သဌေးသား ဘောင်းဘီအပြဲဝတ်ထားရင်
စတိုင်လ်ပေါ့ .
ဆင်းရဲသား အပြဲဝတ်တော့
စုတ်ပြတ်နေတာပေါ့..
မင်းသား မျက်လုံးနီနေတော့
အိပ်ရေးပျက်ရှာတယ်ပေါ့..
လူရွှင်တော် မျက်လံုးနီနေတော့
အရက်သောက်လို့ ပေါ့ ..
စာတော်တဲ့ ကျောင်းသား
ပုစ္ဆာအမှားကြီးတွက်ထားတော့ လျှံသွားတယ်ပေါ့ 
စာညံ့ တဲ့ ကလေး မှားတွက်တော့
ညံ့ လွန်းတယ်ပေါ့ ..
ပိုက်ဆံရှိတဲ့ သူဝတ်ထားတဲ့ လက်စွပ်က
ရွှေအစစ်ပေါ့ 
ပလတ်စတစ်ကောက်တဲ့ သူဝတ်ထားတဲ့ လက်စွပ်က
ရွှေအတုပေါ့ ..
ခေါင်းပေါင်းဝတ်ထားရင်
အသိညဏ်ရှိတဲ့ သူဖြစ်ပြီး
ဆိုက်ကားသမားက
အသိညဏ်နည်း စာမတတ်သူပေါ့ ..
စာရတဲ့ ကျောင်းသားရဲ့ စာစီစာကုံးကို
အဆုံးထိစိတ်ရှည်လက်ရှည်ဖတ်ပြီး
very good လို့ မှတ်ချက်ပေးတယ်ပေါ့ 
စာမရတဲ့ ကလေးရဲ့ စာစီစာကုံးကို
နိဒါန်းနဲ့ နိဂုံး နှစ်ကြောင်းလေးဖတ်ပြီး
ဆက်ကြိုးစားရန်လိုသေးသည်လို့ 
မှတ်ချက်ချတယ်ပေါ့ ..
အရင်အစိုးရတုန်းက ဘာမှမပြောရဲလို့ 
ဘုရားထူးနေရပြီး
အခုကျမှ အလကားနေရင်း
လက်ညိုးထိုး ဆဲချင်ကြတယ်ပေါ့ ..
သမီးအရင်း ချက်တဲ့ ထမင်းပျော့ရင်
ဝါးရလွတ်ပြီး အစာကြေလွယ်တာပေါ့ 
ချွေးမ ချက်တဲ့ ထမင်းပျော့ရင်
အိမ်ထောင်ရှင်မ မပီသတဲ့သူပေါ့ ..
တခါတခါ အထင်မကြီးတဲ့ မျက်လုံးနဲ့ 
ကြည့်လိုက်ရင် အရာအားလုံးက အပြစ်ပိုကြီးသွားသလိုဖြစ်သွားရော..
ခင်များတို့ ကျုပ်တို့ လွှင့်ပစ်မိလိုက်တဲ့ 
အမှိုက်ပုံးထဲက အမှန်တရားတွေဟာ
သိပ်နှမြောဖို့ ကောင်းနေတတ်တယ်။
ဘယ်လိုပြောရမလဲဆိုတော့
'' မချစ်ရင် အပြစ်ကြီးဘဲ '' ပေါ့ ဗျာ။
Credit ~ MyaLwanMoeSwe
အိပ်ရေးပျက်ရှာတယ်ပေါ့..
လူရွှင်တော် မျက်လံုးနီနေတော့
အရက်သောက်လို့ ပေါ့ ..
စာတော်တဲ့ ကျောင်းသား
ပုစ္ဆာအမှားကြီးတွက်ထားတော့ လျှံသွားတယ်ပေါ့ 
စာညံ့ တဲ့ ကလေး မှားတွက်တော့
ညံ့ လွန်းတယ်ပေါ့ ..
ပိုက်ဆံရှိတဲ့ သူဝတ်ထားတဲ့ လက်စွပ်က
ရွှေအစစ်ပေါ့ 
ပလတ်စတစ်ကောက်တဲ့ သူဝတ်ထားတဲ့ လက်စွပ်က
ရွှေအတုပေါ့ ..
ခေါင်းပေါင်းဝတ်ထားရင်
အသိညဏ်ရှိတဲ့ သူဖြစ်ပြီး
ဆိုက်ကားသမားက
အသိညဏ်နည်း စာမတတ်သူပေါ့ ..
စာရတဲ့ ကျောင်းသားရဲ့ စာစီစာကုံးကို
အဆုံးထိစိတ်ရှည်လက်ရှည်ဖတ်ပြီး
very good လို့ မှတ်ချက်ပေးတယ်ပေါ့ 
စာမရတဲ့ ကလေးရဲ့ စာစီစာကုံးကို
နိဒါန်းနဲ့ နိဂုံး နှစ်ကြောင်းလေးဖတ်ပြီး
ဆက်ကြိုးစားရန်လိုသေးသည်လို့ 
မှတ်ချက်ချတယ်ပေါ့ ..
အရင်အစိုးရတုန်းက ဘာမှမပြောရဲလို့ 
ဘုရားထူးနေရပြီး
အခုကျမှ အလကားနေရင်း
လက်ညိုးထိုး ဆဲချင်ကြတယ်ပေါ့ ..
သမီးအရင်း ချက်တဲ့ ထမင်းပျော့ရင်
ဝါးရလွတ်ပြီး အစာကြေလွယ်တာပေါ့ 
ချွေးမ ချက်တဲ့ ထမင်းပျော့ရင်
အိမ်ထောင်ရှင်မ မပီသတဲ့သူပေါ့ ..
တခါတခါ အထင်မကြီးတဲ့ မျက်လုံးနဲ့ 
ကြည့်လိုက်ရင် အရာအားလုံးက အပြစ်ပိုကြီးသွားသလိုဖြစ်သွားရော..
ခင်များတို့ ကျုပ်တို့ လွှင့်ပစ်မိလိုက်တဲ့ 
အမှိုက်ပုံးထဲက အမှန်တရားတွေဟာ
သိပ်နှမြောဖို့ ကောင်းနေတတ်တယ်။
ဘယ်လိုပြောရမလဲဆိုတော့
'' မချစ်ရင် အပြစ်ကြီးဘဲ '' ပေါ့ ဗျာ။
Credit ~ MyaLwanMoeSwe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။