ပေးဆပ်သူများသာ ဖြစ်ပါစေ
-------------------------- ----
ခေါင်းဆောင်တစ်ဦးဟာ ခေါင်းဆောင်မှုက ၂၀%၊ မေတ္တာတရားက
၈၀% ရှိဖို့ တော့ လိုမယ်လို့ ထင်ပါတယ်။ လက်အောက်ငယ်သား
တွေရဲ့ ရင်ထဲမှာ ထာဝရခေါင်းဆောင်ဖြစ်နေဖို့ လိုပါတယ်။
ဘယ်သူရဲ့ နှိုးဆော်မှုမှ မပါပဲ သူတို့ ရင်ထဲကနေ လိုလိုလားလား
ဖြစ်ပေါ်လာတဲ့ အသိအမှတ်ပြုမှုကို ရဖို့ လိုပါတယ်။ လူအများရဲ့
နှလုံးသားကို ရယူနိုင်ဖို့ က အဓိကပါပဲ။ ခေါင်းဆောင်လုပ်သူတွေဟာ
ပးဆပ်သူတွေသာ ဖြစ်စေလိုပါတယ်။
မိမိခေါင်းဆောင်နေရတဲ့ ဒေသ၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု စတာတွေ
ကို ဦးဆောင်သူတွေဟာ အသက်သမျှတန်ဖိုးထား စောင့်
ရှောက်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ လူသားတွေရဲ့
အသက်သွေးကြောတွေပါ။
လက်အောက်ရဲ့ ယုံကြည်မှုကို ရယူထားရင်တော့ မိမိ
တို့ အနေနဲ့ လည်း ပြန်ပြီး ပေးဆပ်သင့်တာကို ပေးဆပ်ရမှာပါ။ အလုပ်
တစ်ခု ခိုင်းတော့မည့်ဆိုရင် အခိုင်းခံရမည့်သူများ နေရာမှာ မိ
မိဝင်ပြီး ခံစားကြည့်ပေးဖို့ လိုပါတယ်။
အောင်မြင်ကျော်ကြားသူတွေက လူအများရဲ့ အခက်အခဲကို အဓိက
ဖြေရှင်းပေးကြခြင်းဖြင့် အောင်မြင်မှုကို ရယူကြတာ ဖြစ်ပါတယ်။
လက်အောက်ငယ်သားကို အရင်းပြုပြီး မိမိတွက် အမြတ်ထုတ်ခြင်းကို
ခေါင်းဆောင်လုပ်သူတွေ မလုပ်မိဖို့  အထူးလိုပါတယ်။
လောကမှာ ရသင့်တဲ့ အရာကို မဖြစ်မနေ ယူသင့်ပေမယ့်၊
မရသင့်တဲ့ အရာကိုတော့ အတွေးနဲ့ တောင် နယ်မကျွန်မိဖို့ လိုပါတယ်။
မိမိရဲ့ အလုပ် အောင်နိုင်မှု၊ ရှုံးနိုမ့်မှုထက် အားပေးသူတွေရဲ့ နှလုံးသဲပွက်
ကို ရယူဖို့ ကြိုးစားတဲ့ အလေ့အထဟာ သူရဲကောင်းတွေရဲ့ လုပ်ရပ်
တစ်ခုဆိုတာကို ခေါင်းဆောင်နေရာယူသူတိုင်း နားလည်နိုင်ပါစေ။
True Man
--------------------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။