Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 9, 2016

မသာထရီဆာ

မသာထရီဆာ

အမည်ရင်းမှာ အဂ္ဂနိ(စ)ဂွန်ရှာ ဘော်ဂျာရှူး(Agnes Gonxha Bioaxhiu) ဖြစ်သည်။ ၁၉၁ဝ သြဂုတ် ၂၆ တွင် ထိုစဉ်အခါ အော်တိုမင် အင်ပိုင်ယာ၏ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ယခုအခါ မက်ဆီဒိုးနီးယား သမ္မတနိုင်ငံ မြို့တော်ဖြစ်သည့် စကော့(ပ)ဂျီ၌ အယ်(လ) ဘေးနီးယန်း မိဘနှစ်ပါးမှ ဖွားမြင်ခဲ့သည်။ ၈ နှစ်သမီး အရွယ်တွင် ဖခင် ဆုံးပါးခဲ့ပြီး မိခင်က ရိုမင် ကက်သလစ် ဘာသာဝင်တစ်ဦး အဖြစ် ကြီးပြင်းစေခဲ့သည်။

အဂ္ဂနီ(စ)မှာ ငယ်စဉ်ဘဝတွင် အိန္ဒိယနိုင်ငံ ဘင်ဂေါပြည်နယ်သို့ သွားရောက်၍ သာသနာပြု လုပ်ငန်းများ လုပ်ဆောင် နေကြသော ကက်သလစ် မစ်ရှင်အဖွဲ့များ၏ ဘဝ အတွေ့အကြုံများကို အထူး စိတ်ဝင်စားခဲ့သည်။ အသက် ၁၂ နှစ်တွင် သူ့ကိုယ်သူ ဘာသာရေး ဘဝတွင် မြှုပ်နှံသင့်သည်ဟု ယုံကြည်လာပြီး ၁၉၂၈ သြဂုတ် ၁၅ တွင် လက်တနစ်(စ) မြို့ရှိ ဘလက် မဒေါနား (Black Ma-donna) ဗိမာန်တွင် ဝတ်ပြုဆုတောင်းစဉ် စိတ် ဆုံးဖြတ်ချက် ချခဲ့သည်။ သို့နှင့် အသက် ၁၈ နှစ်တွင် လော်ရက်တိုရှိ စစ္စတာများထံ ခိုလှုံကာ သာသနာပြု တစ်ဦးအဖြစ် ခံယူခဲ့သည်။ ထိုအချိန်မှစ၍ အိမ်သို့ ပြန်မရောက် တော့ဘဲ သူ့အမေနှင့် အစ်မတို့ကိုလည်း မည်သည့်အခါတွင်မှ ပြန်မတွေ့ရတော့ချေ။

သီလရှင်ဘဝ

အဂ္ဂနိ(စ)သည် ကနဦးတွင် အိုင်ယာလန် နိုင်ငံ Rathfarnham မြို့ရှိ လော်ရက်တို ကျောင်းတော်သို့ အင်္ဂလိပ် စကား သင်ရန် ရောက်ရှိခဲ့သည်။ အကြောင်းမှာ အိန္ဒိယတွင် ကျောင်းနေရွယ် ကလေးများကို စာသင်ရာ၌ အသုံးပြုရန် ဖြစ်သည်။ ၁၉၂၉ တွင် အိန္ဒိယသို့ ရောက်ရှိပြီး ဟိမဝန္တာ တောင်တန်းများအနီး ဒါဂျီလင်မြို့ရှိ စိန့်ထရီ စာကျောင်းတွင် ဘင်္ဂါလီစကား သင်ကြားရင်း သူ၏ သီလရှင် ဘဝကို စတင်ခဲ့သည်။ သူသီလရှင် ဖြစ်ခဲ့ချိန်မှာ ၁၉၃၁ မေ ၂၄ တွင် ဖြစ်ပြီး သာသနာပြု အဖွဲ့များ၏ ပဲ့ကိုင် သူတော်စင် Therese de Lisicus ၏ အမည်ကို မှည့်ခေါ်ရန် ရွေးချယ်ခဲ့ သော်လည်း သူတို့ သီလရှင်ကျောင်းမှ သီလရှင် တစ်ပါးက ထိုအမည်ကိုယူ ပြီးဖြစ်၍ စပိန်စာလုံးပေါင်း ဖြစ်သော ထရီစာ (Teresa) အမည်ကို ရွေးချယ်ခဲ့သည်။

ကလကတ္တား အရှေ့ပိုင်း အင်တယ်လီရှိ လော်ရက်တို သီလရှင်ကျောင်းတွင် ၁၉၃၇ မေ ၁၄ မှစ၍ ဆရာမ အဖြစ် နှစ် ၂ဝ နီးပါး အမှုထမ်းခဲ့ရာ ၁၉၄၄ တွင် ကျောင်းအုပ် ဆရာမကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ကျောင်းတွင် ဆရာမအဖြစ် စာသင်ခြင်းကို နှစ်ခြိုက်သော်လည်း ကာလကတ္တားရှိ သူ့ပတ်ဝန်းကျင်တွင် အနှံ့ အပြား ဖြစ်ပွားနေသည့် ဆင်းရဲ မွဲတေမှုကြောင့် ထရီစာမှာ တစ်စထက် တစ်စ ပို၍ စိတ်မချမ်းမသာ ဖြစ်လာရ သည်။ ၁၉၄၃ တွင် ဖြစ်ပွားခဲ့သော ဘင်ဂေါပြည်နယ် အငတ်ဘေးက ကာလကတ္တားသို့ ဒုက္ခဆင်းရဲနှင့် မရဏ တရားကို သယ်ဆောင် လာခဲ့သည်။ တဖန် ၁၉၄၆ တွင် ဖြစ်ပွားသော ဟိန္ဒူ-မူဆလင် အကြမ်းဖက် ပဋိပက္ခ က ကာလကတ္တားကို မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အနိဋ္ဌာရုံထဲသို့ ဇောက်ထိုးကျ စေခဲ့သည်။

ဒါနမစ်ရှင်

“ဘုရားသခင်ခေါ်သံ”ဟု နောက်ပိုင်းတွင် သူဖွင့်ဆိုခဲ့သော အတွေ့အကြုံကို ၁၉၄၆ စက်တင်ဘာ ၁ဝ ရက်၊ ကာလကတ္တားမှ ဒါဂျီလင်ရှိ လော်ရက်တို သီလရှင်ကျောင်းသို့ ရထားဖြင့် ခရီးသွားစဉ် ထရီစာ ကြုံတွေ့ခဲ့ရ သည်ဟု ဆိုသည်။ “ကျွန်မ သီလရှင်ကျောင်းက ခွာပြီး ဆင်းရဲသားတွေကြားမှာ နေရင်း သူတို့ကို ကူညီရမယ်။ ဒါဟာ ဘုရားသခင်ရဲ့ အမိန့်တော်ပါ။ ဒါကို ပျက်ကွက်တာဟာ ယုံကြည်မှုကို ချိုးဖောက်တာပဲ”ဟု သူက ပြောသည်။ ထိုမှစ၍ ထရီစာမှာ မာသာထရီစာ ဖြစ်ခဲ့လေတော့သည်။

ထိုအချိန်မှစ၍ ဆင်းရဲသားများ ကြားမှာနေ၍ ဆင်းရဲသားများကို သူ ကူညီခဲ့သည်။ လော်ရက်တို သီလရှင် အလေ့အထ များကို စွန့်၍ အပြာရောင် အနားကွပ် ဆာရီ အဖြူရိုးရိုးကို သူဝတ်ဆင်ခဲ့ရာ၊ သက်ဆုံးတိုင် သူ့အမှတ် သင်္ကေတသဖွယ် ဖြစ်ခဲ့သည်။ မာသာထရီစာသည် အိန္ဒိယနိုင်ငံသား အဖြစ် ခံယူ၍ ပတ္တနားမြို့တွင် လအနည်းငယ်ကြာ၊ Holy Family Hospital ၌ အခြေခံ ဆေးပညာ သင်တန်းတက်ကာ၊ ဆင်းရဲသား ရပ်ကွက် များသို့ လှည့်လည် ကူညီခဲ့သည်။ အစတွင် ကလကတ္တားရှိ Motijhil တွင် စာသင်ကျောင်း တစ်ကျောင်း ဖွင့်လှစ် သင်ကြားခဲ့သော်လည်း မကြာမီပင် ခိုကိုးရာမဲ့များနှင့် စားရမဲ့၊ သောက်ရမဲ့များကို စတင် စောင့်ရှောက် ခဲ့သည်။ ၁၉၄၉ နှစ်ဦးတွင် အမျိုးသမီးငယ် အုပ်စုတစ်စုက သူ့ထံပူးပေါင်း ပါဝင်လာခဲ့ပြီး အဆင်းရဲတကာ့ အဆင်းရဲဆုံးများကို ကူညီမည့် ဘာသာရေး အသိုက်အမြုံသစ်တစ်ခု ဖန်တီးရန် အုတ်မြစ်ချခဲ့သည်။ သူ့ကြိုးပမ်းမှုများမှာ ဝန်ကြီးချုပ် အပါအဝင် အိန္ဒိယ အာဏာပိုင်တို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး သူတို့၏ တန်ဖိုးထားမှုကိုလည်း ရခဲ့သည်။

အစ ပထမနှစ်များတွင် အခက်အခဲ ပေါင်းစုံဖြင့် နပမ်းလုံးခဲ့ရသည်။ သူ့တွင် ဝင်ငွေဝင်လမ်း မရှိ။ အစားအသောက်နှင့် အထောက်အပံ့များ ရရှိရန် လှည့်လည် တောင်းခံခြင်းကိုသာ အားကိုးခဲ့ရသည်။ သူ့ကိုယ်သူ သံသယ ပွားခဲ့မိသည်။ အထီးကျန် ဖြစ်ခဲ့ရသည်။ သီလရှင်ကျောင်း၏ သာတောင့်သာယာ ဘဝကိုပင် ပြန်ပြေးချင်စိတ် ပေါက်သည်ဟု သူ့ဒိုင်ယာရီထဲတွင် ရေးခဲ့သည်။ ၁၉၅ဝ အောက်တိုဘာ ၇ ရက်တွင်မူ ဒါနမစ်ရှင် ထမ်းဆောင်နိုင်ခွင့်ကို ဗာတီကန် သာသနာပိုင်ထံမှ ထရီစာ ရခဲ့သည်။ သူ့စကားအရ ဆိုလျှင် မစ်ရှင်မှာ “ဆာလောင်သူများ၊ အဝတ်မဲ့ အစားမဲ့များ၊ အိုးမဲ့ အိမ်မဲ့များ၊ မသန်စွမ်းသူများ၊ မျက်မမြင် များ၊ ကိုယ် မကောင်းသူများ၊ လူ့အဖွဲ့အစည်းက အလိုမရှိသူများ၊ မေတ္တာမဲ့ ခံရသူများ၊ ဂရုစိုက် မခံရသူများ၊ လူ့အဖွဲ့အစည်း အဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသူများနှင့် လူတိုင်းက ဝိုင်းပယ်ထားသူများ အားလုံးကို ပြုစုရန် ဖြစ်သည်။ မျက်ရည် တစ်ပေါက် အကျမခံစေရ”ဟူ၍ ဖြစ်သည်။

အသင်းဝင် ၁၃ ယောက်နှင့် စခဲ့သော အသင်းတော် ကလေးမှသည် ၁၉၉၇ တွင် သီလရှင် ဆရာကြီး ၄ဝဝဝ ကျော်၏ မိဘမဲ့ ဂေဟာများ၊ အေအိုင်ဒီအက်(စ) ဂေဟာများ၊ ပေးကမ်းစွန့်ကြဲရေး ဌာနများ ဖွင့်လှစ်၍ ဒုက္ခသည်များ၊ မျက်မမြင် ဒုက္ခိတများ၊ သက်ကြီး ရွယ်အိုများ၊ အရက်စွဲသူများ၊ ဆင်းရဲသားများ၊ အိုးမဲ့အိမ်မဲ့များ၊ ရေဘေးသင့်သူများ၊ အငတ်ဘေးနှင့် ရောဂါဘေး သင့်သူများကို ကမ္ဘာနှင့်အဝန်း ပြုစုစောင့်ရှောက် နိုင်သည်ထိ ကြီးထွားလာခဲ့သည်။

နိုင်ငံတကာ ဒါနမစ်ရှင်

၁၉၈၂ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို အစ္စရေး စီးနင်းတိုက်ခိုက်စဉ်၊ အစ္စရေးနှင့် ပါလက်စတိုင်း တို့ကြား အပစ်အခတ် ယာယီရပ်ရန် မေတ္တာရပ်ခံ၍ ရှေ့တန်း ဆေးရုံတစ်ခုတွင် ပိတ်မိနေသော ကလေး ၃၇ ယောက်ကို ကယ်ဆယ်ခဲ့သည်။ အရှေ့ ဥရောပ တလွှား ကွန်မြူနစ်နိုင်ငံ များသို့ပင် သွားရောက်၍ ကယ်ဆယ်ရေး စီမံကိန်း များစွာ လုပ်ဆောင်နိုင်ခဲ့သည်။ အီသီယိုးပီးယား အငတ်ဘေး ဆိုက်သူများကို သွားရောက်ကူညီ ထောက်ပံ့ခဲ့ သည်။ ဆိုဗီယက်ရုရှား ချာနိုဘိုင်း နျူးကလီးစက်ရုံ ပေါက်ကွဲမှု မှ ဓာတ်ရောင်ခြည်သင့်သူများ၊ အာမေးနီးယား နိုင်ငံမှ ငလျင်ဘေးသင့်သူများ ကို သွားရောက်ပြုစုခဲ့သည်။ ၁၉၉၁ တွင် မွေးရပ်မြေ အယ်(လ)ဘေးနီးယား နိုင်ငံသို့ ပထမဆုံး အကြိမ် ပြန်ရောက်ပြီး ဒါနမစ်ရှင်ကျောင်း ဖွင့်ပေးခဲ့သည်။ ၁၉၉၆ တွင် နိုင်ငံ ၁ဝဝ ကျော်၌ မစ်ရှင် ၅၁၇ ကျောင်းနှင့် စင်တာ ၄၅ဝ အထိ ဖွင့်လှစ်နိုင်ခဲ့သည်။

သေခြင်းတရားနှင့် အသိအမှတ်ပြုခံရသူများ

၁၉၉၇ မတ် ၁၃ တွင် ကျန်းမာရေး အကြီးအကျယ် ယိုယွင်းလာသဖြင့် ဒါနသာသနာပြု အဖွဲ့များ၏ အကြီးအမှူး အဖြစ်မှ အနားယူပြီး ၁၉၉၇ စက်တင်ဘာ ၅ တွင် ကွယ်လွန်ခဲ့ပါသည်။ ကွန်လွန်ချိန်တွင် အိန္ဒိယနိုင်ငံက ဘာသာအားလုံးမှ ဆင်းရဲသားများကို ပေးဆက်ခဲ့သော သူ့ကျေးဇူးတရားအတွက် နိုင်ငံတော် ဈာပနအဖြစ် သတ်မှတ်၍ ထိုက်ထိုက် တန်တန် ဂုဏ်ပြုကျင်းပခဲ့သည်။ သူ့နောက်ဆုံးခရီးကို ဘာသာပေါင်းစုံ အဖွဲ့အစည်း များရော၊ ဘာသာရေးနှင့် ကင်းသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များ အားလုံးပါ ကြေကွဲ တသစွာ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်(ဇ)ရှရှစ်က “ဆင်းရဲသားများ၊ နာမကျန်း သူများနှင့် ချို့တဲ့သူများအတွက် သူ့ဘဝ တစ်လျှောက်လုံး မြှုပ်နှံခဲ့မှုမှာ လူသားမျိုးနွယ်အပေါ် အမြင့်ဆုံး ပေးဆက်မှု ဖြစ်ပြီး ပြိုင်စံရှားသော အတုမရှိ မြင့်မြတ်သည့် ရည်ရွယ်ချက်ဖြင့် တစ်သက်တာ ရှင်သန်ခဲ့သူ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်”ဟု ဂုဏ်ပြု ပြောကြား ခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ပဲရက်(ဇ) ဒေကွေးလျားကလည်း “သူဟာ ကုလသမဂ္ဂပါ။ သူဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးပါပဲ” ဟု ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမှ ဂျဝါဟာလာနေရူး ဆု (၁၉၆၉)၊ Padma Shri ဆု (၁၉၆၂)၊ Bharat Ratna ဆု (၁၉၇၂)နှင့် (၁၉၈ဝ) များ ချီးမြှင့်ခဲ့သည့်အပြင် သူ့နှစ် ၁ဝဝ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ငါးရူပီတန် ဒင်္ဂါးပြားကို ၂ဝ၁ဝ သြဂုတ် ၂၈ တွင် ထုတ်လုပ်ခဲ့သည်။ ဖိလစ်ပိုင် အခြေစိုက် ရာမွန်မက်(ဂ)ဆေး ဆေးဆု (၁၉၆၂)၊ ပုတ်ရဟန်းမင်းကြီး ဂျွန် ၂၃ ငြိမ်းချမ်းရေးဆု (၁၉၇ဝ) Pacem in Terris Award (၁၉၇၆)၊ Order of Australia (၁၉၈၂)၊ U.K နှင့် U.S ၏ Order of Merit ဆု (၁၉၈၃)၊ Balzan Prize ဆု (၁၉၇၈)၊ Albert Schweitzer International Prize ဆု (၁၉၇၅)နှင့် နိုဘယ် ငြိမ်းချမ်းရေးဆု (၁၉၇၉) အပါအဝင် ဂုဏ်ပြုဆု များစွာ ကိုလည်း ချီးမြှင့်ခံခဲ့ရသည်။

Ref: Wikipedia

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။