လူငယ်တွေ အောင်မြင်ဖို့ (၄)
မိမိအရည်အချင်းကို စတင်မိတ်ဆက်ပါ
လူငယ်တွေ အောင်မြင်ဖို့
အပိုင်း (၂) နှင့် (၃) တွင် မိမိအရည်အချင်းကို ဖြည့်ဆည်းထားဖို့ အတွက် ဖြည့်ဆည်းရမဲ့ အမျိုးအစား ၄ မျိုးနဲ့ လုပ်ရမဲ့ လုပ်ငန်းစဉ်တွေကို ပြောခဲ့ပြီးဖြစ်ပါတယ်၊ အဆိုပါ အရည်အချင်းတွေ ပြည်စုံလာတဲ့အခါ ကိုယ့်ရဲ့ အရည်အချင်း တနည်းပြောရင် အရည်အသွေးတွေကို ပတ်ဝန်းကျင်နဲ့၊ လောကကြီးနဲ့ စတင် မိတ်ဆက်ပေးရပါမည်။ ကုန်ပစ္စည်းတစ်ခုအနေနဲ့ ဥပမာ ပြောရရင် ပထမဆုံး အဆင့်က အရည်အသွေးပြည့်ဝတဲ့ ကုန်ပစ္စည်းတစ်ခုကို စက်ရုံက ထုတ်လုပ်လိုက်ပြီးရင် ဈေးကွက်ကို တင်ပို့ရသလိုပါပဲ လူတစ်ယောက် ကလည်း ကိုယ့်ကို ကိုယ် လိုအပ်တဲ့ အရည်အချင်း/ အရည်အသွေး
ဖြည့်ဆည်းပြီးတဲ့အခါ ပတ်ဝန်ကျင်ကို စတင်မိတ်ဆက်ရပါတယ်။
စတင်မိတ်ဆက်တယ်ဆိုတာ ကိုယ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းနယ်ပယ်တစ်ခုကို
စတင်ဝင်ရောက် တာပါပဲ၊ လုပ်ငန်းခွင်ကို စတင်ဝင်ရောက်တဲ့ အချိန်မှာ
ကိုယ့်အတွက် ဘယ်လောက်ရနိုင်လဲ ဆိုတာထက် ကိုယ်က ဘယ်လောက်အထိ
ပေးနိုင်လဲဆိုတာကို ဦးစွာစဉ်းစားပါ။ ဆိုလိုတာက လစာဘယ်လောက် ရမယ်ဆိုတာထက်
ကိုယ်တတ်တဲ့ပညာနဲ့ ဘယ်လောက်ကိုက်ညီတယ်၊ ကိုယ့်အတွက် ဘယ်လောက်
လုပ်ခွင့်ရှိတယ်၊ ဘယ်လောက်အထိ အကောင်းဆုံးလုပ်ပေးနိုင်မယ် ဆိုတာကို
စဉ်းစားရပါမယ်။ ကိုယ့်အရည်အချင်းကို တိတိကျကျ မသိသေးခင်
ထိုက်ထိုက်တန်တန်ပေးဖို့ လုပ်ငန်းရှင်ဘက်ကလည်း စဉ်းစားပါလိမ့်မယ်။
ဒီနေရာမှာ အလျင်းသင့်လို့ နည်းနည်းဆက်ပြောချင်ပါတယ်။ လူတစ်ယောက်က
အလုပ်လုပ်တော့မယ်ဆိုရင် ကိုယ့်လုပ်ရမဲ့ နေရာအတွက် တာဝန်၊ ဝတ္တရားတွေထက်
လစာဘယ်လောက် ရမလဲဆိုတာကို စိတ်ဝင်စားကြပါတယ်။ တကယ်တော့ လစာဆိုတာ
လုပ်ငန်းတာဝန်၊ ဝတ္တရား၊ အလုပ်ချိန်တွေ အပေါ်မူတည်ပြီးမှ ထိုက်တန်/
မထိုက်တန် ဆုံးဖြတ်ရမှာပါ။ အလုပ်တစ်ခုကို စလုပ်ရတဲ့အချိန်မှာ ကိုယ့်ရဲ့
အားနည်းချက်၊ အားသားချက်ကို သိအောင် အရင်ကြိုးစားပါ။ အဲဒါမှ လိုအပ်သလို
ကိုယ်ကိုကိုယ် စီမံခန့်ခွဲ (Self Management) နိုင်မှာပါ။ ဆိုလိုတာက
အားသားချက်ကို အသုံးပြုပြီး ကိုယ့်ရဲ့ အရည်အချင်းကို လူတွေရဲ့ အသိအမှတ်ပြု
လက်ခံလာအောင် ကြိုးစားရမှာ ဖြစ်သလို အားနည်းချက်ကို သိမှလည်း
ပြင်ဆင်နိုင်မှာပါ။ ဥပမာ - အောင်မြင်နေတဲ့ စားသောက်ကုန်လုပ်ငန်း တစ်ခု
ဆိုကြပါစို့၊ သူ့မှာအောင်မြင်စေနိုင်တဲ့ အစားအသောက်လက်ရာ ကောင်းတာ၊
ဝန်ဆောင်မှုကောင်းတာ စတဲ့ အားသာချက်တစ်ခုခု တော့ရှိပါတယ်၊ အောင်မြင်တဲ့
Designer ဆိုရင်လည်း လက်ရာကောင်းတာ၊ ရက်ချိန်းတိကျတာ စတဲ့
သူ့ရဲ့အောင်မြင်မှုမှာ အကြောင်းရင်း တစ်ခုတော့ရှိပါတယ်။ ဒါဆိုရင် ကိုယ်က
လုပ်ငန်းခွင်မှာ ဘယ်လိုအားသက်ချက်ကို အသုံးပြုပြီး အောင်မြင်အောင်
ကြိုးစားမလဲ၊ အဲဒီအချက်ဟာ ကိုယ့်ရဲ့ အမှတ်အသား (Trade Mark)၊ ကိုယ့်ရဲ့
အမှတ်တံဆိပ် (Brand) ပါ၊ ဥပမာ- iphone ကို လူတွေဘာကြောင့် ကြိုက်ကြလဲ?
ဘာကြောင့် တန်ဖိုးကြီးလဲ? သူရဲ့ အရည်အသွေးကြောင့်ပါ၊ အရည်အချင်း ရဲ့
နောက်ကိုငွေဟာ လိုက်လာပါတယ်၊ iphone5 ကို ရောင်းတဲ့အခါ လိုက်ခေါ်စရာမလိုဘဲ
လူတွေ တန်းစီစောင့်ပြီး ဝယ်ကြတယ်။ မက်ဆီကို လိုချင်တဲ့ ကလပ်အသင်းတွေ
ဝိုင်းဝိုင်းလည်နေပါတယ်။ ကိုယ်က အခုမှစပြီး အလုပ်လုပ်တဲ့အချိန်မှာ
လစာကောင်းကောင်း ရဖို့ထက် အကောင်းဆုံးလုပ်ပြနိုင်ဖို့၊ ကိုယ့်ရဲ့ Trade
Mark တစ်ခုရဖို့၊ Brand တစ်ခုဖြစ်နိုင်ဖို့ ကြိုးစားရပါမယ်၊ ကိုယ်က ဘာမှ
မဖြစ်သေးတဲ့အချိန်မှာ ဝင်ငွေကောင်းကောင်းလိုချင်လို့
မဖြစ်နိုင်ပါ။ ကိုယ့်အရည်အချင်းကို တန်ဖိုးတက်အောင် ကြိုးစားတဲ့အခါ
ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ပါ၊ တဖက်သားကို မတိုက်ခိုက်ပါနဲ့၊
ဆိုလိုချင်တာက ကိုယ်အောင်မြင်ချင်လို့ တစ်ပါးသူကို အသုံးမချပါနဲ့၊
ချေက်မတွန်းပါနဲ့၊ နောက်တစ်ချက်က မာန်မာန မထားပါနဲ့၊ ငါပဲသိတယ်၊
ငါပဲတတ်တယ်၊ ငါပဲတော်တယ်၊ ငါ့ထက်တတ်တဲ့သူ၊ ငါထက်တော်တဲ့သူမရှိတော့ဘူးလို့
မထင်ပါနဲ့။ လောကကြီးမှာ လူတစ်ယောက်ဟာ အရာအားလုံးကို မတတ်နိုင်ဘူး၊
ကိုယ်ကျင်လည်တဲ့ နယ်ပယ်မှာ ကိုယ်က ကျွမ်းကျင်တတ်မြောက်ပေမဲ့
ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်တွေ အများကြီးပါ။ အောင်မြင်မှုကို စရတဲ့အချိန်မှာ
ကိုယ့်ကိုကိုယ် အထင်ကြီးစိတ်တွေ၊ ထင်တစ်လုံးတွေ ဝင်လာတတ်ပါတယ်။
အဲဒီလိုဖြစ်တာဟာ အင်မတန် အန္တရာယ်များ ပါတယ်။ အဲဒါကို ကိုယ့်ကိုကိုယ်
အမှန်တိုင်း သိမြင်နိုင်ဖို့ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု (Self
Confidence) နဲ့ ဘဝင် (High conceit) နဲ့ ကွဲကွဲပြားပြား
သိမြင်ဖို့လိုပါတယ်။ တစ်ပါးသူကကိုယ့်ကို ဝေဖန်တာကိုလည်း လက်ခံနိုင်ရပါမယ်။
တစ်ပါးသူက ကိုယ့်ကို ဝေဖန်တဲ့အခါ တိုက်ခိုက်လိုစိတ်နဲ့ ပြောတာဆိုရင်
လျစ်လျူရှုလိုက်ပါ။ အကောင်းဘက်က ဝေဖန်တာဆိုရင် ပြုပြင်နိုင်အောင်ကြိုးစားပါ။
ကိုယ့်ရဲ့ အားသားချက်ကို အကောင်းဆုံး အသုံးပြုပါ၊ သက်ဆိုင်ရာ
လုပ်ငန်းကျွမ်းကျင်ခြင်း၊ စည်းကမ်းရှိခြင်း၊ အချိန်လေးစားခြင်း၊
လုပ်ငန်းခွင်မှာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း စတဲ့ အချက်တွေနဲ့ပြည့်စုံနိုင်အောင်
ကြိုးစားရပါမယ်။ အနည်းဆုံး တစ်ခုခုတော့ အကောင်းဆုံး ဖြစ်နေရပါမယ်။
အဲဒီအချက်အလက် တစ်ခုခုကို ကိုယ့်ရဲ့ Trade Mark ဖြစ်အောင်
ဖန်တီးနိုင်ရပါမယ်။ ဒါဆိုရင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ငန်းခွင်မှာ
နာမည်တစ်ခု စတင်ရရှိပါလိမ့်မယ်။ အဲဒီအချက်ဟာ အောင်မြင်မှုအတွက်
လမ်းစတစ်ခုပါ၊ အဲဒီ Trade Mark အားကောင်းလာရင်၊ တနည်းပြောရင် ကိုယ်ရဲ့
နာမည်တစ်လုံး အရှိန်ရလာရင် အောင်မြင်မှုအတွက် ခြေလှမ်း စလှမ်းနိုင်လာပါပြီ။ “
လူငယ်တိုင်း စစ်မှန်တဲ့ အရည်အချင်းနဲ့အတူ လုပ်ငန်းခွင်ကို အကောင်းဆုံး
စတင်နိုင်ကြပါစေ ”
အောင်ကိုကို(အမ်း) — at Acuity English Language Centre.
မိမိအရည်အချင်းကို စတင်မိတ်ဆက်ပါ
လူငယ်တွေ အောင်မြင်ဖို့
အပိုင်း (၂) နှင့် (၃) တွင် မိမိအရည်အချင်းကို ဖြည့်ဆည်းထားဖို့ အတွက် ဖြည့်ဆည်းရမဲ့ အမျိုးအစား ၄ မျိုးနဲ့ လုပ်ရမဲ့ လုပ်ငန်းစဉ်တွေကို ပြောခဲ့ပြီးဖြစ်ပါတယ်၊ အဆိုပါ အရည်အချင်းတွေ ပြည်စုံလာတဲ့အခါ ကိုယ့်ရဲ့ အရည်အချင်း တနည်းပြောရင် အရည်အသွေးတွေကို ပတ်ဝန်းကျင်နဲ့၊ လောကကြီးနဲ့ စတင် မိတ်ဆက်ပေးရပါမည်။ ကုန်ပစ္စည်းတစ်ခုအနေနဲ့ ဥပမာ ပြောရရင် ပထမဆုံး အဆင့်က အရည်အသွေးပြည့်ဝတဲ့ ကုန်ပစ္စည်းတစ်ခုကို စက်ရုံက ထုတ်လုပ်လိုက်ပြီးရင် ဈေးကွက်ကို တင်ပို့ရသလိုပါပဲ လူတစ်ယောက် ကလည်း ကိုယ့်ကို ကိုယ် လိုအပ်တဲ့ အရည်အချင်း/
အောင်ကိုကို(အမ်း) — at Acuity English Language Centre.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။