Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 20, 2016

Shah_Rukh_Khan‬ (ကမ္ဘာ့အချမ်းသာဆုံးမင်း သား (သို့) ၂၁ရာစုကမ္ဘာ့သြဇာအရှိဆုံးမင်းသား (သို့ ) ၂၁ရာစုကမ္ဘာ့No.1အနုပညာရှင် (သို့) လူဆိုးတယောက်ရဲ့ အတ္ထုပတ္တိ

‪#‎Shah_Rukh_Khan‬ (ကမ္ဘာ့အချမ်းသာဆုံးမင်း
သား (သို့) ၂၁ရာစုကမ္ဘာ့သြဇာအရှိဆုံးမင်းသား
(သို့ ) ၂၁ရာစုကမ္ဘာ့No.1အနုပညာရှင် (သို့)
လူဆိုးတယောက်ရဲ့ အတ္ထုပတ္တိ
………………………………………………………………………
.
.
‪#‎Part_1‬
……………………
.
. လောကကြီးထဲကသာမာန်သမားရိုး
ကျမွေးဖွားမူတခု ။ သာမာန်လက်လုပ်လက်စား
မိသားစုတစုရဲ့ သာမာန်မွေးဖွားမူတခု ကို ၁၉၆၅
ခုနှစ်နိုဝင်ဘာလ၂ရက်နေ့အိန္ဒိယနိုင်ငံနယူးဒေ
လီမြို့ တယ်လ်ဝါဆေးရုံမှာ ကလေးတယောက်
ဒီလောကကြီးထဲကိုရောက်လာခဲ့ပါတယ်။ညနေ
စောင်းအချိန် ၅နာရီမိနစ်၄၀ခန့်မှာပေါ့။

"ကျတော် ဘယ်လိုမွေးလာလဲ
ကျတော် ဘယ်မိဘကမွေးလာလဲ
ကျတော် ဘယ်မိသားစုကမွေးလာလဲ
အရေးမကြီးဘူး။


ကျတော် ဘယ်လိုသေဆုံးမလဲ
ကျတော့် နာမည်ဘယ်သူသိကျန်ခဲ့မလဲပဲ
ကျတော့ အတွက်အရေးကြီးတယ်။"
Khan
အဲ့ဒိကလေးရဲ့နာမည်ကို ကားဒရိုက်ဘာ
ဖြစ်တဲ့ဖခင်က ‪#‎ရှာရွတ်ခန်း‬ လို့ပေးခဲ့ပါတယ်။အ
ကြောင်းကတော့ သူ့အဖိုးခေတ်ကသူ့အဖိုးအ
ရမ်းကြိုက်ခဲ့တဲ့လူကြမ်းပြဇာတ်မင်းသားကြီးရဲ့
နာမည်မို့လို့ပါပဲ။ ဒီလိုနဲ့ Khan အသက်၅နှစ်မှာပဲ
မိသားစုအဆင်မပြေမူကြောင့် အဖိုးဖြစ်သူရှိတဲ့
မန်ဂါလိုရီ ကိုပြောင်းရွေ့ခဲ့ကြပါတယ်။ပျော်ပျော်
နေတတ်တဲ့အဖိုးဟာ Khanကိုအရမ်းချစ်တဲ့သူ
တယောက်ပေါ့။ အဖိုးဖြစ်သူဟာ ပါကစ္စတန်သား
ဖြစ်ပီး အိန္ဒိယမှာအလုပ်လာလုပ်ရင်းကအိမ်
ထောင်ကျခဲ့ရာက Khanရဲ့ဖခင် Meer Taj ကို
မွေးဖွားခဲ့သူပါ။ ဒါပေမယ့် Khan မူကြိုတက်ရမယ့်
အရွယ်မှာတော့ ကျောင်းနဲ့အလှမ်းဝေးတဲ့အဖိုး
ဖြစ်သူရဲ့အိမ်က အခက်အခဲဖြစ်စေခဲ့ပါတယ်။ဒါ
ကြောင့်ပဲသူတို့ မိသားစုဟာအဖိုးဖြစ်သူဆီကငွေ
တချို့နဲ့အတူ ရာဂျင်ဒါနာဂါ မြို့မှာအိမ်ငှားနေခဲ့ကြ
ပါတယ်။ အိမ်နံပတ် F-442 ပေါ့။ ဒီလိုနဲ့ မူကြိုစ
တက်ခဲ့ရပီး Khanဟာမူကြိုကျောင်းသားကြီးတ
ယောက်ပေါ့။

ဆရာမ - " Khan သားကြီးလာရင်
ဘာလုပ်မှာလဲ"

Khan - "ဗိုက်ဆာနေတဲ့သူတွေကို
မုန့်လိုက်ကျွေးတဲ့သူ လုပ်မယ်ဆရာမ"

ဆရာမ - "ဟေ "
ဒီလိုနဲ့ Khan ပထမတန်းကိုစတက်ဖို့
ဖြစ်လာခဲ့ပါတယ်။ ပြသနာကတော့ကျောင်းနဲ့
ထပ်ဝေးတာပါပဲ။ ဒါပေမယ့်ဖခင်ရဲ့သားအပေါ်
ချစ်တဲ့စိတ် ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့
Khan ကို သူမနက်တိုင်းပွဲရုံကိုကားမောင်းသွား
ရတဲ့လမ်းမှာရှိတဲ့ St.Columba's အထက်တန်း
ကျောင်းကြီးမှာ Khanကိုတက်ရောက်စေခဲ့ပါ
တယ်။ လူချမ်းသာသားသမီးနဲ့ဂုဏ်ထူးဂုဏ်ပြိုင်
သားသမီးတွေပေါများတဲ့ဒီကျောင်းဟာ Khan
လို ကားဒရိုက်ဘာသားတယောက်အဖို့တော့
မတန်မရာပါ။ ဒါပေမယ့် Khanဖခင်ဟာသားကို
ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့တက်စေခဲ့ပါ
တယ်။

အဲ့ဒိမှာပထမကျောင်းတက်တဲ့နေ့မှာပဲ
Khanလိုပဲ ပေါင်မုန့်ပို့သမားရဲ့သား Jazam ဆို
တဲ့ဆံပင်ကောက်ကောက်အရပ်ပုပုကောင်လေး
တယောက်နဲ့အတူထိုင်ခဲ့ရပါတယ်။ ထုံးစံအတိုင်း
ပေါ့။ သူငှေးသားသမီးတွေကဒီလိုကောင်တွေကို
ဘယ်အပေါင်းအသင်းလုပ်ပါ့မလဲ။ ဒီတော့အ
တန်းရဲ့နောက်ဆုံးတန်းမှာထိုင်ရတဲ့ Khanတို့အ
တန်းဟာ အပေါင်းအသင်းမရှိတဲ့လူဆိုးတန်းပေါ့။
ဒါပေမယ့် ဒီနောက်ဆုံးတန်းမှာထိုင်တဲ့ ၄ယောက်
ဖြစ်တဲ့ Khan / Jazam / Mandamm / Arhmi
၎ယောက်ဟာ နောင်တချိန်မှာဂီတလောက ပန်း
ချီလောက စာပေလောက ရုပ်ရှင်လောကမှာအ
ထင်ကရပုဂ္ဂိုလ်ကြီးတွေဖြစ်လာမယ်ဆိုတာတော့
အဲ့အချိန်က ဘယ်သူကသိမှာလဲ? Jazam-
အိန္ဒယဇာတ်ဝင်တေးလောကကို အသက်၂၀
ကျော်ထဲကတေးရေးတယောက်နဲ့ဝင်လာခဲ့ပီး
Bollywood ရုပ်ရှင်လောကရဲ့နာမည်ကြီးကား
တွေမှာတေးဂီတမှူးနေရာက ယနေ့အချိန်မှာပါ
နေသူ။ Doom ဇာတ်ဝင်တေးရဲ့တေးရေးကြီးပေါ့။
Mandamm - Secret Of Gods စာအုပ်နဲ့ဘာ
သာ၎ခုရဲ့ကောင်းကျိုးတွေကိုရေးပြခဲ့တဲ့စာအုပ်
နဲ့Best Seller စာရေးဆရာ / Arhmi - အမေ့
ဆေးဖိုးရှာဖို့ ၅တန်းနဲ့ကျောင်းထွက်ခဲ့ပီးသကြား
သီးလိုက်ကောက် လမ်းမပေါ်ဖိနပ်လုတိုက်ရတဲ့
သူက နောင်တချိန် အမေရီကန်အိမ်ဖြူတော်
ဧည့်ခန်းမကြီးကပန်းချီကားကိုဆွဲရတဲ့ ပိုလန်
နန်းတော်ကဂန္တဝင်ပန်းချီကားကြီးကိုပြန်မွန်းမံခွင့်
ရခဲ့တဲ့ ပန်းချီဆရာ / Khan - ? သူကရော ဘာ
ဖြစ်လာမလဲ ?

" ကျတော် လောဘမကြီးဘူး
ကျတော် နာမည်မကြီးချင်ဘူး
ကျတော် လုပ်တဲ့အလုပ်ကိုအသက်နဲ့ပါရင်း
ပြီးကြိုးစားနေရရင် ကျေနပ်ပီ "

Khan
ဒီလိုနဲ့ ဒီလူဆိုး၎ကောင်ဟာကျောင်းရဲ့ဆိုး
သွမ်းလူငယ် စာညံ့တဲ့ကျောင်းသားတွေအဖြစ်
နှစ်စဉ်မှတ်တမ်းတင်ခဲ့ကြသူတွေပေါ့။ကြယ်၅ပွင့်
အဖြူလေး ရတဲ့သူကထူးချွန်ကျောင်းသားဖြစ်
တဲ့ပညာရေးစနစ်မှာ Khanတို့၎ကောင်ကတော့
အမြဲလိုလို ကြယ်၅လုံး အမည်းရခဲ့ကြပါတယ်။
Report Cardထွက်တိုင်းအတန်းပိုင်ဆရာမရိုက်
တာခံရစမြဲ။ ဒဏ်ပေးခံရစမြဲ မိဘခေါ်ကြရစမြဲ
ပေါ့။ ဒါပေမယ့် မူလတန်းတတိယနှစ် (၃တန်း)
မှာ Khan ဟာသူ့ကိုသားတယောက်လိုဆုံးမ
ပေးတတ်တဲ့ဆရာ Rajerer နဲ့တွေ့ခဲ့ပါတယ်။
ဆရာဟာ Khanကိုအမြဲအားပေးတယ်။"မင်းဟာ
ထူးချွန်တဲ့လူမူနယ်ပယ်ကလူတွေထက် အသုံး
ဝင်တဲ့လူတော်တယောက်ဖြစ်လိမ့်မယ်"လို့
အမြဲအားပေးခဲ့တဲ့ဆရာစကားက Khanယနေ့
အချိန်ထိ သူ့အိမ်ကဧည့်ခန်းမှာချိတ်ထားတဲ့
စာစုလေးပေါ့။ "လူတော်ထက် အသုံးဝင်တဲ့သူ
ဖြစ်အောင်လုပ်ပါ "တဲ့။
ဒီလိုနဲ့စာညံ့လို့မိဘအမြဲခေါ်ရတဲ့ Khanဟာ
တရက် Report Cardထွက်တော့ထုံးစံအတိုင်း
အဖေဖြစ်သူကို အတန်းပိုင်ဆရာမကခေါ်ပါလေ
ရော။ ဖြစ်ချင်တော့Khan အဖေဟာနေမကောင်း
ဖြစ်နေလို့မလိုက်နိုင်ပဲ မိခင်ဖြစ်သူကအစားလိုက်
သွားခဲ့တယ်။ "ရှင့်သားက ဒီတိုင်းဆိုဘယ်လိုမှ
ထူးချွန်တဲ့ကျောင်းသားတယောက်မဖြစ်နိုင်ဘူး
လိမ်မာရေးခြားရှိအောင် သူ့ကိုဆုံးမပေးစေချင်
တယ်ရှင် "ဆိုတဲ့အတန်းပိုင်ဆရာမစကားက
Khanအမေကိုမျက်ရည်ကျစေခဲ့တယ်။ အဲ့ဒိနေ့
ကKhan ဟာသူ့အမေမျက်နှာညှိုးညှိုးကိုကြည့်
ပီးစိတ်မကောင်းဖြစ်ခဲ့တယ်။ "သားအမေ့ကို
ပြော သားဘာဖြစ်ချင်လဲ သားမှာအိမ်မက်မရှိရင်
သားဘာမှဖြစ်မှာမဟုတ်ဘူး " "အမေ သားမှာ
အိမ်မက်မရှိဘူး " ။ သားဖြစ်သူရဲ့ အဖြေကြောင့်
မိခင်ဖြစ်သူဟာ Khan ကိုပြုပြင်ပြောင်းလဲဖို့ 
ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းပိတ်ချိန်တွေမှာဘာ
သာရေးစာအုပ်တွေပေးဖတ်တယ်။ ရုပ်ရှင်ရုံ
တွေကိုလိုက်ပြတယ်။ အောင်မြင်သူတွေရဲ့ဟော
ပြောပွဲတွေကိုလိုက်ပြစေခဲ့တယ်။ ဒါပေမယ့်
Khan ဟာအရင်အတိုင်း ဆိုးမြဲပါပဲ။ ကျောင်းက
ကောင်မလေးတင်ပါးကိုကိုင်လို့ မိဘခေါ်ရတာ
တွေ သူငယ်ချင်းတွေနဲ့အရက်ခိုးသောက်တာ
မိလို့ အတိုင်ခံရတာတွေကြောင့်မိဘ၂ပါးဟာ
စိတ်ဆင်းရဲခဲ့ရတယ်။ ဒီလိုနဲ့ ဖခင်ဖြစ်သူဟာ
Khan ကိုတရက် အရက်ဆိုင်ကိုခေါ်ပီးစကား
ပြောခဲ့တယ်။

"သား မင်းသောက်ကွာ ငါခွင့်ပြု
ှတယ်" "အဖေ သားမသောက်ဘူး အမေဆူလိမ့်
မယ် " "သောက်စမ်းပါ မင်းအမေကအရေးမကြီး
ဘူး မင်းပျော်ဖို့ကအရေးကြီးတယ် မင်းအမေမရှိ
လဲမင်းဖြစ်တယ်မှတ်လား " "အမေမရှိရင် သား
မနေတတ်ဘူးအဖေ " "ဘာ ဒါဆိုဘာလို့ မင်းအ
မေစိတ်ညစ်အောင်လုပ်လဲ မင်းအမေညတိုင်းငို
အောင်လုပ်လဲ " "အဖေ အမေငိုအောင်သားမ
လုပ်ပါဘူး သားအမေငိုတာလဲမသိဘူး "အေး
ငါပြောမယ် မင်းအမေက ငါနဲ့လက်ထပ်ဖို့ သူ့မိဘ
တွေဆီကထွက်ခဲ့ရတယ် " ငါအဲ့တုန်းကအရက်
ကိုကြိုက်ခဲ့တယ်။ မင်းအမေငိုခဲ့တယ် သူငါ့ကိုယူ
လို့နောင်တရငိုတာမဟုတ်ဘူး သူအရက်သမား
တယောက်နဲ့ မိသားစုကိုလဲခဲ့ပီး ငါ့နောက်လိုက်
လာခဲ့တယ် " "သူငိုတာငါမြင်ခဲ့ထဲကအရက်ပြတ်
ခဲ့တယ် ""ငါသူ့ ငိုတာထပ်မမြင်ချင်တော့ဘူး
သူ့ ကိုနောက်တခေါက် အရက်သမားရဲ့အမေမ
ဖြစ်စေချင်ဘူးသား " "သား အရက်ခိုးမသောက်
တော့ပါဘူး အဖေ " "သား အမေမပြူံးတာကြာပီ
အဖေ့ကိုလက်ထပ်ပီးသားကိုမွေးထဲက သူ့အပြုး
တွေ မျက်နှာမှာမရှိတော့တာကြာခဲ့ပီ ""သူ ပြုံး
အောင်သားလိမ်မာပေးလိုက်ပါ "

အဲ့ဒိနေ့ကစပီး Khan ဟာမိခက်ဖြစ်သူ
စကားကိုနားထောင်ခဲ့ပီး မလုပ်ချင်တဲ့စာကိုလုပ်
ခဲ့တယ်။ အကျိုးဆက်ကတော့ အတန်းထဲသူ
စာတော်တဲ့ကျောင်းသားမဖြစ်တာတောင်ကြယ်
ဖြူလေးတပွင့်တခါတလေရခဲ့တယ်။ သူ့အမေ
အပြူံးတွေပြန်ပေါ်လာခဲ့တယ်။ သူကြယ်ဖြူတ
ပွင့်ရတိုင်း မိခင်ဖြစ်ဟာ ရုပ်ရှင်လိုက်ပြလေ့ရှိ
တယ်။ အဲ့ဒါက Khan ရဲ့အိမ်မက်ကိုစတင်မွေး
ဖွားဖို့ ဖြစ်လာခဲ့ပါတယ်။ တရက်မိခင်ဖြစ်သူနဲ့
ရုပ်ရှင်ကြည့်အပီး ပွဲဈေးထဲ ပဲနံပြားစားနေချိန်
"အမေ သား လူကြမ်းမင်းသားဖြစ်ချင်တယ်"
"ဟေ သူများတွေကမင်းသားဖြစ်ချင်တယ်ပဲပြော
ကြတာပါ သားအလှည့်မှ လူကြမ်းလား"
"သား မင်းသားထက် မင်းသားကိုပိုလက်ခုတ်တီး
အောင် အထိုးခံပေးရတဲ့ လူကြမ်းကိုပိုသဘော
ကျတယ်အမေ သားလူကြမ်းဖြစ်ချင်တယ် "တဲ့

အဲ့နေ့ကစပီး Khanဟာ ရုပ်ရှင်လောက
ကိုစတင်ရူးသွပ်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့Khan
ဘဝမှာ အရူးသွပ်ဆုံးသရုပ်ဆောင်အမီတာဘ
ဂျမ်းရဲ့လက်မှတ်ထိုးပွဲတွေကို Khanအလယ်တန်း
ကျောင်းသားဘဝမှာသူ့သူငယ်ချင်းတွေနဲ့
ကျောင်းပြေးပီးသွားခဲ့တယ်။ ဆံပင်ကေညှပ်တာ
ကအစ အမီတာဘဂျမ်းကေညှပ်ခဲ့တယ်။တဖက်
မှာလဲမိခင်ကျေနပ်အောင်စာကြိုးစားခဲ့တယ်။
Khan ကြိုက်တဲ့ဘာသာကတော့ အိန္ဒယအနုပ
ညာအကြောင်းတွေပေါ့။ ညဖက်တွေဆို ၇နာရီ
တိုင်းလာတဲ့ သီချင်းတွေနဲ့ လိုက်ကခဲ့တယ်။အိမ်
ကလူတွေမြင်ရင်မဟုတ်သလိုနေခဲ့တယ်။ဒါပေ
မယ့်မိခင်ဖြစ်သူကတော့ သူ့သားခုလိုရူးနေတာ
ကြည့်ပီးပြုံးနေခဲ့လေရဲ့။ ဒီလိုနဲ့ဖခင်ဖြစ်သူဟာ
သူ့ သားရုပ်ရှင်ရူးအတွက် သူနှစ်နဲ့ချီသိမ်းထားခဲ့
တဲ့စာအုပ်တချို့ ကိုပေးခဲ့တယ်။ စာအုပ်က
Englishလိုတွေဆိုတော့ Khanအတွက်အဆင်
မပြေခဲ့ဘူး။ ဒါကြောင့်ပဲဖခင်ဖြစ်သူကKhanကို
4Skill ကျွမ်းကျင်အောင်စသင်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ဖခင်ပေးတဲ့စာအုပ်တွေကိုဖတ်ပီးချိန်မှာ
တော့ Khan ဟာသူ့ အဖေကဘာဆိုတာကိုသိ
သွားခဲ့လေရဲ့။

‪#‎Taj_Mohammed_Khan‬ ( Khan ဖခင်)
Taj ဟာ LLB MA Art.GA ဘွဲ့တွေရထား
တဲ့ပညာတတ် ။ ရုပ်ရှင်ဇာတ်ညွှန်းတချို့ကိုရေး
သားခဲ့သူ။ ပြဇာတ်စာရေးဆရာ။အိန္ဒိယနိုင်ငံ
ဒီမိုကရေစီတိုက်ပွဲမှာ ဝင်ဆန္ဒပြခဲ့တဲ့ MA
ကျောင်းသားခေါင်းဆောင် ။ နိုင်ငံရေးပုဒ်မနဲ့
ထောင်ကျပီးပြန်ထွက်လာချိန်မှာ Khanမိခင်နဲ့
လက်ထပ်ခဲ့သူ။ သူ့ဘဝကိုဇာတ်မြူပ်ထားခဲ့ပီး
ကုန်ကားလိုက်မောင်းခဲ့သူ။ Khanဟာသူ့အဖေ
ရဲ့ဘဝမှန်ကိုသိသွားခဲ့ချိန်မှာတော့ အံ့အားသင့်
ခဲ့တယ်။ Taj ဟာ Khanကိုဘယ်လောက်ချစ်သ
လဲဆို Khanစာဖတ်နေချိန်ဘေးနားကနေအိပ်
ချင်ယောင်ဆောင်ပီးစောင့်ပေးခဲ့တယ်။ နောင်
တချိန်မှာ ရှာရွတ်ခန်း ဆိုပီးဖြစ်လာဖို့ပထမဆုံး
ဆရာဟာ Taj ဖြစ်ခဲ့တယ်။ Khanဟာသူ့အဖေ
ဆီက ပညာတွေ အသိဥာဏ်တွေ ဟာသအမြင်
တွေ လူတွေရဲ့မျက်နှာအမူအရာဖတ်နည်းတွေ
စာပေရဲ့တန်ဖိုးကြီးမားမူတွေကို များစွာရခဲ့ပါတယ်
။ သြော် Khan ရဲ့အတန်းဖော်နောက်ထပ်သူငယ်
ချင်းတယောက်ရှိသေးတယ်။ သူကတော့တခြား
သူမဟုတ်ဘူး နောက်တချိန်မှာ Bollywood
မင်းသမီးကြီးဖြစ်လာမယ့် Armita Singh ပါပဲ။
ဒီလိုနဲ့ အထက်တန်းကျောင်းသားဘဝအပြီး
Hansraj ကောလိပ်ကိုတက်ရောက်ခဲ့တယ်။
Economics မေဂျာရဲ့ကျောင်းသားဖြစ်ခဲ့ပီး
မေဂျာနဲ့နှစ်စဉ်ပြဇာတ်အဖွဲ့မှာလူကြမ်းနေရာက
နေစပါခဲ့တယ်။ ဒါကတော့Khanဘဝမှာပထမ
ဆုံးအနုပညာခြေလှမ်းပေါ့။ အဲ့ဒါကြောင့်ပဲ TAG
ပြဇာတ်အဖွဲ့မှာပါခွင့်ရခဲ့ပီး ပြဇာတ်ဒါရိုက်တာ
Barry John နဲ့ခင်ခဲ့ပါတော့တယ်။ အဲ့ဒိနောက်
Master တန်းကိုထပ်တက်ခွင့်ရခဲ့ပီး ဒါရိုက်တာ
Barry နဲ့လိုက်ရင်း Bollywood ရုပ်ရှင်လောက
ကိုမအူမလည်နဲ့ဝင်ခဲ့ပါတော့တယ်။ ဒါပေမယ့်
အဲ့ဒိအချိန်မှာတော့ ဖခင်ဖြစ်သူ Taj ဟာအသဲ
ကင်ဆာနဲ့ကွယ်လွန်ခဲ့ပါပီ။ ဒါကြောင့်ပဲKhan
ဟာဖခင်ရဲ့ဆုံးမစကားတွေကိုရင်ထဲထည့်ပီး
မိခင်ဖြစ်သူနဲ့ဘဝကိုရုန်းကန်ရင်း သရုပ်ဆောင်
ဖြစ်ချင်တဲ့သူ့အိမ်မက်ကိုမစွန့်လွှတ်ခဲ့ပါဘူး။
Khan မှာ အမဖြစ်သူနဲ့အကိုဖြစ်သူရှိပါတယ်။ဒါ
ပေမယ့် Khanငယ်ဘဝထဲက အဖိုးဖြစ်သူအိမ်မှာ
အနေများခဲ့ပီးKhanနဲ့ကတော့မိခင်ဖြစ်သူနဲ့ပဲ
အနေများခဲ့သူပေါ့။

ဒီလိုနဲ့Khan ရဲ့ပထမဆုံးBollywoodကို
လှမ်းတဲ့ ပထမဆုံးခြေလှမ်းဖြစ်လာတဲ့ Lekh
Tandon ရုပ်သံseries မှာပါခွင့်ရခဲ့ပါတယ်။
၁၅နှစ်သား အထက်တန်းကျောင်းသားဘဝမှာ
Khanအဖေကွယ်လွန်ခဲ့တယ်။ ဖခင်မရှိတော့ထဲ
ကသူ့ဘဝမှာဘေးကနေလမ်းပြမယ့်သူမရှိခဲ့ဘူး
Khan ရဲ့အဖေဟာ သူ့အရွယ်၁၅နှစ်သားထဲက
ကောလိပ်တက်ဖို့ စားသောက်ဆိုင်မှာသန့်ရှင်း
ရေးလုပ်ခဲ့တယ် ကုန်စိမ်းလှည်းမောင်းခဲ့တယ်
ရတဲ့အလုပ်အကုန်လုပ်ပီးတက်ခဲ့တယ်။ဒါတွေ
ကြောင့် Khanဟာ စိတ်ဓာတ်ကျမူမရှိခဲ့ပဲဖခင်
ဖြစ်သူနင်းခဲ့တဲ့လမ်းလိုပဲ ကောလိပ်ကိုရအောင်
တက်ခဲ့တယ်။ နို့ရောင်းတဲ့ဆိုင်မှာလုပ်ရင်းအိမ်က
အမေမသိအောင် ရတဲ့ငွေနဲ့အနုပညာသင်တန်း
ကျောင်းတက်ခဲ့တယ်။ Masterတန်းရောက်တဲ့
အထိတက်ခဲ့တယ်။ ဖခင်ရဲ့ခြေရာကိုပဲလိုက်နင်း
ခဲ့ပီး သူဖြစ်ချင်တဲ့သရုပ်ဆောင်ဘဝကိုကြိုးစား
ရင်းခုလို Bollywood ဆိုတာကြီးထဲပထမဆုံး
စခြေနင်းနိုင်ခဲ့ပါတော့တယ်။Khan အဖေဆုံးမှ
Khanအမေရဲ့မိဘတွေဟာ ပြန်ခေါ်ခဲ့ပါတယ်။ဒါ
ပေမယ့် Khanကတော့သူ့အဖေလောက်ကောင်း
တဲ့ လမ်းပြသူမရှိတော့တဲ့အတွက်Khanမိခင်ရဲ့
ဖက်ကအိမ်ကိုမလိုက်ခဲ့ပဲအဆောင်နေခဲ့ပီးတခါ
တလေမှမိခင်ဖြစ်သူဆီသွားခဲ့ပါတယ်။

" မင်းဘာလုပ်လုပ် လုပ်ချင်တာလုပ်
လမ်းဆိုးရောက်တာပြသနာမရှိဘူး
လမ်းမှားတော့မလျှောက်နဲ့"

" မင်းကို မင်းအမေပဲလိုတာဝယ်ပေးလိမ့်မယ်
ငါ့ဆီလာမတောင်းနဲ့ ငါကမင်းပိုက်ဆံရှိမှ
ဝယ်လို့ ပြောယုံကလွဲပီးဘာမှမပေးဘူး"

"မင်း ဒါကိုဖြစ်ချင်တယ်ဆိုလုပ်
မင်းအတွက် ဆိုးကျိုးဖြစ်ရင်တောင်
တခြားသူတွေကို မထိခိုက်စေနဲ့ "

ဆိုတဲ့ Khanအဖေရဲ့စကားတွေဟာ Khanအ
တွက် တွန်းအားတွေဖြစ်စေခဲ့ပါတယ်။Khan
အဖေဟာ Khanကို ကိုယ့်ခြေထောက်နဲ့ကိုယ်ဘ
ဝကိုရုန်းကန်ဖို့သင်ကြားလမ်းပြပေးခဲ့ပေမယ့်
သူကင်ဆာနဲ့သေရတော့မယ်သိထဲက သူ့သူငယ်
ချင်းတွေဖြစ်တဲ့ ရုပ်ရှင်ဖက်ကသူတချို့နဲ့သူ့သား
ကိုကူညီပေးဖို့ အပ်ခဲ့ပါတယ်။ Khan အဖေဟာ
သူမသေခင် သူ့မိသားစုအတွက် Bankမှာသူရ
ထားခဲ့တဲ့ငွေကြေးတွေကိုစီစီဉ်ခဲ့ပါတယ်။သူမရှိ
တော့ရင်တောင်သူ့မိသားစုလူလောကအလယ်
မသိမ်ငယ်ရအောင် များစွာစီစဉ်ထားခဲ့ပါတယ်။
သူကင်ဆာဖြစ်နေတာကိုဖုံးကွယ်ပီး ၄နှစ်တိတိ
နေခဲ့ရင်း သူသေသွားမှမိသားစုကသိခဲ့ရပါတယ်။
Khan ဟာသူ့အဖေဆုံးတဲ့သတင်းကိုကြားချိန်
မှာ ရယ်ပီး " ဟားး မနောက်ပါနဲ့ အမရာငါတို့အ
ဖေက ဒေါင်ဒေါင်မြည် တနေ့ကတောင်ငါနဲ့ဖုန်း
ပြောပီး မင်းရည်းစားရနေရင်ငါ့လဲပြောဟ Khan
ရဆိုပီး ပြောနေသေးတယ် ကဲပြောအဖေဘယ်
သွားလဲ " ဆိုပီးမယုံကြည်ခဲ့ပါဘူး။ နာရေးခန်းမ
ထဲကဓာတ်ပုံမြင်မှ Khanဟာကမ္ဘာပျက်မတတ်
ငိုကြွေးခဲ့ပါတယ်။

" ‪#‎အဖေ_လောကမှာကျုပ်အတွက်တန်ဖိုးအကြီးဆုံးအမြင့်မြတ်ဆုံးရတနာ‬"
Khan

ဒီလိုနဲ့ Khan ဟာ TV Series ၄ ၅ခုမှာ
ပါခဲ့ပေမယ့် အောင်မြင်မူကြီးကြီးမားမားသိပ်မရခဲ့
ပါဘူး။ သူ့ရဲ့သရုပ်ဆောင်မူဟာလဲသာမာန်TV
Series သရုပ်ဆောင်အဆင့်သာသာပါပဲ။ဒါ
ကြောင့်ပဲသူဟာဆုံးဖြတ်လိုက်တယ်။ သူဆုံး
ဖြတ်ခဲ့တာကတော့ ရုပ်ရှင်လောကထဲဝင်ဖို့ပဲ။
ဇာတ်လမ်းတွဲထက်ရုပ်ရှင်လောကက
Bollywoodမှာဝင်ဖို့ပိုခက်ခဲသလိုတော်ရုံသရုပ်
ဆောင်မူနဲ့လဲမရတာအကုန်အသိပေါ့။၁၉၉၁ခုနှစ်
ဧပြီလ ၄ရက်နေ့မနက်တခုမှာတော့ Khanဟာ
ဒေလီကနေ မွန်ဘိုင်းကိုရောက်ခဲ့ပီးBollywood
ရုပ်ရှင်အစည်းအရုံးရှေ့မှာရပ်ပီး "အဖေ အဖေဖြစ်
စေချင်တဲ့ အသုံးဝင်တဲ့လူ တယောက်ဖြစ်ဖို့
သားစတော့မယ် သားကိုတနေရာရာကနေကြည့်
နေပေးပါ "လို့ပြောခဲ့ပီး အဲ့ဒိနေ့ကစပီး Khanဟာ
Bollywood ရုပ်ရှင်လောကထဲဇာတ်ရန်နေရာက
နေစတင်ဝင်ရောက်ခဲ့ပါတော့တယ်။ ရုပ်ရှင်ကား
၎ကားအထိ မင်းသားသူငယ်ချင်းနေရာကပါဝင်
ခွင့်ရခဲ့ပီး Khan ရဲ့မျက်နှာဟာ ခေါင်းဆောင်မင်း
သားတယောက်ဖြစ်ဖို့ ဘယ်ဒါရိုက်တာကမှယုံ
ကြည်မူမရှိခဲ့ပါဘူး။ ဒီလိုနဲ့ ၁၉၉၂ခုနှစ်မှာ
Deewana ဆိုတဲ့ရုပ်ရှင်ကားမှာ Khanကိုမင်း
သားနေရာကပါဖို့ မိုက်မိုက်ကန်းကန်းရွေးချယ်
ခဲ့တဲ့ဒါရိုက်တာကတော့ Raj Kanwar ပါပဲ။
ဒီကားဟာ Khan ကို Best Dubet ဆုကိုရရှိစေ
ခဲ့ပီး သူ့သရုပ်ဆောင်မူကိုအသိအမှတ်ပြုဖို့ဖြစ်
လာခဲ့တဲ့ပထမဆုံးကားပါ။ အဲ့ဒိနောက် Khan
ဟာ ရုပ်ရှင်လောကရဲ့အမြင်တချို့နဲ့ကွဲလွဲစွာလုပ်
ဆောင်မူတွေစတင်ခဲ့ပါတော့တယ်။ Dialot
တွေကိုမကျက်ပဲ သဘောတရားသာယူပီးပြော
တာတွေ မျက်နှာအလှအပထက် သူ့ရဲ့သရုပ်
ဆောင်မူကိုလက်တွေ့လောကနဲ့တထပ်ထဲဖြစ်
အောင်ပြင်တင်ခဲ့တာတွေ တနေ့၎နာရီအားကစား
လုပ် ၃နာရီစာဖတ် တရက်၅ကြိမ်ဘုရားဝတ်ပြု
တပတ်၎ရက်သက်သက်လွတ်စားတာတွေနဲ့
Khan ဟာပြောင်းလဲမူများစွာနဲ့ သရုပ်ဆောင်
ပညာကိုပိုမိုလေးနက်အောင်ပြင်ဆင်ခဲ့ပါတယ်။

အဲ့ဒိနောက် Chamatka ကားမှာထပ်ပါဝင်ခွင့်ရ
ခဲ့ပီးAham ဟာ Bollywoodရဲ့မထင်မရှားမင်း
သားတယောက်ဖြစ်လာခဲ့ပါတယ်။Darr ဆိုတဲ့
ကားမှာဒုတိယမင်းသားနေရာကပါခဲ့ရပီး ဒီကား
မှာ Khanကလွဲပီး ဆုတွေရရှိခဲ့ပါတယ်။ဒီကား
အပြီး Baazigar မှာတော့ Khanရဲ့ပထမဆုံး
Best Actorဆုကိုရရှိခဲ့ပါတော့တယ်။ ဒီကားအ
ပြီးမှာတော့ Khanဟာ ရုပ်အနေအထားအရမင်း
သားမဖြစ်နိုင်ပေမယ့် သူ့ရဲ့သရုပ်ဆောင်ချက်တွေ
ကြောင့် နာမည်ကြီးProductionတွေရဲ့ကမ်း
လှမ်းမူနဲ့အတူ ရုပ်ရှင်ကားတကားပြီးတကား
ထွက်ဖို့ဖြစ်လာပါတော့တယ်။ဒါပေမယ့်Khan
လိုပဲ Bollywood ရုပ်ရှင်လမ်းကြောင်းမှာသူ့
ထက်စီနီယာကျတဲ့ တော်တဲ့ချောတဲ့မင်းသား
တွေများစွာရှိနေပြန်ပါတယ်။ Khan အဖို့တော်ရုံ
ကြိုးစားရုံနဲ့သူတို့ကိုကျော်ဖို့ ဘဟ်ဖြစ်နိုင်ပါ့မလဲ။
ဒါပေမယ့် Khanရဲ့ရုပ်ရှင်ကားတကားထွက်တိုင်း
ကုန်ကျငွေထက်အမြတ်ငွေဟာအဆပေါင်းများ
စွာရစေခဲ့ပါတယ်။ Khanရဲ့ကားတကားချင်းစီရဲ့
အကြောင်းကတော့အထူးပြောနေစရာမလိုပါ
ဘူး။ အကုန်သိနေကြကြိုက်တာချည်းပါပဲ။

" ကျတော်ဟာ ကမ္ဘာကြီးမှာ
ဘာကောင်ကြီးမှမဟုတ်ဘူး။
ဘာကောင်ကြီး ဆိုတာလဲ
ကမ္ဘာကြီးမှာ ကျတော်မသိဘူး။
ဘာကောင်ကြီး ဖြစ်တာမဖြစ်တာထက်
ဘယ်လောက် အသုံးဝင်လဲဆိုတာပဲ
ကျတော်ကြိုးစားတယ်။ "

Khan
Khan ဟာ အစ္စလာမ် ဘာသာဝင်။သူ့သူငယ်
ချင်းတွေအများစုက ခရစ်ယာန်ဘာသာဝင်။ဘု
ရားကျောင်းက ကျမ်းစာတွေလဲသူဖတ်ခဲ့တယ်။
ဗုဒ္ဓဘာသာရဲ့လေးနက်မူတွေလဲ သူရေးသားခဲ့
တယ်။ သူ့ဇနီးက ဟိန္ဒူ ။ သူအမြဲပြောတဲ့စကား
က ဘာသာတရားတိုင်းဟာမွန်မြတ်တယ်။ ရုပ်
ရှင်ကားတကားကိုလက်ခံရင် ဇာတ်ညွန်းကို၇
ခေါက်အကြမ်းဖတ်တတ်တယ်။ ဘာသာရေး
တွေ နိုင်ငံရေးတွေ ကိုယ့်နာမည်ရမရတွေထက်
Khan ဟာ ဒီကားကိုသူရိုက်ရင်ကြည့်တဲ့သူတွေ
အတွက်ဘာပေးနိုင်မလဲ။ သူတို့ဘာရမလဲဆိုတဲ့
အချက်တခုထဲကိုကြည့်ပီးရိုက်လေ့ရှိပါတယ်တဲ့။
ဒါကြောင့်လဲ Khan ဟာ ဇာတ်ဆောင်ထက်
ဇာတ်ကောင်ကိုပဲ အမြဲရွေးခဲ့တဲ့မင်းသားတလက်
ပါ။

" Dialot တွေကျတော်တခါမှအသေမကျက်
ခဲ့သလို Action တွေကိုလဲတခါမှပုံသေမကျက်
ခဲ့ဘူး။ ခဗျားဟာ အမေ့ဇာပနမှာ Brand အမြင့်
အကျီ င်္နဲ့မျက်နှာအနေအထားကျကျငိုဖြစ်မယ်
လို့ထင်လား ။ ကျုပ်ကတော့အဲ့အချိန် ငါ့မျက်
နှာ အနေအထားကြည့်ကောင်းမကောင်းထက်
ရင်ဘတ်ထဲကတက်လာတဲ့မျက်ရည်ကိုပဲအား
စိုက်ညှစ်ဖို့ တွေးနေလို့ မျက်နှာကတခါတလေ
ဖယိုဖရဲဖြစ်ချင်ဖြစ်နေမှာဗျ။ နဂိုထဲကကြည့်မ
ကောင်းတော့ ပိုကြည့်ရဆိုးတာပေါ့" (ရယ်လျက်)

Khan ဟာ ကမ္ဘာ့ရုပ်ရှင်လောကထဲဝင်ငွေ
အမြင့်ဆုံးမင်သား အချမ်းသာဆုံးမင်းသားပါ။
Times မဂ္ဂဇင်းကကြေငြာချက်အရ Khanဟာ
၂၁ရာစုမှာ ဥရောပနဲ့ အမေရိကက လူတွေအား
လုံးထက် သြဇာရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါ
တယ်။ အိုဘားမား နဲ့ ဒေးဗစ်ဘက်ခမ်းတောင်
Khan ရဲ့သြဇာကြီးမားမူကိုမမှီသေးကြောင်းလဲ
မဂ္ဂဇင်းပေါင်း၂၀၀ကျော်ကကြေငြာထားခဲ့ပါ
တယ်။ ဒေါ်လာသန်း၆၄၀အထိ ပိုင်ဆိုင်ထားတဲ့
Khan ဟာ Hollywood ကနာမည်အကြီးဆုံး
မင်းသား Top 5 ယှဉ်တဲ့ဝင်ငွေထက် များနေသေး
တာကိုလဲတွေ့ရပြန်ပါတယ်။ Khan ရဲ့တနှစ်ဝင်
ငွေဟာ ဘောလုံးလောကက အကျော်ကြားဆုံး
ဘောလုံးသမား၃ယောက်ဝင်ငွေထက်၃ဆများ
နေသလို သူ့ ပိုင်ဆိုင်မူနဲ့ အောင်မြင်မူက
Bollywood ကမင်းသားတွေထဲ ယှဉ်မရသလို
ဒုတိယနေရာက Aamir Khan ထက် ဆု
ပေါင်း၎ဆ ဝင်ငွေပေါင်းအဆများစွာကွာ
နေသေးတာလဲဖြစ်ပါတယ်။ Bollywoodရဲ့
ဆယ်နှစ်ဆက်တိုက်အကယ်ဒမီရထားတဲ့မင်း
သားတလက်ဖြစ်ပီး သူရထားတဲ့ဆုဟာ ၂၂၃ဆု
အထိရှိထားပါပီ။ ကမ္ဘာအနေနဲ့ယှဉ်ရင် No.1
ရပ်တည်ထားနိုင်ခဲ့တဲ့ မင်းသားဖြစ်နေပါပီ။

Khan ဟာသူ့အဖေဆုံးပီးထဲကသူရသမျှ
အနုပညာကြေးအများဆုကို ပရဟိတထဲသုံးခဲ့
ပါတယ်။ ဒါပေမယ့် "ငါလှူတာ "လို့တခါမှအမည်
အဖော်ခဲ့ပဲ တိတ်တဆိတ်လှူဒါန်းမူတွေများခဲ့ပါ
တယ်။

" ပရဟိတ ဟုတ်လား
ကျတော်မသိဘူးဗျ အဲ့စကားက
ဘာဆိုတာ အဖေပြောခဲ့ဖူးတယ်
အသုံးဝင်တဲ့လူတယောက်ပဲဖြစ်
အောင်လုပ်တဲ့။

လိုအပ်နေသူကို
ပိုနေသူကပေးတဲ့သဘောပါ
ကျတော်ထမင်းဝတယ်
ဝတ်စရာပေါတယ် သွားဖို့လာဖို့ 
အဆင်ပြေတယ် ဒီတော့ကျန်တာ
ကို လိုတဲ့သူတွေကိုပေးတယ်။
ဒီသဘောပါပဲ။

လိုအပ်သူနဲ့ ပေးချင်သူကြား
ဘာmedia ဘာ သတင်းထောက်
ဘာ မှတ်တမ်းတင်ဓာတ်ပုံမှမလိုပါဘူး"

Khan
Khan ဟာ ပရဟိတဂုဏ်ထူးဆောင်ဆုများစွာ
ရထားသလို ကမ္ဘာ့အနုပညာရှင်တွေထဲပရဟိတ
အလုပ်ဆုံးအနုပညာရှင်အဖြစ်သတ်မှတ်ခြင်းခံ
ထားရသူပါ။ UNESCO ဆုကြီးကိုလဲတလော
ကမှရထားသူဖြစ်ပီး အိန္ဒယနိုင်ငံရဲ့အဟာရချို့တဲ့
သူကလေးသူငယ် ၄သန်းကျော်ကိုလဲနေ့စဉ်
ထောက်ပံ့နေသူပါ။ WISH Foundation နဲ့အတူ
ကမ္ဘာ့အိမ်ခြေရာခြေမဲ့သူတွေအတွက်လဲအိမ်ရာ
တွေဆောက်ပေးခဲ့သူပါ။ သူTelevisionတွေက
ရတဲ့ငွေ 75% ကိုလဲလှူဒါန်းထားသူပါ။ NCPEP
ရဲ့ပင်တိုင်အလှူရှင်ဖြစ်ပီး Khan ဟာဘာသာ
ပေါင်းစုံကစစ်ဘေးဒုက္ခသည်တွေပြန်လည်ထူ
ထောင်ရေးအတွက်လဲ NCPEP နဲ့လုပ်ခဲ့ပါတယ်။
UNICEF ရဲ့အများဆုံးအလှူရှင်တွေထဲKhan
ဟာတယောက်ဖြစ်ပီး တခါတခါလှူရင် ၁၂သန်း
ထက်မနည်းလှူဒါန်းမူတွေနဲ့အတူ Khanဟာ
အင်္ဂလန်ဘုရင်မ ကပေးတဲ့ ဂုဏ်ထူးဆောင်ပရဟိ
တသမားဆုကိုလဲရရှိထားသူပါ။ ၂၀၀၇ခုနှစ်က
၁၂သန်း ၂၀၀၈ခုနှစ်က အစာအဟာရချို့တဲ့က
လေးငယ်တွေအတွက် သန်း၃၀ ၂၀၀၉ခုနှစ်က
စစ်ဘေးသင့်ပါကစ္စတန်ပြည်သူတွေအတွက်
သန်း၃၀ ၂၀၁၀ ခုနှစ်မှာတော့ Khan ဟာကလေး
ဆေးရုံတွေ ကယ်ဆယ်ရေးစခန်းတွေအထိ
ဆောက်ပီးလှူဒါန်းလာပါတော့တယ်။

" ကျတော့ကိုတွေ့ရင် ကျတော်လှူတဲ့
အလှူတွေနဲ့ပတ်သတ်ပီးပြောတာကို
ကျတော်မကြိုက်ဘူးဗျ။ "

Khan
Khan ဟာ အိန္ဒယအောက်ခြေလူတန်းစား
တွေအတွက် ဒုတိယဘုရားသခင်လို့တောင်
တချို့ကျောင်းသားတွေကပြောဆိုမူကြောင့်မနာ
လိုသူတွေရဲ့ကဲ့ရဲ့စကားများစွာကိုလဲခံရသူပါ။ဒီ
တော့ ဒီမင်းသားက ရုပ်ရှင်မရိုက်နိုင်တော့ဘူး
ထား ဘာဖြစ်မလဲ ?

ဘာမှဖြစ်မသွားပါဘူး။ Khan ဟာ
အိန္ဒိယ Bollywood ရဲ့အကြီးဆုံး ရုပ်ရှင်Studio
ကြီးဖြစ်တဲ့ RCE Visual Effects Studioကို
ပိုင်ဆိုင်ထားသူပါ။ ဒီStudio ကနေထွက်တဲ့
ကားတွေကလဲ ကြောက်ခမန်းလိလိအောင်မြင်
ခဲ့တဲ့ကားတွေပါ။ ဒါပဲလား ? ဘယ်ဟုတ်ပေါ့မလဲ
KIDZANIA ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့အကြီးဆုံး
Companyတွေထဲကတခုဖြစ်တဲ့ Company
ရဲ့ Share အများဆုံးပိုင်ဆိုင်ထားသူဖြစ်ပီး
တခြား Clothes Company ၆ခုကိုလဲပိုင်ဆိုင်
ထားသူပါ။ Khan ဟာ ဖခင်နဲ့မိခင်အတွက်ရည်
စူးပီး ကင်ဆာ Foundation ကိုလဲထူထောင်
ထားပီးကမ္ဘာပေါ်က ကင်ဆာFoundation
တွေထဲက တတိယအကြီးဆုံးFoundationပါ။
ဒီFoundation.ဆေးရုံမှာအသုံးပြုတဲ့ဆေးကုသ
ပစ္စည်းတွေဟာ ကမ္ဘာ့အကောင်းဆုံးဆေးရုံ၇ခု
ထဲပါဝင်ထားပီး နိုင်ငံတကာကနာမည်ကြီးပါရဂူ
တွေကိုခေါ်ယူငှားရမ်းထားတဲ့ဆေးရုံကြီးလဲဖြစ်
ပါတယ်။ KKR Cricket Club ရဲ့ shareတဝက်
ကိုပိုင်ဆိုင်သူလဲဖြစ်ပီး KKR ဟာ ကမ္ဘာ့ပရိတ်
သတ်အများဆုံး Club ၂၀ထဲစာရင်းဝင်ပါ။KKR
ရဲ့ပရိတ်သတ်ဟာ ပရီးမီးယားလိဂ် ကနာမည်
ကြီးဘောလုံးအသင်းfan တွေထက်၂ဆနီးပါး
ပိုများပီး ဝင်ငွေအရလဲ ၃ဆနီးပါးကွာတာကို
တွေ့ရပါတယ်။ ဒါကတော့ Khan ဟာမင်းသား
တယောက်မဟုတ်တော့ရက်တောင်သူကနာ
မည်မသေတော့တဲ့ ပရဟိတသမားဆက်ဖြစ်နေ
ဦးမယ့် သူ့ရဲ့ပိုင်ဆိုင်မူတွေပါပဲ။

ဒီလောက်နာမည်ကြီးတာ သတင်းဆိုးတွေ
တော့ရှိမှာပေါ့ ? Khan ဟာသူ့ဇနီးကို၁၉၈၆ခု
နှစ်မှာစချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဇနီးဖြစ်
သူမင်းသမီး Gauri ရဲ့မိသားစုဟာ Khanလို
အစ္စလာမ်တယောက်သာမာန်မင်းသားတ
ယောက်နဲ့သူတို့သမီးကိုသဘောမတူခဲ့ပါဘူး။
ဒါကြောင့် Khan ဟာသူအောင်မြင်တဲ့တနေ့မှ
Gauri ဆီပြန်လာပီးသူ့မိဘတွေသဘောတူနိုင်
တဲ့ယောကျာ်းတယောက်ဖြစ်အောင်ကြိုးစားခဲ့
ပါတယ်။ ၆နှစ်ခွဲကြာပီးချိန်မှာတော့ Khanဟာ
အောင်မြင်တဲ့မင်းသားတလက်ဖြစ်လာခဲ့ပီး
Gauri ကိုလက်ထပ်ခဲ့ပါတယ်။ ဒီကြားထဲKhan
ဟာဘယ်မိန်းမနဲ့မှ နာမည်မထွက်ခဲ့သလိုလက်
ရှိအချိန်ထိလဲ မိန်းမကိစ္စကင်းရှင်းခဲ့တဲ့ရှားပါး
မင်းသားတယောက်ပါ။ အိမ်ထောင်သက်တမ်း
၂၅နှစ်ထဲရောက်ခဲ့တဲ့ယနေ့အချိန်ထိ Khanဟာ
ဘယ်မင်းသမီးနဲ့မှ သတင်းမထွက်ခဲ့ပဲ ကမ္ဘာမှာ
ရော Bollywood မှာပါရှာမှရှားတဲ့ သစ္စာရှင်
အချစ်သူရဲကောင်းကြီးပါ။

လက်ရှိမှာ Khan ဟာ FAN ဆိုတဲ့ကားကြီးကို
ထွက်ထားပီး ထူးထူးခြားခြားပဲအသွင်မတူတဲ့
Effect တွေနဲ့နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါ
တယ်။ ဒါရိုက်တာ Maneesh Sharman ကိုယ်
တိုင်တနေ့ ၁၆နာရီအပင်ပန်းခံရိုက်ကူးလာခဲ့တဲ့
ဒီကားဟာလဲ Khan အဖို့ ထုံးစံအတိုင်းပြောစ
ရာမလိုအောင်ကောင်းတဲ့ကားတကားပေါ့။လက်
ရှိမှာ ဒီကားဟာ ၃ရက်အတွင်း ကုဋေ ၁၁၀ရရှိ
ထားပီး ကြောက်စရာအရှိန်နဲ့ကမ္ဘာအနှံ့ကိုထိုး
ဖောက်ထားပါပီ။

" ကျတော် အောင်မြင်မူကိုမသိဘူး
စိတ်လဲမဝင်စားဘူး
အကယ်ဒမီလား?
အရုပ်တခုနဲ့ ၁မိနစ်စာမိန့် ခွန်းလို့ပဲမြင်တယ်
ကျတော့်အလုပ်ကိုကျတော်
အစွမ်းကုန် ကြိုးစားနေရရင်တော်ပီ
ဘာဆုမှ ပေးစရာမလိုပါဘူး။

Khan
( ထူးချွန်ဆု ၂၂၆ ဆုရှင် )

ဒါကတော့ ပရဟိတသမားကြီး ကမ္ဘာ့
နံပတ်တစ်မင်းသားကြီး အိန္ဒယရဲ့အချမ်းသာဆုံး
စာရင်းဝင်သူထဲကတယောက် သစ္စာရှင်ကြီး
ဖြစ်တဲ့ Khanရဲ့အကြောင်းပါပဲ။ သူရိုက်ခဲ့တဲ့
ဘာသာရေး လူမူရေး နိုင်ငံရေး လူသားဆန်မူ
အချစ် အလွမ်း သိပ္ပံ ဟာသ ကားတွေကိုကြည့်
ရုံ နဲ့  ဒီမင်းသားဟာ ကမ္ဘာ့နံပတ်တစ် ဘာလို့
ဖြစ်နေတာလဲဆိုတဲ့ အဖြေကို သိနိုင်ပါတယ်။

[ ဖြေရှင်းချက် -
Metal ဖက်ကဖြစ်တဲ့အတွက် ခုလို Movie
ဖက်က နံပတ်တစ်ကိုမတောက်တခေါက်လေ့
လာအားနဲ့ရေးမိတဲ့အတွက် လိုအပ်ချက်များ
အလွဲများပါကောင်းပါနိုင်ပါတယ်။ ထို့ကြောင့်
မလေးစားသလိုရေးမိတာတွေပါရင် Khanရဲ့
အမာခံမြန်မာ fanတွေကို အလေးအနက်
တောင်းပန်ပါတယ် ။ ထောက်ပြပေးနိုင်ပါတယ်]

[ Part 2 မှာ ရှာရွတ်ခန်းနဲ့ဘာသာရေးဂိုဏ်းတွေရဲ့
ပဋိပက္ခတွေ အိန္ဒိယအစိုးရနဲ့ပြသနာတွေ သူရုန်း
ကန်ခဲ့ရတဲ့ပရဟိတအခက်အခဲတွေ Bollywood
ရုပ်ရှင်လောကထဲ အစ္စလာမ်နဲ့ဟန္ဒူပြသနာတွေ
ကြား သူပါဝင်ခဲ့မူတွေ သူရိုက်ခဲ့တဲ့တချို့ကားတွေ
နဲ့ ဘာသာရေးပြသနာတွေကို ဆက်ဖော်ပြချင်ပါ
သေးတယ် ]

Ref . Quora
Twitter
Bollywood Stars
Inc Magazine ( India )

ထက်ဝန

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။