ပိုးဟပ်သီအိုရီ
=========
"တနေ့ ကျွန်တော်တို့ စားသောက်ဆိုင်တစ်ခုမှာ ထိုင်ဖြစ်ကြတယ်ဗျာ။
တဘက်ဝိုင်းမှာ အမျိုးသမီးတွေချည်း တစ်ဝိုင်းရှိတယ်။
ရုတ်တရက် ပိုးဟပ်တစ်ကောင်ပျံလာပြီး အမျိုးသမီးတစ်ယောက်ပေါ် နားပါရော။
အဲဒီမှာတင် အဲဒီအမျိုးသမီး ဆူညံပွက်လောရိုက်ပြီး ငယ်သံပါအောင် အော်တော့တာပဲ။
လက်နှစ်ဘက်လုံးကလည်း ပိုးဟပ်ကို သူ့ကိုယ်ပေါ်ကဖယ်ရှားဖို့ အားထုတ်နေတာပေါ့...
ဒီလိုနဲ့ သူ့ဝိုင်းက တခြားအမျိုးသမီးတွေလည်း ကြောက်နေကြပြီ။
သူ့ကိုယ်ပေါ်ကပိုးဟပ်ကို ဖယ်ရှားလိုက်တော့ နောက်တစ်ယောက်ကိုယ်ပေါ် ရောက်သွားရော။
အဲ့တစ်ယောက်လည်း စောစောကတစ်ယောက်လိုပဲဖြစ်ပြ န်ရော။
ဝရုန်းသုန်းကား သံသရာကြီးကို လည်လို့...
ဒီလိုနဲ့ ဖြေရှင်းပေးဖို့ စားပွဲထိုးတစ်ယောက် ရောက်လာတယ်။
သူ့ကိုယ်ပေါ်ကို ပိုးဟပ်ရောက်သွားတယ်။
အဲဒီအခါ သူက ငြိမ်ပြီး ပိုးဟပ်ရဲ့ အပြုအမူကို လေ့လာတယ်။
စိတ်ချရလောက်အောင် ပိုးဟပ်ငြိမ်နေပြီဆိုမှ လက်နဲ့ မိမိရရဖမ်းကိုင်ပြီး ဆိုင်အပြင်ဘက်ကို ပစ်လိုက်တယ်။
ကော်ဖီသောက်နေတဲ့ ကျွန်တော့်အတွေးမှာ အတွေးစတစ်ခုပေါ်လာတယ် - ခုနက ဝရုန်းသုန်းကားတွေက ပိုးဟပ်ကြောင့်ဖြစ်တာလား?
ဟုတ်တယ်ဆို ဘာလို့ စားပွဲထိုးကျ မဖြစ်ရတာလဲ?
ဘာဝရုန်းသုန်းကားမှမဖြစ်လို က်ဘဲ ကျွမ်းကျွမ်းကျင်ကျင်ကို ကိုင်တွယ်သွားတာ။
ပိုးဟပ်မဟုတ်၊ ပိုးဟပ်ကနေဖြစ်တဲ့ အနှောင့်အယှက်ကို မကိုင်တွယ်နိုင်လို့ ဟိုဘက်ဝိုင်းက အမျိုးသမီးတွေ အနှောင့်အယှက်ဖြစ်ရတာ။
စဉ်းစားမိတာ...သူဌေးကအော်၊ ဇနီးကအော်လို့ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်တာမဟု တ်ဘူး။ အဲဒီကဖြစ်တဲ့အနှောင့်အယှက်ကို မကိုင်တွယ်နိုင်လို့ ကျွန်တော် အနှောင့်အယှက်ဖြစ်ရတာ။
အနှောင့်အယှက်ထက် အဲဒီအနှောင့်အယှက်ကို မကိုင်တွယ်တတ်တာက ဆိုးတာ။
သင်္ခန်းစာက...
မည်သည့်အခါမှ React မလုပ်သင့်။ အမြဲတမ်း Respond လုပ်ရမည်။
Reaction ဆိုတာ အမြဲတမ်း မစဉ်းစားဘဲဖြစ်တာ။ Response ဆိုတာ အမြဲတမ်း သေချာစဉ်းစားပြီးမှဖြစ်တာ.. ."
Google Chrome ရဲ့ Global Head ဖြစ်သူ Sundar Pichai ရဲ့ speech ကို ကျွန်တော် အောင်ကိုကို မြန်မာပြန်ပါတယ်။
Writer-Aung Ko Ko
=========
"တနေ့ ကျွန်တော်တို့ စားသောက်ဆိုင်တစ်ခုမှာ ထိုင်ဖြစ်ကြတယ်ဗျာ။
တဘက်ဝိုင်းမှာ အမျိုးသမီးတွေချည်း တစ်ဝိုင်းရှိတယ်။
ရုတ်တရက် ပိုးဟပ်တစ်ကောင်ပျံလာပြီး အမျိုးသမီးတစ်ယောက်ပေါ် နားပါရော။
အဲဒီမှာတင် အဲဒီအမျိုးသမီး ဆူညံပွက်လောရိုက်ပြီး ငယ်သံပါအောင် အော်တော့တာပဲ။
လက်နှစ်ဘက်လုံးကလည်း ပိုးဟပ်ကို သူ့ကိုယ်ပေါ်ကဖယ်ရှားဖို့ အားထုတ်နေတာပေါ့...
ဒီလိုနဲ့ သူ့ဝိုင်းက တခြားအမျိုးသမီးတွေလည်း ကြောက်နေကြပြီ။
သူ့ကိုယ်ပေါ်ကပိုးဟပ်ကို ဖယ်ရှားလိုက်တော့ နောက်တစ်ယောက်ကိုယ်ပေါ် ရောက်သွားရော။
အဲ့တစ်ယောက်လည်း စောစောကတစ်ယောက်လိုပဲဖြစ်ပြ
ဝရုန်းသုန်းကား သံသရာကြီးကို လည်လို့...
ဒီလိုနဲ့ ဖြေရှင်းပေးဖို့ စားပွဲထိုးတစ်ယောက် ရောက်လာတယ်။
သူ့ကိုယ်ပေါ်ကို ပိုးဟပ်ရောက်သွားတယ်။
အဲဒီအခါ သူက ငြိမ်ပြီး ပိုးဟပ်ရဲ့ အပြုအမူကို လေ့လာတယ်။
စိတ်ချရလောက်အောင် ပိုးဟပ်ငြိမ်နေပြီဆိုမှ လက်နဲ့ မိမိရရဖမ်းကိုင်ပြီး ဆိုင်အပြင်ဘက်ကို ပစ်လိုက်တယ်။
ကော်ဖီသောက်နေတဲ့ ကျွန်တော့်အတွေးမှာ အတွေးစတစ်ခုပေါ်လာတယ် - ခုနက ဝရုန်းသုန်းကားတွေက ပိုးဟပ်ကြောင့်ဖြစ်တာလား?
ဟုတ်တယ်ဆို ဘာလို့ စားပွဲထိုးကျ မဖြစ်ရတာလဲ?
ဘာဝရုန်းသုန်းကားမှမဖြစ်လို
ပိုးဟပ်မဟုတ်၊ ပိုးဟပ်ကနေဖြစ်တဲ့ အနှောင့်အယှက်ကို မကိုင်တွယ်နိုင်လို့ ဟိုဘက်ဝိုင်းက အမျိုးသမီးတွေ အနှောင့်အယှက်ဖြစ်ရတာ။
စဉ်းစားမိတာ...သူဌေးကအော်၊ ဇနီးကအော်လို့ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်တာမဟု
အနှောင့်အယှက်ထက် အဲဒီအနှောင့်အယှက်ကို မကိုင်တွယ်တတ်တာက ဆိုးတာ။
သင်္ခန်းစာက...
မည်သည့်အခါမှ React မလုပ်သင့်။ အမြဲတမ်း Respond လုပ်ရမည်။
Reaction ဆိုတာ အမြဲတမ်း မစဉ်းစားဘဲဖြစ်တာ။ Response ဆိုတာ အမြဲတမ်း သေချာစဉ်းစားပြီးမှဖြစ်တာ..
Google Chrome ရဲ့ Global Head ဖြစ်သူ Sundar Pichai ရဲ့ speech ကို ကျွန်တော် အောင်ကိုကို မြန်မာပြန်ပါတယ်။
Writer-Aung Ko Ko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။