မိဘကောင်းဖြစ်ဖို့ အကြံပြုချက် (၁၀ ) ချက်
မိခင်ကောင်း၊ဖခင်ကောင်းဖြစ် ဖို့ဆိုတာ
လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ရဲ့ သား၊သမီးတွေ ဘဝလမ်းကြောင်းဖြောင့်ဖြူ
းစေဖို့ မိဘတွေဟာ အစဉ်အမြဲ အရိပ်တကြည့်ကြည့်နဲ့စောင့်ြ ကည့်ပြီး ထိန်းကျောင်းပေးနေရမှာပဲ ဖြစ်ပါတယ်။ ဒီလို ခက်ခဲလှတဲ့ ဘဝပေးတာဝန်ကိုထမ်းဆောင်ရာမှာ အထောက်အကူဖြစ်စေဖို့ အကြံပြုချက် (၁၀) ချက်ကို ဖော်ပြပေးချင်ပါတယ်။
(၁) ကိုယ့်ကလေးက ကိုယ့်အတွက်ဂုဏ်ယူစရာလို့ အမြဲတွေးပါ
ကိုယ့်မှာ သားလေးပဲဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ်ရှိနေတာဟာ
ကိုယ့်ဘဝရဲ့ ဆုလာဘ်တစ်ပါးဖြစ်တယ်ဆိုတာ အမြဲသတိရနေသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ့်လို မိဘဘဝရချင်ပေမယ့် မရနိုင်တဲ့သူတွေလောကကြီးထဲမှာ အများကြီးရှိနေလို့ပါပဲ။ ဒါကြောင့်ကိုယ့်ရဲ့ကလေးဟာ ဘယ်လိုကလေးမျိုးပဲဖြစ်နေပါေ စ ဆုလာဘ်တစ်ပါးလိုဂုဏ်ယူနေဖို့ လိုပါတယ်။ ကိုယ့်ဘက်ကဒီလိုဂုဏ်ယူနေခြင်းဖြင့် ကိုယ့်ရဲ့ကလေးကလည်း ကိုယ့်လိုပဲခံစားမိလာပြီး သူ့ရဲ့မိဘတွေအတွက် ဂုဏ်ယူတဲ့စိတ်ခံစားချက်မျိုး ရှိလာမှာပဲ ဖြစ်ပါတယ်။
(၂) ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ကလေးကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာဟာ တကယ်တော့ ရာဇဝတ်မှုလို့တောင် ပြောလို့ရပါတယ်။ ကလေးတစ်ဦးစီတိုင်းမှာ မတူညီတဲ့ စရိုက်တွေ၊ အရည်အသွေးတွေနဲ့ အိပ်မက်တွေရှိနေတယ်ဆိုတာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ အဲဒီလိုပဲ ကိုယ့်ကလေးရဲ့ပင်ကိုယ်စရိုက်၊အရည်အသွေးတွေနဲ့ အိပ်မက်တွေကိုလည်း လက်ခံနိုင်ဖို့ကြိုးစားမှသာ မိဘကောင်းဖြစ်မှာ ဖြစ်ပါတယ်။
(၃) ကြမ်းတမ်းတဲ့ပြစ်ဒဏ်ပေးဆုံး မမှုမျိုးတွေနဲ့ မခြိမ်းခြောက်ပါနဲ့။
ဒီလိုပြောလို့ ကလေးဘာအပြစ်လုပ်လုပ်မဆုံးမရ ဘူးလို့ မဆိုလိုပါဘူး။ ကြမ်းတမ်းလွန်းတဲ့ပြစ်ဒဏ်တွေနဲ့ လက်တွေ့မလုပ်ဆောင်ရင်တောင် ပါးစပ်နဲ့မခြိမ်းခြောက်မိဖို့သာ
အကြံပေးချင်တာပါ။ အဲဒီအစား ပြစ်ဒဏ်နဲ့ညီမျှပြီး ကလေးရဲ့အရွယ်နဲ့လည်း
မျှတတဲ့ ဆိုဆုံးမမှုမျိုးတွေကိုသာ ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ကလေးကို
မရည်ရွယ်ဘဲ စိတ်ဒဏ်ရာပေးတာမျိုး မဖြစ်မှာပါ။
(၄) အကြောင်းနဲ့အကျိုးကိုကြုံကြိုက်တဲ့အချိန်မှာလက်တွေ့ပြ ပီး သင်ကြားဆုံးမပါ။
သင်ဘယ်လောက်ပဲ ဆူပူ၊ရိုက်နှက်ပြီးဆုံးမပါေ စ။ ကလေးက သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို အမှန်တကယ်နားလည်သဘောပေါက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအစားလက်တွေ့ကြုံကြိုက်လာတဲ့အချိန်မှာ အပြုအမူ၊အပြောအဆိုရဲ့ အကျိုးဆက်ကို လက်တွေ့ပြပြီးနားလည်အောင် သင်ကြားဆုံးမပေးတာက အများကြီးပိုထိရောက်မှာပဲ ဖြစ်ပါတယ်။
(၅) လိုအပ်တဲ့အချိန်မှာ မိဘ ပီပီသသ၊မိဘနေရာက နေပါ။
ဒီနေ့ခေတ်ထဲမှာ သား၊သမီးနဲ့ သူငယ်ချင်းလိုပေါင်းရမယ်ဆို တဲ့
အကြံပေးသံမျိုးတွေကို နေရာတကာမှာ ကြားနေရနိုင်ပါတယ်။ ဒီအကြံပေးချက်ဟာ
ရာနှုန်းပြည့် မမှန်ပါဘူး။ သင့်အနေနဲ့ မိဘနေရာကနေဖို့လိုအပ်လာတဲ့အ ချိန်မှာ မိဘနေရာက နေရမှာဖြစ်ပါတယ်။ ဥပမာသူတို့အမှားလုပ်မိတဲ့အချိန်၊ လမ်းမှားကိုလျှောက်မိနေတဲ့အ ချိန်မျိုးတွေမှာ မိဘပီပီသသလမ်းညွှန်ဆုံးမတာမျိုးတွေလုပ်ရမှာဖြစ်ပြီး အဲဒီလိုအချိန်မှာ သူငယ်ချင်းလို အကြံပေးဆွေးနွေးပေးနေလို့ မရပါဘူး။
(၆) ကိုယ့်ကလေးဘယ်အရွယ်ရှိပြီဆိုတာ အမြဲသတိပြုပါ။
မိဘဆိုတာကတော့ ကိုယ့်ကလေးကိုဘယ်အရွယ်ပဲရော က်ရောက် ကလေးလေးလို့ပဲမြင်တတ်ကြတာဆိုပေမယ့် အမြဲအဲဒီလိုဖြစ်နေလို့မရပါဘူး။ ဘာကြောင့် လဲဆိုတော့ အရွယ်နဲ့မျှတဲ့ ပြုမူဆက်ဆံပုံမျိုးနဲ့ ဆုံးမလမ်းညွှန်မှုမျိုးတွေကို ပြုလုပ်ပေးဖို့လိုအပ်တာကြော င့်ပဲ ဖြစ်ပါတယ်။ ၅ နှစ်သားလေးကို လူကြီးတစ်ယောက်လို ဆက်ဆံလို့မရသလို ၁၈ နှစ်သားကိုကလေးလေးတစ်ယောက်လို ဆက်ဆံနေလို့လည်း မရပါဘူး။
(၇) တခြားသူတွေရဲ့အကြံဥာဏ်တွေပေါ်မှာ အရမ်းမမှီခိုပါနဲ့
ယခုဖတ်နေတဲ့ဆောင်းပါးထဲကအကြံဥာဏ်တွေအပါအဝင် မိတ်ဆွေ၊သူငယ်ချင်းတွေ၊ ဆွေမျိုးတွေရဲ့ အကြံဥာဏ်တွေကို ယူသင့်သလောက်ပဲယူပြီး ကိုယ့်ကိုယ်ပိုင်အတွေ့အကြုံ ပေါ်မူတည်လို့ ကိုယ့်သား၊သမီးကို ဆုံးမပြုပြင်တာက ပိုမိုကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့ကိုယ့်သား၊သမီးကြား ဆက်ဆံရေးနဲ့ခံစားမှုကို ကိုယ်တိုင်သာအသိဆုံးဖြစ်လို့ပါပဲ။
(၈) သင့်ရဲ့အပြုအမူတွေက သင့်ရဲ့စကားတွေထက်ပိုပြီးသက်ရောက်မှုရှိပါတယ်။
ငါလုပ်သလိုမလုပ်နဲ့ ငါပြောသလိုလုပ်ဆိုတဲ့ ဆုံးမစကားမျိုးဟာ အမြဲပဲ လှောင်ရယ်စရာဖြစ်နေမှာပါ။ ဒါကြောင့် သင့်သား၊သမီးကို စကားယဉ်ယဉ်ကျေးကျေးပြောဖို့ ပါးစပ်နဲ့ဆုံးမနေတာထက် သင်ကိုယ်တိုင်က ယဉ်ယဉ်ကျေးကျေးပြောဆိုတတ်သူ ဖြစ်ဖို့ လိုပါတယ်။ ဒါဆိုရင် သင်အထူးတလည်ဆုံးမစရာမလိုဘဲ သင့် သား၊သမီးတွေကလည်း ယဉ်ကျေးသိမ်မွေ့သူတွေဖြစ်လာ မှာပါ။ တခြားကိစ္စတွေမှာလည်း ဒီအတိုင်းပါပဲ။
(၉) အချစ်မလွန်မိပါစေနဲ့။
မိဘဆိုတာကတော့ သား၊သမီျးကို အဆုံးမရှိတဲ့မေတ္တာနဲ့ချစ်တာ သဘာဝပါပဲ။ ဒါပေမဲ့ ချစ်တတ်ဖို့တော့လိုပါတယ်။ မိဘဆိုတာကိုယ့်သား၊သမီးဘက်က ရပ်တည်ပေးရမှာမှန်ပေမယ့်
ကိုယ့်သား၊သမီး မှားမှား၊မှန်မှန် မျက်စိစုံမှိတ်ထောက်ခံ နေလို့ မရပါဘူး။
အဲဒီလိုပဲ နေရာတကာအလိုလိုက်တာဟာ နေရာတကာချုပ်ချယ် တာလိုပဲ
ဆိုးကျိုးတွေကိုပဲပေးမယ်ဆို တာ သတိပြုပြီး ဘယ်အစွန်းမှမရောက်အောင် ထိန်းကျောင်းရမှာပဲ ဖြစ်ပါတယ်။
(၁၀) လုံခြုံစိတ်ချရတဲ့ဘဝမှာနေထိုင်နေရတယ်လို့ ခံစားမိပါစေ။
ချမ်းသာတာ၊ ဆင်းရဲတာထက် သား၊သမီးတွေရဲ့စိတ်ထဲမှာ သူတို့ရဲ့ဘဝဟာ လုံခြုံအေးချမ်းပြီးတည်ငြိမ်တဲ့ဘဝဖြစ်တယ်လို့
ခံစားမိနေစေဖို့တော့ မိဘတွေ ဘက်က မဖြစ်မနေအားထုတ်ရမှာပဲ ဖြစ်ပါတယ်။
မနက်ဖြန်ဘာဖြစ်မယ်မှန်း မသိဘဲ ပူပန်နေရတဲ့ဘဝဟာ ကလေးတစ်ယောက်ကိုတင်မကဘဲ
လူကြီးတစ်ယောက်ကိုတောင် စိတ်ဒဏ်ရာရရှိစေနိုင်လို့ပါ ပဲ။
Ref : momjunction.com
မိခင်ကောင်း၊ဖခင်ကောင်းဖြစ်
(၁) ကိုယ့်ကလေးက ကိုယ့်အတွက်ဂုဏ်ယူစရာလို့ အမြဲတွေးပါ
ကိုယ့်မှာ သားလေးပဲဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ်ရှိနေတာဟာ
(၂) ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ကလေးကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာဟာ တကယ်တော့ ရာဇဝတ်မှုလို့တောင် ပြောလို့ရပါတယ်။ ကလေးတစ်ဦးစီတိုင်းမှာ မတူညီတဲ့ စရိုက်တွေ၊ အရည်အသွေးတွေနဲ့ အိပ်မက်တွေရှိနေတယ်ဆိုတာကို
(၃) ကြမ်းတမ်းတဲ့ပြစ်ဒဏ်ပေးဆုံး
ဒီလိုပြောလို့ ကလေးဘာအပြစ်လုပ်လုပ်မဆုံးမရ
(၄) အကြောင်းနဲ့အကျိုးကိုကြုံကြ
သင်ဘယ်လောက်ပဲ ဆူပူ၊ရိုက်နှက်ပြီးဆုံးမပါေ
(၅) လိုအပ်တဲ့အချိန်မှာ မိဘ ပီပီသသ၊မိဘနေရာက နေပါ။
ဒီနေ့ခေတ်ထဲမှာ သား၊သမီးနဲ့ သူငယ်ချင်းလိုပေါင်းရမယ်ဆို
(၆) ကိုယ့်ကလေးဘယ်အရွယ်ရှိပြီဆိ
မိဘဆိုတာကတော့ ကိုယ့်ကလေးကိုဘယ်အရွယ်ပဲရော
(၇) တခြားသူတွေရဲ့အကြံဥာဏ်တွေပေ
ယခုဖတ်နေတဲ့ဆောင်းပါးထဲကအကြ
(၈) သင့်ရဲ့အပြုအမူတွေက သင့်ရဲ့စကားတွေထက်ပိုပြီးသက
ငါလုပ်သလိုမလုပ်နဲ့ ငါပြောသလိုလုပ်ဆိုတဲ့ ဆုံးမစကားမျိုးဟာ အမြဲပဲ လှောင်ရယ်စရာဖြစ်နေမှာပါ။ ဒါကြောင့် သင့်သား၊သမီးကို စကားယဉ်ယဉ်ကျေးကျေးပြောဖို့
(၉) အချစ်မလွန်မိပါစေနဲ့။
မိဘဆိုတာကတော့ သား၊သမီျးကို အဆုံးမရှိတဲ့မေတ္တာနဲ့ချစ်တာ
(၁၀) လုံခြုံစိတ်ချရတဲ့ဘဝမှာနေထိ
ချမ်းသာတာ၊ ဆင်းရဲတာထက် သား၊သမီးတွေရဲ့စိတ်ထဲမှာ သူတို့ရဲ့ဘဝဟာ လုံခြုံအေးချမ်းပြီးတည်ငြိမ
Ref : momjunction.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။