Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 19, 2016

မိမိကျန်းမာရေးကို မိမိဘာသာ တစ်မိနစ်အတွင်း စစ်ဆေးနိုင်မည့် နည်းလမ်းများ

မိမိကျန်းမာရေးကို မိမိဘာသာ တစ်မိနစ်အတွင်း စစ်ဆေးနိုင်မည့် နည်းလမ်းများ

============================

-အောက်ဖော်ပြပါ နည်းလမ်းတွေက ငွေကုန်ကြေးကျ မရှိဘဲ အိမ်မှာ မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေပါ။ အချိန်ကလည်း စက္ကန့် ၆၀ သာ ကြာမြင့်မှာမို့ လူတိုင်း လုပ်ကြည့်သင့်ပါတယ်။

...
#၁။ အမြင်စွမ်းအားကို စစ်ဆေးရန် ပြတင်းပေါက်ဘောင်ကို အသုံးပြုပါ
...
#လုပ်ကြည့်ပါ
သင်ရဲ့ အခန်းတစ်ဖက်နံရံမှာရှိတဲ့ ပြတင်းပေါက်ဘောင်ကို ကြည့်ရမှာ ဖြစ်ပါတယ်။ ဘယ်ဘက်မျက်လုံးကို သင့်လက်ဝါးနဲ့ စက္ကန့် ၃၀ ခန့်ပိတ်ပြီး ညာဘက်မျက်လုံးနဲ့ ပြတင်းပေါက်ဘောင်တွေကို ကြည့်ပါ။ ပြီးရင် ဘယ်ဘက်မျက်လုံးအတွက် ညာဘက် မျက်လုံးကို ပိတ်ပြီး စစ်ဆေးပါ။

#ရလဒ်
သင်ဟာ ပြတင်းပေါက်ဘောင်ကို ဒေါင်လိုက်အစွန်းနဲ့ အလျားလိုက်အစွန်းတွေကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ဘောင်တွေက မညီမညာဖြစ်တာ၊ လှိုင်းတွန့်လို ဖြစ်နေတာ၊ လိုင်းတွေ ၀ါးနေတာ၊ ဘောင်တချို့နေရာ ပျောက်နေတာတွေကို မြင်နေရရင် သင့်မျက်စိမှာ မက်ကျူလာချို့ယွင်းချက်ရှိနေပါပြီ။ မက်ကျူလာချို့ယွင်းချက်က အစိုနဲ့ အခြောက် ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ အစိုအမျိုးအစားက မြင်လွှာအောက်က သွေးကြောငယ်တွေ ယိုစိမ့်မှု ဖြစ်တာကြောင့် မက်ကျူလာ ပျက်စီးသွားတဲ့အခြေအနေပါ။ အခြောက်အမျိုးအစားက မက်ကျူလာနေရာမှာ မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေ စုပုံနေတဲ့အခြေအနေပါ။ အသက် ၅၀ ကျော်သူတွေမှာ မက်ကျူလာ ချို့ယွင်းချက်က အဖြစ်များပြီး အမြင်အာရုံ ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ သင်ဟာ မက်ကျူလာ ချို့ယွင်းချက်ဖြစ်နိုင်ခြေများသူဖြစ်ရင် ဒီစစ်ဆေးမှု ပြုလုပ်အပြီးမှာ ရောဂါဖြစ်မယ်လို့ သံသယ၀င်နေရင် ၂၄ နာရီအတွင်း ဆရာဝန်နဲ့ ပြပါ။ အစိုအမျိုးအစား မက်ကျူလာ ချို့ယွင်းချက်ကို စောစောစီးစီးတွေ့ရှိပြီး လေဆာနဲ့ ကုသမှုခံယူရင် အောင်မြင်မှု အလွန်ကောင်းမွန်တာကြောင့်ပါ

...

#၂။ ခံတွင်းအနံ့ဆိုးအတွက် စစ်ဆေးရန် ဇွန်းကို အသုံးပြုပါ
...
#လုပ်ကြည့်ပါ
ဇွန်းတစ်ချောင်းရဲ့ ဇောင်းနဲ့ လျှာထိပ်ကနေ လျှာနောက်ရောက်တဲ့အထိ ခြစ်ချပြီး အဲဒီဇွန်းကို ပလတ်စတစ်အိတ်ထဲထည့်ကာ တောက်ပတဲ့မီးအိမ်အောက်မှာ တစ်မိနစ်ခန့် ထားထားပါ။

#ရလဒ်
ကျန်းမာတဲ့လျှာတစ်ခုပေါ်က ခြစ်ထုတ်ထားတဲ့ ဇွန်းဖင်က ကြည်လင်နေရပါမယ်။ အကယ်၍ ဇွန်းဖင်ပေါ်မှာ အရောင်ရှိနေတာ ဒါမှမဟုတ် အနံ့ဆိုးထွက်နေတာ ဒါမှမဟုတ် မကြည်လင်ဘဲ ထူထပ်နေတာတွေရှိနေရင် အသက်ရှူစနစ်၊ အသည်း၊ ကျောက်ကပ်၊ ဟော်မုန်း ဒါမှမဟုတ် အူအတွင်းမှာ ကျန်းမာရေး ပြဿနာရှိနေတဲ့ လက္ခဏာပါ။ လျှာအနောက်ဘက်မှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေက မီးရောင်အပူအောက်မှာ အလွယ်တကူ ပွားများနိုင်တာကြောင့်ပါ။

ဇွန်းက သစ်သီးနံ့ရနေရင် ဆီးချိုရောဂါရှိတဲ့ လက္ခဏာပါ။ ခန္ဓာကိုယ်က စွမ်းအင်အတွက် အဆီကို လောင်ကျွမ်းရတာကြောင့် ဒီအနံ့ရတာပါ။
အမိုးနီးယား အနံ့ရနေတာက ကျောက်ကပ်မှာ ပြဿနာရှိတဲ့ လက္ခဏာ ဖြစ်ပြီး တခြားအနံ့ရတာတွေက အစာအိမ် ဒါမှမဟုတ် အဆုတ်မှာ ပြဿနာ ဖြစ်နေတာပါ။

...

#၃။ သွေးကြောကျန်းမာရေး စစ်ဆေးရန် ဆိုဖာကို အသုံးပြုပါ
...

#လုပ်ကြည့်ပါ
ဆိုဖာတစ်ခုပေါ်မှာ လဲလျောင်းပြီး ဆိုဖာနဲ့ ၄၅ ဒီဂရီထောင့်ရရှိအောင် ခြေထောက် နှစ်ချောင်းကို မြှောက်ထားပါ။ တစ်မိနစ်ခန့်ထားပြီး သင့်ခြေထောက်နှစ်ချောင်းကို ဆိုဖာဘေးမှ အောက်သို့ ၉၀ ဒီဂရီထောင့်ဖြစ်အောင် တွဲလျောင်းချလိုက်ပါ။

#ရလဒ်
သင် ခြေထောက်မြှောက်ထားစဉ်မှာ ခြေထောက်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက် စလုံးက သွေးရောင် အလွန်ဖျော့တော့သွားပြီး ပုံမှန် ပန်းရောင်ဖြစ်အောင် မိနစ် အနည်းငယ်ကြာတာ ဒါမှမဟုတ် ခြေထောက်တွဲလျောင်းချစဉ်မှာ အနီရောင် တောက်တောက်ဖြစ်တာတွေက သင့်သွေးကြောအတွင်း ပိတ်ဆို့မှုဖြစ်နေတာဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေများတဲ့ လက်္ခဏာပါ။ ကျန်းမာတဲ့သူတွေမှာ ပုံမှန်အတိုင်း ပန်းရောင် ပြန်ဖြစ်ဖို့အတွက် ၁၀-၂၀ စက္ကန့်သာ ကြာပါတယ်။ သွေးကြော ပိတ်ဆို့မှု ရှိနေသူတွေက မိနစ်ပိုင်းအထိ အချိန်ယူရပါတယ်။ အနီရောင် တောက်တောက်ဖြစ်သွားတာက သွေးလှည့်ပတ်မှု မကောင်းတာကို Counter Act လုပ်ပေးဖို့အတွက် သွေးကြောငယ်တွေက ကျယ်ပြန့်လာရတာကြောင့်ဖြစ်ပါတယ်။ ဒီစမ်းသပ်စစ်ဆေးနည်းက ခြေထောက်နဲ့ လက်မှာရှိတဲ့ သွေးကြောတွေကို Peripheral Arterial Disease (PAD)စစ်ဆေးတဲ့နည်းဖြစ်ပါတယ်။ ကျန်းမာပေမယ့် အအေးဓာတ်လွန်ကဲတာကြောင့် သွေးလှည့်ပတ်မှု မကောင်းသူ တွေမှာလည်း False Positive ဖြစ်တတ်ပါတယ်။ အသက် ၆၅ နှစ်ကျော်သူတွေ ရဲ့ ၂၀ ရာခိုင်နှုန်းမှာ PAD ရှိနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူ၊ သွေးထဲ ကိုလက်စထရောများသူနဲ့ ဆီးချိုရောဂါရှိသူတွေက ဖြစ်နိုင်ခြေများပါတယ်။ PAD ရောဂါရှိသူတွေက ကြွက်တက်တာ၊ လမ်းလျှောက်စဉ် ဒါမှမဟုတ် လှေကားတက်စဉ်မှာ ခြေထောက် နာကျင်တာတွေလည်း ဖြစ်တတ်ပါတယ်။
...

#၄။ အစာအိမ်အက်စစ်အတွက် စစ်ဆေးရန် စားဆော်ဒါ အသုံးပြုပါ
...
#လုပ်ကြည့်ပါ
စားဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာမောက်မောက်ကို ရေတစ်ဖန်ခွက်ထဲ ထည့်ပြီး မွှေကာ အစာမရှိတဲ့အချိန်မှာ သောက်လိုက်ပါ။

#ရလဒ်
ငါးမိနစ်အတွင်း လေချဉ်တက်သံကြားခဲ့ရင် သင့်မှာ အစာအိမ်အက်စစ်ဓာတ်က လုံလုံလောက်လောက်ရှိနေတဲ့ လက္ခဏာပါ။ အစာအိမ်က အက်စစ်နဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်နဲ့ ပေါင်းစပ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ ထွက်လာတဲ့အတွက် လေချဉ်တက်ရတာ ဖြစ်ပါတယ်။ အသက် ၄၀ ကျော်ပြီးနောက်ပိုင်း တချို့လူတွေမှာ အစာအိမ်အက်စစ်တွေ လျော့နည်းသွားတာကြောင့် အစာခြေဖို့ ခက်ခဲတာ၊ အာဟာရ စုပ်ယူနိုင်မှု လျော့နည်းသွားတာနဲ့ ဗိုက်အောင့် ဗိုက်နာတာလိုမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အစာအိမ်အက်စစ်လျော့နည်းတာကြောင့် ရင်ပူနာဝေဒနာတွေလည်း ရရှိနိုင်ပါတယ်။ သင့်မှာ အစာအိမ် အက်စစ်လျော့နည်းတယ်လို့ ထင်နေရင် အန်တစ်ဆစ် (Antacid) လို ဆေးဝါးမျိုး အသုံးမပြုပါနဲ့။
...

#၅။ သူငယ်ပြန်စစ်ဆေးရန်အတွက် နာရီကို အသုံးပြုပါ
...
#လုပ်ကြည့်ပါ
စာရွက်တစ်ရွက်ပေါ်မှာ နာရီဂဏန်းတွေ ပါဝင်တဲ့ နာရီတစ်လုံးကို သင့်လက်နဲ့ ဆွဲကြည့်ပြီး ၃ နာရီ ၄၀ မိနစ်ကို ညွှန်ပြပေးပါ။

#ရလဒ်
နာရီဆွဲဖို့ ခက်ခဲနေရင် သူငယ်ပြန်တဲ့ စောစောစီးစီးလက္ခဏာပါ။ နာရီစက်ဝိုင်း ဆွဲနိုင်ရင် တစ်မှတ်၊ နာရီအချိန်အတိုင်း အမှန်ထည့်ပေးနိုင်ရင် တစ်မှတ်၊ နံပါတ် ၁၂ ခုစလုံး ပါဝင်အောင် ထည့်နိုင်ရင် တစ်မှတ်နဲ့ လက်အထားအသို မှန်ကန်တာအတွက် တစ်မှတ်စီပေးပါ။ လေးမှတ်ရရှိခဲ့သူက မှတ်ဥာဏ်နဲ့ ပြဿနာဖြေရှင်းနိုင်တာအပါအ၀င် ဦးနှောက်စွမ်းအား အလွန်ကောင်းမွန်ပါတယ်။

...

၆။ သန်စွမ်းနိုင်စွမ်းကို စစ်ဆေးရန် တင်ပျဉ်ခွေ ထိုင်ပါ
...

#လုပ်ကြည့်ပါ
မှန်တစ်ချပ်ရှေ့က ကြမ်းပြင်ပေါ်မှာ လက်ရဲ့ အကူအညီမယူဘဲ တင်ပျဉ်ခွေ ထိုင်ပါ။ ထိုင်ရာမှ မတ်တတ်ပြန်အထမှာလည်း ဒူးမထောက်ပါနဲ့။

#ရလဒ်
ဒီလိုပြုလုပ်လို့ရရင် သင်ရဲ့နှလုံးသွေးကြောတွေက ပျော့ပျောင်းမှုရှိပြီး ကျန်းမာ သန်စွမ်းနေပါတယ်။ အားလုံးအတွက် ၁၀ မှတ်ပေးထားပြီး သင့်လက် ဒါမှမဟုတ် ဒူးခေါင်းကို တစ်ကြိမ် အသုံးပြုတိုင်း တစ်မှတ်နုတ်ပါ။ ယိုင်သွားရင် အမှတ်တစ်ဝက်နုတ်ပါ။ ဒီစစ်ဆေးနည်းက ကြွက်သားသန်မာမှု၊ ဟန်ချက်ထိန်းနိုင်မှု၊ ခန္ဓာကိုယ် ပျော့ပျောင်းမှု ရှိ မရှိ အတွက်ဖြစ်ပါတယ်။ ရလဒ်က ရှစ်မှတ်အောက်ရခဲ့ရင် နောက် ခြောက်နှစ်အတွင်း သေဆုံးနိုင်ခြေ နှစ်ဆရှိပါတယ်။ နှလုံးထဲကသွေးကြောတွေက ပျော့ပျောင်းမှု ရှိနေမှ ကျန်းမာရေးကောင်းမွန်မှာပါ။ သွေးကြောတွေ တောင့်တင်းနေကာ နှလုံးက အလုပ်လုပ်ရတာ ပိုမိုခက်ခဲတာကြောင့် ကြာလာရင် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေတွေ များလာနိုင်ပါတယ်။
...

#၇။ သိုင်းရွက်စစ်ဆေးရန် A4 စက္ကူကို အသုံးပြုပေးပါ
...
#လုပ်ကြည့်ပါ
လက်ဖ၀ါးကို အောက်ဘက် မှောက်ထားပြီး လက်နှစ်ဖက်ကို ဆန့်တန်းထားပါ။ A4 စက္ကူကို လက်ဖမိုးပေါ်မှာ တင်ထားပါ။

#ရလဒ်
စက်္ကူတုန်ခါနေတယ်ဆိုရင် သင်ရဲ့ သိုင်းရွိုက်က တက်ကြွစွာ အလုပ်လုပ် လွန်း နေပါပြီ။ ဟိုက်ပါသိုင်းရွိုက်တစ်ဇင်လို့ ခေါ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် လေးဆပိုအဖြစ်များပါတယ်။ ဒီလိုလက်တုန်တာက ကော်ဖီ သောက်ထားသူတွေ၊ ရင်ကျပ်ပန်းနာအတွက် ဆေးဝါးအသုံးပြုထားသူတွေ၊ စိုးရိမ်စိတ်များသူတွေ ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်လျော့နည်းနေသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ပါကင်ဆန်နစ်ဇင်ရဲ့ စောစောစီးစီးလက်္ခဏာလည်း ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဇင် ဟော်မုန်းတွေ ထုတ်လုပ်မှုများတာကြောင့် ကြွက်သားလှုပ်တာ၊ ကိုယ်အလေးချိန်လျော့တာ၊ စိတ်မတည်ငြိမ်တာနဲ့ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါတယ်။
...

#၈။ လိမ့်ကျနိုင်ခြေများ မများ စစ်ဆေးရန်အတွက် ကုလားထိုင်ကို အသုံးပြုပါ
...
#လုပ်ကြည့်ပါ
သင့်သူငယ်ချင်းတစ်ယောက်ကို Stop Watch ကိုင်ခိုင်းထားပြီး သူနဲ့ ၁၀ ပေအကွာမှာ နောက်မှီပါတဲ့ ကုလားထိုင်တစ်လုံး ချထားပါ။ အဲဒီကုလားထိုင်ပေါ်မှာ သေသေချာချာ ထိုင်ပါ။ ကုလားထိုင်မှ ထကာ သူငယ်ချင်းရှိရာကို လမ်းလျှောက်သွားပြီး အဲဒီနေရာက ပြန်လှည့်ပြီး လမ်းလျှောက်လာကာ ကုလားထိုင်ပေါ်မှာ ပြန်ထိုင်ပါ။ ကုလားထိုင်က ထရာမှ ကုလားထိုင်ပေါ်မှာ ပြန်ထိုင်တဲ့အထိ အချိန်ဘယ်လောက်ကြာလဲဆိုတာကို သူငယ်ချင်းကို မှတ်ခိုင်းထားပါ။

#ရလဒ်
ရလဒ်က ၁၀ စက္ကန့်ထက်နည်းရင် ပုံမှန်သွားလာလှုပ်ရှားနိုင်တဲ့အနေအထားပါ။ ၁၃-၂၀ စက္ကန့်ကြာခဲ့ရင် သင် ဟန်ချက်ထိန်းညှိနိုင်စွမ်းလျော့နည်းနေတာကြောင့် လိမ့်ကျနိုင်ခြေ ပိုများပါတယ်။ စက္ကန့် ၂၀ ကြာရင်တော့ လိမ့်ကျနိုင်ခြေ အရမ်းများသွားပါပြီ။

သင် တီဗီအစီအစဉ်ကြည့်နေစဉ်အတွင်း ကြော်ငြာတွေ ၀င်လာတိုင်းမှာ ထိုင်ခုံမှ ခဏမတ်တတ်ထရပ်ပြီး ပြန်ထိုင်စဉ်အခါမှာ ကြွက်သားတွေက မြေကြီးရဲ့ ဆွဲငင်အားကို တွန်းလှန်နိုင်အားကောင်းစေဖို့ ထိုင်ခုံပေါ်ကို ဖြည်းဖြည်းချင်း ထိုင်ချပါ။ ဒီလေ့ကျင့်ခန်းက သင်ရဲ့ ခွန်အားကို တိုးစေပြီး လှုပ်ရှားမှုကောင်းမွန်စေနိုင်ပါတယ်။

...

#၉။ သင့်နှလုံးကို စစ်ဆေးရန်အတွက် နှလုံးခုန်နှုန်.းကို တိုင်းတာပါ
...
#လုပ်ကြည့်ပါ
သင်ရဲ့ နှလုံးခုန်နှုန်းက သင့်ကျန်းမာရေး ကောင်း မကောင်းကို ညွှန်ပြနိုင်ပါတယ်။ သင်ရဲ့ လက်ကောက်ဝတ်အပြင်ဘက်နေရာကို သင်ရဲ့ တခြားလက်ရဲ့ လက်ညှိုး လက်ခလယ်နဲ့ အသာအယာဖိပြီး သွေးခုန်နှုန်းကို စမ်းသပ်ပါ။ စက္ကန့် ၂၀ အတွင်း အကြိမ်ရေ ဘယ်လောက်ခုန်သလဲဆိုတာကို စစ်ဆေးပြီး ၃ နဲ့ မြှောက်ရင် တစ်မိနစ်အတွင်း နှလုံးခုန်နှုန်းကို ရရှိနိုင်ပါတယ်။

#ရလဒ်
သင်နားနေစဉ်မှာ တစ်မိနစ်အတွင်း အကြိမ် ၆၀ ခုန်တာက ကျန်းမာရေးအတွက် အကောင်းဆုံးပါ။ နှလုံးခုန်နှုန်းက တစ်မိနစ်အတွင်း အကြိမ် ၈၀ ထက်ကျော်နေခဲ့ရင် နောက်ထပ် နှစ် ၂၀ အတွင်း သေဆုံးနိုင်ခြေ ၄၅ ရာခိုင်နှုန်းရှိပါတယ်။ သင်ရဲ့ နားနေစဉ် နှလုံးခုန်နှုန်းဟာ အသက်ကြီးလာတာနဲ့အမျှ မြန်လာနိုင်ပါတယ်။ လမ်းမြန်မြန်လျှောက်တာ၊ ရေကူးတာ ဒါမှမဟုတ် စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုလျှော့ချတာ၊ ဆေးလိပ်ဖြတ်တာနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်တာကြောင့် နှလုံးခုန်နှုန်းကို လျှော့ချနိုင်ပါတယ်။

Good Health Journal မှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။