ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္ေခါင္း ေဆာင္မ်ားကို လုပ္ ႀကံမႈျဖင့္ ေသဒဏ္ေပးခံရေသာ ဂဠဳန္ဦးေစာကို တစ္တိုင္းတစ္ျပည္ လံုးက မုန္းတီးခဲ့ၾကေသာ္လည္း ၎ကို ကယ္တင္လိုၾကသူမ်ား လည္း ထိုေခတ္ကရွိခဲ့ၾကသည္။ အဆိုပါကိစၥႏွင့္ ပတ္သက္၍ ျမန္ မာျပည္ဘုရင္ခံေဟာင္း ဆာေဒၚ မန္စမစ္က ျမန္မာႏိုင္ငံေတာ္ သမၼတႀကီးထံ ဦးေစာကို ေသဒဏ္ေပး ထားသည့္ကိစၥႏွင့္ ပတ္သက္၍ သက္ညႇာႏိုင္သမွ် သက္ညႇာစြာ စဥ္းစား၍ ပယ္ဖ်က္ပါရန္ သံႀကိဳး စာတစ္ေစာင္ေပးပို႔ခဲ့သည္။
ထို႔ျပင္ ဦးေစာအသက္ခ်မ္း သာရာရေရးအတြက္ ဘိလပ္ (ၿဗိတိန္)ရွိ ဗုဒၶဘာသာအသင္းႀကီး ႏွစ္သင္းကလည္း ၀န္ႀကီးခ်ဳပ္ ဦးႏုထံ အေၾကာင္းျပခ်က္သံုးခ်က္ျဖင့္ ေမတၱာရပ္ခံသည့္ ေၾကးနန္းႏွစ္ ေစာင္ပို႔ခဲ့ၾကသည္။ အေၾကာင္းျပ ခ်က္ သံုးခ်က္ကို ေဖာ္ျပရလွ်င္ ဦးေစာကဲ့သို႔ ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းခဲ့ေသာ ေခါင္းေဆာင္တစ္ ဦးကို အသက္ခ်မ္းသာေပးခဲ့လွ်င္ ၀န္ႀကီးခ်ဳပ္ သခင္ႏု၏ ျမင့္ျမတ္ ေသာေစတနာမွာ ရာဇ၀င္တြင္ ရစ္လိမ့္မည္ဟု နံပါတ္ (၁) အေၾကာင္းျပခဲ့ၾကသည္။ နံပါတ္ (၂) အ ေၾကာင္းျပခ်က္မွာ အဂၤလန္တြင္ ေသဒဏ္စီရင္ျခင္းကို ပယ္ဖ်က္ ရန္ရွိေနရာ ဦးေစာကို ေသဒဏ္မွ လြတ္ၿငိမ္းခြင့္ျပဳပါက အဂၤလိပ္ ျမန္မာခ်စ္ၾကည္ေရးေျဖာင့္ျဖဴး ဖြယ္ရွိေၾကာင္း ထိုသို႔မဟုတ္ပါက အဂၤလိပ္ျမန္မာခ်စ္ၾကည္ေရး ပ်က္ျပားဖြယ္ရွိေၾကာင္း ၿခိမ္းေျခာက္ဟန္ပါခဲ့သည္။ ေနာက္ဆံုးအေၾကာင္းျပခ်က္မွာ ေသဒဏ္ ေပးသည့္ကိစၥမွာ ဗုဒၶဘာသာ တရားေတာ္ႏွင့္ ဆန္႔က်င္သည္ဟူ ၍ ျဖစ္သည္။
ဦးေစာကို မသတ္ရန္ ေမတၱာရပ္ခံသည့္အထဲတြင္ ယိုးဒယား (ထုိင္း)ပါလီမန္လည္း ပါ၀င္ခဲ့ သည္။ ယိုးဒယားပါလီမန္လူႀကီး ခုနစ္ဦး၏ ေမတၱာရပ္ခံစာတြင္ ႏိုင္ငံေရးသမားမ်ားကို ပိုမိုဂုဏ္ရွိ သည့္ ထြက္ေပါက္ဖြင့္ေပးထား သင့္သည္ဟု ပါရွိသည္။
ဆရာေတာ္ႀကီးမ်ားကလည္း ဂဠဳန္ဦးေစာ၏ အသက္ကို အလွဴ ခံခဲ့ေသးသည္။ ၁၉၄၈ ဧၿပီ ၅ ရက္တြင္ ဦးေစာ၏ ဇနီး ေဒၚသန္းခင္ ႏွင့္ ေဆြမ်ဳိးတစ္စုက ေရႊတိဂံုေစတီေတာ္တြင္ ဦးေစာအတြက္ရည္စူး ကာ သံဃာေတာ္အပါး ၅၀ ကို ဆြမ္းကပ္ခဲ့ၾကသည္။ ဦးေစာ၏ တူေတာ္စပ္သူ ဦးခင္ေမာင္လတ္ က ဦးေစာနန္းရင္း၀န္ျဖစ္စဥ္က စာမ်က္ႏွာ ၂၀ ေက်ာ္ရွိ အလွဴစာရင္းကို ဖတ္ၾကားကာ ေရစက္ သြန္းခ်အမွ်ေ၀ခဲ့ၾကသည္။ ထို႔ ေနာက္ ဆရာေတာ္မ်ားက အစည္းအေ၀းတစ္ရပ္ျပဳလုပ္ကာ သမၼတ ထံအဆိုတင္သြင္းခဲ့ၾကသည္။
အဆိုတြင္ ေရွးဗမာမင္းမ်ား လက္ထက္က ရာဇ၀တ္သားမ်ား အား သံဃာေတာ္မ်ား၊ ဆရာေတာ္ႀကီးမ်ားက အသက္ခ်မ္းသာ ခြင့္ရရန္ အလွဴခံသည့္အခါ ခြင့္ျပဳ ခဲ့ၾကဖူးေၾကာင္း၊ ၿဗိတိသွ်အစိုးရ လက္ထက္ကလည္း အလယ္ ေတာရဆရာေတာ္ႀကီး ႀကီးမွဴး ကာ ရာဇ၀တ္ေကာင္မ်ား၏ ေသဒဏ္ကို အလွဴခံရာ ရရွိခဲ့ဖူး ေၾကာင္း၊ သို႔အတြက္ ဦးေစာအ တြက္လည္း အလွဴခံရရန္ အဆို တင္သြင္းေၾကာင္းပါရွိသည္။
၁၉၄၇ ဇူလိုင္ ၁၉ ရက္ လုပ္ ႀကံမႈႀကီးကို ေအာက္တိုဘာ ၈ ရက္တြင္ အင္းစိန္ေထာင္အတြင္းရွိ အထူးခံု႐ုံး၌ စတင္စစ္ေဆးၿပီး ၁၉၄၈ ေမလ ၈ ရက္တြင္ တရားခံ မ်ားကို ႀကိဳးေပးခဲ့သည္။ အမႈရင္ ဆိုင္စဥ္ကာလအတြင္း ဦးေစာ ဘက္မွ ေရွ႕ေနလိုက္ကာ ဦးေစာ အသက္ကို ကယ္တင္ရန္ ႀကိဳးစား ခဲ့ၾကသည့္ေရွ႕ေနမ်ားမွာ (၁) မစၥတာကားတစ္ဘင္နက္ (ဘိလပ္မွ ေတာ္၀င္ ၀တ္လံုေတာ္ႀကီး)၊ (၂) မစၥတာ မာတားနစ္ (ဘိလပ္၀တ္ လံု)၊ (၃) ဦးစံ၀င္း (သာယာ၀တီ) ႏွင့္ (၄) ဦးသိန္းေက်ာ္ (ႀကိဳ႕ပင္ ေကာက္)တို႔ ျဖစ္ၾကသည္။
သို႔ေသာ္ အာဇာနည္မ်ားကို လုပ္ႀကံသည့္ မိုက္လံုးႀကီးလွသူ မ်ား၏ မိုက္ဇာတ္သိမ္းကို မည္သူမွ် မတားဆီးႏိုင္ခဲ့ပါေခ်။ ဦးေစာ သည္ သူမလြတ္ေျမာက္ႏုိင္ေတာ့ သည္ကို သိလိုက္ေၾကာင္းကို သူ၏ဇနီးထံေပးပို႔ေသာ ေထာင္တြင္းမွ ေပးစာတစ္ေစာင္၌ ေတြ႕ရသည္။
မာမီခင္
ကြၽန္ေတာ့္အေလာင္းကို အိမ္သို႔ မယူပါႏွင့္။ ဘယ္သို႔မွ လည္းမယူပါႏွင့္။ ေသၿပီးေသာ အ ပုပ္ေကာင္ႀကီးဟူ၍ တရားႏွင့္ ေျဖပါ။ သတိသံေ၀ဂျဖစ္ပါ။ အနိစၥတရားႏွင့္ အနတၱတရားမ်ားကို ပြားမ်ားပါ။ ေသၿပီးျဖစ္၍ မထူးပါ။ ထို႔ေၾကာင့္ မာမီတို႔ ဒုကၡမရွာပါႏွင့္ ေတာ့။ ေသသူကို ရည္ရြယ္၍ ပၪၥင္းခံျခင္း၊ ရွင္ျပဳျခင္း၊ ဆြမ္း ေကြၽးျခင္းစေသာ ကုသိုလ္ေကာင္း မႈမ်ားကို ျပဳလုပ္ပါက မာမီတို႔မွာ ကုသိုလ္ရႏုိင္ပါသည္။ အမွ်အ တန္းေ၀ပါက ကုသိုလ္ရႏုိင္ပါ သည္။ ဤသို႔ေသာ ကုသိုလ္ေရး မ်ားကိုသာ ဂ႐ုစိုက္ပါ။
(ပံု) ေမာင္ေစာ
ဇနီးသည္ထံပို႔ေသာ အျခား စာတစ္ေစာင္၌မူ ၎ပိုင္ဆိုင္ သည့္ အ၀တ္အထည္ႏွင့္ ပုဆိုး ေတာင္ရွည္၊ ပိုးအက်ႌ၊ သကၠလတ္ အက်ႌမ်ားကို ဖံုႏွင့္ မွီအံုးမ်ားျပဳ လုပ္ၿပီး ဆရာေတာ္ဘုရားႀကီးမ်ား အား လွဴဒါန္းအမွ်ေပးေ၀ရန္ မွာ ၾကားသည္။ ၎ပိုင္ဆိုင္ေသာ အေနာက္တုိင္း၀တ္စံုမ်ားႏွင့္ ႐ွဴးဖိနပ္မ်ားကို ၿဗိတိန္ရွိ ညီျဖစ္သူ ေမာင္ဂ်ဳိး၊ ဦးျမရင္၊ ေမာင္လွျမတ္ စိုးတို႔ကို ေ၀ငွလွဴဒါန္းရန္ ဇနီး ေဒၚ သန္းခင္ႏွင့္ သမီး ေဘဘီေစာတို႔ ပိုင္ဆိုင္ထိုက္ေသာ အိမ္၊ ေရႊ၊ ေငြ၊ စိန္မ်ားကို ထုခြဲသင့္သေလာက္ထု ခြဲ၍ လွဴဒါန္းရန္ မွာၾကားထား သည္။ ဦးေစာက စာကို မိတ္ေဆြ သဂၤဟမ်ားအား ႏႈတ္ဆက္ျခင္း ျဖင့္ အဆံုးသတ္ထားသည္။
နန္းရင္း၀န္ေဟာင္း ဦးေစာ သည္ ေအာင္ဆန္း-အက္တလီစာခ်ဳပ္ကို ကန္႔ကြက္သူမ်ားထဲတြင္ ပါ၀င္သည္။ ေျမနီကုန္း စိန္ဖေလာ္ခီနာေက်ာင္းအနီးတြင္ ဘုရင္ခံ အိမ္မွျပန္လာေသာ ဦးေစာကို ဂ်စ္ ကားႏွင့္ လူအခ်ဳိ႕က ေသနတ္ျဖင့္ ပစ္ခတ္ရာ ဦးေစာမ်က္စိဒဏ္ရာ ရခဲ့သည္။ ဦးေစာက ဗိုလ္ခ်ဳပ္ ေအာင္ဆန္းကို အထင္လြဲသည္။ သို႔ေသာ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း သည္ ဦးႏုႏွင့္အတူ ဦးေစာကို သြားေရာက္ေမးျမန္းအားေပးခဲ့ သည္။ သို႔ေသာ္ ဦးေစာသည္ မိုက္ တြင္းနက္ခဲ့သည္။ ဦးေစာမိုက္ တြင္းနက္မႈသည္ ျမန္မာ့သမိုင္းကို အက်ည္းတန္ေစခဲ့သည္။ ဗိုလ္ခ်ဳပ္တို႔က်ဆံုးမႈ၏ အက်ဳိးဆက္သည္ ယခုတိုင္သက္ေရာက္ေနဆဲပင္။
ဦးေစာသည္ ေႏွာင္းေနာင္ တရခဲ့ေသာ္လည္း သူ႔အတြက္ ေရာ ျမန္မာျပည္အတြက္ပါ အ ခ်ည္းအႏွီးပင္။ ‘‘သမီးတစ္သက္ လံုးတြင္ သူတစ္ပါးအသက္သတ္ ျခင္းေရွာင္ၾကဥ္ပါ’’ဟု သမီးျဖစ္သူေဘဘီေစာထံ ေထာင္တြင္းမွေပး ပို႔ေသာ စာတြင္ ဆံုးမထားသည္။ ထို႔ျပင္ ဦးေစာသည္ အေမြဆိုး ဆက္ခံခဲ့ရပံုကိုလည္း ေဘဘီေစာ ထံေပးစာတြင္ ဖြင့္ဟထားသည္။
‘‘ဒယ္ဒီတို႔ အမ်ဳိးတြင္ အေဖ ဘက္က အမ်ဳိး၊ အေမဘက္က အမ်ဳိးဟူ၍ ႏွစ္ဖက္ရွိၾကသည္။ ထိုအမ်ဳိးမ်ားသည္ အလြန္စိတ္ ဆတ္ၾကသည္။ စိတ္ေကာင္းရွိၾက သည္။ ေစာ္ကားလွ်င္ မခံခ်င္ေသာစိတ္ဓာတ္အလြန္အားႀကီးသည္။ စိတ္ျပင္းလြန္းၾကသျဖင့္ သူမ်ား က တစ္ခ်က္႐ုိက္လွ်င္ ကိုယ္က အခ်က္ ၂၀ ျပန္႐ိုက္ခ်င္သည္။ သူ တစ္ပါးတစ္ခ်က္ထုလွ်င္ ကိုယ္က အခ်က္ ၅၀ ေလာက္ျပန္ထုရမွ ေက်နပ္ၾကသည္။ လက္စားျပန္ မေခ်ရလွ်င္ တစ္သက္လံုးမေမ့ ႏိုင္ဟု ဆိုသလိုရွိခဲ့ၾကသည္။ သူ မ်ားကို သြားမေစာ္ကားႏွင့္၊ ေစာ္ ကားလာလွ်င္ တစ္ဆင့္ တစ္ဆင့္ ျပန္ခ်ရမည္ဟု အစဥ္တစိုက္ ဒယ္ဒီတို႔တစ္မ်ဳိးလံုးက အေမြေပး ခဲ့ၾကသည္။ ဒါေၾကာင့္ ဒီလိုေစာ္ ကားလိမ့္မယ္ထင္တဲ့သူကို အ ေပါင္းအေဖာ္မလုပ္ပါနဲ႔။ ရန္မူ လာလွ်င္သည္းခံပါ။ သမီးလွဴဒါန္းႏိုင္သမွ် သံဃာေတာ္အရွင္ျမတ္ မ်ားအတြက္ လွဴဒါန္းပါ။ ဤကား ငါ၏ ခ်စ္သမီးကိုေပးႏိုင္ေသာ အေမြမ်ားျဖစ္သတည္း’’ဟု သမီး ထံသို႔ ေပးစာတြင္ပါရွိသည္။ သို႔ ေသာ္ အားလံုးသည္ေနာက္က်ခဲ့ ေလၿပီ။
၁၉၄၈ ေမလ ၈ ရက္တြင္ အင္းစိန္ေထာင္ဗူး၀၌ လက္နက္ကိုင္စစ္တပ္ႏွစ္တပ္ခ်ထားသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္ေခါင္းေဆာင္မ်ားကို လုပ္ႀကံသူမ်ား ၎တို႔အလွည့္ျပန္ေရာက္လာၿပီျဖစ္သည္။ ဦးေစာသည္ ရွမ္းပိုးေဘာင္းဘီအျပာ၊ စပို႔ရွပ္အျပာကြက္ကို ၀တ္ဆင္၍ ေမာ္လၿမိဳင္ေရႊထီးဖိနပ္ကိုစီးကာ ႀကိဳးစင္ရွိရာသို႔ လွမ္းလာသည္။ ႀကိဳးစင္တြင္ ႏွစ္ေယာက္တစ္ၿပိဳင္ တည္းသတ္ရန္ စီစဥ္ထားေသာ္ လည္း ဦးေစာ၏ ေတာင္းပန္ခ်က္ ေၾကာင့္ ဦးေစာတစ္ေယာက္တည္းပထမစတင္ႀကိဳးေပးရန္ စီစဥ္ၾက ရသည္။ ႀကိဳးစင္အထက္ေလွကား အနီးရွိ ဘုရားစင္ေရွ႕သို႔ေရာက္ ေသာအခါ ေထာင္ပိုင္ႀကီး၏ သတိေပးမႈေၾကာင့္ ဦးေစာက ဘုရား ၀တ္ျပဳကာ ဆုေတာင္းေသး၏။
နံနက္ ၅ နာရီခြဲသည့္အခါ ဦးေစာသည္ ေထာင္ပိုင္ႀကီး အခ်က္ေပး လိုက္သည္ႏွင့္ ေထာင္ပိုင္ႀကီး ဦးစံတင္တို႔ႏွင့္တကြ မိမိအား ေသ ဒဏ္ခ်မွတ္ေသာ အထူးခံု႐ုံးတရား ၀န္ႀကီးမ်ားအား ၎အၿငိဳးအာဃာတမထားပါေၾကာင္း၊ အားလံုး အား ဂြတ္ဘိုင္ဟု ႏႈတ္ဆက္ၿပီး ေလးလံေသာေျခလွမ္းျဖင့္ ႀကိဳး စင္သို႔ တက္သြားေတာ့သည္။ ႀကိဳးစင္ေပၚေျခစံုရပ္မိသည္ႏွင့္ ေထာင္ မွဴးႀကီး ဦးစံတင္သည္ လက္ျပန္ ႀကိဳးႏွစ္ဆင့္တုပ္ၿပီး ဦးေစာ၏ လည္ပင္းကို ႀကိဳးကြင္းစြပ္လိုက္ သည္။ ေသခ်ာစြာ စြပ္၊ မစြပ္ ေထာင္မွဴးႀကီး ဦးစံတင္က စစ္ ေဆးၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ ၅ နာရီ၊ ၃၂ မိနစ္အခ်ိန္တြင္ ‘ေဒါင္’ဟု ျမည္ဟည္းကာ ေဒါက္ျပဳတ္ သြားေတာ့သည္။
ဦးေစာသည္ ႀကိဳးစင္ေပၚ၌ မရွိေတာ့ေပ။ ႀကိဳးစင္ေအာက္တြဲ ေလာင္းျဖစ္ေနေတာ့သည္။ ႀကိဳး သည္ လႈပ္ျခင္းမရွိ။ စကၠန္႔အ နည္းငယ္အတြင္း ေသဆံုးသြား ေတာ့၏။ အနီးတြင္ အသင့္ရွိေသာေထာင္ဆရာ၀န္သည္ ဦးေစာအား စစ္ေဆးျခင္းမရွိေသးေပ။ နာရီ ၀က္မွ် တြဲေလာင္းထားေတာ့ သည္။ အခ်ိန္ေစ့၍ ဦးေစာအား ႀကိဳးမွျဖဳတ္ယူလိုက္ေသာအခါ တစ္ကိုယ္လံုး မည္းေနေတာ့ သည္။ လွ်ာကား အနည္းငယ္ ထြက္လ်က္ရွိသည္။ မည္သူမွ် မကယ္ႏိုင္ေတာ့သည့္ ဦးေစာ၏ ဇာတ္သိမ္းပင္ျဖစ္ေတာ့သည္။
ဦးေစာေသဆံုးသြားေသာ္ လည္း သူ၏ မ်ဳိးဆက္မိသားစု၀င္ မ်ားသည္ သူထားရစ္ခဲ့ေသာ အရိပ္ဆိုး၏ ေျခာက္လွန္႔မႈကို ႏွစ္ ေပါင္းမ်ားစြာခံခဲ့ရသည္။
ဦးေစာကို ကယ္တင္ၾကသူ မ်ားသည္ မေအာင္မျမင္ျဖစ္ခဲ့ၾက ေသာ္လည္း ဦးေစာမိသားစု၀င္ မ်ားကို အရိပ္ဆိုးမွ သက္သာရာ ရေအာင္ ကယ္တင္ခဲ့သူမ်ားရွိခဲ့ပါ သည္။ အာဇာနည္ေခါင္းေဆာင္ ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ မိသားစု၀င္မ်ား ျဖစ္သည္။
‘‘လူထုကို ကြၽန္မေျပာလိုတာ ကေတာ့ မိမိတို႔အားကိုးယံုၾကည္ ေလးစားေသာ ေခါင္းေဆာင္ႀကီး ကို ရက္ရက္စက္စက္လုပ္ႀကံ လိုက္ၾကတဲ့အတြက္ေၾကာင့္ ေဒါ သထြက္ၿပီး စိတ္လုိက္မာန္ပါမ လုပ္ၾကဖို႔ ေျပာလိုပါတယ္’’ဟု ဗိုလ္ခ်ဳပ္၏ ဇနီး ေဒၚခင္ၾကည္က ဗိုလ္ခ်ဳပ္က်ဆံုးၿပီးေနာက္ ေျပာခဲ့သည္။ ဗိုလ္ခ်ဳပ္၏ သမီး ေဒၚေအာင္ဆန္းစုၾကည္က အျပစ္မရွိသူမိသားစု၀င္မ်ား အျပစ္ရွိသလို ခံစားေနရျခင္းကို စိတ္မေကာင္းျဖစ္မိေၾကာင္း က႐ုဏာစကားဆိုခဲ့သည္။
‘‘ကိုယ္မလုပ္ခဲ့တဲ့ကိစၥအ တြက္ ဒီလိုခံစားရတာကို စိိတ္မ ေကာင္းဘူး။ ကေလးေတြက ဘာ မွလုပ္ခဲ့တာမွ မဟုတ္တာ။ သူတို႔ အဘိုးကလည္း သူ႕အျပစ္အ တြက္ ဥပေဒအရခံသြားၿပီပဲ။ က်န္ တဲ့လူမွာ ဘာအျပစ္မွမရွိဘူး။ ဒီ ကေလးေတြကို ေအးေအးခ်မ္း ခ်မ္းနဲ႔ ေနေစခ်င္တယ္။ သူတို႔ ကိုယ္သူတို႔လည္း အျပစ္ရွိတဲ့လူ ေတြရယ္လို႔ မသတ္မွတ္သင့္ဘူး’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ၂၀၁၄ တြင္ 7Day ဂ်ာနယ္ႏွင့္ သီးသန္႔ေတြ႕ဆံုေမးျမန္းခန္း၌ ေျပာခဲ့သည္။
မိသားစု၀င္မ်ားႏွင့္သာမ ဟုတ္ ဦးေစာအေပၚကိုပင္ မည္ သို႔မွ် သေဘာမထားေၾကာင္းကို ေဒၚေအာင္ဆန္းစုၾကည္က ‘‘ေဖ ေဖနဲ႔ ပတ္သက္ၿပီးေတြးရင္ ဦးေစာေၾကာင့္ ေဖေဖဆံုးသြားတယ္လို႔ ဘယ္တုန္းကမွ မျမင္ဘူး။ ၿပီးေတာ့လည္း ႏုိင္ငံေရးမွာ ဒီလိုပဲျဖစ္တတ္ပါတယ္’’ဟု ဆိုခဲ့သည္။
ကိုးကား - သတင္းစာမ်ားက ေျပာေသာ ႏိုင္ငံေတာ္လုပ္ႀကံမႈ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးေမာင္ေမာင္ဦး (ပန္ေတာ္ဆက္အႏုပညာမွတ္တမ္းစံု)
#Unicode Version
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်း ဆောင်များကို လုပ် ကြံမှုဖြင့် သေဒဏ်ပေးခံရသော ဂဠုန်ဦးစောကို တစ်တိုင်းတစ်ပြည် လုံးက မုန်းတီးခဲ့ကြသော်လည်း ၎င်းကို ကယ်တင်လိုကြသူများ လည်း ထိုခေတ်ကရှိခဲ့ကြသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန် မာပြည်ဘုရင်ခံဟောင်း ဆာဒေါ် မန်စမစ်က မြန်မာနိုင်ငံတော် သမ္မတကြီးထံ ဦးစောကို သေဒဏ်ပေး ထားသည့်ကိစ္စနှင့် ပတ်သက်၍ သက်ညှာနိုင်သမျှ သက်ညှာစွာ စဉ်းစား၍ ပယ်ဖျက်ပါရန် သံကြိုး စာတစ်စောင်ပေးပို့ခဲ့သည်။
ထို့ပြင် ဦးစောအသက်ချမ်း သာရာရရေးအတွက် ဘိလပ် (ဗြိတိန်)ရှိ ဗုဒ္ဓဘာသာအသင်းကြီး နှစ်သင်းကလည်း ၀န်ကြီးချုပ် ဦးနုထံ အကြောင်းပြချက်သုံးချက်ဖြင့် မေတ္တာရပ်ခံသည့် ကြေးနန်းနှစ် စောင်ပို့ခဲ့ကြသည်။ အကြောင်းပြ ချက် သုံးချက်ကို ဖော်ပြရလျှင် ဦးစောကဲ့သို့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့သော ခေါင်းဆောင်တစ် ဦးကို အသက်ချမ်းသာပေးခဲ့လျှင် ၀န်ကြီးချုပ် သခင်နု၏ မြင့်မြတ် သောစေတနာမှာ ရာဇဝင်တွင် ရစ်လိမ့်မည်ဟု နံပါတ် (၁) အကြောင်းပြခဲ့ကြသည်။ နံပါတ် (၂) အ ကြောင်းပြချက်မှာ အင်္ဂလန်တွင် သေဒဏ်စီရင်ခြင်းကို ပယ်ဖျက် ရန်ရှိနေရာ ဦးစောကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပါက အင်္ဂလိပ် မြန်မာချစ်ကြည်ရေးဖြောင့်ဖြူး ဖွယ်ရှိကြောင်း ထိုသို့မဟုတ်ပါက အင်္ဂလိပ်မြန်မာချစ်ကြည်ရေး ပျက်ပြားဖွယ်ရှိကြောင်း ခြိမ်းခြောက်ဟန်ပါခဲ့သည်။ နောက်ဆုံးအကြောင်းပြချက်မှာ သေဒဏ် ပေးသည့်ကိစ္စမှာ ဗုဒ္ဓဘာသာ တရားတော်နှင့် ဆန့်ကျင်သည်ဟူ ၍ ဖြစ်သည်။
ဦးစောကို မသတ်ရန် မေတ္တာရပ်ခံသည့်အထဲတွင် ယိုးဒယား (ထိုင်း)ပါလီမန်လည်း ပါ၀င်ခဲ့ သည်။ ယိုးဒယားပါလီမန်လူကြီး ခုနစ်ဦး၏ မေတ္တာရပ်ခံစာတွင် နိုင်ငံရေးသမားများကို ပိုမိုဂုဏ်ရှိ သည့် ထွက်ပေါက်ဖွင့်ပေးထား သင့်သည်ဟု ပါရှိသည်။
ဆရာတော်ကြီးများကလည်း ဂဠုန်ဦးစော၏ အသက်ကို အလှူ ခံခဲ့သေးသည်။ ၁၉၄၈ ဧပြီ ၅ ရက်တွင် ဦးစော၏ ဇနီး ဒေါ်သန်းခင် နှင့် ဆွေမျိုးတစ်စုက ရွှေတိဂုံစေတီတော်တွင် ဦးစောအတွက်ရည်စူး ကာ သံဃာတော်အပါး ၅၀ ကို ဆွမ်းကပ်ခဲ့ကြသည်။ ဦးစော၏ တူတော်စပ်သူ ဦးခင်မောင်လတ် က ဦးစောနန်းရင်းဝန်ဖြစ်စဉ်က စာမျက်နှာ ၂၀ ကျော်ရှိ အလှူစာရင်းကို ဖတ်ကြားကာ ရေစက် သွန်းချအမျှဝေခဲ့ကြသည်။ ထို့ နောက် ဆရာတော်များက အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ သမ္မတ ထံအဆိုတင်သွင်းခဲ့ကြသည်။
အဆိုတွင် ရှေးဗမာမင်းများ လက်ထက်က ရာဇဝတ်သားများ အား သံဃာတော်များ၊ ဆရာတော်ကြီးများက အသက်ချမ်းသာ ခွင့်ရရန် အလှူခံသည့်အခါ ခွင့်ပြု ခဲ့ကြဖူးကြောင်း၊ ဗြိတိသျှအစိုးရ လက်ထက်ကလည်း အလယ် တောရဆရာတော်ကြီး ကြီးမှူး ကာ ရာဇဝတ်ကောင်များ၏ သေဒဏ်ကို အလှူခံရာ ရရှိခဲ့ဖူး ကြောင်း၊ သို့အတွက် ဦးစောအ တွက်လည်း အလှူခံရရန် အဆို တင်သွင်းကြောင်းပါရှိသည်။
၁၉၄၇ ဇူလိုင် ၁၉ ရက် လုပ် ကြံမှုကြီးကို အောက်တိုဘာ ၈ ရက်တွင် အင်းစိန်ထောင်အတွင်းရှိ အထူးခုံရုံး၌ စတင်စစ်ဆေးပြီး ၁၉၄၈ မေလ ၈ ရက်တွင် တရားခံ များကို ကြိုးပေးခဲ့သည်။ အမှုရင် ဆိုင်စဉ်ကာလအတွင်း ဦးစော ဘက်မှ ရှေ့နေလိုက်ကာ ဦးစော အသက်ကို ကယ်တင်ရန် ကြိုးစား ခဲ့ကြသည့်ရှေ့နေများမှာ (၁) မစ္စတာကားတစ်ဘင်နက် (ဘိလပ်မှ တော်ဝင် ၀တ်လုံတော်ကြီး)၊ (၂) မစ္စတာ မာတားနစ် (ဘိလပ်ဝတ် လုံ)၊ (၃) ဦးစံဝင်း (သာယာဝတီ) နှင့် (၄) ဦးသိန်းကျော် (ကြို့ပင် ကောက်)တို့ ဖြစ်ကြသည်။
သို့သော် အာဇာနည်များကို လုပ်ကြံသည့် မိုက်လုံးကြီးလှသူ များ၏ မိုက်ဇာတ်သိမ်းကို မည်သူမျှ မတားဆီးနိုင်ခဲ့ပါချေ။ ဦးစော သည် သူမလွတ်မြောက်နိုင်တော့ သည်ကို သိလိုက်ကြောင်းကို သူ၏ဇနီးထံပေးပို့သော ထောင်တွင်းမှ ပေးစာတစ်စောင်၌ တွေ့ရသည်။
မာမီခင်
ကျွန်တော့်အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်သို့မှ လည်းမယူပါနှင့်။ သေပြီးသော အ ပုပ်ကောင်ကြီးဟူ၍ တရားနှင့် ဖြေပါ။ သတိသံဝေဂဖြစ်ပါ။ အနိစ္စတရားနှင့် အနတ္တတရားများကို ပွားများပါ။ သေပြီးဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာပါနှင့် တော့။ သေသူကို ရည်ရွယ်၍ ပ ဉ္စင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်း ကျွေးခြင်းစသော ကုသိုလ်ကောင်း မှုများကို ပြုလုပ်ပါက မာမီတို့မှာ ကုသိုလ်ရနိုင်ပါသည်။ အမျှအ တန်းဝေပါက ကုသိုလ်ရနိုင်ပါ သည်။ ဤသို့သော ကုသိုလ်ရေး များကိုသာ ဂရုစိုက်ပါ။
(ပုံ) မောင်စော
ဇနီးသည်ထံပို့သော အခြား စာတစ်စောင်၌မူ ၎င်းပိုင်ဆိုင် သည့် အဝတ်အထည်နှင့် ပုဆိုး တောင်ရှည်၊ ပိုးအကျႌ၊ သက္ကလတ် အကျႌများကို ဖုံနှင့် မှီအုံးများပြု လုပ်ပြီး ဆရာတော်ဘုရားကြီးများ အား လှူဒါန်းအမျှပေးဝေရန် မှာ ကြားသည်။ ၎င်းပိုင်ဆိုင်သော အနောက်တိုင်းဝတ်စုံများနှင့် ရှူးဖိနပ်များကို ဗြိတိန်ရှိ ညီဖြစ်သူ မောင်ဂျိုး၊ ဦးမြရင်၊ မောင်လှမြတ် စိုးတို့ကို ဝေငှလှူဒါန်းရန် ဇနီး ဒေါ် သန်းခင်နှင့် သမီး ဘေဘီစောတို့ ပိုင်ဆိုင်ထိုက်သော အိမ်၊ ရွှေ၊ ငွေ၊ စိန်များကို ထုခွဲသင့်သလောက်ထု ခွဲ၍ လှူဒါန်းရန် မှာကြားထား သည်။ ဦးစောက စာကို မိတ်ဆွေ သင်္ဂဟများအား နှုတ်ဆက်ခြင်း ဖြင့် အဆုံးသတ်ထားသည်။
နန်းရင်းဝန်ဟောင်း ဦးစော သည် အောင်ဆန်း-အက်တလီစာချုပ်ကို ကန့်ကွက်သူများထဲတွင် ပါ၀င်သည်။ မြေနီကုန်း စိန်ဖလော်ခီနာကျောင်းအနီးတွင် ဘုရင်ခံ အိမ်မှပြန်လာသော ဦးစောကို ဂျစ် ကားနှင့် လူအချို့က သေနတ်ဖြင့် ပစ်ခတ်ရာ ဦးစောမျက်စိဒဏ်ရာ ရခဲ့သည်။ ဦးစောက ဗိုလ်ချုပ် အောင်ဆန်းကို အထင်လွဲသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း သည် ဦးနုနှင့်အတူ ဦးစောကို သွားရောက်မေးမြန်းအားပေးခဲ့ သည်။ သို့သော် ဦးစောသည် မိုက် တွင်းနက်ခဲ့သည်။ ဦးစောမိုက် တွင်းနက်မှုသည် မြန်မာ့သမိုင်းကို အကျည်းတန်စေခဲ့သည်။ ဗိုလ်ချုပ်တို့ကျဆုံးမှု၏ အကျိုးဆက်သည် ယခုတိုင်သက်ရောက်နေဆဲပင်။
ဦးစောသည် နှောင်းနောင် တရခဲ့သော်လည်း သူ့အတွက် ရော မြန်မာပြည်အတွက်ပါ အ ချည်းအနှီးပင်။ ‘‘သမီးတစ်သက် လုံးတွင် သူတစ်ပါးအသက်သတ် ခြင်းရှောင်ကြဉ်ပါ’’ဟု သမီးဖြစ်သူဘေဘီစောထံ ထောင်တွင်းမှပေး ပို့သော စာတွင် ဆုံးမထားသည်။ ထို့ပြင် ဦးစောသည် အမွေဆိုး ဆက်ခံခဲ့ရပုံကိုလည်း ဘေဘီစော ထံပေးစာတွင် ဖွင့်ဟထားသည်။
‘‘ဒယ်ဒီတို့ အမျိုးတွင် အဖေ ဘက်က အမျိုး၊ အမေဘက်က အမျိုးဟူ၍ နှစ်ဖက်ရှိကြသည်။ ထိုအမျိုးများသည် အလွန်စိတ် ဆတ်ကြသည်။ စိတ်ကောင်းရှိကြ သည်။ စော်ကားလျှင် မခံချင်သောစိတ်ဓာတ်အလွန်အားကြီးသည်။ စိတ်ပြင်းလွန်းကြသဖြင့် သူများ က တစ်ချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ သူ တစ်ပါးတစ်ချက်ထုလျှင် ကိုယ်က အချက် ၅၀ လောက်ပြန်ထုရမှ ကျေနပ်ကြသည်။ လက်စားပြန် မချေရလျှင် တစ်သက်လုံးမမေ့ နိုင်ဟု ဆိုသလိုရှိခဲ့ကြသည်။ သူ များကို သွားမစော်ကားနှင့်၊ စော် ကားလာလျှင် တစ်ဆင့် တစ်ဆင့် ပြန်ချရမည်ဟု အစဉ်တစိုက် ဒယ်ဒီတို့တစ်မျိုးလုံးက အမွေပေး ခဲ့ကြသည်။ ဒါကြောင့် ဒီလိုစော် ကားလိမ့်မယ်ထင်တဲ့သူကို အ ပေါင်းအဖော်မလုပ်ပါနဲ့။ ရန်မူ လာလျှင်သည်းခံပါ။ သမီးလှူဒါန်းနိုင်သမျှ သံဃာတော်အရှင်မြတ် များအတွက် လှူဒါန်းပါ။ ဤကား ငါ၏ ချစ်သမီးကိုပေးနိုင်သော အမွေများဖြစ်သတည်း’’ဟု သမီး ထံသို့ ပေးစာတွင်ပါရှိသည်။ သို့ သော် အားလုံးသည်နောက်ကျခဲ့ လေပြီ။
၁၉၄၈ မေလ ၈ ရက်တွင် အင်းစိန်ထောင်ဗူးဝ၌ လက်နက်ကိုင်စစ်တပ်နှစ်တပ်ချထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များကို လုပ်ကြံသူများ ၎င်းတို့အလှည့်ပြန်ရောက်လာပြီဖြစ်သည်။ ဦးစောသည် ရှမ်းပိုးဘောင်းဘီအပြာ၊ စပို့ရှပ်အပြာကွက်ကို ၀တ်ဆင်၍ မော်လမြိုင်ရွှေထီးဖိနပ်ကိုစီးကာ ကြိုးစင်ရှိရာသို့ လှမ်းလာသည်။ ကြိုးစင်တွင် နှစ်ယောက်တစ်ပြိုင် တည်းသတ်ရန် စီစဉ်ထားသော် လည်း ဦးစော၏ တောင်းပန်ချက် ကြောင့် ဦးစောတစ်ယောက်တည်းပထမစတင်ကြိုးပေးရန် စီစဉ်ကြ ရသည်။ ကြိုးစင်အထက်လှေကား အနီးရှိ ဘုရားစင်ရှေ့သို့ရောက် သောအခါ ထောင်ပိုင်ကြီး၏ သတိပေးမှုကြောင့် ဦးစောက ဘုရား ၀တ်ပြုကာ ဆုတောင်းသေး၏။
နံနက် ၅ နာရီခွဲသည့်အခါ ဦးစောသည် ထောင်ပိုင်ကြီး အချက်ပေး လိုက်သည်နှင့် ထောင်ပိုင်ကြီး ဦးစံတင်တို့နှင့်တကွ မိမိအား သေ ဒဏ်ချမှတ်သော အထူးခုံရုံးတရား ၀န်ကြီးများအား ၎င်းအငြိုးအာဃာတမထားပါကြောင်း၊ အားလုံး အား ဂွတ်ဘိုင်ဟု နှုတ်ဆက်ပြီး လေးလံသောခြေလှမ်းဖြင့် ကြိုး စင်သို့ တက်သွားတော့သည်။ ကြိုးစင်ပေါ်ခြေစုံရပ်မိသည်နှင့် ထောင် မှူးကြီး ဦးစံတင်သည် လက်ပြန် ကြိုးနှစ်ဆင့်တုပ်ပြီး ဦးစော၏ လည်ပင်းကို ကြိုးကွင်းစွပ်လိုက် သည်။ သေချာစွာ စွပ်၊ မစွပ် ထောင်မှူးကြီး ဦးစံတင်က စစ် ဆေးပြီးသည်နှင့် တစ်ပြိုင်နက် ၅ နာရီ၊ ၃၂ မိနစ်အချိန်တွင် ‘ဒေါင်’ဟု မြည်ဟည်းကာ ဒေါက်ပြုတ် သွားတော့သည်။
ဦးစောသည် ကြိုးစင်ပေါ်၌ မရှိတော့ပေ။ ကြိုးစင်အောက်တွဲ လောင်းဖြစ်နေတော့သည်။ ကြိုး သည် လှုပ်ခြင်းမရှိ။ စက္ကန့်အ နည်းငယ်အတွင်း သေဆုံးသွား တော့၏။ အနီးတွင် အသင့်ရှိသောထောင်ဆရာဝန်သည် ဦးစောအား စစ်ဆေးခြင်းမရှိသေးပေ။ နာရီ ၀က်မျှ တွဲလောင်းထားတော့ သည်။ အချိန်စေ့၍ ဦးစောအား ကြိုးမှဖြုတ်ယူလိုက်သောအခါ တစ်ကိုယ်လုံး မည်းနေတော့ သည်။ လျှာကား အနည်းငယ် ထွက်လျက်ရှိသည်။ မည်သူမျှ မကယ်နိုင်တော့သည့် ဦးစော၏ ဇာတ်သိမ်းပင်ဖြစ်တော့သည်။
ဦးစောသေဆုံးသွားသော် လည်း သူ၏ မျိုးဆက်မိသားစုဝင် များသည် သူထားရစ်ခဲ့သော အရိပ်ဆိုး၏ ခြောက်လှန့်မှုကို နှစ် ပေါင်းများစွာခံခဲ့ရသည်။
ဦးစောကို ကယ်တင်ကြသူ များသည် မအောင်မမြင်ဖြစ်ခဲ့ကြ သော်လည်း ဦးစောမိသားစုဝင် များကို အရိပ်ဆိုးမှ သက်သာရာ ရအောင် ကယ်တင်ခဲ့သူများရှိခဲ့ပါ သည်။ အာဇာနည်ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်များ ဖြစ်သည်။
‘‘လူထုကို ကျွန်မပြောလိုတာ ကတော့ မိမိတို့အားကိုးယုံကြည် လေးစားသော ခေါင်းဆောင်ကြီး ကို ရက်ရက်စက်စက်လုပ်ကြံ လိုက်ကြတဲ့အတွက်ကြောင့် ဒေါ သထွက်ပြီး စိတ်လိုက်မာန်ပါမ လုပ်ကြဖို့ ပြောလိုပါတယ်’’ဟု ဗိုလ်ချုပ်၏ ဇနီး ဒေါ်ခင်ကြည်က ဗိုလ်ချုပ်ကျဆုံးပြီးနောက် ပြောခဲ့သည်။ ဗိုလ်ချုပ်၏ သမီး ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိသူမိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကားဆိုခဲ့သည်။
‘‘ကိုယ်မလုပ်ခဲ့တဲ့ကိစ္စအ တွက် ဒီလိုခံစားရတာကို စိိတ်မ ကောင်းဘူး။ ကလေးတွေက ဘာ မှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အ တွက် ဥပဒေအရခံသွားပြီပဲ။ ကျန် တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီ ကလေးတွေကို အေးအေးချမ်း ချမ်းနဲ့ နေစေချင်တယ်။ သူတို့ ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူ တွေရယ်လို့ မသတ်မှတ်သင့်ဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၄ တွင် 7Day ဂျာနယ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောခဲ့သည်။
မိသားစုဝင်များနှင့်သာမ ဟုတ် ဦးစောအပေါ်ကိုပင် မည် သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ‘‘ဖေ ဖေနဲ့ ပတ်သက်ပြီးတွေးရင် ဦးစောကြောင့် ဖေဖေဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲဖြစ်တတ်ပါတယ်’’ဟု ဆိုခဲ့သည်။
ကိုးကား - သတင်းစာများက ပြောသော နိုင်ငံတော်လုပ်ကြံမှု။
ဖိုးသူတော် (www.phothutaw.com)
Credit: ဦးမောင်မောင်ဦး (ပန်တော်ဆက်အနုပညာမှတ်တမ်းစုံ)
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။