သင်ရော မမှားဖူးဘူးလား?
လူတိုင်းဟာ ဘဝမှာ မှားဖူးကြပါတယ်။ အချို့က
သေးသေးလေးတွေ မှားဖူးကြတယ်။ အချို့က
ကြီးကြီးမားမားမှားဖူးကြတယ် ။ ကိုယ်တိုင်လည်း
မှားဖူးတယ်။ အခုအချိန်အထိလည်း အမှားနဲ့
မကင်းသေးပါဘူး။ စင်းလုံးချော ခြောက်ပြစ်ကင်း
သဲလဲစင် ဆိုတာမျိုး မတွေ့ဖူးပါဘူး။ အားလုံးက
အမှားနည်းအောင် ကြိုးစားနေကြတာချည်းပါပဲ။
ဒီနေရာမှာ စိတ်မကောင်းစရာတစ်ခုက လူတွေ
ဟာ သူတစ်ပါး တစ်ကြိမ်တစ်ခါက မှားခဲ့ဖူးတာကို
ကိုယ်ချင်းမစာ ချိုးချိုးဖဲ့ဖဲ့ဝေဖန်နေကြတာကိုပါပဲ။
ဝေဖန်တာ ၂မျိုးရှိပါတယ်။ တစ်မျိုးက ကိုယ်လည်း
ဘာမှ မကူညီနိုင်ပဲ ချိုးချိုးဖဲ့ဖဲ့ပြောတာမျိုးပါ။ နောက်
တစ်မျိုးက ပြင်စေချင်လို့ စေတနာနဲ့ ထောက်ပြတာ
မျိုးပါ။ ဒါပေမယ့် ဒုတိယတစ်မျိုးက တွေ့ရခဲပါတယ်။
ပထမတစ်မျိုးနဲ့ လူတွေပဲ တွေ့နေရပါတယ်။ တစ်ချို့
လူတွေက ဘဝမှာ အမှားကြီးမှားခဲ့လို့ နောင်တရပြီး
ကောင်းမွန်တဲ့ ဘဝလေးပိုင်ဆိုင်အောင်ကြိုးစားနေ
ကြတာရှိပါတယ်။ အဲ့ဒီလို ကြိုးစားနေတဲ့ စိတ်ဓာတ်
လေးပျက်သွားအောင် တစ်ခါတစ်လေ လူ့ပတ်ဝန်း
ကျင်က တွန်းအားပေးတတ်ကြပါတယ်။ ကောင်း
အောင်ပြန်လည် ကြိုးစားနေတဲ့သူတစ်ယောက်ကို
ဖေးမပေးမယ် မရှိပဲ ချောက်ထဲ ပြန်တွန်းချနေကြ
တာ မကောင်းပါဘူး။ မိမိက သူ့လို အမှားကြီးမမှား
ဖူးခဲ့ပေမယ့် နောက်နောင် မိမိလည်း မမှားနိုင်ဘူး
လို့ အပိုင်ပြောလို့မရပါဘူး။
အချို့လူတွေက ဘဝကိုရွေးချယ်ခွင့်မရခဲ့ကြပါဘူး။
ဘဝကရွေးချယ်ပေးတဲ့ အတိုင်းနေခဲ့ကြရတာပါ။
ငါသာ သူမွေးဖွားရာ ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့ရင်
ငါလည်း ဒီလိုမှားခဲ့နိုင်တယ်ဆိုတဲ့ အတွေးလေးရှိရင်
သူများကို ချိုးချိုးဖဲ့ဖဲ့ပြောတာတွေ လျော့လာနိုင်ပါ
လိမ့်မယ်။ ဆင်းရဲတဲ့သူလည်း အမှားနဲ့မကင်းဘူး။
ချမ်းသာတဲ့သူလည်း အမှားနဲ့မကင်းဘူး။ နာမည်
မကြီးတဲ့သူလည်း အမှားနဲ့မကင်းဘူး။ နာမည်ကြီး
နေတဲ့သူတွေလည်း အမှားနဲ့မကင်းဘူး။ အမှားလုပ်
ထားတဲ့သူတွေကို အားပေးရမယ်လို့ဆိုလိုတာ
မဟုတ်ပါ။ အမှားလုပ်ခဲ့ပြီး ကောင်းမွန်အောင်
ပြန်လည်ကြိုးစားနေတဲ့သူတွေကို ချောက်ထဲ ပြန်ပြီး
မတွန်းချစေချင်တာပါ။
သူများကို လက်ညှိုးထိုးခါနီး ကိုယ်ရောဘယ်လောက်
အပြစ်ကင်းစင်လဲ ပြန်လည်ကြည့်ဖို့လိုပါတယ်။
သူများနိုင်ငံအတွက် ဘာတွေလုပ်ပြီးပြီလဲ လိုက်ကြည့်
ဖို့ထက် ကိုယ်ရော ဘာတွေလုပ်ရအုံးမလဲ စဉ်းစား
ကြည့်ဖို့လိုပါတယ်။ ကိုယ် လည်း လိုအပ်ပါသေး
တယ်။ ကိုယ် ပြည့်စုံတယ်လို့ ပြောနေခြင်းမဟုတ်
ပါ။ ကိုယ် လိုအပ်တာကိုသိလို့ ကိုယ့် ကို
ဆရာလို့ခေါ်ရင်တောင် မခေါ်ဖို့ ကိုယ့် မေတ္တာ
ရပ်ခံလေ့ရှိပါတယ်
ပြောချင်တာက
လိုအပ်တာခြင်း တူနေတဲ့ ကိုယါ တို့အားလုံးဟာ
တစ်ယောက်ကို တစ်ယောက် ချောက်ထဲတွန်းချနေ
တာထက် တစ်ယောက်ကို တစ်ယောက် တတ်နိုင်
သလောက် ဆွဲတင်ဖို့လိုပါတယ်။
ဝေဖန်တာလိုအပ်ပါတယ်။ ဒါပေမယ့် တိုးတက်စေ
ချင်တဲ့စိတ်၊ ဖေးမစေချင်တဲ့ စိတ်နဲ့ ဝေဖန်တာက
ပိုကောင်းပါတယ်။ လူတိုင်းမှာ သူ့ဒုက္ခနဲ့သူအပူနဲ့
ပါ။ တစ်ခုခုကို သေချာမသိပဲ အထင်နဲ့ရမ်းသမ်းပြီး
ပြောတာဟာ တစ်ခါတစ်လေ သူတစ်ပါးကိုထိခိုက်
သွားနိုင်ပါတယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
— လူတိုင်းဟာ ဘဝမှာ မှားဖူးကြပါတယ်။ အချို့က
သေးသေးလေးတွေ မှားဖူးကြတယ်။ အချို့က
ကြီးကြီးမားမားမှားဖူးကြတယ်
မှားဖူးတယ်။ အခုအချိန်အထိလည်း အမှားနဲ့
မကင်းသေးပါဘူး။ စင်းလုံးချော ခြောက်ပြစ်ကင်း
သဲလဲစင် ဆိုတာမျိုး မတွေ့ဖူးပါဘူး။ အားလုံးက
အမှားနည်းအောင် ကြိုးစားနေကြတာချည်းပါပဲ။
ဒီနေရာမှာ စိတ်မကောင်းစရာတစ်ခုက လူတွေ
ဟာ သူတစ်ပါး တစ်ကြိမ်တစ်ခါက မှားခဲ့ဖူးတာကို
ကိုယ်ချင်းမစာ ချိုးချိုးဖဲ့ဖဲ့ဝေဖန်နေကြတ
ဝေဖန်တာ ၂မျိုးရှိပါတယ်။ တစ်မျိုးက ကိုယ်လည်း
ဘာမှ မကူညီနိုင်ပဲ ချိုးချိုးဖဲ့ဖဲ့ပြောတာမျို
တစ်မျိုးက ပြင်စေချင်လို့ စေတနာနဲ့ ထောက်ပြတာ
မျိုးပါ။ ဒါပေမယ့် ဒုတိယတစ်မျိုးက တွေ့ရခဲပါတယ်။
ပထမတစ်မျိုးနဲ့ လူတွေပဲ တွေ့နေရပါတယ်။ တစ်ချို့
လူတွေက ဘဝမှာ အမှားကြီးမှားခဲ့လို့ နောင်တရပြီး
ကောင်းမွန်တဲ့ ဘဝလေးပိုင်ဆိုင်အောင်ကြိုးစ
ကြတာရှိပါတယ်။ အဲ့ဒီလို ကြိုးစားနေတဲ့ စိတ်ဓာတ်
လေးပျက်သွားအောင် တစ်ခါတစ်လေ လူ့ပတ်ဝန်း
ကျင်က တွန်းအားပေးတတ်ကြပါတယ်။ ကောင်း
အောင်ပြန်လည် ကြိုးစားနေတဲ့သူတစ်ယောက်ကို
ဖေးမပေးမယ် မရှိပဲ ချောက်ထဲ ပြန်တွန်းချနေကြ
တာ မကောင်းပါဘူး။ မိမိက သူ့လို အမှားကြီးမမှား
ဖူးခဲ့ပေမယ့် နောက်နောင် မိမိလည်း မမှားနိုင်ဘူး
လို့ အပိုင်ပြောလို့မရပါဘူး။
အချို့လူတွေက ဘဝကိုရွေးချယ်ခွင့်မရခဲ့ကြပ
ဘဝကရွေးချယ်ပေးတဲ့ အတိုင်းနေခဲ့ကြရတာပါ။
ငါသာ သူမွေးဖွားရာ ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့ရင်
ငါလည်း ဒီလိုမှားခဲ့နိုင်တယ်ဆိုတဲ့
သူများကို ချိုးချိုးဖဲ့ဖဲ့ပြောတာတွေ လျော့လာနိုင်ပါ
လိမ့်မယ်။ ဆင်းရဲတဲ့သူလည်း အမှားနဲ့မကင်းဘူး။
ချမ်းသာတဲ့သူလည်း အမှားနဲ့မကင်းဘူး။ နာမည်
မကြီးတဲ့သူလည်း အမှားနဲ့မကင်းဘူး။ နာမည်ကြီး
နေတဲ့သူတွေလည်း အမှားနဲ့မကင်းဘူး။ အမှားလုပ်
ထားတဲ့သူတွေကို အားပေးရမယ်လို့ဆိုလိုတာ
မဟုတ်ပါ။ အမှားလုပ်ခဲ့ပြီး ကောင်းမွန်အောင်
ပြန်လည်ကြိုးစားနေတဲ့သူတွေက
မတွန်းချစေချင်တာပါ။
သူများကို လက်ညှိုးထိုးခါနီး ကိုယ်ရောဘယ်လောက်
အပြစ်ကင်းစင်လဲ ပြန်လည်ကြည့်ဖို့လိုပါတယ်။
သူများနိုင်ငံအတွက် ဘာတွေလုပ်ပြီးပြီလဲ လိုက်ကြည့်
ဖို့ထက် ကိုယ်ရော ဘာတွေလုပ်ရအုံးမလဲ စဉ်းစား
ကြည့်ဖို့လိုပါတယ်။ ကိုယ် လည်း လိုအပ်ပါသေး
တယ်။ ကိုယ် ပြည့်စုံတယ်လို့ ပြောနေခြင်းမဟုတ်
ပါ။ ကိုယ် လိုအပ်တာကိုသိလို့ ကိုယ့် ကို
ဆရာလို့ခေါ်ရင်တောင် မခေါ်ဖို့ ကိုယ့် မေတ္တာ
ရပ်ခံလေ့ရှိပါတယ်
ပြောချင်တာက
လိုအပ်တာခြင်း တူနေတဲ့ ကိုယါ တို့အားလုံးဟာ
တစ်ယောက်ကို တစ်ယောက် ချောက်ထဲတွန်းချနေ
တာထက် တစ်ယောက်ကို တစ်ယောက် တတ်နိုင်
သလောက် ဆွဲတင်ဖို့လိုပါတယ်။
ဝေဖန်တာလိုအပ်ပါတယ်။ ဒါပေမယ့် တိုးတက်စေ
ချင်တဲ့စိတ်၊ ဖေးမစေချင်တဲ့ စိတ်နဲ့ ဝေဖန်တာက
ပိုကောင်းပါတယ်။ လူတိုင်းမှာ သူ့ဒုက္ခနဲ့သူအပူနဲ့
ပါ။ တစ်ခုခုကို သေချာမသိပဲ အထင်နဲ့ရမ်းသမ်းပြီး
ပြောတာဟာ တစ်ခါတစ်လေ သူတစ်ပါးကိုထိခိုက်
သွားနိုင်ပါတယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။