လူမှုကမ္ဘာကို မောင်းနှင်နေတဲ့ နည်းပညာ လက်များ
ကျွန်မတို့ရဲ့ ကမ္ဘာဟာ ငြိမ်သက်နေတာ မဟုတ်ပါဘူး။ အမြဲလမ်းကြောင်းတစ်ခုပေါ် ရွေ့လျားနေပါတယ်။ လမ်းကြောင်း တွေက လည်း တစ်ပြိုင်နက်တည်းမှာ အများကြီးဖြစ်နေတတ်ပါသေးတယ် ။ ဥပမာ- နိုင်ငံရေးလမ်းကြောင်း၊ စီးပွားရေးလမ်းကြောင်း၊ လူမှုရေးလမ်းကြောင်း၊ ယဉ်ကျေးမှုလမ်းကြောင်း၊ နည်းပညာလမ်းကြောင်း စသည်ဖြင့်ပါ။
အဲဒီလမ်းကြောင်းတွေဟာ တစ်ခါတစ်ရံမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတတ်သလို တစ်ခုရဲ့ အကျိုးဂယက်က တစ်ခုအပေါ် အများကြီး သက်ရောက်သွားနိုင်တာမျိုးလည်း ရှိပါတယ်။ နိုင်ငံရေး လမ်းကြောင်းပြောင်းလဲမှုက စီးပွား ရေးလမ်းကြောင်း ရဲ့ မောင်းနှင်အားကို များစွာတွန်းအားပေးနိုင်ပြီး စီးပွားရေးဂယက်ကြောင့်လည်း နိုင်ငံရေးလမ်းကြောင်းတွေ ပြောင်းလဲ နိုင်ပါတယ်။
ဒါကြောင့်လည်း အထက်ဖော်ပြပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ စတဲ့ ပါရာဒိုင်း- Paradigm တွေဟာ တစ်ခုအပေါ်တစ်ခု အကျိုး သက်ရောက်မှုရှိနိုင်သလိုပဲ အပြန် အလှန် မှီခိုပြီးလည်း အညမည သဘောကို ဆောင်နေပါတယ်။
လက်ရှိ ကျွန်မတို့ မြန်မာပြည်ကိုပဲ ကြည့်လိုက်ဦး။ ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှု
အပြီးမှာ စီးပွားရေးလမ်းကြောင်း တချို့ပြောင်းလဲလာပါတယ်၊
လူမှုရေးလမ်းကြောင်းအချို့ ချောမွေ့လာပါတယ်၊ ယဉ်ကျေးမှုစီးကြောင်း ကတော့
သိသိသာသာကို ပွင့်လင်း ပြောင်းလဲလာနေပါတယ်။
ဒီတော့ ကမ္ဘာလုံးချီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိတဲ့
နည်းပညာဆိုတဲ့ အဝန်းအဝိုင်းကွက် ကွက်ကလေးကိုပဲ ကြည့်လိုက်ရအောင်ပါ။
နည်းပညာကမ္ဘာဟာ သေးငယ်မှုကို ကြီးမားကျယ်ပြန့် အောင်၊ ဝေးကွာမှုကို
နီးစပ်လာအောင်၊ မသိမှုတွေကို သိမြင် သဘောပေါက် လာအောင် စတဲ့
ရည်ရွယ်ချက်တွေနဲ့ လျှောက်လှမ်းလျက် ရှိပါတယ်။
အဆိုပါရည်ရွယ်ချက် တွေဆိုတာလည်း နည်းပညာကမ္ဘာက သီးသန့်ချမှတ်ထားတာမဟုတ်ပါဘဲ သူ့ရဲ့အသုံးတည့်မှုတွေထဲက နေ ထုတ်နုတ်လိုက်ရင် အဲဒီရည် ရွယ်ချက်မျိုးတွေက အနှစ်ချုပ် ထွက်လာတာပဲ ဖြစ်ပါတယ်။
လတ်တလော နည်းပညာကမ္ဘာကို စိုးမိုးနေတာတွေကတော့ ကွန်ပျူတာ၊ အင်တာနက်နဲ့ မိုဘိုင်းဖုန်းဆိုတဲ့ သတင်းအချက် အလက် ဆက်သွယ်မှု နည်းပညာပါပဲ။ မြန်မာနိုင်ငံမှာတောင် လက်ရှိ သတင်းအပို့အယူကိစ္စအတွက် ပေါ်ပြူလာအဖြစ်ဆုံး လမ်း ကြောင်းက အင်တာနက်ဖြစ်လာပါ ပြီ။
မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကို အလွယ်တကူ အသုံးပြုနိုင်ခြင်းကလည်း အဲဒီလမ်းကြောင်းကို ရှေ့ရောက်အောင် တွန်းအားပေးပါ တယ်။ ဒါကြောင့်လည်း အင်တာနက်နဲ့ မိုဘိုင်းဆက်သွယ်မှုဟာ အချိန်မရွေး၊ နေရာမရွေး သတင်း ပေးပို့နိုင်၊ သတင်းယူနိုင်မယ့် ပလက်ဖောင်း- Platform တစ်ခု ဖြစ်လာပါတယ်။
သတင်းအချက်အလက် ဆက်သွယ်မှုကဏ္ဍအတွက် ပြည်သူတွေရဲ့အသုံးချမှုမှာ မိုဘိုင်းဖုန်း ဆက်သွယ်မှုနဲ့ အင်တာနက်ဆိုပြီး ပလက်ဖောင်းနှစ်ခုရှိရာမှာလည်း
အင်တာနက်ကို ပိုပြီးအသုံးများကြပါတယ်။ ကုန်ကျစရိတ်သက်သာမှုက အဓိကအချက်ပါ။
မိုဘိုင်းဖုန်း တစ်မိနစ်သုံးစွဲခနဲ့ အင်တာနက် တစ်မိနစ်သုံးစွဲခက
တော်တော်လေး ကွာဟနေတာကြောင့် ဆက် သွယ်မှုလမ်းကြောင်း မှာ အင်တာ နက်က
ရှေ့ရောက်လာပါတော့တယ်။
အင်တာနက်နဲ့ သတင်း အချက်အလက် အသုံးပြုရာမှာလည်း နောက်ထပ် ပလက်ဖောင်းတွေ ရှိပါသေးတယ်။ နိုင်ငံပိုင် သတင်းဝက်ဘ်ဆိုက်တွေ၊ ပုဂ္ဂလိက သတင်းဝက်ဘ်ဆိုက်တွေအပြင် လူ မှုကွန်ရက်တွေကတစ်ဆင့် သတင်း ဖြန့်ချိခြင်းကလည်း ဒီနေ့ အင် တာနက်လောကမှာ သတိကောင်း ကောင်း ပြုမိလောက်တဲ့ ပြောင်းလဲ မှုတစ်ခုပါ။
လူမှုကွန်ရက်တွေကို သတင်းအတွက် အသုံးချရာမှာ အထင်ရှားဆုံးဖြစ်သွားတဲ့ ဖြစ်ရပ်ကတော့ အိုဘားမားနဲ့ မစ်ရွန်နေး တို့ရဲ့ ၂ဝဝ၈ သမ္မတရွေးကောက် ပွဲ မဲဆွယ် Campaign တွေ ဖြစ်ပါ တယ်။ အဲဒီတုန်းက အမေရိကမှာ သာမက ကမ္ဘာတစ်လွှားမှာပါ လှုပ် လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ အပြောင်းအလဲ- Change ဆိုတဲ့ စကားလုံးကို အနိုင်ရရှိသွားတဲ့ အိုဘားမားက လူမှုကွန်ရက် တွစ်တာ - Twitter ကတစ်ဆင့် အဓိကဖြန့်ဝေခဲ့ပါတယ်။ အဲဒီစကားလုံး ကြောင့်ပဲ အမေရိကပြည်သူတွေ ရဲ့ မျှော်လင့်ချက်တွေ ကို တောက် ပစေ ခဲ့ပြီး အိုဘားမားကြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ တွစ်တာ၊ ဖေ့စ်ဘုတ်- Facebook စတဲ့ လူမှုကွန်ရက်တွေဟာ လူမှုရေးကိစ္စ တွေအတွက်တင် မဟုတ်တော့ ဘဲ နိုင်ငံရေးနဲ့ စီးပွားရေးလောကအတွက်ပါ အရေးပါတဲ့ ပလေယာ- Player ဖြစ်လာပါတော့တယ်။
မြန်မာနိုင်ငံမှာတော့ အဓိကသုံးကြတဲ့ လူမှုကွန်ရက်က အားလုံးသိတဲ့ ဖေ့စ်ဘုတ်ပါ။ ဖေ့စ်ဘုတ်ပြီးရင် တွစ်တာနဲ့ LinkedIn တို့ကိုလည်း သုံးကြပါတယ်။ ရန်ကုန်မြို့ရဲ့လူဦးရေ ငါးသန်းကျော်မှာ ငါးသိန်းလောက်က အင်တာနက်သုံးစွဲကြပြီး အင်တာနက်သုံးစွဲ သူ ၈ဝ ရာခိုင်နှုန်းက Facebook ကို သုံးကြတယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက် စီးဆင်းမှုမှာ ဖေ့စ်ဘုတ်က ရှေ့ကို ရောက်လာတယ်လို့ ဆိုရပါ မယ်။ ဖေ့စ်ဘုတ် ကို သုံးကြသူတွေထဲမှာလည်း ပုဂ္ဂလိကသတင်းဌာနတွေ၊ တစ်ကိုယ်ရည်တစ်ကာယ သတင်း လိုက်သူတွေ တစ်နည်းအားဖြင့် Citizen Journalist တွေအပြင် အစိုးရ သတင်းထုတ်ပြန်သူတွေ လည်း ပါဝင်နေကြပါတယ်။
ဒါတွေကတော့ လူမှုရေး လမ်းကြောင်းကို သိသိသာသာ ပြောင်းသွားစေတဲ့ နည်းပညာ မောင်းနှင်မှုတစ်ခု ဖြစ်ပါတယ်။
နောက်ထပ် မောင်းနှင် အားတစ်ခုက မိုဘိုင်းဖုန်း ဆက်သွယ်မှုပါ။ မိုဘိုင်းဖုန်းဆိုတာ အရင်က မြန်မာပြည်မှာဆို ဆယ့် ငါးသိန်းပေး ဝယ်ရတဲ့ ဇိမ်ခံပစ္စည်း တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါတောင် ဆယ့်ငါးသိန်းဆိုတာ ပြင်ပပေါက် ဈေးမဟုတ်သေးပါဘူး။
လောလောဆယ်မှာတော့ မိုဘိုင်းဖုန်းဟာ တချို့ပြည်သူတွေအတွက် လက်လှမ်းမီလာတဲ့ အသုံးချပစ္စည်းတစ်ခု ဖြစ်လာပါပြီ။ နောက် ထပ်လည်း Sim Card တွေကို အလွယ်တကူ လက်လှမ်းမီနိုင်တဲ့ဈေးနဲ့ ထပ်ပြီးဖြန့်ပေးဦးမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တယ်လီ ကွန်း- Telecom ကုမ္ပဏီတွေအတွက်လည်း အခွင့်အလမ်းတွေ ပိုပြီးပွင့်လန်းလာဦးမှာ အသေအချာပါပဲ။ ဒါကတော့ နည်း ပညာကြောင့် ပြောင်းလဲသွားမယ့် စီးပွားရေးနဲ့ လူမှုရေးတွေပေါ့။
အဲဒီလို အပြောင်းအလဲ ဂယက်တွေကြားမှာ နည်းပညာဆိုတဲ့ ပလေယာကတော့ ကြာလေ နေရာယူလာလေ ဖြစ်နေပါပြီ။ နည်းပညာ ဆိုတာကို စေ့စေ့ငုငု မသိရင်တောင် အထက်မြင်လို့ခေါ်တဲ့ အပေါ်ယံ ခြုံငုံသိလေး သိထားမှကို ဖြစ်တော့ မယ့်ခေတ် ဖြစ် နေ သလို ပါပဲ။ Policy Maker တွေ အနေနဲ့ဆို နည်းပညာနဲ့ယဉ်ပါးဖို့ ပိုလို့တောင် လိုအပ်နေပါတယ်။
ခေတ်နဲ့လိုက်လျောညီထွေ၊ နေသားတကျ နေထိုင်လှုပ်ရှားနိုင်ကာမှ ခြေတစ်လှမ်းနောက်ကျ မကျန်ခဲ့မှာဖြစ်လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေမှာ အမြဲခေတ်မီနေစေဖို့ နည်းပညာ ပင်လယ်ထဲမှာ ရှင်သန်ကူးခတ် သွားနိုင်ဖို့က အရေးကြီးနေပါတယ်။
ဘာကြောင့်လဲဆို လက်ရှိ ကျွန်မတို့ကမ္ဘာကို အများဆုံးမောင်းနှင်လျက်ရှိ တာ နည်းပညာ ဆိုတဲ့ Technology ပဲ ဖြစ်နေ ပါ ကြောင်း ရေးသားလိုက်ပါတယ်။
ကလျာ အိအိလွင်
ကျွန်မတို့ရဲ့ ကမ္ဘာဟာ ငြိမ်သက်နေတာ မဟုတ်ပါဘူး။ အမြဲလမ်းကြောင်းတစ်ခုပေါ် ရွေ့လျားနေပါတယ်။ လမ်းကြောင်း တွေက လည်း တစ်ပြိုင်နက်တည်းမှာ အများကြီးဖြစ်နေတတ်ပါသေးတယ်
အဲဒီလမ်းကြောင်းတွေဟာ တစ်ခါတစ်ရံမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတတ်သလို တစ်ခုရဲ့ အကျိုးဂယက်က တစ်ခုအပေါ် အများကြီး သက်ရောက်သွားနိုင်တာမျိုးလည
ဒါကြောင့်လည်း အထက်ဖော်ပြပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ စတဲ့ ပါရာဒိုင်း- Paradigm တွေဟာ တစ်ခုအပေါ်တစ်ခု အကျိုး သက်ရောက်မှုရှိနိုင်သလိုပဲ အပြန် အလှန် မှီခိုပြီးလည်း အညမည သဘောကို ဆောင်နေပါတယ်။
လက်ရှိ ကျွန်မတို့ မြန်မာပြည်ကိုပဲ ကြည့်လိုက်ဦး။ ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲ
ဒီတော့ ကမ္ဘာလုံးချီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိတဲ့
အဆိုပါရည်ရွယ်ချက် တွေဆိုတာလည်း နည်းပညာကမ္ဘာက သီးသန့်ချမှတ်ထားတာမဟုတ်ပါဘ
လတ်တလော နည်းပညာကမ္ဘာကို စိုးမိုးနေတာတွေကတော့ ကွန်ပျူတာ၊ အင်တာနက်နဲ့ မိုဘိုင်းဖုန်းဆိုတဲ့ သတင်းအချက် အလက် ဆက်သွယ်မှု နည်းပညာပါပဲ။ မြန်မာနိုင်ငံမှာတောင် လက်ရှိ သတင်းအပို့အယူကိစ္စအတွက် ပေါ်ပြူလာအဖြစ်ဆုံး လမ်း ကြောင်းက အင်တာနက်ဖြစ်လာပါ ပြီ။
မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကို အလွယ်တကူ အသုံးပြုနိုင်ခြင်းကလည်း အဲဒီလမ်းကြောင်းကို ရှေ့ရောက်အောင် တွန်းအားပေးပါ တယ်။ ဒါကြောင့်လည်း အင်တာနက်နဲ့ မိုဘိုင်းဆက်သွယ်မှုဟာ အချိန်မရွေး၊ နေရာမရွေး သတင်း ပေးပို့နိုင်၊ သတင်းယူနိုင်မယ့် ပလက်ဖောင်း- Platform တစ်ခု ဖြစ်လာပါတယ်။
သတင်းအချက်အလက် ဆက်သွယ်မှုကဏ္ဍအတွက် ပြည်သူတွေရဲ့အသုံးချမှုမှာ မိုဘိုင်းဖုန်း ဆက်သွယ်မှုနဲ့ အင်တာနက်ဆိုပြီး ပလက်ဖောင်းနှစ်ခုရှိရာမှာလည
အင်တာနက်နဲ့ သတင်း အချက်အလက် အသုံးပြုရာမှာလည်း နောက်ထပ် ပလက်ဖောင်းတွေ ရှိပါသေးတယ်။ နိုင်ငံပိုင် သတင်းဝက်ဘ်ဆိုက်တွေ၊ ပုဂ္ဂလိက သတင်းဝက်ဘ်ဆိုက်တွေအပြင် လူ မှုကွန်ရက်တွေကတစ်ဆင့် သတင်း ဖြန့်ချိခြင်းကလည်း ဒီနေ့ အင် တာနက်လောကမှာ သတိကောင်း ကောင်း ပြုမိလောက်တဲ့ ပြောင်းလဲ မှုတစ်ခုပါ။
လူမှုကွန်ရက်တွေကို သတင်းအတွက် အသုံးချရာမှာ အထင်ရှားဆုံးဖြစ်သွားတဲ့ ဖြစ်ရပ်ကတော့ အိုဘားမားနဲ့ မစ်ရွန်နေး တို့ရဲ့ ၂ဝဝ၈ သမ္မတရွေးကောက် ပွဲ မဲဆွယ် Campaign တွေ ဖြစ်ပါ တယ်။ အဲဒီတုန်းက အမေရိကမှာ သာမက ကမ္ဘာတစ်လွှားမှာပါ လှုပ် လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ အပြောင်းအလဲ- Change ဆိုတဲ့ စကားလုံးကို အနိုင်ရရှိသွားတဲ့ အိုဘားမားက လူမှုကွန်ရက် တွစ်တာ - Twitter ကတစ်ဆင့် အဓိကဖြန့်ဝေခဲ့ပါတယ်။ အဲဒီစကားလုံး ကြောင့်ပဲ အမေရိကပြည်သူတွေ ရဲ့ မျှော်လင့်ချက်တွေ ကို တောက် ပစေ ခဲ့ပြီး အိုဘားမားကြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ တွစ်တာ၊ ဖေ့စ်ဘုတ်- Facebook စတဲ့ လူမှုကွန်ရက်တွေဟာ လူမှုရေးကိစ္စ တွေအတွက်တင် မဟုတ်တော့ ဘဲ နိုင်ငံရေးနဲ့ စီးပွားရေးလောကအတွက်ပါ အရေးပါတဲ့ ပလေယာ- Player ဖြစ်လာပါတော့တယ်။
မြန်မာနိုင်ငံမှာတော့ အဓိကသုံးကြတဲ့ လူမှုကွန်ရက်က အားလုံးသိတဲ့ ဖေ့စ်ဘုတ်ပါ။ ဖေ့စ်ဘုတ်ပြီးရင် တွစ်တာနဲ့ LinkedIn တို့ကိုလည်း သုံးကြပါတယ်။ ရန်ကုန်မြို့ရဲ့လူဦးရေ ငါးသန်းကျော်မှာ ငါးသိန်းလောက်က အင်တာနက်သုံးစွဲကြပြီး အင်တာနက်သုံးစွဲ သူ ၈ဝ ရာခိုင်နှုန်းက Facebook ကို သုံးကြတယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက် စီးဆင်းမှုမှာ ဖေ့စ်ဘုတ်က ရှေ့ကို ရောက်လာတယ်လို့ ဆိုရပါ မယ်။ ဖေ့စ်ဘုတ် ကို သုံးကြသူတွေထဲမှာလည်း ပုဂ္ဂလိကသတင်းဌာနတွေ၊ တစ်ကိုယ်ရည်တစ်ကာယ သတင်း လိုက်သူတွေ တစ်နည်းအားဖြင့် Citizen Journalist တွေအပြင် အစိုးရ သတင်းထုတ်ပြန်သူတွေ လည်း ပါဝင်နေကြပါတယ်။
ဒါတွေကတော့ လူမှုရေး လမ်းကြောင်းကို သိသိသာသာ ပြောင်းသွားစေတဲ့ နည်းပညာ မောင်းနှင်မှုတစ်ခု ဖြစ်ပါတယ်။
နောက်ထပ် မောင်းနှင် အားတစ်ခုက မိုဘိုင်းဖုန်း ဆက်သွယ်မှုပါ။ မိုဘိုင်းဖုန်းဆိုတာ အရင်က မြန်မာပြည်မှာဆို ဆယ့် ငါးသိန်းပေး ဝယ်ရတဲ့ ဇိမ်ခံပစ္စည်း တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါတောင် ဆယ့်ငါးသိန်းဆိုတာ ပြင်ပပေါက် ဈေးမဟုတ်သေးပါဘူး။
လောလောဆယ်မှာတော့ မိုဘိုင်းဖုန်းဟာ တချို့ပြည်သူတွေအတွက် လက်လှမ်းမီလာတဲ့ အသုံးချပစ္စည်းတစ်ခု ဖြစ်လာပါပြီ။ နောက် ထပ်လည်း Sim Card တွေကို အလွယ်တကူ လက်လှမ်းမီနိုင်တဲ့ဈေးနဲ့ ထပ်ပြီးဖြန့်ပေးဦးမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တယ်လီ ကွန်း- Telecom ကုမ္ပဏီတွေအတွက်လည်း အခွင့်အလမ်းတွေ ပိုပြီးပွင့်လန်းလာဦးမှာ အသေအချာပါပဲ။ ဒါကတော့ နည်း ပညာကြောင့် ပြောင်းလဲသွားမယ့် စီးပွားရေးနဲ့ လူမှုရေးတွေပေါ့။
အဲဒီလို အပြောင်းအလဲ ဂယက်တွေကြားမှာ နည်းပညာဆိုတဲ့ ပလေယာကတော့ ကြာလေ နေရာယူလာလေ ဖြစ်နေပါပြီ။ နည်းပညာ ဆိုတာကို စေ့စေ့ငုငု မသိရင်တောင် အထက်မြင်လို့ခေါ်တဲ့ အပေါ်ယံ ခြုံငုံသိလေး သိထားမှကို ဖြစ်တော့ မယ့်ခေတ် ဖြစ် နေ သလို ပါပဲ။ Policy Maker တွေ အနေနဲ့ဆို နည်းပညာနဲ့ယဉ်ပါးဖို့ ပိုလို့တောင် လိုအပ်နေပါတယ်။
ခေတ်နဲ့လိုက်လျောညီထွေ၊ နေသားတကျ နေထိုင်လှုပ်ရှားနိုင်ကာမှ ခြေတစ်လှမ်းနောက်ကျ မကျန်ခဲ့မှာဖြစ်လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေမှာ အမြဲခေတ်မီနေစေဖို့ နည်းပညာ ပင်လယ်ထဲမှာ ရှင်သန်ကူးခတ် သွားနိုင်ဖို့က အရေးကြီးနေပါတယ်။
ဘာကြောင့်လဲဆို လက်ရှိ ကျွန်မတို့ကမ္ဘာကို အများဆုံးမောင်းနှင်လျက်ရှိ
ကလျာ အိအိလွင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။