Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 5, 2016

#William E.Heinecke့ ရဲ့လုပ်ငန်းကြီးတွေကို စီမံဆောင် ရွက်ရာမှာကျင့်သုံးခဲ့တဲ့ကျင့်စဉ် 10 ချက်#

#William E.Heinecke့ ရဲ့လုပ်ငန်းကြီးတွေကို စီမံဆောင် ရွက်ရာမှာကျင့်သုံးခဲ့တဲ့ကျင့်စဉ် 10 ချက်#

ဆရာကြည်မင်းဘာသာပြန်ရေးသားတဲ့ ဦးဆောင်စွန့်စားစီးပွားတည်ဆောက်ခြင်းကိုတင်ပြလိုပါတယ်။ မူရင်း စာအုပ်မှာ The Entrepreneur (အွန်ထရေပရယ်ညွာ) ဖြစ်ပြီး William E.Heinecke က သူ့ရဲ့လုပ်ငန်းကြီးတွေကို စီမံဆောင် ရွက်ရာမှာကျင့်သုံးခဲ့တဲ့ကျင့်စဉ် အကြောင်းရေးခဲ့တာဖြစ်ပါ တယ်။ ဒီစာအုပ်ကို ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလမှာ တူဒေးစာအုပ် တိုက်ကထုတ်ဝေခဲ့ပါတယ်။ မြန်မာလူငယ်စီးပွားရေးသမားတွေ အားကျအတုယူစရာအကြောင်းအရာတွေပါ။

၁၉၆၇ ခုနှစ်တွင် အထက်တန်းအောင်ပြီးစ အမေရိကန် ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ဝီလ်က ဒေါ်လာ ၁,၂၀၀ ချေးယူပြီး ဘန်ကောက်မြို့မှာ ကြော်ငြာနဲ့ သန့်ရှင်းရေးလုပ်ငန်းကုမ္ပဏီ စတင် တည်ထောင်ခဲ့ပါတယ်။ သူက အမေရိကန်မိဘနှစ်ပါးမှမွေးခဲ့တဲ့ထိုင်း နိုင်ငံသားဖြစ်ပြီး အသက် ၁၇ နှစ်ပဲရှိပါသေးတယ်။ မိဘတွေက အမေရိကန်တက္ကသိုလ်တစ်ခုကိုပို့ဖို့စီစဉ်တာကိုငြင်းပြီး စီးပွားရှာခဲ့တဲ့ "အာဂ" လူငယ်ပါ။ ၂၀၀၂ ခုနှစ် အသက် ၅၃ နှစ်ပြည့်ပြီး ဒီစာအုပ် ရေးတဲ့အချိန်မှာ ဒေါ်လာသန်းငါးရာကျော်လုပ်ငန်းအင်ပါယာကို ထူထောင်နိုင်ခဲ့သူဖြစ်ပါတယ်
၃၅ နှစ်ကျော်ကြာ ထိုင်းစီးပွားရေးလောကမှာ အခက်အခဲ မျိုးစုံကိုရဲရဲရင့်ရင့်ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ထိုင်းအခြေစိုက်အရှေ့ တောင်အာရှလုပ်ငန်းရှင်တွေထဲမှာ ထင်ရှားသူဖြစ်ပါတယ်။ ထိုင်း လူမျိုးတွေ ပီဇာမုန့်ကြိုက်တတ်အောင်လုပ်ခဲ့တယ်။ လူတွေ မထင်တဲ့ နေရာမှာ ကြယ်ငါးပွင့်ဟိုတယ်နဲ့ ကုန်တိုက်ကြီးတွေထူထောင်ခဲ့တယ်။ ရေခဲမုန့်ဆိုင်၊ ဖက်ရှင်စတိုး၊ စာရေးကိရိယာစက်ရုံ၊ ဂေါက်ရိုက်လကအိတ်ထုတ်လုပ်တဲ့စက်ရုံ၊ အလှကုန်စက်ရုံ၊ ကမ်းလွန်ရေနံတွင်းတွေ ကို အစားအသောက်တင်သွင်းရတဲ့လုပ်ငန်းတွေလုပ်တယ်။ အများ ပိုင်စာရင်းတင်ထားတဲ့ကုမ္ပဏီကြီးသုံးခုမှာ ရှယ်ယာအများစု ပိုင်ဆိုင် သူနဲ့ စီအီးအိုဖြစ်ပါတယ်။
ဖုံးဖိစရာ၊ ကောက်ကွေ့စရာမပါ။ ယဉ်ကျေးမှုဓလေ့စရိုက် ချင်းမတူတဲ့နယ်ပယ်မှာ သက်သောင့်သက်သာပျော်ဝင်စီးမျောနိုင်ခဲ့ တယ်။ လုပ်နည်းကိုင်နည်းတချို့ လမ်းသစ်ထွင်ပြီးဦးဆောင်နိုင်ခဲ့ တယ်။ ၀ီလ်ကို လုပ်ငန်းလောကထဲဝင်စက ရှိသမျှပြုတ်ပြီး ဒုက္ခ ရောက်မယ်လို့ လူတိုင်းကထင်ကြေးပေးခဲ့ကြတယ်။ လုပ်ငန်းစလုပ် တာ စောသေးတယ်။ အိမ်ထောင်ပြုတာငယ်လွန်းတယ်။ ပြိုင်ကား တွေမောင်းဖို့ ငယ်သေးတယ်။ ထိုင်းနိုင်ငံ အမေရိကန်ကုန်သည်ကြီး များအသင်းရဲ့အသက်အငယ်ဆုံးဥက္ကဋ္ဌဖြစ်ခဲ့တယ်။ လူတွေအပြော ခံခဲ့ရတယ်။ ဒါပေမဲ့ နှစ် ၃၀ လောက်လက်တွဲခဲ့တဲ့ဇနီးကေသီနဲ့ သား နှစ်ယောက်ရပြီး အောင်မြင်တဲ့အိမ်ထောင်ရေးထူထောင်နိုင်ခဲ့တယ်။ ကားပြိုင်ပွဲဆုတွေအများကြီးရခဲ့တယ်။ သူ့ဘ၀ကို ကျေနပ်စရာ ကောင်းတယ်။ လိုချင်တာတွေအားလုံးရနေလို့မဟုတ်ဘဲ ရသမျှနဲ့ ရောင့်ရဲနေတာပါ။ ဘ၀မှာ အဓိပ္ပာယ်ရှိဖို့အတွက်က လုပ်ငန်းအောင် မြင်မှုနဲ့မလုံလောက်ပါဘူး။ လုပ်ငန်းတစ်ခုကိုဦးစီးရတဲ့ခါမှာ စိတ် ဓာတ်ကို ညစ်နွမ်းစေပြီး နှလုံးသားကိုနောက်ကျိစေတတ်ပါတယ်။ မိမိသာမက မိသားစုနဲ့လုပ်ငန်းကိုပါ အန္တရာယ်ရှိနိုင်ပါတယ်။ ဘာ လုပ်လုပ် ဖြောင့်မှန်မျှတစွာလုပ်တာဟာ အင်အားတစ်ခုပါ။ ဘ၀ကို အောင်မြင်ပျော်ရွှင်စွာနေထားနိုင်မှ အဓိပ္ပာယ်ပြည့်စုံတာပါလို့ဆိုပါတယ်။
ဒီလိုဒဿနတွေနဲ့ ဘ၀ကိုရှင်သန်ခဲ့တဲ့ထိုင်းနိုင်ငံသား အမေရိကန်လုပ်ငန်းရှင် William E.Heinecke က နှစ် ၃၀ ကျော်ဦးဆောင်စွန့်စားစီးပွားတည်ဆောက်ရာမှာ လက်ကိုင်ထားခဲ့တဲ့ ကျင့်စဉ် 10ချက် ကို ဒီလိုတင်ပြခဲ့ပါတယ်။

၁။ လွတ်သည့်နေရာရှာဝင်ပါ
စီးပွားရေးသမားဟာ အကွက်ကိုမြင်အောင်ကြည့်တတ်ပြီး ဖြစ်ပေါ်နေတဲ့အခွင့်အရေးကို အမိအရယူတတ်ဖို့လိုပါတယ်။ အရှုံး တွေကို စိတ်ဓာတ်မကျဘဲ ရုန်းထပြီးဆက်လုပ်ဖို့နဲ့ လုပ်ငန်းဆိုတာ ဘတ်စ်ကားမှတ်တိုင်မှာစောင့်ရသလိုပါပဲ။ မကြာခင် တစ်စီးစီးတော့ ရောက်လာမှာပါဆိုတဲ့အတွေးနဲ့ ဇွဲရှိဖို့လိုပါသတဲ့။

၂။ အိမ်စာလုပ်ပါ
စိတ်ကူးကောင်းတစ်ခုအောင်မြင်ပြီးမြောက်ဖို့ဆိုတာ ကြို တင်ပြင်ဆင်မှုနဲ့ သူများနဲ့မတူတဲ့ဖောက်ထွက်တွေးခေါ်နိုင်မှုတွေလို တယ်။ စီးပွားရေးသမားဟာ "အိမ်စာ" သေသေချာချာလုပ်ထားရင် သူများထက်တစ်ပန်းသာပါသတဲ့၊ "အသင့်ပြင်ထားတဲ့စိတ်ကို အခွင့် အရေးက မျက်နှာသာပေးတယ်" လို့ လူဝီပါစချာက ဆိုခဲ့ပါတယ်။

၃။ မပျော်ရင် မကြိုက်နိုင်ပါ
လုပ်ငန်းကိစ္စတွေဟာ စီးပွားရေးသမားအတွက် စိတ်ဝင် စားစရာအပြည့်နဲ့စိန်ခေါ်ပွဲပါ။ ဒါကြောင့် နေ့မနား၊ ညမအား အချိန် ပြည့်အလုပ်လုပ်နိုင်တာဖြစ်တယ်။ ဂျိမ်းစ်ဘာရီက ပျော်ရွှင်ခြင်းရဲ့ သော့ချက်ဟာ ကိုယ်ကြိုက်တာကိုလုပ်နေရဖို့မဟုတ်ဘူး။ ကိုယ်လုပ် တာကိုကြိုက်နေဖို့သာဖြစ်ပါသတဲ့။

၎။ လုပ်ချိန်တန် တအားလုပ်၊ နားချိန်တန် ကောင်းကောင်းနားပါ
အစပိုင်းကာလတွေမှာ ပြင်းပြင်းထန်ထန်ကြိုးစားလုပ်ရ တာမို့ ပျော်စရာအချိန်မရနိုင်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးတွေကို စွန့်လွှတ်ပြီး ပေးဆပ်ရတတ်ပါတယ်။ ပျော်ရာမှာမနေဘဲ အလုပ်နဲ့ နပန်းလုံးနေရတာပေါ့။ အတန်အသင့်အရှိန်ရလာတဲ့အခါမှာ စီးပွားရေးသမားဟာ ကျန်းမာရေးနဲ့ လူမှုရေးအတွက် ကိုယ့်ရှားပါး တဲ့အချိန်ကို အကောင်းဆုံးအသုံးပြုတတ်ဖို့လိုတယ်။ အလုပ်နဲ့ ဘ၀ ချိန်ဆတတ်မှ အောင်မြင်မှုအစစ်အမှန်ရရှိမှာပါ။

၅။ သူများခေါင်းနဲ့အလုပ်လုပ်ပါ
စီးပွားရေးသမားတစ်ယောက်ဟာ နည်းပညာ၊ ဗဟုသုတ ရှိစရာမလိုပါဘူးလို့ပြောတာကိုမယုံပါနဲ့။ ကျွန်တော်ဟာ ကိုယ့် လုပ်ငန်းမှာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေခန့်ရမယ်ဆိုတာ စော စောသဘောပေါက်ခဲ့လို့ ရှာဖွေသုံးစွဲခဲ့ပါတယ်။ ကိုယ်တိုင်လုပ်နည်း ကိုင်နည်းမသိရင် သိတဲ့သူခေါ်သုံးပါ။ သူများဦးနှောက်ငှားသုံးပါ။ သူများခေါင်းနဲ့အလုပ်လုပ်တတ်ပါတဲ့။

၆။ ပန်းတိုင်သတ်မှတ်ပါ
ပန်းတိုင် (Goal) ဆိုတာ အချိန်ပိုင်းအလိုက် သတ်မှတ် လုပ်ကိုင်တတ်ဖို့လိုတယ်။ တစ်နေ့စာ၊ တစ်ပတ်စာ၊ တစ်လစာ၊ နှစ် အလိုက်ပန်းတိုင် (ရည်မှန်းချက်) ထားပြီး တစ်စတစ်စတိုးလုပ်သွား ရပါတယ်။ ဒီနေရာမှာ စီမံချက်နဲ့အလုပ်လုပ်တတ်ရတယ်။
စီမံခန့်ခွဲမှုပါရဂူတစ်ယောက်က ဟောပြောပွဲမှာ ပုစ္ဆာနဲ့ လက်တွေ့ပြတာကိုကြည့်ပါ။ ဖန်ချိုင့်တစ်ခု၊ ရေ၊ သဲနဲ့ ကျောက်ခဲလုံး တွေချထားပြီး ခွက်ထဲကို ကျောက်ခဲတွေ ပထမထည့်ပါတယ်။ ဖန် ချိုင့်ပြည့်တော့ သဲထည့်ပြီးလှုပ်ပါတယ်။ နောက် ရေလောင်းထည့်ပါ တယ်။ တစ်ခါပြီးတိုင်း ပြည့်ပြီလားမေးပါတယ်။ ဒီလက်တွေ့ပြ တာကနေ ဘာသင်ခန်းစာရပြီလဲမေးပါတယ်။ တစ်ယောက်က "ကိုယ့်မှာအစီအစဉ်တွေဘယ်လောက်ကျပ်နေပါစေ ကြိုးစားရှာကြည့် နိုင်ရင် ထပ်ဖြည့်နိုင်တာတွေ့လာမှာပါပဲ" လို့ပြောပါတယ်။
"မဟုတ်ပါဘူး။ ကျောက်ခဲတွေကို ဦးဆုံးမထည့်ရင် အဲဒီ ကျောက်ခဲတွေအတွက်နေရာရှာလို့မရနိုင်တော့ဘူးဆိုတာပဲ" လို့ ဖြေခဲ့ပါတယ်။
ဒီဥပမာလိုပဲ မိမိရည်မှန်းချက်အမျိုးမျိုးရှိရာမှာ မိသားစု၊ ပညာ၊ ငွေ၊ ဘာသာရေး၊ ဘာကိုဘယ်လိုဦးစားပေးမှာလဲဆိုတာ အရေး ကြီးပါသတဲ့။

၇။ နတ်နှိုးသည်ကို ယုံကြည်ပါ
နတ်နှိုးတယ်ဆိုတာ ရှောင်တခင်အသိစိတ်ဖြစ်တယ်။ အကျိုးအကြောင်း ဆင်ခြင်တွေးခေါ်ခြင်းမဟုတ်ဘဲ ဗြုန်းခနဲ အလိုလို သိလာခြင်းဖြစ်ပါတယ်။ စီးပွားရေးသမားဟာ ဈေးကွက်အစီရင်ခံစာ တွေ၊ ကိန်းဂဏန်းတွေ၊ သတင်းအချက်အလက်တွေကို ဆန်းစစ် ဝေဖန်၊ ဆင်ခြင်သုံးသပ်ဆုံးဖြတ်တာ မှန်ပါတယ်။ တစ်ခါတစ်ရံမှာ နတ်နှိုးလို့ရလာတဲ့အသိနဲ့ဆုံးဖြတ်မှုတွေက ပိုကောင်းနေတတ်ပါ တယ်တဲ့။ နတ်နှိုးတယ် (Intuition) ကို အချက်အလက်မခိုင်လုံ မပြည့်စုံပေမဲ့ စိတ်ထဲမှာစွဲထင်နေတဲ့အသိတစ်မျိုးဖြစ်ပြီး အရေးကြီး တဲ့အဆုံးအဖြတ်တွေမှာ အထောက်အကူဖြစ်စေပါတယ်။

၈။ (တစ်ကြိမ်လောက်ဖြစ်ဖြစ်) ထိပ်တက်ကြည့်ပါ
မြင့်မြင့်ကြံပါ။ ခြေလှမ်းစရာရှိရင် နောက်မတွန့်ပါနဲ့။ ဗိုလ်ချုပ်ကြီးပက်တန်က "စိန်ခေါ်မှုတွေကိုလက်ခံရင်ဆိုင်လိုက်စမ်း ပါ။ ဒါမှ အောင်မြင်မှုကိုခံစားရတာ ပြည့်ပြည့်၀၀ရှိမယ်" လို့ဆိုခဲ့ တယ်။ အောင်မြင်ဖို့ ဆန္ဒဇွဲကြီးတာဟာ အကောင်းဆုံးကိုမှရချင် တာနဲ့ယှဉ်တွဲရှိနေသင့်တယ်။ သေးတဲ့ဆန္ဒဖြစ်ဖြစ်၊ ကြီးတဲ့ဆန္ဒဖြစ် ဖြစ် အောင်မြင်နည်းတွေ အများကြီးပါ။ စီးပွားရေးသမားဟာ သူများ ထက်သာချင်ရင် နေ့စဉ် ရေကုန်ရေခန်းကြိုးစားရမှာပါ။ ကံကောင်း ရင် စံချိန်တင်နိုင်မယ့်အခွင့်ကောင်းတစ်ခုပေါ်လာပြီး အကောင်းဆုံး ဖြစ်ချင်တဲ့စိတ်ဓာတ်လည်း စွဲဝင်လာပါလိမ့်မယ်တဲ့။
ဝီလ်ရဲ့ကိုယ်တွေ့ဖြစ်ရပ်က ပတ္တယားကမ်းခြေမှာ ဘန်ဂလသုံးလေးလုံးလောက်နဲ့စခဲ့ရာက ဇင်းမယ်မှာ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ရီးဂျင့်ဟိုတယ်ကိုလုပ်နိုင်ခဲ့ပါတယ်။

၉။ အစွံထုတ်ပါ
စီးပွားရေးသမားအဖို့ "အစွံထုတ်တယ်" ဆိုတာ ကိုယ့်စိတ် ကူးကိုကိုယ်မြင်သလို သူတစ်ပါးမြင်လာဖို့ သွေးဆောင်စည်းရုံးတတ် တာဖြစ်တယ်။ ၀ီလ်ကိုယ်တိုင် သူ့စိတ်ကူးကို လုပ်ဖော်ကိုင်ဖက်တွေ၊ ဘဏ်တွေ၊ ပြည်သူလူထုတွေယုံလာအောင် စည်းရုံးမှုအစွမ်းကောင်း လို့ အောင်မြင်မှုရခဲ့တာပါတဲ့။
သူများယုံကြည်မှုရဖို့၊ ကိုယ့်ကိုယ်ကိုယ် အရင်ယုံကြည်မှု ရှိရပါတယ်။ အစွံထုတ်တယ်ဆိုတာ ကြိုက်ရာရွေးယူနိုင်ဖို့လမ်းဖွင့် ပေးတဲ့ပေးဆပ်ခြင်းအတတ်ပညာပါ။ ၀ီလ်အနေနဲ့ ဒါကို နှစ်ပိုင်းခွဲ မြင်ပါတယ်။ မိမိရောင်းတဲ့အရာ (ပစ္စည်းဖြစ်စေ၊ ၀န်ဆောင်မှုဖြစ်စေ) ကို ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုဖြစ်တယ်။ ကိုယ်တိုင်မယုံ ကြည်တဲ့ဟာကို အစွံထုတ်ရတာ သိပ်ခက်တတ်ပါသတဲ့။ တကယ် စိတ်အားထက်သန်မှုရှိမနေရင် မိမိဟာ မတိုက်ခင်ကပဲ စစ်ရှုံးနေပြီ ဖြစ်တယ်။ ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုနှစ်ခုပေါင်းလိုက်ရင် "နတ်ဆေး" ဖြစ်လာတတ်တယ်။ ဒီနေရာမှာအပြုသဘောမြင်တတ်ဖို့ အရေးကြီးပါသတဲ့။

၁၀။ ခေါင်းဆောင်ဖြစ်လာပါစေ
အမေရိကန်သမ္မတဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်ဝါက ခေါင်းဆောင်မှုအတတ်ပညာကို ကြိုးတစ်ချောင်းသုံးပြီး ရိုးရိုးလေး ပြခဲ့ပါတယ်။ ကြိုးတစ်စကို စားပွဲပေါ်ချပြီးဆွဲရင် ကြိုးကလိုက်လာ တယ်။ တွန်းရင် ဘာမှဖြစ်မလာဘူး။ လူတွေကိုဦးဆောင်ရာမှာလည်း ဒီလိုပါပဲ။ သူတို့နဲ့အတူတူတွဲလုပ်၊ သူတို့အကောင်းလုပ်ပြနိုင်ဖို့ ကူညီပေး။ ဘယ်လိုလုပ်ရင် ပိုပြီးတွင်ကျယ်ထိရောက်မယ်ဆိုတာ လုပ်ပြ မယ်ဆိုရင် လူတွေဆီက အကောင်းဆုံးလုပ်ရပ်တွေရလာနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ခေါင်းဆောင်မှုပညာနဲ့ပတ်သက်ပြီး ဒေးဗစ်သြဂဗီ က "ကြီးမြတ်တဲ့ခေါင်းဆောင်တွေဆီက ကိုယ့်ကိုယုံကြည်မှုတွေစိမ့် ထွက်နေတတ်တယ်။ ရှုံးသွားရင် ပြိုလဲရာကပြန်ထတယ်။ ကိုယ့် အလုပ်ကို အရူးအမူးစွဲလန်းကြသူတွေဖြစ်တယ်။ လူတိုင်းချစ်အောင် နေချင်တယ်ဆိုတဲ့ သနားစရာဆန္ဒမျိုးကင်းတယ်။ အလုပ်ကောင်း ကောင်းမလုပ်တဲ့လူတွေကို ရဲရဲဖြုတ်ပစ်တာအပါအ၀င် လူတိုင်း မကြိုက်နိုင်တဲ့ဆုံးဖြတ်ချက်တွေကို သတ္တိရှိရှိချရဲကြတယ်။ အကြောက် တရားကြီးစိုးနေတဲ့ပတ်ဝန်းကျင်ဟာ ပျော်စရာလို့ ကျွန်တော်မထင် ပါဘူး" လို့ပြောခဲ့တယ်။
ခေါင်းဆောင်တိုင်းမှာ ကိုယ်ပိုင်စတိုင်ရှိတတ်ကြပါတယ်။ အယ်လ်အေဒေါ့ဂျားစ်ဘေ့စ်ဘောအသင်းရဲ့နည်းပြဆရာကြီး တော်မီ လာဆိုဒါပြောခဲ့တာက "ခေါင်းဆောင်ဆိုတာ သူ့လူစုရဲ့ရှေ့က လျှောက်သွားဦးဆောင်နေတာဖြစ်ပေမဲ့ နောက်လိုက်တွေရဲ့ခြေသံကို မကြားရလောက်အောင် အလှမ်းကွာကွာမနေဘူး"တဲ့။ ခေါင်းဆောင်တာနဲ့ နားထောင်တာကို မှန်မှန်ကန်ကန်မျှတ ချင့်ချိန် သုံးစွဲနိုင်တဲ့အရည်အချင်းရှိရပါမယ်။
စီးပွားရေးသမားဟာ အကြံကောင်းပေးနိုင်သူတွေရဲ့ပြော စကားကိုနားထောင်ပြီးတဲ့နောက် ဆုံးဖြတ်ချက်ချပြီးသွားရင် ဆက် လုပ်ပါ။ ဆုံးဖြတ်ချက်အမြဲတမ်းမမှန်နိုင်ပါဘူး။ မှားမှာကိုကြောက်ပြီး မဆုံးဖြတ်ရဲရင် အလုပ်မဖြစ်ပါဘူး။ ခေါင်းဆောင်တွေဝေနေရင် ငယ်သားတွေချက်ချင်းသိတယ်။ ဝေဖန်ခံရမှာကိုမကြိုက်ရင် ဘာမှ မပြောရုံရှိမှာပါ။

written by - U Thein Htay
-------------------------------------------------------------------------------------------
www.eSMEmm.com
www.EntrepreneurSME.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။