သောကဖန်ခွက်။
တက္ကသိုလ်တစ်ခုက စိတ်ပညာသင်တဲ့ အတန်းတစ်ခုမှာပါ။ စိတ်ပညာသင်တဲ့ဆရာက သူ့ရှေ့က စားပွဲပေါ်မှာ ရေတစ်ဝက်ဖြည့်ထားတဲ့ ဖန်ခွက်တစ်လုံးတင်လိုက်တယ်။
ကျောင်းသားတွေဟာ ဆရာက သူတို့ကို ဖန်ခွက်ထဲမှာ ရှိတဲ့ရေဟာ တစ်ဝက်ပြည့်နေတာလား၊ တစ်ဝက်လျော့နေတာလားဆိုတဲ့ မေးခွန်းမေးလိမ့်မယ်။ ဒီအကြောင်း ငါတို့ သိပြီးသားပါကွာလို့ တီးတိုးပြောနေကြတယ်။
မကြာခင်မှာပဲ ဆရာက ဖန်ခွက်ကို လက်နဲ့ ကိုင်မြောက်လိုက်ပြီး ကျောင်းသားတွေကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ သူကိုင်ထားတဲ့ ဖန်ခွက်ဟာ အလေးချိန် ဘယ်လောက် ရှိမလဲတဲ့။
ကျောင်းသားတွေက ၅ ကျပ်သား တစ်ဆယ်သား နှစ်ဆယ်သားဆိုပြီး တစ်ယောက်တစ်ပေါက် ဝိုင်းအော်ကြတယ်။
ကျောင်းသားတွေ ခန့်မှန်းပြောတာကြတာတွေ ပြီးဆုံးသွားတဲ့အခါ ဆရာက အခုလို ပြောလိုက်ပါတယ်။
"အမှန်က ဖန်ခွက်ရဲ့အလေးချိန်က အရေးမကြီးပါဘူး။ အရေးကြီးတာက ဖန်ခွက်ကို ဘယ်လောက်ကြာကြာ ဆုပ်ကိုင်မြောက်ထားတယ်ဆိုတာ က
အရေးကြီးတာပါ။ အခု ငါ ဖန်ခွက်ကို ၁၀ မိနစ်လောက် ကိုင်ထားလိုက်မယ်။
အေးအေးဆေးဆေးပါပဲ။ နာရီဝက်လောက် ဆက်ကိုင်ထားလိုက်ရင် လက်မှာ
နည်းနည်းထုံကျင်လာပြီ။ တကယ်လို့ ငါ ၃ နာရီလောက် ဆက်ကိုင်ထားလိုက်ရင်
လက်မောင်း လက်ဖျန် လက်ချောင်းတွေပါ ကိုက်ခဲလာလိမ့်မယ်။
ဆက်မကိုင်နိုင်တော့ပဲ ဖန်ခွက်ကို လွတ်ချမိလိမ့်မယ်။
လူတွေမှာ စိတ်သောက စိတ်ဖိစီးမှုဖြစ်တဲ့ အချိန်တွေ ရှိကြတယ်။ စိတ်ထဲမှာ ခနပဲဖြစ်ရင်တော့ ပြဿနာ မရှိဘူးပေါ့။ စိတ်ထဲမှာ ရက်လကြာရှည်ဖြစ်နေရင် လူ့စိတ်ကို ထိခိုက်လာနိုင်တယ်။ တွေးတာ စဉ်းစားတာတွေဟာ ပုံမှန် မဟုတ်တော့ဘူး။ အဲဒါကို မခံနိုင်တော့လို့ စောစောကပြောတဲ့ ဖန်ခွက်လွတ်ချလိုက်သလို စိတ်ထဲမှာ ပေါက်ကွဲထွက်သွားပြီဆိုရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ်။
ဒါကြောင့်စိတ်သောကဆိုတာ ရင်ထဲမှာ ကြာရှည် မအောင်းထားပါနဲ့။ နည်းလမ်းရှာပြီး ဖြေဖျောက်လိုက်ပါ"တဲ့။
မှတ်ချက်။ အင်တာနက်မှာ တွေ့မိတာလေးကို ရေးပြလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၁၂-၀၇-၂၀၁၆
တက္ကသိုလ်တစ်ခုက စိတ်ပညာသင်တဲ့ အတန်းတစ်ခုမှာပါ။ စိတ်ပညာသင်တဲ့ဆရာက သူ့ရှေ့က စားပွဲပေါ်မှာ ရေတစ်ဝက်ဖြည့်ထားတဲ့ ဖန်ခွက်တစ်လုံးတင်လိုက်တယ်။
ကျောင်းသားတွေဟာ ဆရာက သူတို့ကို ဖန်ခွက်ထဲမှာ ရှိတဲ့ရေဟာ တစ်ဝက်ပြည့်နေတာလား၊ တစ်ဝက်လျော့နေတာလားဆိုတဲ့ မေးခွန်းမေးလိမ့်မယ်။ ဒီအကြောင်း ငါတို့ သိပြီးသားပါကွာလို့ တီးတိုးပြောနေကြတယ်။
မကြာခင်မှာပဲ ဆရာက ဖန်ခွက်ကို လက်နဲ့ ကိုင်မြောက်လိုက်ပြီး ကျောင်းသားတွေကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ သူကိုင်ထားတဲ့ ဖန်ခွက်ဟာ အလေးချိန် ဘယ်လောက် ရှိမလဲတဲ့။
ကျောင်းသားတွေက ၅ ကျပ်သား တစ်ဆယ်သား နှစ်ဆယ်သားဆိုပြီး တစ်ယောက်တစ်ပေါက် ဝိုင်းအော်ကြတယ်။
ကျောင်းသားတွေ ခန့်မှန်းပြောတာကြတာတွေ ပြီးဆုံးသွားတဲ့အခါ ဆရာက အခုလို ပြောလိုက်ပါတယ်။
"အမှန်က ဖန်ခွက်ရဲ့အလေးချိန်က အရေးမကြီးပါဘူး။ အရေးကြီးတာက ဖန်ခွက်ကို ဘယ်လောက်ကြာကြာ ဆုပ်ကိုင်မြောက်ထားတယ်ဆိုတာ
လူတွေမှာ စိတ်သောက စိတ်ဖိစီးမှုဖြစ်တဲ့ အချိန်တွေ ရှိကြတယ်။ စိတ်ထဲမှာ ခနပဲဖြစ်ရင်တော့ ပြဿနာ မရှိဘူးပေါ့။ စိတ်ထဲမှာ ရက်လကြာရှည်ဖြစ်နေရင် လူ့စိတ်ကို ထိခိုက်လာနိုင်တယ်။ တွေးတာ စဉ်းစားတာတွေဟာ ပုံမှန် မဟုတ်တော့ဘူး။ အဲဒါကို မခံနိုင်တော့လို့ စောစောကပြောတဲ့ ဖန်ခွက်လွတ်ချလိုက်သလို စိတ်ထဲမှာ ပေါက်ကွဲထွက်သွားပြီဆိုရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ်။
ဒါကြောင့်စိတ်သောကဆိုတာ ရင်ထဲမှာ ကြာရှည် မအောင်းထားပါနဲ့။ နည်းလမ်းရှာပြီး ဖြေဖျောက်လိုက်ပါ"တဲ့။
မှတ်ချက်။ အင်တာနက်မှာ တွေ့မိတာလေးကို ရေးပြလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၁၂-၀၇-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။