Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 8, 2016

အကြင်နာအင်အား

အကြင်နာအင်အား

============

အိန္ဒိယနိုင်ငံ မြောက်ဘက်ဒေသမှာ ကယ်ရီမားလို့ခေါ်တဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီရွာက မြေဟာ ကျတ်တီးမြေဖြစ်တာကြောင့် ဘာမှစိုက်ပျိုးမဖြစ်ထွန်းခဲ့ဘူး။ ရွာသားတွေဟာ ဆင်းရဲလွန်းလို့ နပ်မှန်အောင် မနည်းကြိုးစားရတယ်။ ရွာနဲ့မနီးမဝေးတစ်နေရာမှာ လမ်းမကြီးတစ်ခုရှိပြီး အဲဒီလမ်းမကြီးမှာ ကားတွေဟာ မကြာခဏဆိုသလို ပျက်နေခဲ့တယ်။

တစ်ခါက အစာသွပ်ဗူးတွေတင်ထားတဲ့ ကားတစ်စီးဟာ အဲဒီလမ်းမတစ်နေရာမှာ တိမ်းမှောက်ပြီး ချောင်းထဲကျသွားခဲ့တယ်။ ကားဆရာဒဏ်ရာရလို့ ကားတစ်စင်းနဲ့ ဆေးရုံကိုပို့နေတုန်းမှာ ကားပေါ်ကကုန်တွေကို ကြည့်မယ့်လူ မရှိခဲ့ဘူး။ ဒါကို ရွာသားတွေတွေ့တော့ အစာသွပ်ဗူးတွေကို အိမ်ခိုးသယ်ကြတယ်။ အဲဒီလိုနဲ့ အိမ်တိုင်းအိမ်တိုင်း ရက်တော်တော်ကြာ စားစရာတွေ ရှိခဲ့ကြတယ်။

အဲဒီကိစ္စဖြစ်ပျက်ပြီးနောက် ရွာသားတွေ အကြံတစ်ခုရသွားတယ်။ တောင်နဲ့နီးရင် တောင်ကိုမှီစား၊ ရေနဲ့နီးရင် ရေကိုမှီစားဆိုသလို ကားလမ်းနဲ့နီးတော့ ကားလမ်းကိုမှီစားကြတော့တယ်။ ဒါပေမဲ့ ကားတွေက အမြဲတိမ်းမှောက်နေတာ မဟုတ်တော့ ရွာသားတွေ အကြံတစ်ခုထုတ်ကြတယ်။ ညအချိန် လမ်းပေါ်မှာ လူနည်းတဲ့အခါ ရွာသားတွေဟာ ပေါက်တူးပေါက်ပြားတွေယူပြီး လမ်းကိုဖျက်ကြတယ်။ ဒါမှ ချိုင့်တွေ၊ တွင်းတွေပြည့်နေတဲ့ လမ်းပေါ်မှာ ကားတွေဟာ မတော်တဆဖြစ်နှုန်းများမှာဖြစ်တယ်။

ကားတွေက အဲဒီလမ်းပေါ်မှာ မတော်တဆမဖြစ်လည်း လမ်းမကောင်းတာကြောင့် ကားကိုအရှိန်လျော့ပြီး မောင်းနှင်ကြရတယ်။ အဲဒီအခါ ရွာသားတွေဟာ ကားဆရာမသိအောင် ကားနောက်ကနေ ပစ္စည်းတွေနှိုက်ကြတယ်။ အဲဒီလိုနဲ့ စစချင်းမှာ စားစရာတွေကို ခိုးတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း ကုန်ပစ္စည်းတွေကိုပါ ခိုးပြီး မြို့ပေါ်တက်ရောင်းကြတယ်။ အဲဒီနောက်ပိုင်းတော့ ခိုးရုံနှိုက်ရုံမက သူတို့လုယှက်လာကြတော့တယ်။

တခဏအတွင်းမှာပဲ အဲဒီလမ်းဟာ မလုံခြုံဆုံးလမ်း ဖြစ်လာခဲ့တော့တယ်။ လစဉ်လတိုင်း လုယှက်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါကို ရဲတွေလိုက်ပြီး လုယှက်နေတဲ့ ရွာသားနှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်။ လုယှက်သူနှစ်ယောက်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ရွာသားတွေ မဖြုံခဲ့ကြဘူ။ လုယှက်မြဲလုယှက်နေပြီး ရဲတွေကို ပိုပုန်းရှောင်၊ ပိုသတိရှိခဲ့ကြတယ်။

ရွာသားတွေဟာ လုယှက်ဖို့ အဖွဲ့တွေဖွဲ့လာကြပြီး စောင့်ကြည့်၊ သတင်းပို့သူတွေပါ ထားရှိလာကြတယ်။ လုလို့ရတဲ့ပစ္စည်းတွေကို အိမ်ပြန်ဖွက်ထားကြသလို ရဲတွေလာစစ်တဲ့အခါ သက်သေခံပစ္စည်းတွေ ရှာမတွေ့အောင် ပစ္စည်းရဲ့အထုပ်အပိုးကိုပါ ပြောင်းလဲခဲ့ကြတယ်။ အုပ်ချုပ်သူတွေကလည်း ကယ်ရီမားရွာက ရွာသားတွေကို ပစ္စည်းမလုယှက်ကြဖို့၊ ရာဇဝတ်မှုတွေ မကျူးလွန်ကြဖို့၊ လမ်းကောင်းလမ်းမှန်ပေါ်ရောက်အောင် နည်းအမျိုးမျိုး ကြိုးစားခဲ့ကြတယ်။

ဒါပေမဲ့ ကယ်ရီမားရွာသားတွေဟာ လုယှက်လို့ရလာတဲ့ ပစ္စည်းတွေအပေါ် သာယာပျော်မွေ့နေခဲ့ကြတယ်။ ဒီလို ဘာမှပင်ပင်ပန်းပန်း လုပ်စရာမလိုတဲ့ ဘဝမှာ သူတို့ကျင့်သားရနေခဲ့ကြတယ်။ ဒါကြောင့် သေနတ်ပြ ပစ္စည်းလုတဲ့လုပ်ရပ်ဟာ ကယ်ရီမားရွာ အနီးတဝိုက်မှာ ဖြစ်မြဲဖြစ်နေခဲ့တော့တယ်။ အဲဒီနှစ်ရဲ့ ဆောင်းရာသီမှာ အလုအယှက်များတဲ့ ကယ်ရီမားရွာက လမ်းကို ကားသမားတွေ ရှောင်လာကြတယ်။ ဒါကြောင့် ရက်တော်တော်ကြာကြာ ရွာသားတွေ ရိက္ခာပြတ်ခဲ့ကြတယ်။

တစ်နေ့မှာ ကုန်ကားတစ်စီး ကယ်ရီမားရွာကိုဖြတ်တယ်။ ကားပေါ်မှာ ဖော့စဖိတ်မှုန့်တွေ အိတ်နဲ့အပြည့်တင်ထားတယ်။ ဒီဖော့စဖိတ်တွေက လုပ်ငန်းတွေမှာ သုံးဖို့ဖြစ်တယ်။ ရွာသားတွေဟာ ကားကိုတွေ့တာနဲ့ ဝိုင်းဖွဲ့ပြီး လုယှက်ကြတော့တယ်။ ကားသမားက ရွာသားတွေ လုယှက်တာကိုတွေ့တော့ ကားရပ်ပြီး ကယ်ရီမားရွာထဲအထိ လိုက်သွားတယ်။ ကားရပ်တော့ ရွာသားတွေလုဖို့ ပိုအခွင့်အရေး ရသွားတယ်။ လူတွေက မကြောက်မလန့် ကားတစ်စင်းလုံး ပြောင်သလင်းခါအောင် ပစ္စည်းတွေကို သယ်ယူခဲ့ကြတယ်။

ကားဆရာဟာ ရွာထဲဝင်ပြီး ရွာသားတွေကို ပစ္စည်းပြန်ပေးဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ရွာသားတွေက သူတို့မယူပါဘူးလို့ ငြင်းဆိုကြတယ်။ ကားဆရာဘယ်လို တောင်းပန်တောင်းပန် ပစ္စည်းတွေကို သူတို့ပြန်မပေးခဲ့ကြဘူး။ နောက်ဆုံး ကားဆရာက ဒီအမှုန့်တွေဟာ စားလို့ရတဲ့ ရိုးရိုးသာမန်အမှုန့်တွေ မဟုတ်ကြောင်း၊ လုပ်ငန်းထဲသုံးတဲ့ ဖော့စဖိတ်မှုန့်တွေဖြစ်ကြောင်း၊ အဆိပ်ရှိကြောင်း၊ စားမိရင် သေတတ်ကြောင်း ပြောပြတယ်။ ကားဆရာရဲ့စကားအမှန်ကို ရွာသားတွေ မယုံခဲ့ကြဘူး။ ဒီအမှုန့်တွေဟာ လက်နဲ့ကိုင်ကြည့်တာပဲဖြစ်ဖြစ်၊ အရောင်မှာပဲဖြစ်ဖြစ် စားလို့ရတဲ့အမှုန့်နဲ့ ခွဲလို့မရခဲ့လို့ဖြစ်တယ်။

ရွာသားတွေ သူ့စကားကိုမယုံတော့ ကားဆရာ ဘာဆက်လုပ်ရမှန်းမသိ လန့်သွားခဲ့တယ်။ ရဲကို သူအကြောင်းကြားချင်ပေမယ့် သူရွာကခွာတာနဲ့ ရွာသားတွေ အဲဒီအမှုန့်ကို စားစရာမှတ်ပြီး စားလိုက်မှာလဲ စိုးရိမ်နေခဲ့တယ်။
တစ်အိမ်ချင်း သူလိုက်ရှင်းပြခဲ့တယ်။ ရွာသားတွေရှေ့ဒူးထောက်ပြီး "အဲဒီအမှုန့်ကို မစားပါနဲ့ သေတတ်တယ်"လို့ သူရှင်းပြခဲ့တယ်။ ကားဆရာ အကြိမ်ကြိမ်တောင်းပန်တော့ ရွာသားတချို့က သူ့စကားကို ယုံလာခဲ့ကြတယ်။ လူတချို့က ကြက်ကို အဲဒီအမှုန့် စမ်းကျွေးကြည့်ကြတယ်။ တကယ်ပဲ စားပြီးသိပ်မကြာဘူး ကြက်တကယ်သေသွားတာကို တွေ့ရတယ်။

အဲဒီတခဏ ရွာသားတွေ ထိတ်လန့်သွားကြတယ်။ ပြီးတော့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားမိလိုက်ကြတယ်။ ကားဆရာရဲ့ ပစ္စည်းကိုလုယှက်လို့ ကားဆရာက သူတို့ကိုမုန်းသင့်တယ်။ ဒီအမှုန့်တွေကို စားပြီး သူတို့သေသင့်တယ်၊ ဒါဟာ သူတို့ရထိုက်တဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ သူတို့ထင်ခဲ့တယ်။ ဒါပေမဲ့ ကားဆရာက သူတို့ကို မမုန်းတဲ့အပြင် အမှုန့်ကိုမစားဖို့၊ သူတို့အသက်ကို ကယ်တင်ဖို့ ဒူးထောက်တောင်းပန်ခဲ့တယ်။ ဒီလိုမေတ္တာစိတ်၊ ဒီလို ကြင်နာစိတ်၊ ဒီလို ဂရုစိုက်ခြင်းမျိုးက ရွာသားတွေကို ရှက်ရွံ့စေခဲ့တယ်။ နက်နက်ရှိုင်းရှိုင်း ခံစားစေခဲ့တယ်။ ရွာသားတွေက ဖော့စဖိတ်မှုန့်အားလုံးကို ကားပေါ်ပြန်တင်ပေးလိုက်ကြတယ်

အဲဒီအဖြစ်အပျက်နောက် ကယ်ရီမားရွာသားတွေဟာ ပစ္စည်းထွက်မလုခဲ့ကြတော့ဘူး။ လုဖို့ကြံနေသူတွေကိုလည်း လူတချို့က "ဟိုစိတ်ကောင်းရှိတဲ့ ကားဆရာကို သတိရကြစမ်းပါ။ သူကို ငါတို့ထိခိုက်အောင်လုပ်ခဲ့လည်း သူက ငါတို့တစ်ရွာလုံးရဲ့အသက်ကို ကယ်ခဲ့တယ်။ သူ့ကိုသတိရပြီး တခြားလူကို ထိခိုက်နစ်နာဖို့ ငါတို့ဆက်လုပ်ရက်ကြသေးလား? ငါတို့ဟာ တကယ်ပဲ မကောင်းဆိုးဝါးတွေလား?"လို့ ဆိုခဲ့တယ်။

ကယ်ရီမား အနီးနားက လမ်းမကြီး လုံခြုံသွားပါပြီ။ ရဲတွေရဲ့ ထိန်းချုပ်မှု၊ သက်ဆိုင်ရာလူကြီးတွေရဲ့ ပြုပြင်ထိန်းသိမ်းမှုကြောင့် လုံခြုံသွားတာ မဟုတ်ဘဲ ကားဆရာတစ်ယောက်ရဲ့ အကြင်နာကြောင့် ပြောင်းလဲသွားတာဖြစ်တယ်။
လူရဲ့အကျင့်က ပြောင်းလဲလို့ရတယ်။ သင် ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။

လူရဲ့ကြင်နာမှုက နှိုးဆွလို့ရတယ်။ သင် ဘယ်လိုနှိုးဆွမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။

လူတိုင်းရဲ့ရင်ထဲမှာ ကြင်နာတဲ့ကြိုးတစ်ချောင်းရှိတယ်။ အဲဒီကြိုးကို ချစ်ခြင်းမေတ္တာနဲ့ တီးခတ်မှ သံစဉ်မြည်နိုင်တယ်။ လူတွေရဲ့ကြင်နာမှုကို ရချင်ရင် ပထမဦးဆုံး သင့်ရဲ့ကြင်နာမှုကို ထုတ်သုံးရတယ်။ ဘယ်လောက်ဆိုးဝါးတဲ့လူပဲဖြစ်ဖြစ် သင့်ရဲ့အကြင်နာနဲ့ သူရဲ့အကြင်နာကို နှိုးဆွနိုင်ပြီး ဆိုးဝါးမှုတွေကို ပထုတ်ပေးနိုင်ပါတယ်။

နိုင်နိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။