Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 7, 2017

ဝန်ဆောင်မှု ကျော်ကျော်စိုး (ဂျပန်)

 
 
ဝန်ဆောင်မှု
ကျော်ကျော်စိုး (ဂျပန်)

ဒီမနက်အလုပ်အသွား ရထားပြောင်းစီးရမယ့်ဘူတာမှာ ဆင်းတယ်။ မြေအောက်ရထားလိုင်းဝန်ထမ်းတစ်ဦး ဟာ လက်ထဲမှာ သုံးခေါက်ချိုး အလူမီနီယံပြားတစ်ချပ်ကိုကိုင်ပြီး ဘီးတပ်ကုလားထိုင်နဲ့ မသန်စွမ်းခရီးသည် တစ်ယောက်ဆီ ဦးတည်သွားနေတာကို တွေ့လိုက်ရတယ်။ ကျနော်လည်း ရှေ့ဆက်မလျှောက်တော့ပဲ ကြည့်နေမိတယ်။

အမှန်တော့ တိုကျိုမြို့တွင်းမှာသာမက တခြားဂျပန်မြို့ကြီးတွေမှာ ဘီးတပ် ကုလားထိုင်နဲ့ တစ်ယောက်တည်းသွားလာနေတာတွေကို မြင်တွေ့ရတာဟာ မထူးဆန်းတဲ့မြင်ကွင်းပါ၊ ဂျပန်မှာနေနေတဲ့သူတွေအတွက်ကတော့ ဒီမြင်ကွင်း ဟာ ရိုးနေပါပြီ ၊ အဲဒီလိုပဲ ဂျပန်မှာနေဖူးတဲ့သူတွေလည်း ဒါကို သိပါတယ်။

ရထားဝန်ထမ်းဟာ အဲဒီဘီးတပ်ကုလားထိုင်စီးတဲ့ မသန်စွမ်းသူ အနားရောက်တော့ ခါးလေးကိုင်းပြီး “အိုမာ့တာစဲ ရှီမာ့ရှိတာ့” (omatase shimashita) စောင့်ဆိုင်းနေရတဲ့အတွက် ၀မ်းနည်းပါတယ်လို့ ပြောလိုက်တယ်။ ဘီးတပ်ကုလားထိုင်ပေါ်ကပုဂ္ဂိုလ်ကလည်း “အိအဲ အာရိဂတ်တိုး ဂိုဇိုင်းမတ်စ်” ( iie arigato gozaimasu ) ရပါတယ် ၊ ကျေးဇူးတင်ပါတယ် လို့ပြန်ပြောတယ်။ ပြီးတော့ သူတို့နှစ်ယောက်ဟာ ဓာတ်လှေခါးဆီကို ဦးတည်သွားကြတယ်။

သူတို့နှစ်ယောက်ဟာ ဓာတ်လှေခါးစီးပြီး ပလက်ဖောင်းပေါ်သွားကြမှာဖြစ် တယ်။ ပလက်ဖောင်းပေါ် ရောက်လို့ ရထားဝင်လာပြီး ရထားရပ်လို့ တံခါးဖွင့်တဲ့အခါ ရထားဝန်ထမ်းဟာ လက်ထဲက အလူမီနီယံပြားကို ရထားတံခါးဝကြမ်းပြင် နဲ့ ဘူတာပလက်ဖောင်းတို့ကြား ဆက်သွားအောင် ခင်းပေးလိမ့်မယ်။ အဲဒီအခါ ဘီးတပ်ကုလားထိုင်ပေါ်ကလူဟာ ကုလားထိုင် လက်ရမ်းပေါ်ကခလုပ်ကိုနှိပ်ပြီး အလူမီနီယံပြားပေါ်ကနေ တဆင့် ရထားထဲ ၀င်လိမ့်မယ်။

တကယ်လို့ ရထားပေါ်ကနေဆင်းမယ့်သူရှိရင် ဆင်းတဲ့သူတွေ အားလုံးဆင်း ပြီးမှ ရထားဝန်ထမ်းက အလူမီနီယံပြားကို ခင်းမှာဖြစ်တယ်။ အဲဒီ တံခါးပေါက်နေရာကနေ တခြားခရီးသည်တွေတက်ဖို့ရှိတယ်ဆိုရင်လည်း ဘီးတပ်ကုလားထိုင်ကခရီးသည် ရထားပေါ်တက်ပြီးမှ သူတို့လိုက်တက် လိမ့်မယ်။ ရထားပေါ်မှာရှိနေတဲ့ ခရီးသည်တွေကလည်း ဘီးတပ်ကုလားထိုင် အတွက် နေရာဖယ်ပေးကြလိမ့်မယ် ။ ဒီမြင်ကွင်းနဲ့ ဒီလုပ်ရပ်က ရထားစီး ခရီးသည်တိုင်း မြင်နေကြ လုပ်ပေးနေကြ။

ဘီးတပ်ကုလားထိုင်စီးခရီးသည် ရထားပေါ်ရောက်သွားလို့ရှိရင် ရထားဝန်ထမ်း ဟာ လက်ထဲက ၀ါယာလက်စ် မိုက်ခရိုဖုန်းနဲ့ “ခရီးသည်ရထားထဲရောက်ပါပြီ၊ အဲဒီခရီးသည် တွဲနံပတ်ဘယ်လောက် တံခါးပေါက်နံပတ်ဘယ်လောက်ကနေ စီးပြီး ဘယ်ဘူတာမှဆင်းမယ်” ဆိုတာကိုပြောလိမ့်မယ်။ ဒါဆိုရင် ရထားမောင်းသူရော ရထားဂတ်ဗိုလ်ပါ သိသွားပြီ ၊ ဘီးတပ်ကုလားထိုင်စီး ခရီးသည်ဆင်းမယ့်ဘူတာက၀န်ထမ်းတွေ ဆီကိုပါ ရောက်သွားပြီ။ သူတို့လည်း ဘူတာမှာစောင့်နေကြမှာပါ။ အဲဒါ ရထားဝန်ထမ်းတွေ နေ့တဓူဝလုပ်ပေးနေကြ ၀န်ဆောင်မှုပါ။

ဂျပန်မှာအလုပ်လုပ်နေတဲ့သူအားလုံးဟာ ၀န်ဆောင်မှုဆိုတဲ့စကားရဲ့ အဓိပ္ပာယ်နဲ့တန်ဖိုးကိုသိပြီး အလေးထားကြတယ်။ ဂျပန်မှာအမြဲပြောဆို သုံးစွဲနေတဲ့စကားရှိတယ်။ အိုကယာကုစံ ၀ါ့ ခါမိစံ okyakusan wa kamisan ဧည့်သည်ဟာ နတ်ဘုရား ဆိုတာပါပဲ။ ဧည့်သည်ဟာနံပတ်တစ်ပဲ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဦးစားပေးနေရာမှာထားတယ်ဆိုတာပဲ ။

ဝန်ထမ်းတွေဟာ သူတို့ရဲ့ပစ္စည်း ၊ သူတို့ရဲ့ဝန်ဆောင်မှုကို ဧည့်သည်တွေ က နောက်တစ်ကြိမ်သုံးအောင် ၊ ပုံမှန်သုံးအောင် ၊ အမြဲသုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်လေ့ရှိကြတယ်။ ရယူသုံးစွဲသူတွေ စိတ်ကျေနပ်ရင် ပုံမှန်ဝယ်ယူ သုံးစွဲကြလိမ့်မယ်။ ဒါဆိုရင် ကိုယ့်လုပ်ငန်း ပုံမှန်ဝင်ငွေရမယ်။ အဲဒီလိုမျိုး ဆက်စပ်ဆင်ခြေတွေးတောပြီး အလုပ်လုပ်ကြတယ်။ ဒါက စီးပွားရေးရှုထောင့်ကကြည့်တာ

လူမှုရေးရှုထောင့်ကကြည့်ရင် လူတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစား ၊ ကူညီဖေးမတာကြောင့် လူမှုဆက်ဆံရေးနယ်ပယ် မှာ မေတ္တာ အကြင်နာ စာနာစိတ် အခြေခံနဲ့ဆက်ဆံမှုတွေထွန်းကားတယ် ဆိုတာကို မြင်တွေ့နိုင်တယ် ၊ လောဘ ၊ ဒေါသ ၊ မောဟ ၊ မနာလိုမှု နည်းပါးတယ်ဆိုတာကိုတွေ့နိုင်တယ်။ အဲဒါဟာ လူမှုအသိုင်းအ၀ိုင်းအတွင်း တည်ငြိမ်မှု အေးချမ်းမှုဖြစ်ပေါ်စေဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပေးနိုင်တာပေါ့။

ကျော်ကျော်စိုး (ဂျပန်)
၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၆ ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။