★ အရှက်မလွဲကြနဲ့ ★
********************
လူအချို့ ဟာ
ရုပ်မလှတာ၊ ဆင်းရဲတာ တွေကို
ရှက်စရာအဖြစ်မှတ်ယူပြီး
လူတော သူတော သွားရမှာကို
အားငယ် ကြောက်ရွ့ံ
သိမ်ငယ်နေတတ်ကြပါတယ်
အဲဒီအချက်တွေဟာ
အားငယ်စိတ်ပျက်စရာတွေ
မဟုတ်ပါဘူး
ရုပ်မလှပေမယ့်
စိတ်ထားဖြူစင်ဖို့ သာအဓိကပါ။
တစ်ချို့ သောသူတွေဟာ
ပိုက်ဆံချမ်းသာဖို့ အတွက်ဘဲကြည့်ပြီး
မိမိရဲ့
ဂုဏ်သိက္ခာ
ကိုယ်ကျင့်တရားတွေကို
တန်ဖိုးမထားဘဲ
မသမာတဲ့နည်းလမ်းနဲ့ အမျိုးမျိုး
လုပ်ဆောင်နေကြတာကိုလည်း
တွေ့နေရတာပါဘဲ
အဲဒါတွေဟာ
လမ်းမှားလိုက်နေတာပါ
ရှာဖွေရရှိလာတဲ့
စည်းစိမ်ဥစ္စာတွေကိုလည်း
လိပ်ပြာသန့်သန့်နဲ့ သုံးစွဲနိုင်မှာ
မဟုတ်တဲ့အတွက်
စိတ်ချမ်းသာမှုကိုတော့ ရနိုင်မှာမဟုတ်ပါဘူး
ပိုက်ဆံမချမ်းသာပေမယ့်
ရိုးရိုးသားသား ကြိုးစားပြီး
လုပ်ကိုင်တတ်ရင်
တစ်ချိန်မှာ ချမ်းသာကြွယ်ဝလာနိုင်ပါတယ်
ယခုချိန်မှာ ကြွယ်ဝချမ်းသာနေတဲ့
သူဌေးကြီးတွေထဲမှာ လဲ
တစ်ချိန်က
ဆင်းဆင်းရဲရဲနဲ့ ဘ၀ကိုဖြတ်သန်းခဲ့ကြရပြီး
ကိုယ့်ရဲ့ အရည်အချင်း
ဇွဲ၊ လုံလ၊၀ီရိယတွေနဲ့ ကြိုးစားခဲ့ကြတဲ့အတွက်
အောင်မြင်နေတဲ့ သူတွေဖြစ်ခဲ့ကြတာပါ
အောင်မြင်သူတိုင်းရဲ့ ဘ၀မှာ
နာကျင်စရာ အတိတ်တွေ ရှိခဲ့ကြပါတယ်
ရုပ်လှပြီး
ရာထူး ဂုဏ်သိမ် စည်းစိမ်ဥစ္စာတွေ
ဘယ်လောက်ပင် ပြည့်စုံနေပါစေ
ကိုယ်ကျင့်သိက္ခာ မရှိတာက မှ
တစ်ကယ့်ရှက်စရာပါ
ကိုယ်ကျင့်သိက္ခာကို ငွေနဲ့ ၀ယ်လို့ မရပါဘူး
ဒါကြောင့် ပိုက်ဆံ ဆင်းရဲတာက
ကြိုးစားရင် တစ်ချိန်မှာ ချမ်းသာကြွယ်ဝ
လာနိုင်ပေမယ့်
ကိုယ်ကျင့်သိက္ခာ ဆင်းရဲလျှင်တော့
ရှာထားသမျှ
စည်းစိမ်ဥစ္စာတွေ
ပုံပေးပြီး
ဝယ်လျှင်လည်း မရနိုင်ဘူးဆိုတာ
နားလည်ထားဖို့ တော့ လိုပါတယ်
Credit-Khin Swe Win
ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်၏
စကားရပ်အား မှီငြမ်းရေးသားပါသည်။
********************
လူအချို့ ဟာ
ရုပ်မလှတာ၊ ဆင်းရဲတာ တွေကို
ရှက်စရာအဖြစ်မှတ်ယူပြီး
လူတော သူတော သွားရမှာကို
အားငယ် ကြောက်ရွ့ံ
သိမ်ငယ်နေတတ်ကြပါတယ်
အဲဒီအချက်တွေဟာ
အားငယ်စိတ်ပျက်စရာတွေ
မဟုတ်ပါဘူး
ရုပ်မလှပေမယ့်
စိတ်ထားဖြူစင်ဖို့ သာအဓိကပါ။
တစ်ချို့ သောသူတွေဟာ
ပိုက်ဆံချမ်းသာဖို့ အတွက်ဘဲကြည့်ပြီး
မိမိရဲ့
ဂုဏ်သိက္ခာ
ကိုယ်ကျင့်တရားတွေကို
တန်ဖိုးမထားဘဲ
မသမာတဲ့နည်းလမ်းနဲ့ အမျိုးမျိုး
လုပ်ဆောင်နေကြတာကိုလည်း
တွေ့နေရတာပါဘဲ
အဲဒါတွေဟာ
လမ်းမှားလိုက်နေတာပါ
ရှာဖွေရရှိလာတဲ့
စည်းစိမ်ဥစ္စာတွေကိုလည်း
လိပ်ပြာသန့်သန့်နဲ့ သုံးစွဲနိုင်မှာ
မဟုတ်တဲ့အတွက်
စိတ်ချမ်းသာမှုကိုတော့ ရနိုင်မှာမဟုတ်ပါဘူး
ပိုက်ဆံမချမ်းသာပေမယ့်
ရိုးရိုးသားသား ကြိုးစားပြီး
လုပ်ကိုင်တတ်ရင်
တစ်ချိန်မှာ ချမ်းသာကြွယ်ဝလာနိုင်ပါတယ်
ယခုချိန်မှာ ကြွယ်ဝချမ်းသာနေတဲ့
သူဌေးကြီးတွေထဲမှာ လဲ
တစ်ချိန်က
ဆင်းဆင်းရဲရဲနဲ့ ဘ၀ကိုဖြတ်သန်းခဲ့ကြရပြီး
ကိုယ့်ရဲ့ အရည်အချင်း
ဇွဲ၊ လုံလ၊၀ီရိယတွေနဲ့ ကြိုးစားခဲ့ကြတဲ့အတွက်
အောင်မြင်နေတဲ့ သူတွေဖြစ်ခဲ့ကြတာပါ
အောင်မြင်သူတိုင်းရဲ့ ဘ၀မှာ
နာကျင်စရာ အတိတ်တွေ ရှိခဲ့ကြပါတယ်
ရုပ်လှပြီး
ရာထူး ဂုဏ်သိမ် စည်းစိမ်ဥစ္စာတွေ
ဘယ်လောက်ပင် ပြည့်စုံနေပါစေ
ကိုယ်ကျင့်သိက္ခာ မရှိတာက မှ
တစ်ကယ့်ရှက်စရာပါ
ကိုယ်ကျင့်သိက္ခာကို ငွေနဲ့ ၀ယ်လို့ မရပါဘူး
ဒါကြောင့် ပိုက်ဆံ ဆင်းရဲတာက
ကြိုးစားရင် တစ်ချိန်မှာ ချမ်းသာကြွယ်ဝ
လာနိုင်ပေမယ့်
ကိုယ်ကျင့်သိက္ခာ ဆင်းရဲလျှင်တော့
ရှာထားသမျှ
စည်းစိမ်ဥစ္စာတွေ
ပုံပေးပြီး
ဝယ်လျှင်လည်း မရနိုင်ဘူးဆိုတာ
နားလည်ထားဖို့ တော့ လိုပါတယ်
Credit-Khin Swe Win
ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်၏
စကားရပ်အား မှီငြမ်းရေးသားပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။