Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 7, 2017

1 year ago>>>စာတော့ရှည်တယ်ဗျာ..ဒါပေမဲ့ဖတ်စေချင်တယ်။


Khant Naing

1 year ago>>>
.
.
စာတော့ရှည်တယ်ဗျာ..ဒါပေမဲ့ဖတ်စေချင်တယ်။
"ဦးနေဝင်း ဘာကြောင့် အာဏာရှင်ဖြစ်သွားတာလဲ ဦးလေးသိလား?"
"အာဏာရူးလို့နေမှာပေါ့ကွာ"
"မဟုတ်ဘူးဗျ"
"ဆိုစမ်းပါဦး"
"ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေ အများကြီးမွေးထုတ်လိုက်လို့ဖြစ်သွားတာ"
"သြော်... မင်းပြောသလိုဆိုရင် ဦးနေဝင်းက အာဏာမရူးတဲ့သူတော်ကောင်းကြီးပေါ့ ဟတ်လား"
"အဲ့လိုတော့ မဟုတ်ပါဘူး"
"ဒါဆိုရင် အာဏာရူးတဲ့ သူတော်ကောင်းကြီးလား?"
"ဟာဗျာ အဓိက ပြောချင်တာက ဦးလေးတို့ ဒီမိုကရေစီ ဘက်တော်သားဆိုသူတွေက ပုဂ္ဂိုလ် ရေးကိုးကွယ်မှု လွန်ကဲတဲ့ဘက်ရောက်နေပြီလို့ပြောချင်တာဗျ"
"ဟင်"

"ပုဂ္ဂိုလ်ရေးကိုးကွယ်လွန်းရင် အာဏာရှင်စနစ်အောက် ပြန်ရောက်သွားနိုင်တယ်ဗျ အန္တရာယ်ရှိတယ်"
"သြော်"
"အဓိက တည်ဆောက်ရမှာက စနစ် ဦးလေးတို့ကိုးကွယ်နေတာက ပုဂ္ဂိုလ် ။ အဲ့ဒါကြီးက တော်တော်ကြီးကို လွဲနေပြီ"
"ဘာလွဲတာလဲကွ"
"ပြောပြီးပြီလေဗျာ ... အာဏာရှင်အောက် ကျော်တို့အားလုံး ပြန်ရောက်သွားရင် ဘယ်လိုလုပ်မလဲဗျ"
"ဟင်!!!"
"ဘာလဲဗျ အဲ့လို အံ့သြတဲ့ မျက်လုံးကြီးနဲ့ မကြည့်စမ်းပါနဲ့ ဘာဖြစ်လို့လဲ?"
"ငါ့ကောင် ချက်ခြင်းလက်ငင်းကြီး အာဏာရှင်စနစ်ကို ဖိန့်ဖိန့်တုန်ကြောက်လောက်အောင် ပြောင်းလဲသွားတာမြင်ပြီး အံ့သြလွန်းလို့ပါကွာ"
"ဦးလေး အပိုတွေ ပြောမနေနဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများနေတာကိုတော့ ဝန်ခံလိုက်ပါ"
"ဘာကြောင့် မင်းက အဲ့လို ပြောတာလဲ?"
"ဦးလေးပဲ စဉ်းစားကြည့်လေ"
"ပြောမှာသာ ပြောစမ်းပါကွာ ငါက မင်းလို မစဉ်းစားပဲ လျှောက်ပြောတဲ့ကောင်မဟုတ်ဘူး မြန်မြန်ပြော"
"ဦးလေးတို့ အမေစု သမ္မတဖြစ်ချင်တယ်လို့ ပြောတုန်းကတော့ ဦးလေးတို့ကတဟီးဟီးနဲ့ မျက်နှာကြီးတွေကို ဖြီးလို့"
"ဟင်"
"အခု NLD က ကိုယ်စားလှယ်အချို့ ဝန်ကြီးလုပ်ချင်လို့ စာရေးပြီး တောင်းဆိုကြတဲ့အပေါ် အဖွားကြီး စိတ်ဆိုးပြန်တော့လည်း ဦးလေးတို့က ထောက်ခံကြပြန်ရော"
"ဟုတ်တယ်လေ အဲ့ဒီတော့ ဘာဖြစ်လဲ"
"ဦးလေးတို့ပုံစံက ဦးလေးတို့ အမေစု လုပ်ချင်ရာလုပ်ပလေ့စီ။ ကျန်တဲ့သူတွေကျတော့ အမေစုပြောသမျှ နားထောင် ဆိုတဲ့ပုံစံမျိုးမပေါက်နေဘူးလား"
"အဲ"
"အာဏာရှင် ဖြစ်သွားရင် ကျော်တို့ နောက်မျိုးဆက်ပဲ ဒုက္ခရောက်မှာ"
"အမ်"
"ဦးလေးတို့က အာဏာရှင် စနစ်ကို တွန်းပို့နေကြတာ"
"ဟင်"
"နောက်မျိုးဆက်ဒုက္ခရောက်အောင် လုပ်နေကြတာ"
"အဲ"
"ဦးလေးတို့ အမေစု လည်း ဘာထူးလို့လဲ"
"ဘာဖြစ်လို့လဲကွာ ..."
"သူကျတော့ သမ္မတဖြစ်ချင်တယ်လို့ပြောတယ်"
"အင်း"
"သူများတွေ ဝန်ကြီးဖြစ်ချင်လို့ စာလည်းတင်ရော ဆူတယ်"
"အင်း"
"အဲ့ဒါကောင်းသလား? ဒါလား တရားမျှတမှု"
"ကဲပြောစမ်းပါဦး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်တယ်လို့ပြောတာ NLD နိုင်ပြီးမှလား မနိုင်ခင်ကလား?"
"မနိုင်ခင်က"
"အခုဝန်ကြီးဖြစ်ချင်လို့ စာပို့ကြတယ်ဆိုတဲ့ကိစ္စတွေကရော NLD နိုင်ပြီးမှပို့ကြတာလား မနိုင်ခင်က ပို့ကြတာလား?"
"အဲ"
"အစောကြီးကတည်း ပြတ်ပြတ်သားသား ဝန်ကြီးဖြစ်ချင်တယ်လို့ပြောပြီးရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ အမတ် NLD မှာ ဘယ်နှယောက်ရှိသလဲ?"
"အဲ"
"ပြည်သူက ဒေါ်စုကို ယုံလို့မဲပေးကြတယ်ဆိုတာ အဲ့လို ကိစ္စမျိုးတွေပါတယ်"
"ဘယ်လို ကိစ္စမျိုးတွေလဲဗျ"
"နိုင်ငံအတွက် အကျိုးရှိမယ့်ကိစ္စကို ရွေးချယ်နိုင်စွမ်းရှိလို့ပေါ့ကွ"
"ဘာတွေရွေးချယ်ခဲ့လို့လဲဗျာ"
"လက်ပတောင်း ဘယ်လိုဖြစ်သွားလဲ?"
"အဲ"
"မြစ်ဆုံ ဘာလုပ်မယ်လို့ ပြောထားလဲ?"
"အဲ"
"လွှတ်တော်ထဲကို ဘယ်လိုခေါင်းငုံ့ပြီးဝင်သွားလဲ?"
"အဲ"
"အစွန်းရောက်တွေနဲ့လည်း ထိပ်တိုက်မတွေ့အောင် လူထုထောက်ခံမှု ပုံရိပ်လည်း မကျဆင်းအောင် ဘယ်လိုထိန်းချုပ်ရပ်တည်သွားလဲ?"
"ဟင်"
"အခုပြည်သူ့ဆန္ဒနဲ့ အနီးစပ်ဆုံးအခြေအနေရောက်ဖို့ လွှတ်တော်ထဲခေါင်းငုံ့ဝင်ပြီး သူရွေးခဲ့တဲ့လမ်းတစ်လျှောက် ပြည်သူတွေ နောက်ထပ် အရင်လို အသက်သွေးတွေ စတေးလိုက်ရတာမျိုး မင်းတွေ့ရသလား?"
"အဲ"
"ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေလည်း လေးစားကြတယ်။ အဲ့လို လေးစားရသူတွေ တို့ဆီမှာ ဘယ်လောက်များများရှိလို့လဲ?"
"ကမ္ဘာက လေးစားတာ မလေးစားတာအရေးမကြီးပါဘူး ကိုယ့်နိုင်ငံထဲ ဘာလုပ်နိုင်သလဲပဲ အရေးကြီးတယ်"
"ဟဲ့ သောက်ပိန်း ... အနာဂါတ်နောက်မျိုးဆက်အတွက် တွေးမယ်ဆိုရင် ကမ္ဘာနဲ့ ဆက်ဆံရေးကောင်းတဲ့သူက တို့တိုင်းပြည်အပေါ်မှာ အကျိုးပြုနိုင်ဆုံးပဲဟဲ့ သောက်ပိန်းရဲ့ ... ကမ္ဘာက လေးစားတော့ ပိုတောင်မှ အကျိုးပြုနိုင်ဦးမယ်"
"အမ်"
"လူနည်းစုကို ညှာတာပါလို့ရဲရဲပြောတယ်"
"အင်းလေ မွတ်စု ပဲ ဟာ"
"ကမ္ဘာမှာ ဗုဒ္ဓဘာသာဟာ လူနည်းစုပါ လို့ ကမ္ဘာအဆင့်ကနေ အကြီးကြီးပြောတော့ မင်းတို့အပေါက်တွေ ပိတ်နေပြန်ရော"
"အဲ"
"ချင်းပြည်နယ်ရေမြုပ်တော့ အစိုးရတွေ တပ်မတော်သားတွေ မ.ဘ.သတွေ အနုပညာနယ်ပယ်ကကျော်ကြားသူတွေ ပျားပန်းခတ်နေချိန် အမေစုကို တ ကြတာလည်းမင်းတို့ပဲ"
"ဟုတ်တယ်လေ ရေနစ်ချိန်တောင် မလာဘူး"
"ဟိုက ဆန်အိတ်တွေ ပို့ပေးတာကျတော့ မသိချင်ယောင်ဆောင်ကြတယ်"
"အဲ"
"ရေနစ်သူကို အာရုံရောက်နေကြတဲ့အချိန်မှာ ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသမီးကိုခေါ်ပြီး ငါတို့နိုင်ငံက လှိုင်သာယာကျူးကျော်တွေ အခြေအနေကို ခေါ်ပြတော့မင်းတို့မေးငေါ့ကြပြန်တယ်"
"ဟုတ်တယ်လေ မဆိုင်တာ လျှောက်လုပ်နေတာကိုးဗျ"
"ရေမနစ်ပေမယ့်လည်း ရေနစ်သူတွေလိုပဲ ဒုက္ခရောက်နေကြတဲ့လူတွေ ငါတို့ဆီမှာ အများကြီးပဲဆိုတာ ကမ္ဘာကိုဖွင့်ပြတာကို မင်းတို့မမြင်ခဲ့ဘူး"
"အဲ"
"NLD က Capicity Building ကောင်းကောင်းမလုပ်ထားဘူးလို့ ပြောကြတာလည်း မင်းတို့ပဲ"
"ဟုတ်တယ်လေ"
"အခု ကိုယ်စားလှယ်အများစုက လူငယ် လူရွယ်တွေဖြစ်တော့ ဘာပြောရမှန်းမသိတော့ဘူးမဟုတ်လား? ဒါတင်မက အမတ်ဖြစ်လာသူအားလုံးကိုလည်း သင်တန်းပို့ချဖို့ ဟိုးတုန်းကတည်းက ရည်ရွယ်စီမံပြီး လွှတ်ထားသူတွေ ပြည်တော်ပြန်လာကြပြီ။ အနိုင်ရကိုယ်စားလှယ်တွေကို သင်တန်းပို့ချနေကြပြီ ... အဲ့ဒီတော့ မင်းတို့ပါးစပ်တွေ တိတ်ကုန်ကြပြန်ရော"
"အဲ"
"ဒါတွေ မတိုင်ခင်က သမ္မတဖြစ်ချင်တယ်လို့ပြောခဲ့တာမှန်တယ်"
"ဟုတ်တယ်လေ"
"လူထုတစ်ရပ်လုံးကသိတယ် ဒီထက်ကောင်းတဲ့စေတနာနဲ့ စီမံကိုင်တွယ်ချင်စိတ်ကိုလည်း အားလုံးက မြင်ကြတယ်"
"အပိုတွေဗျာ"
"အပိုတွေဆိုရင် အဝေးကြီးမကြည့်နဲ့ ဖွဲ့စည်းပုံနဲ့ ဝိုင်းညစ်ပတ်ထားတဲ့ကိစ္စ ရွေးကောက်ပွဲမတိုင်ခင် သူသွားလေရာမှာ သိန်းချီတဲ့ လူအုပ်ကြီးတွေကို လက်တစ်ချက်ဝှေ့လိုက်ရုံနဲ့ တပြည်လုံး ဆန္ဒပြပွဲတွေ တရုန်းရုန်းဖြစ်ကုန်အောင်လုပ်လို့ရတယ်"
"ဘာလို့မလုပ်လဲ"
"ပြည်သူနာမှာစိုးလို့ပေါ့ကွ .... လုပ်လိုက်ရင် မင့်အဘတွေက ပြည်သူကိုနှိပ်စက်တဲ့နေရာမှာ လက်ယဉ်ပြီးသားတွေချည်းပဲလေ။ အဲ့ဒါကို ကောင်းကောင်းသိတယ် ... သူ့အတ္တ သူ့ဖြစ်ချင်စိတ်ကိုသာ အခြေပြုပြီး နိုင်ငံရေးလုပ်နေရင် ဘယ်သူတွေ ဘာဖြစ်ဖြစ် ဒီလို လူထုအားကို ကောင်းကောင်းအသုံးချလိုက်တာကြာပြီဟဲ့ ငပိန်းရဲ့"
"အဲ"
"အခု အဲ့ဒီလို ပြည်သူမနာတဲ့နည်းနဲ့လာခဲ့တော့ ပြည်သူ့ဆန္ဒ အနီးစပ်ဆုံးအခြေအနေကို ရောက်နေပြီဆိုတာ မင်းငြင်းနိုင်လို့လား?"
"အဲ"
"ကမ္ဘာအဆင့်မီဒီယာတွေကို ဒေါ်အောင်ဆန်းစုကြည်က သမ္မတမလုပ်ရလည်း ဘာမှမဖြစ်ဘူးလို့ပြောခဲ့တာ မင်းမကြည့်မိလို့ပါ"
"ဟုတ်လို့လားဗျာ"
"အဲ့ဒါကြောင့် မင့်ဘဘ တွေ စိတ်အေးလက်အေးနဲ့ အပိုင်တွက်ပြီး ပျော်နေကြတာလေကွာ"
"အဲ"
"ဒါပေမယ့် သမ္မတရဲ့ အထက်က နေမယ်လို့တော့ ရွေးကောက်ပွဲမတိုင်မီပြောခဲ့တယ်"
"ဟုတ်တယ် ဟုတ်တယ်"
"အဲ့ဒီအခါကျတော့ မင်းတို့တွေဖျတ်ဖျတ်လူးပြီး မင့်အဘတွေလည်း စပ်စလူးထကုန်တော့တာပဲလေ"
"အဲ"
"မပြင်ခိုင်းရင် မပြင်ဘူး ၊ မလုပ်ခိုင်းရင် မလုပ်ဘူး ၊ ၄၃၆ လည်း အရေးမကြီး၊ ၅၉(စ) လည်း အရေးမကြီး ၊ သမ္မတဖြစ်ရေးလည်း အရေးမကြီး အဲ့ပုံစံမျိုးလုပ်သွားတာ ပါးနပ်သူတွေ အားလုံးသိတယ်"
"အဲ့လို အရေးမကြီးသလိုကြီးလုပ်တော့ ပြည်သူဆန္ဒကို အလေးမထားသလိုကြီးဖြစ်မနေဘူးလား"
"အဲ့လို အရေးမကြီးသလိုလုပ်ပြခဲ့လို့ အခု ငါတို့တပြည်လုံးရဲ့ ဆန္ဒမဲ ၈၀% ဝန်းကျင်ကို ကမ္ဘာက သိခွင့်ရခဲ့တာပေါ့ ငါတို့အမသားလေးရယ်"
"အမ်"
"ဒီလိုအခြေအနေတွေရောက်လာဖို့အတွက် ကျောင်းသားတွေနဲ့လှည့်တိုက်ပေးတာကိုလည်း ဖြတ်ကျော်ခဲ့ရတယ် တချို့မသိတဲ့ ရိုးသားသူတွေရင်ထဲ အမေစုက ကျောင်းသားတွေကို မဝန်းရံဘူးဆိုပြီး အထင်လွဲကြတယ်"
"ဟုတ်လည်း ဟုတ်တာပဲလေ"
"ဝန်းရံလိုက်ရင် ရွေးကောက်ပွဲတောင် ဖြစ်လာလိမ့်မယ်လို့မင်းထင်သလား?"
"အဲ"
"ကျောင်းသားတွေအားလုံးနဲ့ ကျောင်းသားဝန်းရံသူအားလုံးကတော့ စုမေမေဆိုပြီး အိုကေသွားမယ် ။ ... ဒါပေမယ့် ကျောင်းသားတွေအပါအဝင် တို့အားကိုးရမယ့်ခေါင်းဆောင်အားလုံး အကုန်အထဲပြန်ရောက်ဖို့သိပ်လွယ်သွားမယ်လေ .... ။ အဲ့ဒီတော့အဆုံးသတ်မှာ ဘာကောင်းမယ်လို့မင်းထင်သလဲ?"
"ဟာဗျာ"
"အဲ့ဒီမှာ ကောင်းကွက်တစ်ခုက ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေက ထုတ်တဲ့ကြေညာချက်ပဲ"
"ဘာကြေညာလို့လဲ?"
"ကျောင်းသားတွေနဲ့ NLD ကို စွတ်ဆက်သွေးခွဲတဲ့ လော်ဘီတွေ အလျှိုအလျှို ထွက်လာချိန်မှာ မဖြိုးဖြိုးအောင်တို့အဖွဲ့က အချုပ်ထဲကနေ NLD နဲ့ တသဘောတည်းရပ်တည်ကြောင်း စာထုတ်ခဲ့တယ်လေ"
"စာထုတ်တော့ ဘာဖြစ်လဲ?"
"စာထုတ်တော့ မင်းတို့လို သွေးခွဲချင်တဲ့ကောင်တွေ ကိန်ကနဲဖြစ်ကုန်ကြတာပေါ့ကွာ"
"အမ်"
"လက်ပတောင်းလည်း ဒီအတိုင်းပဲ"
"ဘာဖြစ်လို့လဲဗျ"
"ထိုးကျွေးခံရပြီဆိုပြီး အားလုံး ဝိုင်းပြောနေကြချိန်မှာ တိုင်းပြည်ရဲ့ တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပတောင်းတောင်ကို သွားခဲ့တယ်"
"ဟုတ်တယ် ... လက်မခံကြဘူးလေ"
"လက်မခံအောင် မီးလောင်ဗုန်းကပ်ထားတာလည်း မင်းတို့အဘတွေပဲလေ ဒီလို ပုံရိပ်ကျအောင် လုပ်မယ်မှန်းသိလို့ အားလုံးက ဒေါ်စုတော့ ထိုးကျွေးခံလိုက်ရပါပြီဆိုပြီး စုတ်တသပ်သပ်ဖြစ်နေကြတာ မင်းလည်း သိမှာပါ"
"အဲ"
"ထိုးကျွေးခံရတဲ့အထဲ ပါမှာစိုးလို့ ခုန်ထွက်သွားတဲ့အထဲ ၈၈ တွေတောင်ပါတယ်"
"ဒါဆိုရင် ၈၈ တွေက အာပလာ ဝန်းရံတဲ့သဘောလားဟင်"
"အဲ့လိုတော့လာမပြောနဲ့ကွ အမြဲတမ်းဝန်းရံတာ ရပ်တည်ခဲ့တာပဲ အခုလည်း မပြောင်းလဲဘူး လက်ပတောင်းမှာ သူတို့ထဲကအချို့ရဲ့ အထင်က ထိုးကျွေးတဲ့ ထောင်ခြောက်လို့ ရိုးရိုးသားသား ယုံကြည်ခဲ့ကြတာ သိသာတယ်။ ဒါပေမယ့် ထိုးကြွေးခံပြီး အကောင်းဆုံး အစီရင်ခံစာတစ်ခု ထွက်ပေါ်လာတဲ့အခါမှာ လုပ်ကွက်ကို မြင်သွားတယ် အဲ့ဒီနောက်ပိုင်းမှာ ဝန်းရံတဲ့ပုံစံတွေက ပိုပြီးတောင်မှ သပ်ရပ်လာသေးတယ်"
"အင် ဘယ်လိုသပ်ရပ်လာလို့လဲ?"
"ကျောင်းသားအရေးမှာ ဝုန်းကနဲ ဝင်မပါပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို လက်ပတ်နီတွေကိစ္စ ဘယ်လိုတာဝန်ယူမှာလဲလို့ မေးတဲ့လုပ်ရပ်ကိုကြည့်ပေါ့ကွာ"
"အမ်"
"အံမယ် မျက်နှာပေးက ဘယ်လိုကြီးလဲဟ ငါ့ကောင်နော် ... ၈၈ မျိုးဆက်တွေ နဲ့ NLD ကို သွေးခွဲဖို့တော့မကြံစည်ပါနဲ့"
"စေတနာနဲ့လည်း ပြောရသေးတယ်ဗျာ"
"ကြံစည်ချင်ရင်လည်း ကြံစည်လိုက် ၈၈ နဲ့ NLD ကတော့ ကွဲမှာမဟုတ်ဘူး ကွဲခြင်းကွဲရင် မင့်ဖျင်ပဲကွဲလိမ့်မယ်"
"ဟမ်"
"ပြောရင်းပြောရင်းနဲ့ လိုရင်းမရောက်တော့ဘူး .... ကဲကွာ ... ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အဘက်ဘက်က နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်တွေမှာ လုပ်သမျှ ပြောသမျှ ရလဒ်ရော ၊ ရည်ရွယ်ချက်ရော လှနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို ချွတ်ခြုံကျနေတဲ့ တပြည်လုံးက အားကိုးတာ မှားတယ်လို့မင်းထင်လား?"
"အဲ"
"အဲ့ဒီလို အားကိုးတာကို ပုဂ္ဂိုလ်ရေးကိုးကွယ်တဲ့သဘောမှတ်ချက်ပေးတာက မှန်တယ်လို့ မင်းထင်သလား?"
"ဟာဗျာ မပြောတတ်ဘူး"
"သေသေချာချာကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူကသာ သမ္မတဖြစ်စေချင်နေတာကွ"
"ဦးလေးတို့လို လူတွေက ဖြစ်စေချင်နေတာပါဗျာ"
"တကယ်တမ်း သူ့စိတ်မှာသမ္မတဖြစ်ချင်စိတ်က အတိတ်မှာ ကျန်ခဲ့ပြီ။ အတ္တနဲ့ အာဃာတ တွေလည်း လွှတ်ချထားပြီးပြီဆိုတာ တကမ္ဘာလုံးသိတယ်"
"ဒါများ တရားစခန်းဝင်ခိုင်းလိုက်ပါလားဦးလေးရယ်"
"တရားစခန်းဝင်လိုက်ရင် သူတစ်ယောက်အတွက်တော့ ငြိမ်းအေးမှာပေါ့"
"အေးလည်း ပြီးတာပဲ"
"နိုင်ငံအနာဂါတ်အတွက်ကျတော့ အများစုရဲ့ ယုံကြည်မှုက သူ့ဆီမှာကိုးကွ။ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီယုံကြည်မှုကို မင့်ဘဘတွေလို အလွဲသုံးစားလုပ်တတ်တဲ့အကျင့်မရှိတော့ ခက်တာပေါ့"
"အဲ"
"သူ့မှာ နောက်မျိုးဆက်အတွက် မူဝါဒတွေ ချမှတ်ဖို့နဲ့ အမှိုက်တွေရှင်းဖို့တွေကို သူ့လက်ကျန်သက်တမ်းနဲ့ ချိန်ဆပြီး အရမ်းကို စိတ်ဆောနေတာကသိသာတယ်။ သူ့အချိန်နဲ့ လက်ရှိအခြေအနေမှာ အကောင်းဆုံးလုပ်နိုင်တာက အုတ်မြစ်ချတဲ့အလုပ်ပဲရှိတယ်ဆိုတာ သူကောင်းကောင်းသိတယ်။ သူဘာလုပ်ရမလဲဆိုတာလည်း ရွေးချယ်ပြီးနေလောက်ပြီ။ ဒါကြောင့် အမျိုးသား ရင်ကြားစေ့ရေးတို့ လမ်းပန်းဆက်သွယ်ရေးတို့ကို အသံထွက်အောင် အော်နေတာပေါ့"
"ဘာပဲဖြစ်ဖြစ်ဗျာ သမ္မတဖြစ်ချင်တယ်လို့ပြောတုန်းကတော့ ကျေနပ်နေကြပြီး ဝန်ကြီးဖြစ်ချင်သူတွေကိုကျတော့ နားလည်မပေးတာ ဒီမိုကရေစီ နည်းလမ်းမကျဘူး"
"အခု ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်ချင်တယ်လို့ ဘယ်နှခွန်းပြောသလဲ?"
"အဲ့လိုတော့ မပြောပါဘူး"
"ဝန်ကြီးဖြစ်ချင်တဲ့ ကိုယ်စားလှယ်တွေ စာပို့တာရော ရွေးကောက်ပွဲပြီးမှလား မတိုင်ခင်ကလား?"
"ရွေးကောက်ပွဲပြီးမှ လို့ကြားတာပဲ"
"ရွေးကောက်ပွဲပြီးမှ ဝန်ကြီးဖြစ်ချင်သူတွေမှာ ရွေးကောက်ပွဲမတိုင်ခင်က သာတဲ့ဘက် အပြေးကပ်မယ့်အကြံအစည်မျိုးမရှိဘူးလို့ မင်းအာမခံနိုင်လား?"
"အဲ"
"မနိုင်ခင်မှာ ဘယ်ပြေးကပ်ရင်ကောင်းမလဲအရိပ်အကဲကြည့်နေပြီး နိုင်မှ ဝန်ကြီးလုပ်ချင်တာ တရားတယ်လို့မင်းထင်သလား?"
"အဲ"
"ဝန်ကြီးဆိုတာ လုပ်နိုင်မယ့်လူကိုပဲ လုပ်ခိုင်းရမယ်လို့ ပြောတာကိုရော မှားတယ်လို့ထင်သလား?"
"အဲ"
"အေး ... မင်းဟာမင်း ဘယ်လိုထင်ထင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ယုံကြတာ အဲ့ဒီအချက်ပဲ ... ငါတို့ယုံကြည်တာလည်း အဲ့ဒီအချက်ပဲ။ အဲ့ဒီလိုယုံကြည်လို့လဲ သူ့ဦးဆောင်မှုနယ်ပယ်ထဲက ပါတီကို စုပြုံမဲထဲ့ခဲ့ကြတာပဲ"
"ဘာပဲဖြစ်ဖြစ် မမျှတ တာက မမျှတာပဲ"
"အခြေအနေနဲ့ အချိန်အခါ ဆိုတာကို မင်းသိလား?"
"သိတယ်လေ"
"ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲအပြီး အခြေအနေတူသလား?"
"မတူဘူးလေ"
"အချိန်အခါရော တူသလား?"
"မတူဘူးလေ"
"ဒီလောက် မတူတဲ့ အခြေအနေ အချိန်အခါကို ဖြစ်ချင်စိတ်တွေ လာနှိုင်းယှဉ်ပြနေတော့ ဧကန္တ မင်းဟာ အဝှာဖြစ်နေတာပဲ ဖြစ်ရမယ်"
"ဘာဖြစ်နေလို့လဲဗျ"
"တိမ်လွန်လွန်းနေတာလေ"
"(*&^%$#@!"
_________
အောင်ကြီး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။