Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 17, 2016

အိမ်ငှါးက နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေအရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့

အိမ်ငှါးက နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေအရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့
--------------------

သတိထားနိုင်စေဖို့ပါ...

အိမ်ငှါးက နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေအရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့...

တရားစွဲဖို့ ကန့်သတ်ထားတဲ့ ကာလအပိုင်းအခြား ကုန်ဆုံးသွားလို့ ဖြစ်ပါတယ်တဲ့... ဈေကွက်ဂျာနယ်ပါ ဆောင်းပါးပါ....

"၁၂ နှစ်ကျော် နေထိုင်လာသူထံမှ မြေနှင့်အိမ်ကိုဝယ်လျှင်"

''ရောင်းမယ့် အိမ်နဲ့ မြေက ပိုင်ရှင်အစစ်မဟုတ်လို့ ဝယ်ဖို့
အဆင်ပြေပါ့မလား ဆရာ'' ဟု တပည့်တစ်ဦးက လာရောက်
ဆွေး နွေး ပါသည်။

''ပိုင်ရှင်အစစ်မဟုတ်ဘူးဆို တာက ဘာကို ပြောတာလဲ၊
မြေပိုင်ရှင်က သေဆုံးသွားလို့လား''

''အဲဒီလိုတော့ မဟုတ်ဘူး ဆရာ၊ ဘယ်လိုပြောရမလဲ''

''ဘယ်လိုမှ မပြောနဲ့တော့၊ သေချာလေ့လာခဲ့မှပေါ့ကွယ်၊
ကဲ- ဆရာမေးတာပဲ ဖြေတော့''

''ဟုတ်ကဲ့ ဆရာ''

''မြေနဲ့ အိမ်အမည်ပေါက်ပိုင်ရှင်က တစ်ယောက်၊
အခုရောင်းမယ်ဆိုတဲ့ သူက တစ်ယောက်ဖြစ်နေတာပေါ့''

''ဟုတ်တယ် ဆရာ''

''ရောင်းမယ်ဆိုတဲ့ သူက အဲဒီ အိမ်နဲ့ မြေကို ဝယ်ထား
တာလား၊ ဘယ်လို ပိုင်ဆိုင်လာတာလဲ''

''ရောင်းမယ်ဆိုတဲ့ သူရဲ့ပြော စကားအရတော့
အခုအိမ်နဲ့ မြေ ပေါ်မှာနေတာ အနှစ် ၂ဝ နီးပါးရှိပြီလို့
ပြောတယ်''

''ဒါဆိုရင် မြေပိုင်ရှင်က သူတို့ ကို ခွင့်ပြုချက်နဲ့
ထားတာလား''

''အိမ်မြေပိုင်ရှင်က သူ့ကို ကျူး ကျော်နေထိုင်တယ်ဆိုပြီး
တရား စွဲခဲ့တယ်''

''အဲဒီတော့ အမှုကောပြီးသွား ပြီလား''

''အိမ်မြေပိုင်ရှင်ရဲ့ တရားစွဲဆိုမှုက ကာလစည်းကမ်းသတ်
၁၂ နှစ်ကျော်သွားလို့ တရားစွဲတာ ရှုံးသွားတယ်ပြောတယ်''

''သူတို့က အနိုင်ရတယ်ပေါ့၊ ၁၂ နှစ်ကျော်လို့ ပိုင်ရှင်ကို
ဆန့် ကျင်နေထိုင်ခွင့် ရသွားတာဖြစ် မယ်''

''ဟုတ်တယ် ဆရာ၊ အ
ခု သူတို့က အိမ်နဲ့ မြေကို ရောင်းမှာ ဆရာ''

''ဒါမျိုးကတော့ ဂရုစိုက်ပြီး ဝယ်ဖို့လိုတယ်၊
ရောင်းတဲ့သူက လည်း နောက်ထပ်အမှုအခင်း အရှုပ်အရှင်း
ကင်းအောင်ဆိုပြီး သင့်တဲ့ဈေးနဲ့ လွယ်လွယ်ကူကူရောင်း
သွားမယ့် သဘောဖြစ်မယ်''

''ဟုတ်တယ်ဆရာ၊
ဈေးသင့် လို့ ဝယ်မယ့်သူက သမီးဆီလာပြီး စာရွက်စာတမ်း
စစ်ဆေးပေးပါလို့ ပြောတယ်။ သမီးလည်းမေးကြည့်လိုက်တော့
ရှုပ်ထွေးနေတာနဲ့ ဆရာ့ဆီ အကြံလာတောင်းတာ ဆရာ'' ဟု
တပည့်ဖြစ်သူ မိန်းကလေးက ရှင်းပြပါသည်။

''ဘယ်လိုနည်းနဲ့ ကျူးကျော် နေထိုင်လာကြတယ်ဆိုတာတော့
မသိဘူးပေါ့ကွယ်၊ အဲဒီလို နေထိုင်လာခဲ့တာ ၁၂ နှစ် ကာလ
ကျော်ခဲ့ရင် ကာလစည်းကမ်းသတ် အက် ဥပဒေအရ
ပိုင်ရှင်ဆိုသူက တရားစွဲဆိုဖယ်ရှားပိုင်ခွင့်မရှိတော့ဘူး။
အချင်းဖြစ်မြေနဲ့ အိမ်မှာနေတဲ့ သူ တွေက ပိုင်ရှင်အပေါ်
ဆန့်ကျင်နေ ထိုင်ခွင့်ရသွားပြီဖြစ်တယ်၊
တချို့ ကလည်း အဲဒီအခြေအနေကို ပစ္စည်းအပေါ်
ဆန့်ကျင်ပိုင်ဆိုင်ခွင့် ရသွားပြီဆိုပြီး သတ်မှတ်ခေါ်ဝေါ် ကြတယ်။
အဲဒီမြေအိမ်၊ တိုက်ခန်း စတဲ့ မိမိနေထိုင်တဲ့ အဆောက်အအုံ
ဥပစာကို မိမိတို့ ပိုင်သွားပြီလို့ ယူဆကြတယ်။
ဒါနဲ့ပဲ ထပ်ဆင့် ရောင်းချတာတွေဖြစ်လာတာပေါ့''

''အဲဒီလိုရခဲ့တဲ့ အဆောက်အအုံ ဥပစာကို ဝယ်ရင်
တရားဝင် ပါ့မလား ဆရာ''

''တိုက်ခန်းမှာ အမည်ပြောင်း ဖို့ ကိစ္စ အခက်အခဲရှိနိုင်သလို၊
မြေ နဲ့ အိမ်ဆိုရင်လည်း အရောင်းအ ဝယ်မြေပုံကူးယူဖို့
အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ်ဆိုဖို့
ဂရန်မြေအမည်ပြောင်းဖို့စတဲ့ ကိစ္စတွေမှာ အမည်ပေါက်သူက
တာဝန်ယူမှာ မဟုတ်တဲ့အတွက် အခက်အခဲ
တွေ့မှာဖြစ်တယ်''

''ဆရာပြောတော့ ဆန့်ကျင် ပိုင်ဆိုင်တယ်ဆို''

ဒါက အားလုံးက လွယ်လွယ် ပြောနေကြတာ၊
တရားရုံးက ပိုင်ဆိုင်သွားပြီလို့ ဆုံးဖြတ်တာ မဟုတ်ဘူး။
တရားစွဲဆိုခွင့် ကာလကျော်လွန်သွားပြီလို့ ဆုံးဖြတ်
ပေးလိုက်တာဖြစ်တယ်။

ဒါပေမယ့် ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ မှာ
*** တရားစွဲဆိုဖို့ ကန့်သတ်ထားတဲ့ ကာလအပိုင်းအခြား
ကုန်ဆုံးသွားရင် အချင်းဖြစ်ပစ္စည်း ပိုင်ဆိုင်ခွင့်သည်လည်း
ကုန်ဆုံးပြတ်စဲ သွားပြီလို့ ပြဋ္ဌာန်းထားတဲ့ အတွက်
နေထိုင်နေသူက ပစ္စည်းကို ပိုင်ဆိုင် သွားပြီလို့
ယူဆကြတာဖြစ်တယ် ***

''ဒါဆိုရင် ပိုင်ရှင်က ပိုင်ဆိုင် ခွင့်ဆုံးရှုံးသွားပြီပေါ့နော်''

''ငါ့တပည့်ကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်က
ဆုံး ဖြတ်ထားတဲ့ စီရင်ထုံးတစ်ခုကို ဖတ်ပြမယ်''

စာရေးသူက စာအုပ်စင်ပေါ် က စီရင်ထုံးစာအုပ်ကို
ဆွဲယူလိုက် ပြီး ဖတ်ပြလိုက်ပါသည်။

ဒေါ်ငန်လွယ်ပါ ရှစ်ဦးနှင့် ဒေါ်တွဲလျန်ပါ သုံးဦး ၊
၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၉၂
အမှုတွင်

"ဒေါ်တွဲလျန် တို့က အချင်းဖြစ် မြေနှင့်အိမ်ကို တရားမစွဲဆိုမီ
၅၅ နှစ်ခန့်မှစ၍ ဆန့်ကျင်လက်ရှိထားခဲ့သဖြင့်
ယင်း မြေနှင့်အိမ်ကို ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပေးရန်
တရားရုံး တွင် ဒေါ်ငန်လွယ်တို့အပေါ် တရားစွဲဆို
လျှောက်ထားခဲ့ခြင်းဖြစ် သည်။"

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ

- ဒေါ်တွဲလျန်အဆိုပြုသည့်အတိုင်း အချင်းဖြစ် မြေနှင့်အိမ်ကို
ပိုင်ရှင်တို့အား ဆန့်ကျင်၍ ၁၂ နှစ် ကျော် လက်ရှိထားခဲ့ပါမူ၊
ဆိုင်ရာ ပိုင်ရှင်တို့အနေဖြင့် ယင်းပစ္စည်းများတွင် ပိုင်ဆိုင်ခွင့်မှာ
ကာလ စည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၂၈ အရ
ကုန်ဆုံးပြတ်စဲသွားပေမည်။

- ပိုင်ရှင်တို့အနေဖြင့် ကာလ စည်းကမ်းသတ် အက်ဥပဒေ
ပုဒ်မ ၂၈ အရ ပိုင်ဆိုင်ခွင့် ကုန်ဆုံးပြတ်စဲစေကာမူ၊
ဒေါ်တွဲလျန်တို့သည် ယင်းသို့ဆန့်ကျင် လက်ရှိထားခြင်းဖြင့်
အချင်းဖြစ် မြေနှင့်အိမ်၏ ပိုင် ရှင်အဖြစ်သို့ ရောက်စေရမည်ဟု
အဆိုပါ ပုဒ်မ ၂၈ တွင် ပြဋ္ဌာန်း ထားခြင်းမရှိပေ။

- အချင်းဖြစ်ပစ္စည်းများ၏ ပိုင်ရှင်တို့က ဒေါ်တွဲလျန်တို့အပေါ်
ယင်းပစ္စည်းများကို လက်ရောက်ရလိုကြောင်း တရားစွဲဆိုခွင့်
မရှိတော့ခြင်းမှာ အချင်းဖြစ်ပစ္စည်းများနှင့် စပ်လျဉ်း၍
ဒေါ်တွဲလျန်တို့၏ ပိုင်ရေးပိုင်ခွင့်နှင့် သက်ဆိုင်သည်ဟု
မဆိုနိုင်ပေ။

- ထို့ကြောင့် ဒေါ်တွဲလျန်တို့စွဲဆိုသော အချင်း ဖြစ်မြေနှင့်
အိမ်ပိုင်ဆိုင်ကြောင်း ကြေညာပေးရန် စွဲဆိုမှုအား
ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်လို့ ဖော်ပြထားတယ်။

'' * ဒါကြောင့် ၁၂ နှစ်ကျော် ဆန့်ကျင်နေထိုင်လာရုံနဲ့
အဆိုပါ ပစ္စည်းကို အလိုအလျောက် ပိုင်ဆိုင်ခွင့်ရပြီး
ပိုင်ရှင်ဖြစ်လာမှာ မဟုတ်ဘူး။
နေပိုင်ခွင့်ဆက်လက် ရှိနေခြင်းကို ဆိုလိုတာဖြစ်တယ်။
ပိုင်ရှင်က မိမိကို အဆိုပါ အ ဆောက်အအုံမှ
ဖယ်ရှားပေးရန် တရားစွဲဆိုခွင့် မရှိခြင်းသာ ဖြစ် တယ်၊
ဥပဒေအရ ပိုင်ရှင်ဖြစ်လာ မှာ မဟုတ်ဘူး * ''

''ဒါဆို ရောင်းလို့မရဘူးပေါ့''

''အရောင်းအဝယ်လုပ်လို့ မရ ဘူးတော့ မဟုတ်ဘူး။
ပစ္စည်းတစ် ခုကို ရောင်းသူဝယ်သူ သဘောတူ ရင်
အရောင်းအဝယ်ဖြစ်ကြတာပဲ။
ဒါပေမယ့် အခုလို အခြေအနေမျိုး က ဥပဒေနဲ့အညီ
တရားဝင်ပိုင်ရှင် မဟုတ်တဲ့အတွက် ရောင်းမယ် ဆိုရင်
ကန့်ကွက်တာ၊ တရားစွဲဆိုတာတွေဖြစ်နိုင်တဲ့အတွက်
ဒီအချက်တွေကို ရင်ဆိုင်နိုင်မှသာ ဝယ် ပါ''လို့
အကြံပြု ပြောကြားလိုက်ပါ သည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။