Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 14, 2016

ဒီဆောင်းပါးတွင် အဓိကအနေနဲ့ အထက်တန်းကျောင်းအကြောင်းကိုပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့ လာကြတဲ့ မိသားစုတွေရဲ့ အဓိကမျှော်မှန်းချက်က သားသမီးတွေပညာရေးပိုကောင်းဖို့ ဆိုတက် ရည်ရွယ်ချက်နဲ့ လာကြပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံဖြစ်လို့ ရောက်ပြီးပြီပေမဲ့လည်း ဘာလုပ်ရမှန်းမသိတဲ့ မိသားစုတွေ နယူးယောက်မှာရှိနေကြတယ်ဆိုတာကို ကျွန်တော်တွေ့ မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆန်းတစ်ဝါးဝါးနဲ့ ရှာဖွေခဲ့ရတာပါ။ အခုဆိုကျွန်တော်ပာာ အထက်တန်းကျောင်းတောင်အောင်ပြီးပြီဖြစ်သည့်အတွက် နောက်ရောက်လာကြတဲ့ မြန်မာမိသားစုများက မိဘတွေကနေ သူတို့ သားသမီးအတွက်ဘာလုပ်ဖို့ လိုတယ်ဆိုတာ ၊ သားသမီးတွေကိုယ်တိုင်ကဘာတွေပြင်ဆင်ဖို့ လိုတာကို ကျွန်တော်ကနေ သိသလောက်ပြောပြမှာဖြစ်ပါတယ်

ဒီဆောင်းပါးတွင် အဓိကအနေနဲ့ အထက်တန်းကျောင်းအကြောင်းကိုပြောပြပါမယ်။

အထက်တန်းကျောင်းက (၁၂)တန်းအထိရှိပါသည်။ မြန်မာနိုင်ငံကလာတဲ့ကလေးတွေရဲ့ အဓိကပြဿနာက အင်္ဂလိပ်စာပါ။ ထိုအင်္ဂလိပ်စာအတွက်တော့ အချိန်ယူပြီးတော့ လေ့ကျင့်မှရမှာဖြစ်ပါတယ်။
( ၉ )တန်းတွင် ကျောင်းမှာတော့ မယူမနေရဘာသာတွေဖြစ်တဲ့ အမေရိကန်သမိုင်း ၊ ကမ္ဘာ့ သိပ္ပံ ( Earth Science ) ၊ သချာင်္ဆိုရင် Algebra နဲ့ အင်္ဂလိပ်စာပေတွေကိုယူရပြီးတော့ အားကစားအခန်းကိုလည်း မဖြစ်မနေယူရပါတယ်။ တခြားကိုယ်လိုချင်တဲ့ ရွေးချယ်လို့ ရတဲ့ elective အခန်းတွေလည်းယူလို့ ရပါတယ်။ နိုင်ငံခြားဘာသာစကားတစ်ခုကိုတော့ ESL အောင်သွားရင်တော့ယူရပါတယ်။ အဲ့တော့ မယူမနေရက (၅)ခုနဲ့  (ESL)နဲ့ ကိုယ်လိုချင်တဲ့အခန်းတစ်ခန်းကိုယူလို့ ရပြီး တစ်နေ့ စာသင်ချိန် (၇)ချိန်နဲ့ ကျန်တဲ့တစ်ချိန်က Lunch time ( နေ့ လယ်စာစားချိန် )ဆိုပြီး ကျောင်းကို မနက် ၇နာရီ ၂၀ ၀န်းကျင်ကနေ နေ့ ခင်း ၂ နာရီလောက်ထိ တက်ရပါတယ်။

Lunch timeမှာထူးခြားတာက မိဘရဲ့ ဝင်ငွေကိုကြည့်ပြီး မိဘ၀င်ငွေက အဆင့်မီရင်တော့ Lunch timeမှာ မုန့် ကိုပါအလကားကျွေးပါတယ်။ အဲ့တော့ နယူးယောက်ကမိဘတွေက သားသမီးတွေကို ကျောင်းအပ်တဲ့အခါကျရင် Lunch Applicationကို ဖြည့်ဖို့ မမေ့ကြပါနဲ့ နော်။ သားသမီးတွေ Lunch အချိန်မှာ မုန့် တွေကိုအလကားစားလို့ ရပြီး ငွေချွေတာလို့ ရပါတယ်။

ကျောင်းမှာလည်းနားမလည်ရင် မေးလို့ ရတဲ့ ကျောင်းပြီးတဲ့အခါ မေးလို့ ရတဲ့ Tutor တွေလည်းရှိပါတယ်။ ထို ကျူရှင်ဆရာတွေက ၁၁ တန်း ၁၂ တန်းကျောင်းသားတွေဖြစ်ပြီး သူတို့ ကူညီတဲ့ဘာသာရပ်တွေမှာ ၁၀၀ တို့ ဘာတို့ ရထားသော ကျောင်းသူ ၊ ကျောင်းသားတွေဖြစ်ကြပါတယ်။ ဆရာတွေကိုယ်တိုင်ကလည်း ကျောင်းသား ၊ ကျောင်းသူတွေကို သူတို့ အားတဲ့အချိန်တွေကို ပြောပြပါတယ်။ ကျောင်းမှာ တစ်နေ့ ကို ( ၈ )ချိန်လောက်ရှိပြီး ၈ ချိန်လုံးမှာ စာမသင်ကြပါဘူး။ သူတို့ မသင်တဲ့အချိန်တွေမှာ ကျောင်းသား ၊ ကျောင်းသူတွေကို သူတို့ တွေရှိတဲ့အခန်းကို ဖိတ်ခေါ်လေ့ရှိပြီး နားမလည်တဲ့မေးခွန်းတွေကို တစ်ယောက်ချင်းရှင်းပြပါတယ်။
(၁၀)တန်းမှာဆိုရင် အင်္ဂလိပ်စာပေ ၊ သချာင်္မှာဆိုရင် Geometry ၊ သိပ္ပံဆိုရင် Chemistry ဖြစ် ၊ သမိုင်းဆိုရင် ကမ္ဘာ့ သမိုင်း အပိုင်း(၁) ၊ နိုင်ငံခြားဘာသာစကားတစ်ခုအဖြစ် ( စပိန်၊ ပြင်သစ် ၊ အီတလီ ၊ ရုရှား ၊ တရုတ် )ကနေရွေးချယ် ၊ အားကစားအခန်းတစ်ခန်းယူ နဲ့ ကျန်တဲ့ကိုယ်ယူချင်တဲ့အခန်း ဥပမာ- ဂီတအခန်း ၊ ပန်းချီဆွဲတဲ့အခန်းစသည်တို့ ကို ယူကြရပါတယ်။

မှတ်ချက်။ ။ ကမ္ဘာ့ သမိုင်းကို (၂)နှစ်ယူရသည်။
(၁၁)တန်းတွင် အမေရိကန်အင်္ဂလိပ်စာပေ ၊ သချာင်္ဆိုရင် Trignometry ၊ သိပ္ပံဆိုရင် Physics ဖြစ် ၊ သမိုင်းဆိုရင် ကမ္ဘာ့ သမိုင်း(၂) ၊ နိုင်ငံခြားဘာသာစကားတစ်ခုကိုပဲ အဆင့်(၃)လောက်ကိုယူ ၊ အားကစားခန်းတစ်ခန်းယူနဲ့ ကျန်တဲ့ကိုယ်ယူချင်တဲ့အခန်း ကိုယူကြရပါတယ်။
နိုင်ငံခြားဘာသာစကားကို (၃)နှစ်လောက်အထိယူရပြီး (၃)နှစ်ပြီးတဲ့အခါမှာ ပြည်နယ်စာမေးပွဲဖြေရပါတယ်။

(၁၂)တန်းတွင် အမေရိကန်အင်္ဂလိပ်စာပေ ၊ သချာင်္ကိုယူစရာတော့မလိုဘူး ယူချင်ရင်တော့ Precalcus ၊ သိပ္ပံလည်းယူဖို့ မလိုတော့ဘူး ၊ သမိုင်းနေရာမှာတော့ အမေရိကန်အစိုးရအကြောင်းကို ပထမနှစ်ဝက်မှာယူ ၊ Economic( စီးပွားရေး )ကို ဒုတိယနှစ်ဝက်မှာယူ ၊ နိုင်ငံခြားဘာသာစကားလည်းယူစရာမလို ၊ အားကစားကတော့မယူမနေရပါ ၊ ကျန်တဲ့ကိုယ်ယူချင်တဲ့အခန်းကိုလည်း ဆက်ယူကြရပါတယ်

(၁၂)တန်းမှာတစ်ခုကောင်းတာက ကျောင်းချိန်တွေနည်းသွားတယ်။ တစ်ချို့ ကျောင်းသူ ၊ ကျောင်းသားတွေက ဒါကိုအသုံးချပြီးတော့ အချိန်ပိုင်းအလုပ်တွေလုပ်ကြပါတယ်။ တစ်ချို့ ကတော့ ကိုယ်ယူချင်တဲ့အခန်းတွေ elective လို့ ခေါ်တာတွေကိုယူကြတယ်။

(၁၂)တန်းဆိုရင်ကို ကောလိပ်ကိုဝင်ဖို့ လျှောက်ရပါပြီ။ ကောလိပ်လျှောက်နည်းကို ဆောင်းပါးရဲ့ အောက်မှာရေးထားပါတယ်။


အခန်းထဲမှာဆိုရင် နားမလည်ရင် ချက်ချင်းလက်ထောင်ပြီး “ I don’t understand” ( ငါနားမလည်ဘူး )ဆိုပြီး မေးဖို့ မရှက်ပါနဲ့ ။ မြန်မာနိုင်ငံကလိုမပာုတ်ဘဲနဲ့ ဆရာတွေက ရင်းရင်းနှီးနှီးနဲ့ ဖြေတက်ကြပြီး ကျန်တဲ့ကျောင်းသားတွေကလည်း ရယ်တာဘာတွေသိပ်မရှိပါဘူး။ မေးတက်တဲ့ကျောင်းသား ၊ ကျောင်းသူတွေကို ဆရာမတွေက သဘောကြတတ်ပြီး အမှတ်ပေးတဲ့အခါမှာလည်း Participation ( ပါဝင်ဆောင်ရွက်ခြင်း ) ဆိုတဲ့ နေရာတွင်ပိုပြီးတောင် အမှတ်ပိုပေးတတ်ကြပါတယ်။
မှတ်ချက်။ စာသင်ခန်းတွင် အမှတ်ပေးစနစ်က ကျောင်းမှန်မှန်တက်ခြင်း ( ၄၀% ), အိမ်စာလုပ်ခြင်း ( ၂၀ % ), စာမေးပွဲ ( ၃၀ % ), ပါဝင်ဆောင်ရွက်ခြင်း ( ၁၀ % )ဆိုပြီးတော့ ရှိတတ်ပါတယ်။ အကုန်လုံးကိုလုပ်ပြီး ပျမ်းမျှလုပ်ပြီးမှ အမှတ်ပေးတာပါ။

အကူအညီိလိုရင် Tutoring ဆီကိုသွားလို့ ရပါတယ်
ကျောင်းမှာလည်းနားမလည်ရင် မေးလို့ ရတဲ့ ကျောင်းပြီးတဲ့အခါ မေးလို့ ရတဲ့ Tutor တွေလည်းရှိပါတယ်။ ထို ကျူရှင်ဆရာတွေက ၁၁ တန်း ၁၂ တန်းကျောင်းသားတွေဖြစ်ပြီး သူတို့ ကူညီတဲ့ဘာသာရပ်တွေမှာ ၁၀၀ တို့ ဘာတို့ ရထားသော ကျောင်းသူ ၊ ကျောင်းသားတွေဖြစ်ကြပါတယ်။ ဆရာတွေကိုယ်တိုင်ကလည်း ကျောင်းသား ၊ ကျောင်းသူတွေကို သူတို့ အားတဲ့အချိန်တွေကို ပြောပြပါတယ်။ ကျောင်းမှာ တစ်နေ့ ကို ( ၈ )ချိန်လောက်ရှိပြီး ၈ ချိန်လုံးမှာ စာမသင်ကြပါဘူး။ သူတို့ မသင်တဲ့အချိန်တွေမှာ ကျောင်းသား ၊ ကျောင်းသူတွေကို သူတို့ တွေရှိတဲ့အခန်းကို ဖိတ်ခေါ်လေ့ရှိပြီး နားမလည်တဲ့မေးခွန်းတွေကို တစ်ယောက်ချင်းရှင်းပြပါတယ်။

အခန်းအချိန်နဲ့ နေရာများ
အထက်တန်းကျောင်းတွင် အခန်းတွေကို နေရာရွှေ့ နေရတတ်ပြီး တစ်ခန်းထဲမှာ ( ၄၈ ) မိနစ်လောက်သာ နေရတတ်ပြီး ကျောင်းအဆောက်အအုံကြီးထဲမှာ ပတ်နေရတာပါ။

ဆရာ၊ ဆရာမများ
ဆရာ ၊ ဆရာမများသည်လည်း သဘောအင်မတန်ကောင်းတတ်ကြပြီး မြန်မာနိုင်ငံကလာလို့ ဆိုပြီး ခွဲခြားဆက်ဆံတာမျိုးတွေမရှိပါ။ လူတိုင်းကိုညီတူညီမျှဆက်ဆံကြပါတယ်။


ကျောင်းသား၊ ကျောင်းသူ အဖွဲ့ အစည်းများ
မြန်မာနိုင်ငံမှာလိုမပာုတ်ဘဲနဲ့ အထက်တန်းကျောင်းမှာတင် ကျောင်းသား၊ ကျောင်းသူ အစိုးရ ( Student Government )ဆိုပြီးရှိပါတယ်။ အဲ့မှာသမ္မတဖြစ်ဖို့ တို့ ၊ အတွင်းရေးမှူးတို့ ဖြစ်ဖို့ ဆိုရင် မိန့် ခွန်းပြောရပြီး ဒီမိုကရေစီစနစ်အတိုင်း ယှဉ်ပြိုင်ကြရပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အလေ့အကျင့်တွေကို အထက်တန်းကျောင်းမှာကတည်းကနေပြီးတော့ လေ့ကျင့်ပေးနေကြတာပါ။ ဒါတွေကိုဆရာမ ၊ ဆရာတစ်ချို့ ကဘေးကနေပဲစောင့်ကြည့်ပြီး အကုန်လုံးက ကျောင်းသား ၊ ကျောင်းသူတွေက ဦးစီးပြီးတော့ အုပ်ချုပ်နေကြတာပါ။
နောက်ပြီးတော့ အသေးစား ကျောင်းသားအဖွဲ့ တွေလည်းရှိပါတယ်။ အဲ့အဖွဲ့ တွေကတော့ စိတ်ဝင်စားမှုကိုလိုက်ပြီးတော့ ဖွဲ့ စည်းထားကြတာပါ။ ဥပမာ - Key Club ဆိုရင် အများပြည်သူကို ကူညီဖို့ အတွက်ဖွဲ့ စည်းထားတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်ပြီး ကျောင်းသား ၊ ကျောင်းသူတွေက အများပြည်သူကို အကျိုးပြုတဲ့အလုပ်တွေကို ကျောင်းပြီးတဲ့အချိန် ၊ စနေ ၊ တနင်္ဂနွေမှာလုပ်ဆောင်ကြပါတယ်။ ဂျပန်ကာတွန်းကိုကြိုက်တဲ့သူတွေကြတော့ ကာတွန်းအဖွဲ့ ဆိုပြီးရှိပြီး ကျောင်းပြီးတော့အိမ်မပြန်ဘဲ သူငယ်ချင်းတွေနဲ့ တွေ့ ချင်ကြတဲ့သူတွေက အဲ့အဖွဲ့ တွေရဲ့ အခန်းတွေဆီကို သွားပြီး သူငယ်ချင်းအသစ်တွေလည်းရ ၊ သူငယ်ချင်းဖြစ်ပြီးတဲ့သူတွေနဲ့ လည်းတွေ့ ဆိုပြီးတော့ လုပ်လို့ ရပါတယ်။

အားကစားအသင်းများ
အားကစားအသင်းတွေလည်းရှိပါတယ်။ ဥပမာ- ရေကူးအသင်း ၊ တင်းနစ်အသင်း ၊ ဘေ့စ်ဘောလ် ( Base Ball )အသင်း ၊ ဘောလုံးအသင်း ၊ ဘတ်စ်ကပ်ဘော် ( Basketball အသင်း )၊ ပြေးခုန်အသင်း စတာတွေရှိတတ်ပါတယ်။ အဲ့အသင်းတွေကို ၀င်ချင်ရင်တော့ အရင်ကိုယ်စွမ်းရည်တွေကို နည်းပြဆီကို ပြရပါတယ်။ ဥပမာ- ရေကူးရာတွင် ပိာုဘက်ဒီဘက်ကို အခါ(၂၅ )လောက် မရပ်မနားကူပြနိုင်ဖို့ လိုပြီး အချိန်ကလည်း သူတို့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာကူးပြနိုင်ရမှာပါ။ ကျွန်တော်ကရေကူးဝါဿနာပါလို့ ရေကူးအကြောင်းတော့သိပြီး တခြားအသင်းတွေကို ၀င်ချင်ရင်လည်းဒီလို လုပ်ပြရမှာပါ။ ဒါကိုတော့သူတို့ က ကြိုးစားကြည့်ခြင်း ( Try Out ) လို့ ခေါ်ပြီး နည်းပြကကြိုက်မှ အသင်းမှာပါဝင်ခွင့်ရမှာပါ။

AP တန်း
APဆိုတာက ( Advance Placement )ဆိုပြီး ရည်ရွယ်ချက်ကတော့ ကောလိပ်ကပထမနှစ်သင်ရတာတွေကို အထက်တန်းကျောင်းမှာကတည်းကနေပြီးတော့ ပျမ်းမျှရမှတ် (၉၀)ကျော်တဲ့ တော်တဲ့ကျောင်းသား ၊ သူတွေထဲက ယူချင်တဲ့သူတွေကြိုယူဖို့ အတွက် တည်ဆောက်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ AP အခန်းကိုဝင်ဖို့ အတွက် ပျမ်းမျှ ရမှတ် (၉၀)နဲ့ အထက်ရှိဖို့ လိုပြီး အရင်ဆရာ ၊ ဆရာမတစ်ယောက်ကနေ ထောက်ခံပေးဖို့ လိုပါတယ်။ ဥပမာ ကမ္ဘာ့ သမိုင်း (၁)ကနေပြီးတော့ AP World History ကိုယူချင်ရင် ကမ္ဘာ့ သမိုင်း (၁)မှာ (၉၀)ကျော်ဖို့ လိုပြီး ဆရာမကနေပြီးတော့ ထောက်ခံပေးဖို့ လိုပါတယ်။ AP အခန်းတွေက
Chemisry, Biology, Physics, U.S History, English, Calculus BC, Calculus ABစတာတွေရှိပြီး
ယူရင်ရတဲ့အကျိုးကျေးဇူးတွေကတော့ အဲ့AP Examတွေမှာ ၄ ဒါမှမပာုတ် ၅ ရရင် ကောလိပ်ရောက်တဲ့အခါ အဲ့အခန်းအတွက် credit အခန်းတန်ဖိုး ရနိုင်ပါတယ်။ နောက်ပြီး ကောလိပ်လျှောက်တဲ့အခါမှာလည်း AP ယူထားတာဖြစ်တဲ့အတွက် အဲ့ကောလိပ်ကိုဝင်ဖို့ အတွက် ရာခိုင်နှုန်းပိုများလာပါတယ်။ AP ယူတဲ့ကျောင်းသား ၊ ကျောင်းသူတွေပာာ မယူတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် တောက်ပနေပါတယ်။ ဒါကြောင့်အဲ့ကောလိပ်ကို ၀င်နိုင်ဖို့ အတွက် ပိုဖြစ်နိုင်ချေများပါတယ်။

College Now အခန်း
နယူးယောက်တွင် City University Of New Yorkကနေပြီးတော့ ကောလိပ်အဆင့်အခန်းတွေကို အထက်တန်းကျောင်းသားတွေ သင်ယူရအောင်လို့ ဆိုပြီးတော့ College Nowဆိုတဲ့ စနစ်ကိုတည်ထောင်ထားပါတယ်။ AP ထက်တော့ ပိုလွယ်ပြီးတော့ နှစ်ကုန်ခါနီးမှာ AP Examလို မျိုးဖြေစရာမလိုဘဲ အခန်းရဲ့ ပျှမ်းမျှနဲ့ ပဲသွားတာဖြစ်ပါတယ်။
College Nowရဲ့ ကောင်းတာတစ်ခုက City University of New Yorkနဲ့ State University of New Yorkမှာ လွယ်လွယ်ကူကူ creditရတာပါပဲ။ အထက်တန်းကျောင်းမှာထဲက college creditတွေရှိတဲ့အခါ ကောလိပ်ကိုစောစောစီးစီးအောင်လို့ ရတာကတော့ အကျိုးအမြတ်တစ်ခုပါဘဲ။ ကောလိပ်မှာက (၁၂၀) credits ပြည့်မှအောင်လို့ ရတာဖြစ်ပါတယ်။

SAT
SATဖြေမှ ( ၄ )နှစ်ကောလိပ်ကို ၀င်လို့ ရတာပါ။ SAT မှာ Reading နဲ့ သချာင်္ဆိုပြီးတော့ ပါပါတယ်။ ၂၀၁၆ တွင် Collegeboard ကနေပြီးတော့ SAT အသစ်ကိုဖန်တီးလိုက်ပါတယ်။ ထိုအသစ်မှာ Reading နဲ့ သချာင်္ဘဲပါပါတော့တယ်။ SATကို (၁၁)တန်း ဒုတိယ semester မှာစဖြေရပြီးတော့ (၁၂)တန်း ပထမ semester မှာ ဒုတိယ နဲ့ တတိယအကြိမ်အနေနဲ့ ဖြေကြပါတယ်။ SAT အမှတ်ကောင်းမှ ကောလိပ်ကောင်းကောင်းဝင်နိုင်မည်ဖြစ်ပါတယ်။
မြန်မာကလေးတွေကော ၊ မိဘတွေကိုကော အဓိကအသိပေးချင်တာက SAT အင်္ဂလိပ်စာသည် အင်မတန်ခက်ခဲပါသည်။ ကျူရှင်တက်လိုက်ရုံနဲ့ အင်္ဂလိပ်စာသည် အများကြီးတိုးတွက်သွားမှာမပာုတ်ပါ။ အင်္ဂလိပ်စာကိုတိုးတက်ဖို့ အတွက် ကိုယ်ပာာကို အင်္ဂလိပ်စာအုပ်တွေအများကြီး အထူးသဖြင်း ကောလိပ်အဆင့်အင်္ဂလိပ်စာအုပ်တွေကို (၄)နှစ်လောက်ကြိုပြီး ဖတ်ထားဖို့ လိုပါတယ်။ သချာင်္သည်တိုးတက်တာမြန်ပါသည်။ အင်္ဂလိပ်စာသည်အဲ့လိုမပာုတ်ပါ။ SATတွင် အင်္ဂလိပ်စာကို အချိန်နဲ့ အမြန်ဖတ်ရပြီးတော့ SATရဲ့ အသေးစိတ် ပညာတွေ- ဖတ်နည်း ၊ ဖြေနည်းတွေကိုတော့ ကျွမ်းကျင်တဲ့ကျူရှင်ဆရာတွေနဲ့ သင်စေချင်ပါတယ်။
SATမှာ အမှတ်မြင့်ရင် Scholarshipတွေ ရနိုင်တဲ့အတွက် SATကို ဖြစ်နိုင်ရင် စောရင်စောနိုင်သလောက်ကြိုတင်ပြင်ဆင်စေချင်ပါတယ်။ ဥပမာ- (၉)တန်းလောက်ကတည်းကနေ စတင်ပြင်ဆင်ပါ။ (၁၁)တန်း ဒုတိယ semesterမှာ ဖြေရမှာမို့ လိုဆိုပြီးတော့ (၁၁)တန်းမှစလုပ်ရင် အမှတ်ကောင်းကောင်းရဖို့ မခိုင်မာပါ။

ACTဆိုတာ
ACTဆိုတာကတော့ Reading, Math နဲ့ Science တွေပေါင်းထားတဲ့ နောက်ထပ်ကောလိပ်ဝင်ခွင့်စာမေးပွဲဖြစ်ပါတယ်။ SATမဖြေချင်ရင် ACTကိုဖြေလို့ ရပြီး ACTအမှတ်ကောင်းရင်လည်း ကောလိပ်ကောင်းကောင်းကိုဝင်လို့ ရပါတယ်။

ကောလိပ်လျှောက်ခြင်း
ကောလိပ်လျှောက်တဲ့အခါ (၉)တန်းကနေ (၁၁)တန်းအထိ သုံးနှစ်စာ ပျမ်းမျှရမှတ်ကိုယူတယ် ။ SAT ဒါမှမပာုတ် ACT အမှတ်ကိုကြည့်တယ် ။ တစ်ခြား afterschool ကျောင်းပြီးတော့ဘာကျောင်းသားအဖွဲ့ အစည်းတွေမှာပါလဲဆိုတာတွေကိုကြည့်တယ်။ ဒါကို extracurricular activites လို့ ခေါ်တယ်။ အထူးသဖြင့် အဲ့လို ကျောင်းသားအဖွဲ့ အစည်းတွေမှာ ခေါင်းဆောင်နေရာမျိုးမှာပါရင် college admission officer ( ကောလိပ်ဝင်ခွင့်ကိုပေးသင့် ၊ မပေးသင့်ကို စဉ်းစားပေးတဲ့သူ ) ကနေပြီးတော့ အံ့သြပြီးတော့ ကိုယ်ကအဲ့ကောလိပ်ကိုဝင်ဖို့ အတွက်ပိုပြီးတော့ ဦးစားပေးခံရတယ်။ နောက်ပြီးတော့ ကိုယ့်မိဘရဲ့ နောက်ခံကိုလည်းကြည့်တယ်။ ကိုယ်အထက်တန်းကျောင်းရဲ့ ဘေးပတ်ဝန်းကျင်ကိုလည်းကြည့်တယ်။ ကိုယ့်ရဲ့ နောက်ခံကြောင်းကိုလည်း ကြည့်တယ်။ ဒါတွေအကုန်လုံးချုံကြည့်တာကို ( Holistic Process )လို့ ခေါ်တယ်။ ဒါတွေအားလုံးကိုချုံကြည့်ပြီးတော့မှ ဒီကျောင်းသူ ၊ ကျောင်းသားကို လက်ခံသင့် ၊ လက်ခံမသင့်ကို အဖွဲ့ လိုက်ကြီးနဲ့ ကို အစည်းအဝေးထိုင်ပြီးတော့ စဉ်းစားကြတာပါ။

ဒီလောက်ဆိုရင်တော့ နယူးယောက်မှာရှိတဲ့မြန်မာမိသားစုတွေကော ၊ ကလေးတွေကော နယူးယောက်အထက်တန်းကျောင်းပညာရေးစနစ်ကို နားလည်လောက်ပြီးတော့ထင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ,
ကျော်ထွန်း

ကျော်ထွန်းသည် City University of New York, Hunter Collegeတွင် နိုင်ငံရေးသိပ္ပံကို လေ့လာနေသော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။