Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 17, 2016

သစ်ငုတ်တိုမှာလည်း နွေဦးရာသီရှိတယ်

သစ်ငုတ်တိုမှာလည်း နွေဦးရာသီရှိတယ်
------------------------------------------
သစ်ရွက်အတွင်းပိုင်းမှာ ပူးပူးကပ်ကပ်ပုန်းခိုနေတဲ့ ပန်းဖြူဖြူလေးသုံးပွင့်ကို ရုတ်တရက် ကျွန်မမြင်လိုက်မိတယ်။
.
အဲဒီပန်းလေးတွေက “ထိခိုက်နာကျင်ခဲ့လည်း၊ နွေဦးထွက်သွားပြီဆိုပေမယ့်လည်း... မျှော်လင့်ချက်ရှိနေသရွေ့ ဝမ်းမနည်းပါနဲ့” လို့ လူတွေကိုပြောနေသယောင်ပါပဲ။
.
အဲဒီစာပိုဒ်လေးကို ကျွန်မချရေးတဲ့အချိန်က အင်္ဂလန် Bournemouthနေအိမ်မှာ ကျွန်မထိုင်နေတဲ့အချိန်အခါဖြစ်တယ်။ ထိုင်နေတဲ့နေရာကနေ ခေါင်းမော့ကြည့်ရင် ပြတင်းပေါက်အပြင်ဖက်က သစ်ပင်တချို့ကို တွေ့မြင်နိုင်တယ်။ အဲဒီသစ်ပင်တွေထဲမှာ Beechပင်က ကျွန်မအကြိုက်ဆုံးအပင်ဖြစ်တယ်။ ငယ်ငယ်တုန်းက အဲဒီသစ်ပင်ရဲ့သစ်ကိုင်းဟာ ကျွန်မအတွက်အကောင်းဆုံး ထိုင်ခုံနောက်မှီဖြစ်တယ်။ သစ်ကိုင်းကိုမှီပြီ “တာဇံ” စာအုပ်ကို ကျွန်မဖတ်ခဲ့တယ်။ ကျွန်မလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ တောအုပ်ထဲနေထိုင်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။
.
သစ်ပင်က ကျွန်မရဲ့အကောင်းဆုံးအဖော်ဖြစ်ခဲ့တယ်။ မကြာခဏဆိုသလို သစ်ပင်ထက်မှာ ကျွန်မနာရီတော်တော်ကြာ နေခဲ့ဖူးတယ်။ ကျွန်မမှာ ကြိုးရှည်တစ်ချောင်းရှိတယ်။ ကြိုးတစ်စကို သစ်ကိုင်းမှာချည်ပြီး ကျန်ကြိုးတစ်စမှာ ခြင်းလေးတစ်လုံးချည်ထားတယ်။ သစ်ပင်ပေါ်မတက်ခင် ခြင်းထဲမှာ စာအုပ်တစ်အုပ် ဒါမှမဟုတ် မစားရက်ဘဲထားထားတဲ့ ကိတ်မုန့်တစ်ချပ် ဒါမှမဟုတ် အိမ်စာလုပ်ရမယ့်စာအုပ်ကို ထည့်ထားတယ်။ သစ်ပင်ပေါ်ရောက်ရင် အဲဒီကြိုးကို ကျွန်မဆွဲတင်ပါတယ်။
.
အဲဒီသစ်ပင်ကို အရမ်းခံ့တယ်လို့ ကျွန်မထင်ခဲ့တယ်။ နေ့တိုင်း သူ့နာမည် “Beech” ကို ကျွန်မခေါ်နေတတ်ခဲ့တယ်။ ကျွန်မရဲ့လျှို့ဝှက်ချက်တွေ အဲဒီသစ်ပင်ကိုပြောပြတတ်ခဲ့တယ်။ ကျွန်မရဲ့ဖောင်းဖောင်းမို့မို့ လက်ကလေးနှစ်ဘက်နဲ့ ဒါမှမဟုတ် ကျွန်မရဲ့ပါးပြင်နဲ့ သူ့ရဲ့ကြမ်းတမ်းမာကြောတဲ့သစ်ခေါက်ကို အမြဲပွတ်နေတတ်ခဲ့တယ်။ နွေညနေခင်းမှာ သစ်ကိုင်းကြားထဲ လေညင်းတွေဖြတ်သန်းသွားတဲ့အခါ သူရဲ့တီးတိုးရေရွတ်သံတွေကို ကျွန်မကြားလိုက်တတ်မိသလိုပါပဲ။ သစ်ရွက်လေးတွေက ယိမ်းနွဲ့သီဆိုကခုန်လို့.. ဒါဟာ ကျွန်မအတွက် သူ ဂရုတစိုက်စီစဉ်ထားတဲ့ ဖြေဖျော်မှုဖြစ်တယ်။ လေပြင်းတိုက်တဲ့အခါ သူ့လက်မောင်းကို ကျွန်မတင်းတင်းဖက်ထားပြီး သူနဲ့အတူ လေထဲမှာ လှုပ်ယမ်းခဲ့ကြတယ်။
.
တကယ်လို့ ကျွန်မတို့ရဲ့သာမန်မျက်လုံးနဲ့ပဲ မြေကြီးအောက်ကအရာတွေကို တွေ့မြင်နိုင်ရင် ဒါဟာ ဘယ်လောက်နှစ်လိုဖွယ်ကောင်းလိမ့်မလဲ…။
.
သစ်ပင်ကြီးတစ်ပင်အောက်မှာ ကျွန်မလူးလားခေါက်ပြန်မိတဲ့အခါတိုင်း အဲဒီသစ်ပင်ရဲ့ သစ်ဆစ်သစ်ဖုတွေမှာ နှစ်ကာလရဲ့သမိုင်းကြောင်းတွေ ဘယ်လောက်တောင် သိုဝှက်ထားမလဲ၊ လေထဲဆန့်ထုတ်ထားတဲ့ သစ်ကိုင်းတွေဟာ မိုးဒဏ်လေဒဏ်ဘယ်လောက်တောင် သင့်ခဲ့ပြီလဲ၊ ပြီးတော့ ရေတွက်လို့မကုန်နိုင်တဲ့သစ်ရွက်တွေမှာ ဆိုညည်းလို့မကုန်နိုင်တဲ့သီချင်းတွေ ဘယ်လောက်များရှိနေမလဲလို့ ကျွန်မတအံ့တသြဖြစ်မိတယ်။
.
ကျွန်မတို့တွေ့မြင်နေရတဲ့ မြေကြီးပေါ်ကအပိုင်းအစဟာ သစ်ပင်ရဲ့တစ်ပိုင်းတစ်စသာဖြစ်တယ်။ ဟိုးနက်နက်မြေကြီးအောက်မှာ သူ့ရဲ့အတွေးနဲ့ မျှော်လင့်တောင့်တမှုတွေကို မြှုပ်နှံသိုဝှက်ထားတယ်။ သစ်ပင်နဲ့ထိတွေ့ဆက်ဆံတာ ကြာခဲ့ပြီမို့လားမသိ.. သစ်ပင်ရဲ့ပြောစကားကို ကျွန်မဖတ်ရှုနိုင်သလိုပါပဲ။ လူတွေနဲ့ကင်းကွာလို့မရနိုင်တဲ့ သူတို့ရဲ့လောကတစ်ခုကို ကျွန်မ နားလည်သဘောပေါက်နေသလိုပါပဲ။
.
“Survivor Tree(သက်ရှင်ကျန်ရစ်နေတဲ့သစ်ပင်)” လို့အမည်ပေးထားတဲ့ သစ်ပင်က ၉/၁၁ အကြမ်းဖက်မှုမှာ ရှင်သန်ကျန်ရစ်နေခဲ့တဲ့ Callery Pear အပင်ကြီးပေါ့။ အဲဒီသစ်ပင်ဟာ ၂ဝရာစု ၇ဝခုနှစ်ကစ နယူးယောက် World Trade Center အမှတ်၅အဆောက်အဦးအနီးမှာ စိုက်ပျိုးခဲ့တာဖြစ်တယ်။ နှင်းတွေနဲ့ဖုံးလွှမ်းထားတဲ့ အေးစက်စက်လောကကြီးထဲ နွေဦးရာသီရောက်လာပြီဆိုတဲ့အကြောင်းကို သူ့ရဲ့အဖြူရောင်ပန်းပွင့်လေးတွေနဲ့ လူတွေကို နှစ်စဉ်နှစ်တိုင်း သတင်းပါးနေခဲ့တယ်။ အကြမ်းဖက်မှုမှာခံလိုက်ရတဲ့ အဲဒီအဆောက်အဦးထဲက အရာဝတ္ထုတော်တော်များများလိုပဲ သူလည်းပဲ ပြိုကျခဲ့တဲ့တိုက်ညီနောင်ကြားမှာ အမြှုပ်ခံနေခဲ့ရတယ်။
.
အချိန်တစ်လအကြာမှာမှ အဆောက်အဦးပျက်တွေကိုရှင်းလင်းတဲ့ ဝန်ထမ်းတစ်ဦးက သူ့ကိုတွေ့သွားတာဖြစ်တယ်။ အဲဒီတုန်းက သူ့ရဲ့အကိုင်းအခက်တွေ “အစိတ်စိတ်ပိုင်းဖြတ်”ခံခဲ့ရပြီ။ ပြိုကျလာတဲ့အင်္ဂတေတစ်ချပ်ကြောင့် သူ့ခေါင်းမရှိတော့ဘဲ ငုတ်တိုဖြစ်ခဲ့ပြီ၊ ကျန်နေတဲ့ အခက်အလက်တွေကလည်း မီးကျွမ်းနေခဲ့ပြီ။ သစ်မြစ်ကလည်း အပြင်းအထန်ထိခိုက်ခံထားရတယ်။ လူတွေက သူ့ကို နယူးယောက်ပန်းဥယျာဉ်ထဲသယ်ဆောင်ပြီး ပြုစုပျိုးထောင်ထားလိုက်တယ်
.
ဥယျာဉ်အုပ်ချုပ်ရေးမှူးက ကျွန်မကိုပြောပြတယ်… ပထမဆုံးအကြိမ် ဒီသစ်ပင်ငုတ်တိုကို သူတွေ့တုန်းက ဘယ်လိုနည်းနဲ့မှ ဒီသစ်ပင်ကိုပြန်လည်ရှင်သန်ဖို့ လုပ်နိုင်မှာမဟုတ်ဘူးလို့ သူထင်ထားခဲ့တယ်။ မီးကျွမ်းထားတဲ့အပိုင်းကိုဖြတ်ထုတ်ထားတဲ့ သစ်ငုတ်တိုဟာ သူ့ကိုပြန်လည်ပျိုးယူထားတဲ့မြေကြီးထဲမှာ အမြစ်ပေါက်လာလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး။
.
ဆန်းကြယ်တဲ့ဘဝ ကံတရားရဲ့အစီရင်ကိုခံထားရတဲ့ “Survivor Tree(သက်ရှင်ကျန်ရစ်နေတဲ့သစ်ပင်)”ဟာ ၂ဝ၁ဝခုနှစ် နွေဦးရာသီမှာ လောင်ကျွမ်းတဲ့မီးထဲ ပါသွားခဲ့ရပြန်တယ်။ တစ်နာရီ မိုင်၁၆ဝနှုန်းနဲ့တိုက်ခိုက်တဲ့ မုန်တိုင်းတစ်ခုဟာ “Survivor Tree” ရှိရာအရပ်ဆီမှာ တိုက်ခိုက်သွားပြီဆိုတဲ့အကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူး သတင်းရလိုက်တယ်။ ကလေးသုံးယောက်နဲ့ “Survivor Tree” ဆီ အုပ်ချုပ်ရေးမှူးရောက်သွားချိန်မှာ သူ့ရဲ့အမြစ်တချို့က မြေပြင်ပေါ်ရောက်နေခဲ့ပြီဖြစ်တယ်။ ကလေးတွေအပါအဝင် တခြားလာရောက်ကူညီသူတချို့နဲ့ “Survivor Tree” ကို ခွဲစိတ်ကုသမှုထပ်တစ်ကြိမ် သူတို့ပြုလုပ်ခဲ့ကြတယ်။
.
စစချင်းမှာ လှုပ်ရှားမှုပြင်းပြင်းထန်ထန် သူတို့မလုပ်ရဲကြဘူး။ သစ်ကိုင်းတချို့ကို မ,ပြီး သစ်ပင်ကို မြေကြီးပေါ်မှာ ထောင်မတ်နိုင်တဲ့အနေအထားနဲ့ အပင်ရင်းမှာ မြေသြဇာနဲ့အရာတချို့ဖုံးအုပ်ရုံပဲ သူတို့လုပ်ခဲ့တယ်။ ရေတောင် တိုက်ရိုက်မလောင်းရဲဘဲ နေ့တိုင်း ရေနည်းနည်းဖြန်းရုံလောက်ပဲ လုပ်ခဲ့တယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ ကရိန်းကားကြီးတစ်စီးက ဒီ ၉မီတာမြင့်တဲ့သစ်ပင်ကို “အရိုးတည့်” (မတ်မတ်ထောင်မတ်)ပေးလိုက်တယ်။ “Survivor Tree” သေရာက ပြန်လည်ရှင်သန်လာခဲ့ပြန်တယ်
.
၂ဝ၁ဝခုနှစ် ဒီဇင်ဘာလမှာ သူ့ကိုတွေ့ရှိခဲ့တဲ့ သူ့နဂိုနေရာဆီ ပြန်ပို့လိုက်ပါတယ်။ သူ့ကို ပြန်ပို့ဖို့ အကြံပေးသူက ၉/၁၁ အထိမ်းအမှတ်ပြတိုက်ကို တာဝန်ယူဒီဇိုင်းရေးဆွဲတဲ့ Ron Vega ဖြစ်တယ်။ စစချင်းမှာ သူ့ရဲ့အကြံပြုချက်ကို လူတချို့က ဆန့်ကျင်ခဲ့ကြတယ်။ အဲဒီနဂိုနေရာမှာ အခြားသစ်ပင်အသစ်တွေ စိုက်ပျိုးထားပြီဖြစ်တာကတစ်ကြောင်း၊ “Survivor Tree” က Callery Pear သစ်ပင်အမျိုးအစားဖြစ်တာကြောင့် သစ်တောရှုခင်းကိုဖျက်ဆီးရာရောက်နိုင်ကြောင်း ဆိုကြတယ်။
.
တကယ်တမ်း ပြောင်းရွေ့စိုက်ပျိုးလိုက်ချိန်မှာ သူဟာ အကြမ်းဖက်ခံရချိန်အဲဒီဝန်းကျင်မှာ တစ်ဦးတည်းအသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်တာကြောင့် လူတွေဟာ သူနဲ့အတူ အမှတ်တရဓာတ်ပုံတွေရိုက်ကြတယ်။ ဖဲကြိုးပြာတွေ သူကိုယ်ပေါ်မှာ စည်းနှောင်ကြတယ်။
.
ဧပြီလရဲ့ အေးချမ်းသာယာတဲ့မနက်ခင်းတစ်ခုမှာ ရွှေရောင်လက်လက်နဲ့နေခြည်ဟာ သူ့ကိုပတ်ပတ်လည် ဝန်းရံထားတယ်။ ကျွန်မရဲ့အကြည့်ထဲမှာတော့ သူဟာ သရဖူတစ်ခုကိုဆောင်းထားတဲ့ စိတ်ဓာတ်ဝိညာဉ်ရဲ့ဦးဆောင်သူတစ်ဦးလိုပါပဲ။ သူ့ကို ကာကွယ်ထိန်းသိမ်းထားတဲ့ အကာအရံအပြင်ဘက်မှာ ရပ်ကြည့်နေရင်း ကျွန်မရဲ့မျက်ရည်တွေက ကျွန်မရဲ့အမြင်ကိုမှုန်ဝါးစေခဲ့တယ်။ ပန်းပွင့်ရာသီကို ကျော်လွန်ခဲ့လို့ သူ့အခက်အလက်တွေ အနည်းငယ်ထီးထီးဖြစ်နေပါတယ်။ သူ့အနားမှာ အချိန်အကြာကြီးရပ်တန့်ပြီး နေရာကနေ ကျွန်မခွာမယ်ဆဲဆဲမှာ ထူးဆန်းအံ့သြမှုတစ်ခုက ဘွားခနဲထွက်ပေါ်လာခဲ့တယ်။
.
သစ်ရွက်အတွင်းပိုင်းမှာ ပူးပူးကပ်ကပ်ပုန်းခိုနေတဲ့ ပန်းဖြူဖြူလေးသုံးပွင့်ကို ရုတ်တရက် ကျွန်မမြင်လိုက်မိတယ်။
.
အဲဒီပန်းလေးတွေက “ထိခိုက်နာကျင်ခဲ့လည်း၊ နွေဦးထွက်သွားပြီဆိုပေမယ့်လည်း... မျှော်လင့်ချက်ရှိနေသရွေ့ ဝမ်းမနည်းပါနဲ့” လို့ လူတွေကိုပြောနေသယောင်ပါပဲ။

---------

မူရင်းလင့်-- http://www.85nian.net/meiwen/46226.html
.
#NineNineSaNay @ နိုင်းနိုင်းစနေ ( The Chic မဂ္ဂဇင်း Sept. 2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။