●တကယ်လို့●
~~~~~~~
●တကယ်လို့
"ဟုတ်ကဲ့ပါ"ဆိုတဲ့စကားကို
ပြောခဲ့မယ်ဆိုရင်
နှလုံးသားကို ဖွင့်ထားတဲ့စိတ်နဲ့
ယုံကြည်စိတ်လေးကို ထားသင့်တယ်။
●တကယ်လို့
"မဟုတ်ပါဘူး" လို့ငြင်းခဲ့ရင်တော့
ကြောက်ရွံမှုလေးတွေ
ကင်းတဲ့စိတ်နဲ့ ပြတ်သားတဲ့စိတ်လေးကိုထားသင့် တယ်။
●တကယ်လို့
"လာပါမယ်" လို့ကတိပေးခဲ့ရင်
အချိန်မှန်ရောက်အောင်
သွားမယ် ဆိုတဲ့စိတ်လေးနဲ့
ကြိုးစားကတိတည်တတ်တဲ့ စိတ်လေးထားသင့်တယ်။
●တကယ်လို့
"မလာနိုင်ပါဘူး" လို့ငြင်းခဲ့ရင်တော့
နောက်လှည့်မကြည့်တဲ့စိတ်လေး နဲ့
နောင်တတရားတွေကင်းသင့်တယ်။
●ကိုယ့်ရဲ့မပြတ်မသား အားနာတတ်တဲ့
စိတ်ထားလေးတွေကြောင့်
တဖက်သား
ခံစားစောင့်မျှော် ရတာမျိုးဖြစ်နေရတဲ့အခါ
ကိုယ်ချင်းစာတရားကင်းမဲ့သူဟာ
ကိုယ်ကိုယ်တိုင် ဖြစ်လို့သွားတတ်ပါတယ်။
●ကိုယ်ချင်းစာတရား လက်ကိုင်ထားဖို့
ငြင်းသင့်တာကို ငြင်းပယ်ရင်း
လယ်လွယ်ကတိမပေးမိအောင်
သတိပြု ကြိုးစားရမှာက
ဆက်ဆံရေးမှာ ကိုယ့်ဘက်က
လိုက်နာရမယ့် တာဝန်ပဲ ဖြစ်ပါတယ်။
#ငြိမ်းလဲ့#
~~~~~~~
●တကယ်လို့
"ဟုတ်ကဲ့ပါ"ဆိုတဲ့စကားကို
ပြောခဲ့မယ်ဆိုရင်
နှလုံးသားကို ဖွင့်ထားတဲ့စိတ်နဲ့
ယုံကြည်စိတ်လေးကို ထားသင့်တယ်။
●တကယ်လို့
"မဟုတ်ပါဘူး" လို့ငြင်းခဲ့ရင်တော့
ကြောက်ရွံမှုလေးတွေ
ကင်းတဲ့စိတ်နဲ့ ပြတ်သားတဲ့စိတ်လေးကိုထားသင်
●တကယ်လို့
"လာပါမယ်" လို့ကတိပေးခဲ့ရင်
အချိန်မှန်ရောက်အောင်
သွားမယ် ဆိုတဲ့စိတ်လေးနဲ့
ကြိုးစားကတိတည်တတ်တဲ့ စိတ်လေးထားသင့်တယ်။
●တကယ်လို့
"မလာနိုင်ပါဘူး" လို့ငြင်းခဲ့ရင်တော့
နောက်လှည့်မကြည့်တဲ့စိတ်လေး
နောင်တတရားတွေကင်းသင့်တယ်။
●ကိုယ့်ရဲ့မပြတ်မသား အားနာတတ်တဲ့
စိတ်ထားလေးတွေကြောင့်
တဖက်သား
ခံစားစောင့်မျှော် ရတာမျိုးဖြစ်နေရတဲ့အခါ
ကိုယ်ချင်းစာတရားကင်းမဲ့သူဟ
ကိုယ်ကိုယ်တိုင် ဖြစ်လို့သွားတတ်ပါတယ်။
●ကိုယ်ချင်းစာတရား လက်ကိုင်ထားဖို့
ငြင်းသင့်တာကို ငြင်းပယ်ရင်း
လယ်လွယ်ကတိမပေးမိအောင်
သတိပြု ကြိုးစားရမှာက
ဆက်ဆံရေးမှာ ကိုယ့်ဘက်က
လိုက်နာရမယ့် တာဝန်ပဲ ဖြစ်ပါတယ်။
#ငြိမ်းလဲ့#

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။