Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 4, 2016

လျှော့သောက်သင့်တဲ့ အရည်များ


Than Win added 5 new photos.

လျှော့သောက်သင့်တဲ့ အရည်များ
ဒေါက်တာ သက်ဦး| September 4, 2016
နာမည်ရ ဆိုင်ကြီးတွေမှာ ကိုယ်နှစ်ခြိုက်စွဲမက်ပြီး သောက်သုံးနေတဲ့ အချိုရည်၊ ဖျော်ရည်တွေက ကျန်းမာရေးကို ဆိုးဝါး ထိခိုက်စေတတ်တာတွေ ရှိကြောင်း သိပါရဲ့လား။ သကြားတွေ၊ ပြည့်ဝ အဆီတွေက ကျန်းမာရေးထိခိုက်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။
ဆိုင်ကြီးခမ်းနားတွေမှာ ဈေးကြီးပေးပြီး သောက်သုံးရတဲ့ အခုပြောပြမယ့် သောက်စရာတွေက တွေ့နေကျ၊ သောက်နေကျ တွေဆိုရင် ရှောင်ကြဉ်လျှော့ချနိုင်မယ် ထင်ပါတယ်။

ရေခဲစိမ် လက်ဖက်ရည်အေးက အများကြီးသောက်ဖို့ မသင့်လျော်တဲ့ အဖျော်ရည်ပါ။ သိပ်ပူအိုက်တဲ့ နေ့တွေမှာ အဲဒါလေး သောက်လိုက်ရတာကိုက ပြီးပြည့်စုံသွားသလို ခံစားရနိုင်ကောင်းပေမယ့် သူ့မှာ သကြားတွေ အများကြီး ပါနေတတ်တာတော့ သတိထားစေချင်ပါတယ်။
လက်ဖျော်ဖြစ်စေ၊ အမှုန့်ကို အသင့်အရည်ဖျော်တာဖြစ်စေ အသောက်များကြတဲ့ နာမည်ရ ရေခဲစိမ် လက်ဖက်ရည်အေး တခွက်မှာ ကယ်လိုရီအနည်းဆုံး ၂၅၀ လောက် ပါဝင်ပါတယ်။ ဆိုဒါလို အချိုရည်တွေနဲ့ အတူတူပဲ။ အဲဒီ ဖျော်ရည်ကို အလေ့အထတခုလို သောက်သုံးရင်ဖြင့် ကိုယ်အလေးချိန်တွေ တက်ပြီး ဆီးချိုရောဂါနဲ့ အဝလွန်တာတွေ ဖြစ်လာမှာ အသေအချာပါ။
အဲဒီလို အရသာရှိ အေးမြနေအောင် လုပ်ထားတဲ့ အသင့် သောက်သုံးစရာအစား သံပုရာရည် ရိုးရိုးလေး သောက်လိုက်ပါ။ ရေခဲတုံးလေးတွေနဲ့ အေးမြတဲ့ ရေထဲ သံပုရာသီးလေး ညှစ်ထည့်လိုက်ရုံပါပဲ။
ချောကလက် ဖျော်ရည်ပူပူကလည်း ကျန်းမာရေးနဲ့ မသင့်ပါဘူး။ နာမည်ကြီးလှတဲ့ တံဆိပ်တခုက ချောကလက်ပူတခွက်ဆို ကယ်လိုရီက ၇၆၀ လောက်အထိ ပါဝင်ပါသတဲ့။ အထူးသဖြင့် ပြည့်ဝအဆီတွေနဲ့ သကြားတွေသာမက ဆိုယီယမ်တွေ ပါဝင်နေလို့ပါပဲ။
အဲဒီ ချောကလက်ပူပူကို ဈေးကြီးပေး ဝယ်သောက်မယ့်အစား အဆီတွေ၊ သကြားတွေမပါ၊ ကယ်လိုရီနည်းတဲ့ အိမ်လုပ် ချောကလက်ပူပူလေး လုပ်သောက်နိုင်ပါတယ်။ သကြားနည်းနည်းနဲ့  ကယ်လိုရီ ၁၀၀ လောက် ပါတာမျိုး ဖန်တီးနိုင်ပါတယ်။
အသင့်ပြင်ဆင်ထားတဲ့ အသီးပေါင်းစုံရဲ့ အရသာဖြည့်ထားတဲ့ သောက်ရေတွေလည်း ကျန်းမာရေးအတွက် အဆင်မပြေပါဘူး။ ရေငတ်တာနဲ့ ရေဓာတ်ခြောက်ခန်းမှု မရှိစေဖို့ကတော့ ရိုးရိုးရေသာ အကောင်းဆုံးပါ။ အဲဒီ အရသာဖြည့် အချိုရည်တွေမှာ ကယ်လိုရီတွေ၊ သကြားတွေ ပေါင်းစပ်ထားတာပါ။
တချို့ကလည်း ဗီတာမင်တွေ ပါတယ်လို့ ဆွဲဆောင်တတ်ကြပေမယ့် ဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ ရေထဲ ထည့်ထားတော့ အကျိုးမထူးပါဘူး။ အဲဒီလို အနံ့၊ အရသာနဲ့ ရေကို သောက်ချင်ရင် ရေသန့်ထဲမှာ လတ်ဆတ်တဲ့ အသီးလေးတွေ လှီးစိတ် ထည့်ပြီး ရေခဲသေတ္တာထဲ ညသိပ်သောက်ကြည့်ပါ။ ကျန်းမာရေးအတွက် အဆင်ပြေဆုံးပေါ့။
စိတ်ရောလူပါ လန်းဆန်းဖို့ ဆိုပြီး အားဖြည့် အချိုရည် ဆိုတာတွေ သုံးကြပါတယ်။ အဲဒါတွေမှာ ကယ်လိုရီတွေနဲ့ သကြားတွေက အများကြီးပါ။ အဲဒီ ထက်ဆိုးတာက ကဖင်းလို စိတ်ကြွစေတာမျိုးတွေ ထည့်သွင်းကြတာပေါ့။ သွေးတိုး၊ ဆီးချိုတွေ တက်စေသလို လက်တုန်ခြေတုန်ပါ ဖြစ်စေတာပေါ့။
အဲဒါတွေ အလွန်အကျွံ သောက်တာက အသက်အန္တရာယ်ပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ အဲဒီ အားဖြည့် အချိုရည် မတန်တဆ သောက်သုံးတာက သတိလစ်တာ၊ နှလုံးတိုက်ခိုက်ခံရတာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာ၊ လေဖြတ်တာတွေနဲ့  နှလုံးခုန် မမှန်တာတွေ ဖြစ်စေပါတယ်။
ဒီဘက်ခေတ်မှာ လူကြိုက်များလာတဲ့ Milkshake တခွက်မှာကလည်း ကယ်လိုရီ ၇၀၀ လောက်အထိ ပါဝင်ပါသတဲ့။ ကိတ်မုန့် အချပ်ပေါင်းများစွာ စားတာနဲ့ မထူးလှပါဘူးလို့ ဆိုပါတယ်။ ပြည့်ဝဆီတွေ၊ ကယ်လိုရီတွေ များလှပါသတဲ့။
အထက်မှာပြောခဲ့တာတွေကတော့ အသောက်များကြတဲ့ အဖျော်တွေနဲ့ သူတိုရဲ့အန္တရာယ်တွေပေါ့။ ဆင်ခြင်နှိုင်းဆပြီး ပမာဏနဲ့ အကြိမ်ရေတွေ လျှော့ချသောက်သုံးဖို့  ဒီနေ့ပဲ ဆုံးဖြတ်လိုက်ကြရအောင်။
The Irrawaddy - Burmese Edition

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။