(အောင်အောင်(IR))
စာဖတ်သူအချို့က စာရေးသူကို ခုတလော The Voice မှာ ပညာရေးဆောင်းပါးတွေ မရေးတော့ဘူးလားလို့ မေးကြပါတယ်။ တချို့ကလည်း The Voice ရဲ့ ပညာရေးကဏ္ဍမှာ အပတ်စဉ် ဖော်ပြတာတွေကို စာရေးသူရေးတယ် ထင်ပြီး မေးလာကြတာတွေ ရှိပါတယ်။ စာရေးသူ ပညာရေးဆောင်းပါးတွေကို ရံဖန်ရံခါမှသာ ရေးဖြစ်ပါတယ်။ ရေးရင်လည်း ကိုယ်ရခ...ဲ့တဲ့ ပညာသင်ဆုတွေအပေါ် အခြေခံပြီး ကိုယ့်ရဲ့ ပြည်တွင်းပြည်ပ အတွေ့အကြုံနဲ့ ပေါင်းစပ်ရေးခဲ့တာ များပါတယ်။ အဲဒါက ကိုယ်တကယ်ရခဲ့တာ၊ ဖြစ်ခဲ့တာကို စာဖတ်သူတွေ ရစေချင်၊ ဖြစ်စေချင်လို့ပါ။ စာရေးသူ ပညာသင်ဆုအကြောင်းတွေ၊ နိုင်ငံခြားတက္ကသိုလ် အကြောင်းတွေ တစ်ခုပြီးတစ်ခု ရေးနေရင်ရပါတယ်။ ဒါပေမဲ့ ဒီပညာသင်ဆု သတင်းတွေဆို အပတ်စဉ်ထုတ်ဂျာနယ် အတော်များများမှာလည်း ပါနေတာမို့ အထွေအထူး အကျယ်ချဲ့ရေးနေစရာ မလိုပါဘူး။ ဘာသာပြန်ရုံ သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ ပညာသင်ဆုရှိတဲ့ Website တွေဆီသွား၊ လိုအပ်ချက် (Requirement) တွေဖတ်၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင် On-Line က တဆင့် လျှောက်လွှာတင်ရုံပါပဲ။ တင်တယ်မရဘူးဆိုတာ တင်တိုင်းတော့ ဘယ်ရမလဲ။ လိုအပ်ချက်တွေ မပြည့်စုံလို့လည်း ဖြစ်ချင်ဖြစ်မယ်။ အရေးအသား အချိတ်အဆက် အားနည်းလို့လည်း ဖြစ်ချင်ဖြစ်ပါမယ်။ အရင်ဆောင်းပါးတွေမှာ ပညာသင်ဆု ဘယ်လိုလျှောက်ရမလဲဆိုတာ ရေးခဲ့ပါတယ်။ The Voice က ခြောက်ပတ်ဆက်တိုက် ဖော်ပြခဲ့ပါတယ်။ အခုဆောင်းပါးက အရင်ဆောင်းပါးရဲ့ အဆက် မဟုတ်ပေမယ့် ဒီဆောင်းပါးမျာ လူငယ်တွေရဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းသာမက နေထိုင်တွေးခေါ်မှု အတွက်ပါ အထောက်အကူဖြစ်မယ့် အချက်အလက်အချို့ကို ဝေမျှပါမယ်။ စာရေးသူရဲ့ ပြည်တွင်းပြည်ပ အတွေ့အကြုံတွေအပေါ် အခြေခံရေးသားထားတာမို့လို့ ဆောင်းပါးခေါင်းစဉ်နဲ့ မသက်ဆိုင်တာ တွေလည်း ပါချင်ပါမယ်။ ဒီတော့ ဒီဆောင်းပါးက ပညာရေးနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် ပညာရေးကိုသွယ်ဝိုက် အထောက်အကူဖြစ်စေမယ့် လူငယ်ဖွံ့ ဖြိုးရေး ဆောင်းပါးလို့ မှတ်ပေးပါ။
အတွေးအခေါ်
...............
အခုအချိန်ဟာ မြန်မာပြည်ရဲ့ အပြောင်းအလဲကာလ ဖြစ်တယ်။ အရင်က မရေးရဲတာတွေ ရေးရဲလာတယ်။ မပြောရဲ တာတွေ ပြောရဲလာတယ် ဆိုတော့ အရင်က မတွေးရဲတာတွေလည်း တွေးရဲလာရမယ်။ ဆိုလိုတာ ကိုယ့်အတွေးအခေါ်တွေ ပြောင်း သင့်ရင်ပြောင်းပစ်ရမယ်။ ပညာရေးကို လူမှုရေးနဲ့ ချိတ်ဆက်ရမယ် လူမှုရေးကို နိုင်ငံရေးနဲ့ ချိတ်ဆက်ရမယ်။ ဆိုလိုတာ နိုင်ငံရေးလုပ်လို့ ပြောတာမဟုတ်ဘူး။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆက်စပ် တွေးခေါ် တတ်ရမယ်။ ပညာရေးကောင်းမှ လူမှုရေး ဖွံ့ဖြိုးမယ်။ လူမှုရေးဖွံ့ဖြိုးမှ နိုင်ငံရေး တိုးတက်မယ်။ နိုင်ငံရေးမှာ ပဋိပက္ခတွေ နည်းလာမယ်။ သုတေသန (Research) တွေများများ လုပ်ရမယ်။ ဝေဖန်စစ်ကြောတဲ့ အလေ့အကျင့်ကို များများမွေးရမယ်။ တစ်သက် လုံးမှန်တယ်လို့ထင်တဲ့ အရာဟာ မှားချင်လည်း မှားနေလိမ့်မယ်။
နိုင်ငံခြားမှာ အနောက်မှာပဲဖြစ်ဖြစ်၊ အရှေ့မှာပဲဖြစ်ဖြစ် တိုးတက်တယ်ဆိုတာ သုတေသနတွေလုပ်လို့ တိုးတက်တာ၊ သူတို့ဆီမှာ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေက သုတေသနအတွက် ငွေတွေပြန်သုံးတာ၊ မြှုပ်နှံတာ မနည်းဘူး။ အဲဒီတော့ သူတို့ဆီမှာ Think-tank ဆိုတာတွေ နေရာတကာမှာ ပေါ်လာတယ်။ Think-tank ဆိုတာ စဉ်းစားတွေးခေါ် မြော်မြင်နေတာ၊ တွေးခေါ်မြော်မြင်တတ်တာကို ညွှန်းတာ၊ အဖွဲ့အစည်း တစ်ခုက Think-tank ဖြစ်နိုင်သလို လူတစ်ဦးတစ်ယောက်ချင်းကလည်း
အမူအကျင့်
............
ကျွန်တော် ကိုရီးယားမှာ ကျောင်းတက်တော့ ကျွန်တော့်သူငယ်ချင်း ကိုရီးယား ကျောင်းသားကို အင်တာနက်ကတစ်ဆင့် ကျွန်တော်တို့ဆီမှာ နာမည်ကြီးနေတဲ့ မော်ဒယ်လ်မင်းသမီး တစ်ယောက်ကို ပြတယ်။ ဒါငါတို့ဆီက မော်ဒယ်လ်ပေါ့။ သူက ဓါတ်ပုံကို ခြေအစခေါင်းအဆုံး သေချာ ကြည့်ပြီး “လှလည်းမလှဘူး” လို့ ခပ်တိတိပဲ မှတ်ချက်ချပါတယ်။ လက်ကမသွယ်ဘူး။ ခြေဆစ်ကြီးတယ်။ အသားအရည် မစိုဘူး စသဖြင့်ပေါ့ဗျာ။ ကျွန်တော်လည်း ဒါ ငါတို့ဆီက သာမန်မိန်းကလေး တစ်ယောက်၊ တက်သစ်စတစ်ယောက် ဆိုပြီး ခပ်တည်တည်နဲ့ လျှောချရတာပေါ့။ ဟုတ်တော့ ဟုတ်တယ်။ သူတို့ ကိုရီးယားမှာ အလှအပ ဆိုတာ အသေးစိတ်ကအစ ကြည့်တယ်။ ခြေသည်းလက်သည်း၊ သွား၊ သွားဖုံးကအစ ကြည့်တယ်။ တစ်နေ့ကို သွားအနည်းဆုံး သုံးကြိမ် တိုက်တယ်။ ကျောင်းမှာဆို နေ့လယ်ဘက် အမျိုးသမီး၊ အမျိုးသားအိမ်သာမှာ သွားတိုက်နေတဲ့ ကျောင်းသားကျောင်းသူတွေ ပြည့်နေတယ်။ ကိုရီးယားမှာ တကယ်လှတဲ့ မိန်းကလေးတွေ ခဏခဏ တွေ့ရတယ်။ ကျောင်းမှာ၊ ဘတ်စ်ကားဂိတ်မှာ ဘယ်သူက အရပ်သူလဲ၊ မော်ဒယ်လ်လဲ၊ မင်းသမီးလဲ ခွဲလို့မရဘူး။ ကိုရီးယားမလေးတွေ လှတယ် ဆိုပေမယ့် ခြွင်းချက်တော့ရှိပါတယ်။
ကျွန်တော့်မိတ်ဆွေ ကိုရီးယား ကျောင်းသားကတော့ သူတို့ ကိုရီးယား အမျိုးသားတွေ ကိုရီးယားမိန်းကလေးတွေ ကို သိပ်ပြီး သဘောမကျလှ ပါဘူးတဲ့။ အမျိုးသမီး ၆၀ ရာခိုင်နှုန်းမက က ပလပ်စတစ် ဆာဂျီရီတွေသုံးပြီး သူတို့မျက်နှာတွေ ပြုပြင်ထားလို့ အမျိုးသားတွေအနေနဲ့ သဘာဝ အစစ်အမှန် အလှအပကိုသာ လိုချင်ပါသတဲ့။ ကျွန်တော်တို့ဆီမှာကော သဘာဝအလှအပ နဲ့ မိန်းကလေးတွေ အများအပြားတော့ ရှိပါရဲ့။ ဒါပေမဲ့ ဒီမှာကဆင်းရဲတယ်မို့လား။ ပတ်ဝန်းကျင်ကိုက ဖုန်ထူခြင်ကိုက်လေ။ အထူးသဖြင့် နယ်မှာပေါ့ဗျာ။ မိန်းကလေး အများစုက စမတ်ကျကျ ဘယ်နေနိုင်ပါ့မလဲ ဗျာ။ ဒီကြားထဲ ကိုယ်နဲ့ မလိုက်တာတွေ ဝတ်တော့ပိုဆိုးတာပေါ့။ ဝတ်လိုက်ကာမှ လိမ်းလိုက်ကာမှ နဂိုအလှပျက်ပြီး ပြူးပြူးပြဲပြဲ ဖြစ်နေတာတွေ ခဏခဏတွေ့ရတယ်။
စာရေးသူတို့နိုင်ငံရဲ့ ကျောင်းတွေမှာ လူရှေ့သူရှေ့ ဘယ်လိုပြုမူ နေထိုင်ရမယ်ဆို တာ ဘာသာရပ်တစ်ရပ် အနေနဲ့ သင်ကြား ပေးစေချင်တယ်။ ရုပ်ကော၊ စိတ်ကော၊ အမူအကျင့်ကော ပြုပြင်နိုင်မှ နိုင်ငံတကာကို ဝင်ဆံ့နိုင်မယ်။ စာရေးသူတို့ဝတ်တဲ့ ပုဆိုး ထမီဆိုတာ ရိုရိုသေသေ သပ်သပ်ရပ်ရပ် မဝတ်တတ်ရင် လက်နှီးစုတ်ပဲ။ နိုင်ငံခြားက ဘောင်းဘီ၊ စကတ်ဆိုတာက ခဏခဏ ပြင်ဝတ်စရာမလိုဘူး။ ရှေ့နဲ့နောက်၊ အပေါ်နဲ့အောက် မှားစရာမရှိဘူး။ ကျွန်တော်တို့ ဆီမှာတော့ လူရှေ့သူရှေ့လည်း ပုဆိုး၊ ထမီ ဖြန့်ဝတ်တာပဲ။ တချို့ဆို ထိုင်ခုံက တစ်ခါထ တစ်ခါဝတ်၊ နိုင်ငံခြားသားတွေ အမြင်မှာ တော့ အတော် ကိုးလို့ကန့်လန့်နိုင်တယ်။ လိင်ပိုင်းဆိုင်ရာ လစ်ဟာပြသတယ်။ ဆွဲဆောင်တယ် ထင်မှာပေါ့။ ဒါမှမဟုတ် အနံ့ထုတ်တယ်လို့ ထင်မလား။ ပုဆိုး၊ ထမီဆိုလို့ အမေရိကား အတွေ့အကြုံတစ်ခုကို ရေးချင်တယ်။ ကျွန်တော် ၂၀၁၀ ပြည့်နှစ်မှာ အလုပ် သင်အနေနဲ့ နယူးယော့ပြည်နယ်ရဲ့ မြို့တစ် မြို့မှာ မြန်မာပြည်ကလာတဲ့ ဒုက္ခသည်တွေ ကို ကူညီစောင့်ရှောက်တဲ့ အမေရိကန် အေဂျင်စီ တစ်ခုမှာ အလုပ်လုပ်ရတယ်။ သုံးလကြာခဲ့တယ်။ အဲဒီမှာ ရုံးကိုခဏခဏ လာတဲ့ မြန်မာတိုင်းရင်းသူ အမျိုးသမီး တစ်ယောက် ကျောင်းစိမ်းထမီဝတ်ဝတ် လာတာ သတိထားမိတယ်။ ခဏခဏ ဝတ်ပုံရတယ်။ ခပ်နွမ်းနွမ်း ခပ်ကြေကြေ၊ ဒီကြားထဲ ထမီက ခဏခဏဖြန့်ဝတ်၊ ကျွန်တော် စုံစမ်းကြည့်တော့ ခုမှရောက်တာ မဟုတ်ဘူး။ အမေရိကားကို ရောက်နေတာ ခြောက်လမက ရှိတော့မယ်။
တစ်ရက်သူ့ကို ရုံးမှာသီးသန့်ချိန်းပြီး နေပုံ၊ ထိုင်ပုံ ပြောင်းလဲဖို့ ဆွေးနွေးရတယ်။ အဲဒီက အမေရိကန်တွေက စာရေးသူကို မြန်မာပြည်ကလာတဲ့ သူတွေက အလွယ်တကူ ပြောင်းလဲမသွားဘူး။ မပြောင်းလဲဘူး ဆိုတာ ယဉ်ကျေးမှုတို့ ဘာတို့ကို ပြောတာမဟုတ်ဘူးနော်။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား အမူအကျင့် ဓလေ့စရိုက်ကို ပြောတာ။ အရင်အမူအကျင့်တွေ အတိုင်းပဲ နေကြတာများတယ်လို့ ပြောတယ်။ အမေရိကန်မိတ်ဆွေတွေ အဆိုအရ သူတို့ ကမ္ဘောဒီယားတို့၊ လာအိုတို့ကလာတဲ့ ဒုက္ခသည်တွေကိုလည်း လက်ခံကူညီ ဖူးတယ်။ ခြောက်လ၊ တစ်နှစ်လောက်ဆိုရင် အဲဒီဒုက္ခသည်တွေ နေသားတကျ ဖြစ်သွားကြတယ်။ အသွင်သဏ္ဌာန် ပြောင်းလဲသွား တယ်။ တဖြည်းဖြည်း ဒုက္ခသည်ကူညီ ထောက်ပံ့ရေးရုံးနဲ့ အဆက်ပြတ်ပြီး သူတို့ လူ့အဖွဲ့အစည်းကို သူတို့ အမေရိကားမှာ အောင်အောင်မြင်မြင် တည်ဆောက်သွားကြတယ် ဆိုပဲ။ ကျွန်တော်တို့ မြန်မာတွေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းချင်တယ် ဆိုရင် အများကြီး ပြုပြင်ကြရလိမ့်မယ်။
အတုခိုးပါ၊ ကိုယ်ပိုင်မှုပြုပါ
..........................
လူတစ်ယောက်မှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိတယ်။ ကိုယ်က ဘာအားနည်းတယ်။ ဘာအားသာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံး။ လိုအပ်ရင် တစ်ပါးသူဆီက အတုခိုးရတယ်။ ဂျပန်လူမျိုး တွေဟာ သူတို့ရဲ့ အားနည်းချက်၊ အားသာ ချက်ကို ကောင်းကောင်းသိတဲ့ အတွက် ကြိုးစားကြံဆ လုပ်ကိုင်ကြရင်း ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်အဟုန်မပျက် မြန်မြန်ဆန်ဆန်ရှိခဲ့တယ်။ သူများဆီက အတုခိုးတဲ့ နေရာမှာ အရမ်းတော်တယ်။ ယူလို့ယူလိုက်မှန်းတောင် မသိလိုက်ကြဘူး။ နောက် ဂျပန်မှုပြု၊ ဂျပန်စိတ်ဓာတ်နဲ့ ပေါင်းစပ်ပြီး အစကနဦးပိုင်ရှင်တွေ ဖြစ်တဲ့ သူများနိုင်ငံမှာ မအောင်မြင်တဲ့ ကိစ္စရပ်တွေ ဂျပန်မှာ အောင်မြင်တာ အများကြီးရှိတယ်။ ရေရှည်တည်တဲ့နေတာ အများကြီးရှိတယ်။ စာရေးသူ အစိုးရဘဏ်တစ်ခုမှာ အလုပ်ဝင်တော့ ဆက်သွယ်ရေးဌာန (Telex Section) မှာ တာဝန်ကျတယ်။ စာရေးသူတို့ ဘဏ်က နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ထားတာ ဆိုတော့ နေ့စဉ် ကမ္ဘာအနှံ့ကစာ (telex message) တွေ ဝင်တယ်။ ဒီတော့ နေ့စဉ် ဒီစာတွေကို အင်္ဂလိပ်လိုဖတ်ရတယ်။ ပြန်ပို့ရတယ်။ စာရေးသူက ဖတ်ရုံ၊ ပြန်ရုံ တင်မဟုတ်ဘူး။ သူတို့ဆီက ကောင်းတဲ့ အရေးအသားလေးတွေကို ကူးထားလိုက်တယ်။ ဘဏ်တွေအများကြီး ထဲကမှ အမေရိကားတို့၊ အင်္ဂလန်တို့ကလာတဲ့ စာတွေထဲ က ကိုယ်ကြိုက်တဲ့ စာသားတွေဆို ယူထားလိုက်တယ်။
နောက်တော့ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြန်တဲ့စာတွေထဲမှာ ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေး၊ ပြန်သုံးတယ်။ ဒီတော့ တစ်ဖက်က ကိုယ့်ကိုယ် အရေးအသားကောင်းတယ်။ အတွေ့အကြုံ များတယ်လို့ထင်၊ မိတ်ဆွေတွေဖြစ် ဒီလိုနဲ့ e-mail ခေတ်ရောက်လာတော့ စာရေးသူ Telex ဌာနစိတ်မှာ လုပ်စဉ် ယူထား၊ မှတ်ထားခဲ့တဲ့ အင်္ဂလိပ်စာ ဗဟုသုတတွေဟာ အများကြီး အသုံးဝင်လာတယ်။ ကိုယ်ရေး တဲ့ e-mail တွေကို တစ်ဖက်က ကောင်းကောင်း အသိအမှတ်ပြုတယ်။ ခုချိန်ထိ e-mail သုံးပေမယ့် အင်္ဂလိပ်လို ရဲရဲမရိုက်ရဲတဲ့ လူငယ်ဘွဲ့ရ ပညာတတ်ဆိုတာတွေ တွေ့ရတော့ “အင်း” လို့ပဲ သက်ပြင်းချမိရဲ့။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။