Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 6, 2016

ဘာကြောင့် စာအုပ်ဖတ်ရန် လိုအပ်ပါသလဲ ????? (တကယ် ကောင်းလွန်းလို့ပါ ဖတ်ကြည့်ပါနော်)

 ဘာကြောင့် စာအုပ်ဖတ်ရန် လိုအပ်ပါသလဲ ????? (တကယ် ကောင်းလွန်းလို့ပါ ဖတ်ကြည့်ပါနော်)

သာမန်လူတစ်ယောက်အနေနှင့် မိမိတို့သိလိုသော အကြောင်းအရာ အချက်အလက် ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် လိုက်လံရှာဖွေရန် အချိန်အတော်ယူရမည်ဖြစ်သည်။အချိန်ကုန်လူပင်ပန်းသက်သာပြီး အေးအေးဆေးဆေးနှင့်ရရှိနိုင်သောနေရာသည်စာအုပ်များမှပင်ဖြစ်နိုင်ပေလိမ့်မည်။ထိုကဲ့သို့ပြောခြင်းကြောင့် စာအုပ်များထဲတွင် အရာအားလုံးရှိသည်စာအုပ်ထဲမှ အကြောင်းအရာများသည် အားလုံးမှန်ကန်သည်ဟုဆိုလိုခြင်းမဟုတ်ပါ။ စာအုပ်ဖတ်သူနှင့်မဖတ်သူတို့ကြား တွေးခေါ်ပုံ ခံယူချက်နှင့် နေထိုင်ပုံ အစစအရာရာကွာခြားနေမည်မှာ အမှန်ပင်ဖြစ်သည်။



နောက်ဆုံးပေါ် အဝတ်အစား အသုံးအဆောင်များ ဝတ်စားဆင်ယင်ထားရုံမျှဖြင့်ထိုသူကို တန်ဖိုးရှိသောသူလို့မသတ်နိုင်ပါ။ဘွဲ့တွေတသီတတန်းကြီးရထားစေဦးတော့။တန်ဖိုးရှိသောသူဟု တထစ်ချပြော၍မရနိုင်ပါ။ တန်ဖိုးဟူသည် ဂုဏ် ပညာ အစရှိသည်တို့အပေါ်မူတည်မည်မဟုတ်ပါ။ တန်ဖိုးရှိအောင် မိမိကိုယ်တိုင် အပြောအဆို အပြုအမူ အနေအထိုင် အတွေးအခေါ် စသည်တို့ကို ဆင်ခြင်ရမည်ဖြစ်ပြီး တန်ဖိုးရှိမှ တန်ဖိုးကို သိတတ်လာကြပါလိမ့်မည်။ ထိုကဲ့သို့ အပြောအဆို အပြုအမူ အနေအထိုင် အတွေးအခေါ်များသည် မိမိတို့ပတ်ဝန်းကျင်မှသင်ခန်းစာယူသင့်သလို မိဘ ဆရာသမားများထံမှလည်းကောင်း၊ စာအုပ်များထံမှလည်းကောင်း ဆည်းပူးလေ့လာရပေမည်။ သို့ရာတွင် ကောင်းသောအကြောင်းအရာများ ကောင်းသော အမူအကျင့်များဖြစ်ရန်လိုအပ်ပေသည်။

တစ်နေ့ပြီး တစ်နေ့ မိမိတို့ရှင်သန်ရာ လူ့ပတ်ဝန်းကျင်နှင့် မိမိတို့သက်ဆိုင်ရာ အလုပ်အကိုင်ကြား ဗျာများနေကြသည်မှာ ခေတ်၏ရေစီးကြောင်းတစ်ခုအသွင်ဖြစ်ပါသည်။ထိုကဲ့သို့ မိမိတို့၏ များမြောင်လှသော အလုပ်ကိစ္စများကြား ရသည့်အချိန်လေးမှာ စာဖတ်ကြရန် တိုက်တွန်းပါသည်။ တစ်နေ့ကို တစ်အုပ်ပြီးအောင်ဖတ်ဖို့ ဆိုလိုခြင်းမဟုတ်ပါ။တစ်နေ့ကို စာဖတ်ဖို့အချိန်အနည်းငယ်ပေးရန်ဆိုလိုခြင်းဖြစ်ပါသည်။

ထိုသို့ဖတ်ရာတွင်လည်း တစ်မျက်နှာဆို တစ်မျက်နှာအလျောက် လေးလေးနက်နက်ထားပြီးဖတ်စေချင်ပါသည်။ဖတ်ပြီးသောစာများကို ချက်ခြင်းမယုံကြည်သေးဘဲ မှန်မမှန်ပြန်လည်တွေးတော ဆင်ခြင်စေလိုပါသည်။ စာအုပ်ဆိုလိုရင်းနှင့် မိမိတို့တွေးထားသမျှကို အချင်းချင်းပြန်လည်ဆွေးနွေးစေချင်ပါသည်။မိမိဖတ်ထားသောစာအုပ်သည် အကျိုးရှိသည်ဟု ယူဆလျှင် အခြားသူများဖတ်မိစေရန် ပြန်လည် ညွှန်းပြစေချင်ပါသည်။

စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့်စကားမှာ အလွန်မှန်ပါသည်။ စာအုပ်သည် ၎င်းထဲတွင်ပါရှိသော အကြောင်းအရာများကို သင်လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ့တာဝန်အရပြောပြသွားမည်ဖြစ်သည်။ သင့်တာဝန်မှာ လေးလေးနက်နက်ဖတ်ရှုရန် နှင့် မှန်မမှန်ဆုံးဖြတ်ရန်သာဖြစ်သည်။

စာအုပ်သည် .....

သင့်စိတ်သဘောထားနှင့်မတိုက်ဆိုင်ခဲ့လျှင် သင်နှင့်အငြင်းပွားဖော်ဖြစ်လိမ့်မည်။
သင့်စိတ်ကူးနှင့်ထပ်တူကျသော် သင်၏စိတ်တူကိုယ်တူသူငယ်ချင်း ဖြစ်လိမ့်မည်။
သင်လျှောက်ရမည့်လမ်းကြောင်းကို ညွှန်ပြပေးသော် သင့်ဆရာ ဖြစ်လိမ့်မည်။
သင့်ကိုအားတက်စေသော် သင့်အားပေးဖော် ဖြစ်လိမ့်မည်။

စာအုပ်သည် သင်၏ ခံယူချက်ပေါ်မူတည်၍ပြောင်းလဲပေလိမ့်မည်။ အနောက်တိုင်းစကားပုံတစ်ခုကြားဖူးပါသည်။
သင် ဘာစာအုပ်ဖတ်သည်ကို ကျွန်တော့်ကိုပြောပြပါ။ ကျွန်တော်က သင်ဘယ်လိုလူလဲဆိုတာကိုပြောပြပါမည် ....တဲ့။
ထို့ကြောင့် သင်ဖတ်သောစာအုပ်အမျိုးအစားသည် သင်ဘယ်လိုလူလဲ ဆိုတာကို ညွှန်ပြပေလိမ့်မည်။

အထူးသတိပြုရန် နှင့် ဖြစ်တတ်သော မြင်တွေ့ရတာများသော အဓိကအချက်မှာ
စာအုပ်များဖတ်ပြီး မိမိကိုယ်ကို ပညာရှိကဝိတဆူ ဖြစ်ပြီဟု မမှတ်ယူပါနှင့်။

စာအုပ်တစ်အုပ် ထဲမှာ အကြောင်းအရာကို နှစ်သက်သဘောကျလက်ခံလျှင် အခြားစာအုပ်များမှ ထိုအကြောင်းအရာကို ဆက်လက်ဖတ်ရှုပါ။ စာအုပ်ပေါင်းမြောက်များစွာနှင့်လူပေါင်းစုံက ထိုအချက်ကို မှန်တယ်ဟု ဆိုကြမှသာ မှန်တယ်ဟု သတ်မှတ်ပါ။ မိမိဖတ်ဖူးသော တစ်အုပ်မျှသော စာအုပ်ထဲမှ အကြောင်းအရာအချက်အလက်များသည်လူတကာနှင့်ငြင်းခုန်နိုင်လောက်အောင် မပြည့်စုံမလုံလောက်ပါ။

စာအုပ်အဖတ်များသဖြင့် ပညာရှိဖြစ်သွားသောသူများအကြောင်း၊ စာအုပ်အဖတ်များပြီး အတွေးအခေါ်ပညာရှင်ဖြစ်သွားသူများအကြောင်း
စာအုပ်အဖတ်များပြီး သမ္မတဖြစ်သွားသူများအကြောင်းစသည်တို့ကို အားကျနေမည့်အစား လက်တွေ့ မိမိကိုယ်တိုင် စာအုပ်ဖတ်ဖို့ ကြိုးစားလိုက်ပါ။

ကဲ... မိမိတို့ရဲ့ အားလပ်ချိန် ခဏလေးကို စာအုပ်ဖတ်ခြင်းဖြင့် အသုံးချလိုက်ကြရအောင်.........။

Credit - www.bawacheyar.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။