ ဘာမှ နားမလည်တဲ့ကောင်က သူ့ကျမ်းကို ချီးကျူးရမလားဆိုပြီး ယောအတွင်းဝန် ဦးဖိုးလှိုင်က ရှက်လွန်းလို့တဲ့!

ဟော ပညာရှင်အလုပ်ကို ဝေဖန်ထောက်ပြဖို့ကျတော့ ပိုဆိုးပြီပေါ့ကွာ။

ဘာမဟုတ် ညာမဟုတ် ဘုံမဟုတ် ပတ်မဟုတ် ဂျလွတ်ပလွတ် ဂန်ဒူးရုပ်နဲ့ အယ်ဒီတာအစုတ်ပလုတ်က ပညာရှင်တွေရဲ့ အလုပ်ကို ဝေဖန်ရှုံ့ချနေတော့...

ရှက်စရာထက် ရွံစရာကောင်းလွန်းလို့ တံတွေးနဲ့တောင် ဝိုင်းထွေးဖို့ မတန်တော့ဘူးလေ။

Credit : Swe Yu

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။