စလုံး added 9 new photos.
ယုံချင်ယုံမယုံချင်နေ စင်ကာပူ Suntec City အကြောင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Suntec City ဆိုတာ နိုင်ငံတကာရုံးများစိုက်ရာ စင်ကာပူရဲ့  စီးပွားရေး အချက်အချာကျတဲ့ အဆောက်အအုံကြီး ၅ ခုရှိရာ နေရာလေးတစ်ခုပါ။ စင်ကာပူရောက်ဖူးတဲ့ မြန်မာတိုင်းသိကြသလို အဲဒီနေရာကို ရောက်လည်းရောက်ဖူးကြပါတယ်။ Suntec City မှာ တစ်နှစ်တစ်ခါပြုလုပ်တဲ့ IT Show ပွဲဟာ အရမ်းစည်ကားပြီး ဒေသတွင်းမှာ လူသိများကျော်ကြားလှပါတယ်။ Suntec City ကို တရုတ်ရိုးရာဗေဒင် ဖုန်းရွှေ ဗိသုကာပညာရှင်မှ ဒီဇိုင်းဆွဲ ဆောက်လုပ်ထားတာပါ။ Suntec City မှာ Tower 1 မှ Tower 5 အထိ အဆောက်အအုံကြီး ၅ ခုရှိပါတယ်။ အလယ်မှာ ကမ္ဘာ့အကြီးဆုံး ရေပန်းကြီးတစ်ခုရှိတယ်။ Fountain of Wealth လို့အမည်ပေးထားတယ်။
လူတစ်ယောက်ရဲ့  ဘယ်ဘက်လက်ကို ပက်လက်လှန်ထားတဲ့ အနေအထားမျိုးနဲ့ဆောက်လုပ်ထားတယ်။ ရေပန်းဆိုတာ ရေတွေအပေါ်ထောင်ပန်းနေရမယ့်အစား အပေါ်ကနေ အောက်ကို ရေတံခွန်သဏ္ဍာန်ကျလာအောင် စီမံထားတယ်။ ဖုန်းရွှေအစီအမံအရ ကောင်းသော qi ဓာတ်တွေ စင်ကာပူထဲ လှိမ့်ဝင်လားပြီး စီးပွားရေးကောင်းအောင် အထူးစီမံပြုလုပ်ထားတာဖြစ်တယ်။ စီးပွားရေးအချက်အချာကြတဲ့ စင်ကာပူမြို့ ထဲက Raffle Place နေရာကို ဘယ်ဘက်လက်နဲ့ လှမ်းပြီး အမိန့်ပေးနေတဲ့ သဏ္ဍာန် ဆောက်လုပ်ထားတယ်။ Suntec City ဟာ ဝေဟင်မှကြည့်လိုက်ရင် ဘက်ဘက်လက်ဖ၀ါးပေါ်မှာ လက်စွပ်ကွင်းလေးတင်ထားတဲ့ပုံနဲ့ တူနေတယ်။
Tower 1 အဆောက်အအုံဟာ ၄၅ ထပ်မြင့်တယ်။ လက်ညိုးကို ကိုယ်စားပြုတယ်။ အဲဒီတာဝါရဲ့  ၃၉ ထပ်မှာ စပိန်နိုင်ငံသံရုံးရှိတယ်။
Tower 2 အဆောက်အအုံဟာ ၄၅ ထပ်မြင့်တယ်။ လက်ခလယ်ကို ကိုယ်စားပြုတယ်။ အဲဒီတာဝါရဲ့  ၃၄ ထပ်မှာ ဟောင်ကောင်နိုင်ငံသံရုံးရှိတယ်။
Tower 3 အဆောက်အအုံဟာ ၄၅ ထပ်မြင့်တယ်။ လက်သန်းကြွယ်ကို ကိုယ်စားပြုတယ်။ အဲဒီတာဝါရဲ့  ၁၄ ထပ်မှာ ရ၀န်ဒါနိုင်ငံသံရုံးရှိတယ်။ ၂၄ ထပ်မှာ ချီလီနိုင်ငံသံရုံးရှိတယ်။ ၄၁ ထပ်မှာ ကာတာနိုင်ငံသံရုံးရှိတယ်။
Tower 4 အဆောက်အအုံဟာ ၄၅ ထပ်မြင့်တယ်။ လက်သန်းကို ကိုယ်စားပြုတယ်။ အဲဒီတာဝါရဲ့  ၉ ထပ်မှာ ထိုင်ဝမ်ကုန်သွယ်ရေးစင်တာ ရှိတယ်။
Tower 5 အဆောက်အအုံဟာ ၁၈ ထပ်မြင့်တယ်။ လက်မကို ကိုယ်စားပြုထားတယ်။
ဒီအကြောင်းလေးတွေသိထားတော့ နောက်တစ်ခါ Suntec City ကို သွားလည်ရင် ပိုပြီးစိတ်ဝင်စားစရာကောင်းသွားတာပေါ့။ ယုံချင်ယုံ မယုံချင်နေ ယုံချင်မှလည်းယုံပါလို့ ပြောထားပါရစေ။
စလုံး Page
(စင်ကာပူနှင့်ပတ်သက်သောဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။