ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ခါကျဉ်ကောင် မာန်ကြီး တောင်ကြီးကိုတဲ့ဖြိုမယ်ကြံ အားကမသန်
*****************************************
သိုးအုပ်တစ်အုပ် ကုန်းမြင့်ကနေမြေပြန့်ကို ဆင်းလာကြတယ်။
မမျှော်လင့်ဘဲ ကောင်းကင်မှာ ၀ဲပျံနေတဲ့သိန်းငှက်တစ်ကောင် အောက်ကို
တစ်ရှိန်ထိုး ထိုးဆင်းလာပြီး သိုးသားလေးကို ဆွဲယူသွားတယ်။
ဒါကို ခမ်းလှမ်းလှမ်းက ကြည့်နေတဲ့ စာကလေးမြင်လိုက်တယ်။
“ငါကော သိန်းငှက်လို ဘာလို့မလုပ်နိုင်ရမှာလဲ။ သိုးငယ်မပြောနဲ့ သိန်းငှက်
ကြီးတောင် ငါ့နှုတ်သီးမှာ ပါလာစေရမယ်”
လို့စာကလေး ကြုံးဝါးလိုက်တယ်။
စာကလေးအမြင့်ကိုပျံတက်သွားတယ်။အဲဒီနောက် သိုးအုပ်ရှိရာဘက်ကို
ပျံဆင်းလာတယ်။
ဒါပေမယ့် သိုးကိုသုတ်ဖို့နေနေသာသာ သိုးရဲ့ဦးချိုနဲ့တိုက်မိပြီး
စာကလေး သေပါလေရော။
သေသွားတဲ့ငှက်ကလေးကို လက်ထဲမှာကိုင်ရင်း သိုးကျောင်းသားကမှတ်
ချက်ချတယ်။
“ယင်ကောင်လည်း တစ်ခါက သစ်တုံးကို ရွှေ့ဖို့ကြိုးစားသေးတာပဲ“တဲ့။
သိန်းငှက်ကိုယှဉ်ချင်တဲ့ စာကလေးဟာ နောက်ဆုံးတော့ ယင်ကောင်နဲ့
အနှိုင်းခံလိုက်ရတယ်။
( ကျွန်တော်တို့ရဲ့ဆန္ဒနဲ့ ကျွန်တော်တို့ မှာရှိတဲ့ တကယ့်စွမ်းအား ထပ်တူကျပါစေ)

credit:Mg Kaung Htike
Post by:Moekyashweco
Post by:Moekyashweco
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။