ကျူထရံတွေကာချင်ကာပါစေ နွေးထွေးတဲ့မေတ္တာတွေ ရှိနေလျှင် အဲဒါဟာ အိမ်
.......................... .......................... .......................... .........
Home နဲ့ House ဘယ်လိုကွဲပြားသလဲဆိုတာ ဆရာပေါင်းစုံ ရှင်းပြခဲ့ကြပါပြီ ..ဒါကြောင့် ကျနော် မတင်ဖြစ်ခဲ့ပါဘူး ၊ အရင်က တခြား group တစ်ခုမှာ ကျနော်လည်း ဆွေးနွေးတင်ပြခဲ့ဖူးပါတယ် ။ အခုတော့ တောင်းဆိုသူရှိတာကြောင့် ဒီမှာလည်း တင်ပေးလိုက်ပါတယ်
..
Home က နေအိမ်ဆိုတဲ့ ခံစားမှုသဘော (feeling) ကို ထင်ဟပ်လိုတဲ့ အခါမှာသုံးပါတယ် ၊ Home is where a person feels safe, warm and comfort. အိမ်ဆိုတာ စိတ်ချလုံခြုံမှု နွေးထွေးမှု သက်တောင့်သက်သာရှိမှု စတဲ့ ခံစားချက်တွေ ရရှိတဲ့နေရာပါ ။ အဲလိုခံစားမှုတွေလည်း ဟောဒီ home ဆိုတဲ့ စာလုံးထဲမှာ ပူးကပ်နေပါတယ်..
.
House ကတော့ အဆောက်အဦးသဘော (Building ) ၊ ပစ္စည်းဝတ္ထု သဘော(material) ကိုသာ ဖေါ်ညွှန်းလိုတာဖြစ်ပါတယ် ၊ A house is defined as a building.တဲ့
.
အချုပ်အားဖြင့်ဆိုရင် .. home က mental (စိတ်နဲ့ဆိုင်တဲ့) သဘောဖြစ်ပြီး house ကတော့ physical (ရုပ်နဲ့ဆိုင်တဲ့) သဘောဖြစ်ပါတယ် ..
.
ရှင်းလင်းအောင် နမူနာလေးတွေ ကြည့်လိုက်ပါလား ၊ ကိုယ်တိုင်သုံးတဲအခါ ကျတော့လည်း စံပြုလို့ရတာပေါ့
.
(1) HOME is where the heart is.
အိမ်ဆိုတာ နှလုံးသားရှိတဲ့နေရာပါ (ခံစားမှုကို ဘယ်လောက်တောင် ဖေါ်ညွှန်းသလဲကြည့်ပါ )
.
(2) A man's HOME is his wife’s castle.
ယောက်ျားတစ်ယောက်ရဲ့အိမ်ဟာ သူ့မိန်းမအတွက်တော့ ရဲတိုက်ပါပဲ (ဒါက လုံခြုံမှုကို တင်စားတာ)
.
(3) A woman's place is in the HOME.
မိန်းမတစ်ယောက်ရဲ့ နေရာဟာ အိမ်ထဲမှာရှိပါတယ် (ဒါက ပိုင်စိုးမှုကို ထုတ်ဖေါ်တာ)
.
(4) There's no place like HOME.
အိမ်နဲ့တူတဲ့နေရာ မရှိပါ (ကိုယ့်အိမ်လို ပိုင်ပိုင်နိုင်နိုင်ရှိမှု မျိုး တခြားနေရာမှာမရှိနိုင်ပါဘူး )
.
(5) If you go anywhere, even paradise, you will miss your HOME.
ဘယ်နေရာကိုပဲသွားသွား .. ကောင်းကင်ဘုံကိုတောင်မှ သွားပါဦး အိမ်ကိုတော့ လွမ်းနေပါလိမ့်မယ် ..တဲ့
..
(6) Make yourself at HOME. ကိုယ့်အိမ်လိုသဘောထားပါ (ကိုယ့အိမ်မှာဆို ပိုင်ပိုင်နိုင်နိုင် လွတ်လွတ်လပ်လပ် ရှိတဲ့သဘော)
.
(7) What are you doing? I am cleaning my HOUSE.
ခင်ဗျားဘာလုပ်နေလဲ ။ ကျနော်အိမ်သန့်ရှင်းရေး လုပ်နေပါတယ် ။ (ပစ္စည်းဝတ္ထုသဘောမို့လို့)
.
(8) Where is the ladder? It is at the back of the HOUSE.
လှေခါးက ဘယ်မှာလဲ ။ အဲဒါက အိမ်ရဲ့နောက်ဖေးမှာပါ ။ (ခံစားချက် သဘောကို ထည့်ပေးစရာ မလိုဘူး မဟုတ်လား )
.
(8) My HOME COUNTRY is Myanmar.
ကျနော့် ပင်ရင်းနိုင်ငံက မြန်မာနိုင်ငံ ပါ ။ (ကိုယ့်နိုင်ငံကိုယ် ချစ်ခင်တဲ့စိတ်မျိုး ပါလိမ့်မယ်)
.
(9) The police searched HOUSE to HOUSE for the burglar.
ရဲက ဖောက်ထွင်းသမားကို တစ်အိမ်ပြီး တစ်အိမ် ရှာဖွေခဲ့တယ် (ချောင်တွေ ကြားတွေ ရှာမှာပေါ့ ၊ အဆောက်အဦးသဘောကို ဆိုလိုပါတယ်)
..
(10) I like my mother's HOME cooking.
ကျနော့်အမေရဲ့ အိမ်ချက် ထမင်းဟင်းကို ကျနော်ကြိုက်တယ် (စားနေကျဖြစ်နေတဲ့သဘော ၊ အမေ့ရဲ့စေတနာသဘောတွေ ပါနေမယ်)
..........................
Home ကို ဂေဟာ ၊ ရိပ်သာ ..စတဲ့ အဓိပ္ပါယ်တွေအတွက်လည်း သုံးနိုင်ပါတယ်
ဥပမာ
Orphans home = မိဘမဲ့များဂေဟာ (ခိုလှုံရာနေရာတစ်ခုသဘော)
Home for the ages = ဘိုးဘွာရိပ်သာ
.................
House ကျတော့ ကြည့်ပါဦး
Ghost house = တစ္ဆေအိမ် (တစ္ဆေခြောက်တဲ့အိမ်)
Cat house = (ဘန်းစကားဖြင့်) ပြည့်တန်းဆာအိမ် ..တဲ့
........................
ကဲ.. အဲဒီတော့ ကျနော်တို့ ဖေါ်ကျူးးချင်တဲ့ အိမ်က ဘယ်လိုအိမ်မျိုးလဲ မေတ္တာတွေနဲ့ နွေးထွေးနေတဲ့ အိမ်မျိုးလား ၊ မိသားစုသဘောမပါ နံရံတွေကာထားတဲ့ အဆောက်အဦးကိုလားဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ ..
..
မေတ္တာတို့ဖြင့် နွေးထွေးလုံခြုံသော အိမ်ဂေဟာမှာ ပျောရွှင်စွာ နေထိုင်နိုင်ကြပါစေ
..
မေတ္တာဖြင့် heart emoticon

အိမ်နဲ့တူတဲ့နေရာ မရှိပါ (ကိုယ့်အိမ်လို ပိုင်ပိုင်နိုင်နိုင်ရှိမှု

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။