လူတိုင်း ပါးစပ်ဖျားက Start up (ကိုယ်ပိုင် တစ်ပိုင်တစ်နိုင် လုပ်ငန်း)
လက်ရှိအချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ပေါများလာတာနဲ့အမျှ လူငယ်တော်တော်များများကလည်း ကိုယ်ပိုင် တစ်ပိုင် တစ်နိုင် စီးပွားရေးလို့ ခေါ်တဲ့ Start up လုပ်ငန်းလေးတွေကိုလုပ်ကြ ဖို့ စိတ်အားထက်လာကြပါတယ်။ ဒါဟာ တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။ အလုပ်လုပ်ကိုင်ချင်စိတ်ရှိပြီး စွန့်စားလိုတဲ့ စိတ်ရှိလို့ပါ။ ဒါပေမဲ့ လိုအပ်ချက်တွေကိုတော့ သိထားသင့်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုလုပ်လာတာနဲ့ မိမိရဲ့ Company ဟာ ဘယ်လို Company အမျိုးအစားလဲဆိုတာကို ဆုံးဖြတ်ချက်ချပါ။ ဒါ့အပြင် ကိုယ့် လုပ်ငန်းနဲ့ကိုက်ညီတဲ့ User ရှိပြီလားဆိုတာကိုလည်း စဉ်းစားပါ။ Company တစ်ခု ထောင်လိုက်တာ လွယ်ပါတယ်။ နေ့ချင်း ညချင်း လုပ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ့် လုပ်ငန်းကို အသုံးပြုမဲ့ User မရှိဘူးဆိုရင်တော့ ဒီ Company ဟာ ကြာရှည်ခံမှာမဟုတ်ပါဘူး နေ့ချင်းညချင်းပဲ ပြန်ပျောက်ကွယ်သွားပါလိမ့်မ ယ်။
User ရလာပြီဆိုရင်လည်း အဲ့ဒီ User တွေဆီက ရလာတဲ့ Income က မိမိ Company
ရပ်တည်ဖို့ လုံလောက်မှု ရှိမရှိဆိုတာကို စမ်းစစ်သုံးသပ်ပါ။
ကုန်ပစ္စည်းရောင်းတဲ့ company ဖြစ်စေ ၊ ဝန်ဆောင်မှု ပေးတဲ့ company ဖြစ်စေ
အဓိက လိုအပ်ချက်က မိမိရဲ့ ထုတ်ကုန်ကို ဝယ်ယူအသုံးပြုမဲ့ အသုံးပြုသူပဲ
ဖြစ်ပါတယ်။
မိမိရဲ့ ထုတ်ကုန်ပစ္စည်းကို ထိရောက်စေမဲ့ ကုန်ပစ္စည်းတစ်မျိုးတည်းနဲ့
စတင်ပါ။ လူအင်းအား အများကြီး အသုံးမပြုပါနဲ့။ တကယ်လိုအပ်တဲ့
လူအင်အားကိုပဲ အသုံးပြုပါ။ မိမိကိုယ်တိုင် အလုပ်ဝင်လုပ်ပါ။
သူဌေးတစ်ယောက်လုပ်ဖို့လွယ်ပါတယ်။
ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ Company ရရှိနေတဲ့
income ဟာ မိမိဝန်ထမ်းရဲ့ Outcome နဲ့လည်း တွက်ချေကိုက်အောင်ဖန်တီးပါ ။
အလုပ်တစ်ခု ဖြစ်ရင် ပြီးရော ဆိုတဲ့ စိတ်မျိုးနဲ့ အောက်ဈေးက
လိုက်ဖို့ မစဉ်းစားပါနဲ့။ ဒါဟာ ဈေးကွက်ဖျက်တာ သက်သက်ပါပဲ။ မိမိရဲ့
အရည်အသွေးကိုလည်း လျှော့ကျစေပါတယ်။ ငါးကြင်းဆီနဲ့
ငါးကြင်းပြန်ကြော်ဆိုတဲ့ စကားပုံအတိုင်းပဲ Compnay ရဲ့ User ကို User
ကနေ ပြန်လည် ရှာဖွေခြင်းက Company တစ်ခု ရပ်တည်နိုင်ခြင်းရဲ့ ဗျူဟာပါပဲ။
Aung Ko Htet (M.D.K)
လက်ရှိအချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ပေါများလာတာနဲ့အမျှ လူငယ်တော်တော်များများကလည်း
ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုလုပ်လာတာနဲ့ မိမိရဲ့ Company ဟာ ဘယ်လို Company အမျိုးအစားလဲဆိုတာကို ဆုံးဖြတ်ချက်ချပါ။ ဒါ့အပြင် ကိုယ့် လုပ်ငန်းနဲ့ကိုက်ညီတဲ့ User ရှိပြီလားဆိုတာကိုလည်း စဉ်းစားပါ။ Company တစ်ခု ထောင်လိုက်တာ လွယ်ပါတယ်။ နေ့ချင်း ညချင်း လုပ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ့် လုပ်ငန်းကို အသုံးပြုမဲ့ User မရှိဘူးဆိုရင်တော့ ဒီ Company ဟာ ကြာရှည်ခံမှာမဟုတ်ပါဘူး နေ့ချင်းညချင်းပဲ ပြန်ပျောက်ကွယ်သွားပါလိမ့်မ
မိမိရဲ့ ထုတ်ကုန်ပစ္စည်းကို ထိရောက်စေမဲ့ ကုန်ပစ္စည်းတစ်မျိုးတည်းနဲ့
Aung Ko Htet (M.D.K)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။