Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 2, 2016

NLD အစိုးရကလဲ

NLD အစိုးရကလဲ
-----------------

အခုဆို ရက်ပိုင်းအတွင်း အတော်အတန် ပွဲကြမ်းလာပြီဆိုတော့က ပြောစရာအချို့လဲ ဖြစ်လာပြီ။ အပြောင်းအလဲကို ရုတ်ချည်း လက်မခံနိုင်တာလဲ လူ့ဘဝပဲ မဆန်းပါဘူး။ ဥပမာ အမေရိကန်မှာ ကပ္ပလီတွေ ကျွန်ဘဝကနေ လွတ်မြောက်တော့ ကျန်တာဘာမှ မလုပ်တတ်တော့ ကျွန်ပဲပြန်လုပ်ပါရစေဆိုတဲ့ လူတွေ အများကြီးဆိုပဲ။ အပြောင်းအလဲဟာ ကြမ်းတာကိုး။ အခုဆိုလဲ ယူနီဖောင်းပြောင်း အာဏာရှင်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းပြောင်းချင်းမှာ ရက်ပိုင်းအတွင်း ဝမ်းသာနိုင်တဲ့ လူတွေရှိသလို အထိနာတဲ့ လူတွေကလဲ မနည်းဘူးဗျ။ အားလုံးသိတဲ့အတိုင်း အခုကြည့်…. စီးပွားဖြစ် မဏ္ဍပ်ထောင်တဲ့လူတွေထိပြီ။ သိထားသလောက်ကတော့ မဏ္ဍပ်တွေဟာ အတော်စီးပွားဖြစ်တယ်။ တင်ဒါကြေး သိန်း နှစ်ထောင်ပေးပြီး သင်္ကြန်လေးရက်အတွင် သိန်း ၆ ထောင် ၇ ထောင်မက ပြန်ဝင်တယ်ဆိုပဲ။ ဖြစ်နိုင်တယ်။ စဉ်းစားကြည့်ဗျ။ တစ်ပုလင်းမှ ၁ သောင်းခွဲလောက်ပဲရှိတဲ့ Absolut Vodka ရဲ့ တစ်ပတ်ကို ဆိုဒါနဲ့ သံပါရာနဲ့ရောပြီး ၄ ထောင်နဲ့ရောင်းတယ်။ ဘီယာတစ်ပုလင်း ၄၀၀၀။ All Day လက်မှတ်က ပုံမှန် ၁ သိန်းခွဲ၊ တစ်လောက ကြားလိုက်ပါတယ် မဏ္ဍပ်တစ်ခုက VVIP လက်မှတ်ကို သိန်း ၃၀ ဆိုပဲ။ မဏ္ဍပ်တစ်ခုပေါ်မှာ ပျော်တဲ့လူတွေက အယောက် ထောင်ဂဏန်း ကပ်တယ်။ အခု ဒီမဏ္ဍပ်တွေကို ပိတ်လိုက်တဲ့အတွက် ကောင်းတာတွေလဲ ရှိသလို ဆိုးတာတွေလဲ ရှိမှာပဲ။ မဆန်းပါဘူး။ အမြဲတမ်း အလန်းစား DJ တွေ၊ ယမကာတွေ၊ ပေါင်တို ပိုးဟပ်aဖြူမလေးတွေအသိုင်းအဝိုင်းမှာပဲ အသားကျနေကြတဲ့ ကျွန်တော်တို့လို လူငယ်တွေက ဖီးလ်ကွေးမှာပဲ။ ဒါပေမယ့် အရင်လို အုန်းလက်မဏ္ဍပ်လေးတွေ၊ စတုဒီသာမဏ္ဍပ်လေးတွေ အလုပ်ပိုဖြစ်လာမယ်။ မဏ္ဍပ်တွေမရှိတော့ အဲ့ဒီကလူတွေက အခုလို မိသားစု မဏ္ဍပ်လေးတွေမှာ ပိုစုကြမယ် ထင်တာပဲ။

ထားပါတော့။ ကျွန်တော် အဓိကပြောချင်တာ မဏ္ဍပ်ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့ လူငယ်အချို့ရဲ့ နိုင်ငံရေး ခံယူချက်တွေအကြောင်းပဲ။ အခုထုံးစံအတိုင်း ဖေ့ဘွတ်ခ် လို လူမှုစာမျက်နှာတွေမှာလဲ ဒီ NLD ရဲ့ ရက်ပိုင်းလုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လာတာတွေ တွေ့ရတယ်။ ပထမဆုံးလေ့လာကြည့်ရင် ဒီလူတော်တော်များများဟာ မြန်မာပြည်ရဲ့ အကြီးမားဆုံး နိုင်ငံရေးအပြောင်းအလဲမှတ်တိုင်ဖြစ်ခဲ့တဲ့ ၈ လေးလုံးအရေးခင်း နောက်ပိုင်းလူတွေချည်းပဲ။(၁၉၆၂ တို့၊ ၁၉၇၄ ဦးသန့်အရေးခင်းတို့ကတော့ အရမ်းကို အလှမ်းဝေးသွားပြီဖြစ်တဲ့အတွက် မပြောလိုတော့ပါ။) ဆိုလိုတာကတော့ တကယ့်နိုင်ငံရေးအခင်းအကျင်းအစုံကို စာအုပ်တွေမဖတ်ဖူးပဲနဲ့ လုံးဝမသိနိုင်တာပါ။ ရှင်သန်ခဲ့ရတာကလဲ နအဖ အစိုးရရဲ့ ပုံသွင်းမှု ပညာရေးပတ်ဝန်းကျင်အောက်မှာပဲဖြစ်ခဲ့တယ်။

အခု အရင် ဦးသိန်းစိန် အစိုးရနဲ့ ယှဉ်ပြီးတော့ NLD ကို ဝေဖန်စိန်ခေါ်နေတဲ့လူတွေကို လေ့လာကြည့်တယ်။ လူတိုင်းမှာ လွတ်လပ်တဲ့ နိုင်ငံရေးခံယူချက် ထားရှိခွင့် ရှိတာမှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံယူချက် ထင်မြင်ချက်တွေကတော့ အတော်ကလေးဆန်နေသလားလို့ပါ။ ဥပမာ သူတို့မြင်တာ ၁၅၀၀ ဖုန်းကိစ္စ၊ ကားပါမစ်တွေ ဈေးကျသွားတဲ့ကိစ္စ၊ အင်တာနက်လိုင်းတွေ မြန်လာတဲ့ ကိစ္စ၊ အရက်ဘီယာတွေ ဈေးသက်သာလာတဲ့ ကိစ္စ ဒါတွေလောက်ပဲဗျ။ လူ့အခွင့်အရေဆုံးရှုံးမှု၊ ပြည်တွင်းက အရင်းအမြစ်တွေကို တိုင်းတစ်ပါးကို ရောင်းချနေမှု၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တိုးပွားလာမှု၊ စာနယ်ဇင်းအပြည့်အဝလွတ်လပ်မှု၊ ဘာသာရေးပဋိပက္ခကင်းရှင်းမှု…. ဒါတွေဒါတွေ ဆုံးရှုံးနေတာကို မမြင်ဘူး။ နိုင်ငံတစ်နိုင်ငံမှာ တကယ်လိုအပ်နေတာ ဘာတွေလဲ သူတို့မသိဘူး။ အရင်က ထမင်းကြမ်းခဲနဲ့ပဲ စားဖူးနေတဲ့လူတွေက ချဉ်ပေါင်ဟင်းလောက်ရလိုက်တာနဲ့ အတော်အစားမြိန်သွားတယ်။ ကြက်သားဟင်းကို ဘေးဖယ်ထားတာကို သူတို့ သတိမမူကြဘူး။

ကျွန်တော်ကတော့ NLD အစိုးရတက်လာတာကို အများကြီး ဝမ်းသာတယ်။ အများကြီးလဲ မျှော်လင့်ထားတယ်။ အရင် အစိုးရထက် အများကြီး ပြည်သူတွေကို အများကြီး အကျိုးပြုမယ်ဆိုတာ လက်ခံတယ်။ လာစမ်းပါ။ ကျွန်တော် NLD ကိုမဲပေးခဲ့တာ အမေစု မျက်နှာတစ်ခုတည်းတင်မဟုတ်ဘူး။ NLD ဟာ အမှားတွေများလာရင် ပြည်သူတွေတွေ သူ့ကို လက်မခံတော့ရင် အရင်အစိုးရလို မျက်နှာပြောင်တိုက်ပြီး နေနေမှာတော့မဟုတ်ဘူးဗျ။ အားလုံး တက်ညီလက်ညီနဲ့ အရင် လက်ပံတန်းက ကျောင်းသားထုဦးဆောင်တဲ့ အင်အားရဲ့ တစ်ဝက်လောက်သာ တက်ညီလက်ညီ လုပ်ပြလိုက် တန်းဆင်းပြမှာ။ ဒါကို အာမခံတယ်။ ဘာလို့လဲဆိုတော့ NLD က ခေါင်းဆောင်တွေနဲ့ အမတ်တွေအားလုံးက ဆယ်တန်းတော့ အောင်တယ်လေ။ ပညာတတ်တယ်ဗျ။

အဲ့တော့ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့အနေနဲ့ အရင်အစိုးရကို ချစ်တာပဲဆိုရင်လဲ ဖြစ်တယ်။ NLD ကို မုန်းတာချည်းသက်သက်ပဲဆိုရင်လဲဖြစ်တယ်။ အရင်အစိုးကို ချစ်ပြီး NLD ကို သွားမုန်းနေလို့တော့ မရဘူးဗျ။ သဘောကတော့ အရိုးပဲရှိလို့ အရိုးကိုက်တာ သဘာဝကျတယ်။ အသားတုံးဘေးထားရင် အရိုးပဲကိုက်နေရင် ခင်ဗျားတို့ အတော်မိုက်တာပဲ။

ရှည်ရှည်ဝေးဝေးလဲပြောမနေချင်တော့ဘူး။ စာအုပ်တွေဖတ်ပါ လေ့လာပါ ဆိုရင်လဲ အဲ့လိုလူတွေက ဖတ်မှာမှ မဟုတ်ပဲ။ ၁၅၀၀ ဖုန်းကဒ်တွေ ကားပါမစ်တွေလောက်ပဲ မြင်တတ်တဲ့ အဲ့လူတွေအဖို့တော့ ဒီလောက်သိရင်ကို လုံလောက်ပါတယ်။ ကျွန်တော်ပြောနေလဲ ခင်ဗျားတို့က တုံးကြောင်း လက်ခံမှာမဟုတ်ဘူး။ လူတစ်ယောက်ဟာ အရမ်းတုံးအနေပြီဆိုရင် သူက ငတုံးမှန်း ဘယ်လိုလုပ် သိမြင်နိုင်စွမ်းရှိပါတော့မလဲ။ သဘာဝကျပါတယ်။

ငယ်ငယ်တုန်းက သင်ရတဲ့ အဲ့ဒီကဗျာကို ကျွန်တော်ကတော့ သိပ်မမှတ်မိတော့ဘူးဗျ။ အစပိုင်းပဲ ချီပေးလိုက်တော့မယ်။ ကျန်တာ ဝင်ထောက်ကြပါဦး။ အို… ဘာတဲ့..

“လမင်းကို ခွေးဟောင်လို့၊ ရွှေလရောင် ပြောင်မပျက်တယ်၊ ထွန်းလျက်ပင်သာ……”(သာထက်အောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။