“မြန်မာနိုင်ငံမှ ပညာရေးပြည့်တန်ဆာ နှင့် ပညာရေးဘိန်းခန်းများ”
========================== ==================
ပညာရေးပြည့်တန်ဆာ နှင့် ပညာရေးဘိန်းခန်း ဟူသောစကားကို ကျွန်တော်ပြောလိုက်သည် နှင့် ကျွန်တော့်သား က ကျွန်တော့်ကို “ဟာ…အဖေဘာအသုံးအနှုန်းကြီးလဲ ဗျာ”ဟူသောသဘောဖြင့် လှမ်းကြည့် သည်။
ဒီလိုသားရဲ့ “သားတို့ခေတ်မှာက အဆင့်မြင့်ပညာရေးသင်ကြားမှု ကျောင်းတွေကလည်း မှိုလို ပေါများလာကြတယ်။ လူတွေအထင်ကြီးတဲ့နိုင်ငံနာမ ည်တွေ၊
အဲဒီနိုင်ငံတွေရဲ့ University တွေကပေးတဲ့ဘွဲ့တွေ၊ Diploma တွေက
လူတိုင်းရဲ့နာမည်နောက်မှာ ပါလာကြတယ်။ အဖေ့အနေနဲ့က
မြန်မာနိုင်ငံမှာရှိတဲ့ကျော င်းတွေကို
တိုက်ခိုက်နေတာမဟုတ်ဘူး၊ ဒီနိုင်ငံမှာရှိတဲ့ ပညာရေးကိုလိုလားတဲ့ မိဘတွေ၊
ကျောင်းသားတွေ သူတို့တွေရဲ့ ပိုက်ဆံတွေကို ပညာရှင်ဆန်ဆန်
ယူနေတဲ့ကျောင်းတစ်ချို့ကိုေ ပြာချင်တာ။
သားနားလည်အောင်ပြောရရင် အဖေတို့လိုမိဘတွေနဲ့ သားတို့လို ကျောင်းသားတွေကို
“Lemon Market” အချဉ်ဈေးကွက်တစ်ခုလို သဘောထားပြီး အကျိုးအမြတ်ယူနေ
ကျောင်းတချို့ပေါ့ကွာ။”
အဖေ့အနေနဲ့ကတော့ အဲ့လိုလူတွေကို ပညာရေးပြည့်တန်ဆာလုပ်ငန်းကို လုပ်နေတဲ့လူတွေလို့ သတ်မှတ်ချင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပညာရေးပြည့်တန်ဆာလုပ်ငန်းကို လုပ်နေကြတဲ့ အောင်မြင်တဲ့လူတွေဟာ Marketing Mix ကိုကောင်းကောင်းအသုံးချနေကြ တဲ့
လူတော်တွေလို့ အဖေမြင်တယ်။ ဒါပေမယ့် လူကောင်းတော့မဟုတ်ဘူး။
သားနားလည်အောင်ပြောရရင် အဖေတို့က Goods (ကုန်ပစ္စည်း)ကိုဖြစ်စေ၊ Service
(၀န်ဆောင်မှု) ကိုဖြစ်စေ အဲဒါတွေကိုသုံးလိုက်လို့ ပေးရတဲ့ Price
(ဈေးနှုန်း/ကုန်ကျစရိတ်) တစ်ခုရှိမယ်။ ပေးတယ်ဆိုတာကလည်း အဲဒီ Goods
ဒါမှမဟုတ် Services ကနေ ပြန်ရလာမယ့် Value (တန်ဘိုး)တစ်ခုကို လိုချင်လို့
အဖေတို့ပေးကြတာမဟုတ်လား။ အဲဒီတော့ စောစောကပြောတဲ့ လူကောင်းမဟုတ်တဲ့
လူတော်တွေက အဖေတို့ဆီက Price (ဈေးနှုန်း) များများကို တောင်းယူပြီး
နိမ့်တဲ့ Value (တန်ဘိုး)တစ်ခုကို ပြန်ပေးနေကြတယ်။ ခေတ်စကားနဲ့ဆို
ထိုးကျွေးနေကြတယ်ပေါ့ကွာ။
ဒါပေမယ့် ခက်တာက အဖေတို့နိုင်ငံမှာရှိတဲ့ လူတော်တော်များများက အဖေတို့အပါအ၀င်ပေါ့ကွာ ဈေးနှုန်းများရင်၊ ဈေးကြီးရင် တန်ဖိုးကြီးတယ်၊ ကောင်းတယ်လို့ထင်ကြတယ်။ အထင်ကြီးကြတယ်။ ငါ့သားသမီးယူနေတဲ့ Diploma၊ Degree က ဘယ်လောက်ကုန်တယ် ဆိုတာကိုဂုဏ်ယူစရာတစ်ခုအနေနဲ့  ပြောဆိုကြတယ်။
ပညာရေးပြည့်တန်ဆာ နှင့် ဘိန်းခန်း လုပ်ငန်း လုပ်ကိုင်နေကြတဲ့ လူတော်တွေက အဲဒီလို Customer တွေရဲ့ စိတ်ကိုနားလည်ထားတော့ Tangible ဖြစ်တဲ့ ပစ္စည်းတွေ၊ ဥပမာပေါ့ကွာ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံတွေ၊ 5 Star Hotel ကြီးတွေမှာ လူသိများတဲ့ ပညာတတ် Celebrity ပုဂ္ဂိုလ်ကြီးများနှင့် ဟောပြောပွဲတွေ၊ အခမ်းအနားတွေ အဲဒါတွေနဲ့ ဂျာနယ်မဂ္ဂဇင်းတွေ၊ Billboard တွေမှာ ငွေကုန်ကြေးကျများတဲ့ Marketing Campaign တွေလုပ်ပြီး ကျောင်းသားတွေကို ဆွဲဆောင်ကြတယ်။
ပြီးတော့လည်း မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတစ်ချို့ကလည်း အရည်အသွေးမပြည့်ဝတဲ့ Diploma လက်မှတ်ကိုင်ထားတဲ့ သူတွေကို နေရာပေးနေကြပြန်ရော။ အဖေက လုပ်ငန်းခွင်ထဲမှာရှိတဲ့ အလုပ်လုပ်နေတဲ့ လူငယ်တွေကို အရည်အချင်းမရှိဘူးလို့ ပြောနေတာမဟုတ်ဘူးနော်။ အခုခေတ်လူငယ်တွေက တကယ့်ကို အရည်အချင်းရှိကြတယ်။ ဒါကြောင့်လည်း ဒီထက်ပိုကောင်းတဲ့ Diploma တွေ၊ Degree တွေကို ကိုင်ဆောင်ခွင့်ရစေချင်တယ်၊ ရသင့်တယ်လို့လဲ အဖေထင်တယ်။
ပြီးတော့လည်း အရည်အချင်းပြည့်ဖို့် လိုအပ်နေသေးတဲ့ Diploma တွေ၊ Degree တွေ ဘယ်လိုဟာတွေလဲဆိုတော့ မြန်မာနိုင်ငံမှာ ပေးနေတဲ့ တချို့ Diploma တွေက သူတို့နိုင်ငံမှာ High School level လောက်သာပဲရှိတယ်။ ဒါကိုခက်ခဲလှပြီလို့ထင်ပြီး ကြိုးစားယူထားကြ၊ အဲဒါလောက်နဲ့ လုံလောက်သွားပြီလို့ထင်နေတဲ့  လူငယ်တစ်ချို့ကိုလည်း သိစေချင်တယ်။
ပြီးတော့လည်း အဲဒီလို လူတွေက အရည်အချင်းပြည့်မီတဲ့၊ သတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့  Diploma တွေ၊ Degree တွေ ရဖို့ ခဲရာခဲဆစ်ကြိုးစားနေဆဲ လူတွေကို ခုထိမရနိုင်သေးဘူးလား ဆိုတဲ့ နှိမ်ချမှုတွေမရှိစေချင်ဘူး။ အဖေ အစိုးရိမ်ဆုံးကတော့ အရည်အချင်းပြည့်မီတဲ့ Diploma တွေ၊ Degree တွေရအောင်ကြိုးစားနေတဲ့လူငယ်တွေပါ အလွယ်လမ်းလိုက်မိပြီး စိတ်ဓာတ်များပျက်စီးပြီး အရည်အချင်းများနိမ့်ကျသွားမှာကိုပဲ။
လူငယ်တွေဆီကနေ ပိုက်ဆံတွေနင့်နေအောင်ယူပြီးတော့ ယူထားတဲ့ပိုက်ဆံနဲ့မတန်တဲ့ပ ညာရေးနဲ့ လူငယ်တွေကို ယစ်မူးမိန်းမောနေစေတယ်၊ အဲဒီယစ်မူးမှုပညာရေးနွံထဲမှာ လူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ တက်လမ်းတွေ၊ ဘ၀တွေဟာ အညွန့်တုံးနေကြတယ်၊၊ ဒါကြောင့် အဲဒီလိုပညာရေးလုပ်ငန်းတွေကို အဖေက ပညာရေးပြည့်တန်ဆာ နှင့် ပညာရေးဘိန်းခန်း လို့သုံးရတာ သားရေ။
ဤ “မြန်မာနိုင်ငံမှ ပညာရေးပြည့်တန်ဆာ နှင့် ပညာရေးဘိန်းခန်းများ” Post သည် မည်သည့် ကျောင်း၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်ခြင်းမဟုတ်ပါ။ ကျွန်တော့်၏ တစ်ထွာ၊ တစ်မိုက်လောက်သော ဥာဏ်ပညာဖြင့် ကျွန်တော့် သား ကိုရှင်းပြနေခြင်းသာ ဖြစ်ပါသည်။
အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်အားလုံးကို လက်ခံပါသည်။
==========================
ပညာရေးပြည့်တန်ဆာ နှင့် ပညာရေးဘိန်းခန်း ဟူသောစကားကို ကျွန်တော်ပြောလိုက်သည် နှင့် ကျွန်တော့်သား က ကျွန်တော့်ကို “ဟာ…အဖေဘာအသုံးအနှုန်းကြီးလဲ
ဒီလိုသားရဲ့ “သားတို့ခေတ်မှာက အဆင့်မြင့်ပညာရေးသင်ကြားမှု ကျောင်းတွေကလည်း မှိုလို ပေါများလာကြတယ်။ လူတွေအထင်ကြီးတဲ့နိုင်ငံနာမ
အဖေ့အနေနဲ့ကတော့ အဲ့လိုလူတွေကို ပညာရေးပြည့်တန်ဆာလုပ်ငန်းကိ
ဒါပေမယ့် ခက်တာက အဖေတို့နိုင်ငံမှာရှိတဲ့ လူတော်တော်များများက အဖေတို့အပါအ၀င်ပေါ့ကွာ ဈေးနှုန်းများရင်၊ ဈေးကြီးရင် တန်ဖိုးကြီးတယ်၊ ကောင်းတယ်လို့ထင်ကြတယ်။ အထင်ကြီးကြတယ်။ ငါ့သားသမီးယူနေတဲ့ Diploma၊ Degree က ဘယ်လောက်ကုန်တယ် ဆိုတာကိုဂုဏ်ယူစရာတစ်ခုအနေန
ပညာရေးပြည့်တန်ဆာ နှင့် ဘိန်းခန်း လုပ်ငန်း လုပ်ကိုင်နေကြတဲ့ လူတော်တွေက အဲဒီလို Customer တွေရဲ့ စိတ်ကိုနားလည်ထားတော့ Tangible ဖြစ်တဲ့ ပစ္စည်းတွေ၊ ဥပမာပေါ့ကွာ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံတွေ၊ 5 Star Hotel ကြီးတွေမှာ လူသိများတဲ့ ပညာတတ် Celebrity ပုဂ္ဂိုလ်ကြီးများနှင့် ဟောပြောပွဲတွေ၊ အခမ်းအနားတွေ အဲဒါတွေနဲ့ ဂျာနယ်မဂ္ဂဇင်းတွေ၊ Billboard တွေမှာ ငွေကုန်ကြေးကျများတဲ့ Marketing Campaign တွေလုပ်ပြီး ကျောင်းသားတွေကို ဆွဲဆောင်ကြတယ်။
ပြီးတော့လည်း မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတစ်ချို့ကလည်း အရည်အသွေးမပြည့်ဝတဲ့ Diploma လက်မှတ်ကိုင်ထားတဲ့ သူတွေကို နေရာပေးနေကြပြန်ရော။ အဖေက လုပ်ငန်းခွင်ထဲမှာရှိတဲ့ အလုပ်လုပ်နေတဲ့ လူငယ်တွေကို အရည်အချင်းမရှိဘူးလို့ ပြောနေတာမဟုတ်ဘူးနော်။ အခုခေတ်လူငယ်တွေက တကယ့်ကို အရည်အချင်းရှိကြတယ်။ ဒါကြောင့်လည်း ဒီထက်ပိုကောင်းတဲ့ Diploma တွေ၊ Degree တွေကို ကိုင်ဆောင်ခွင့်ရစေချင်တယ်၊
ပြီးတော့လည်း အရည်အချင်းပြည့်ဖို့် လိုအပ်နေသေးတဲ့ Diploma တွေ၊ Degree တွေ ဘယ်လိုဟာတွေလဲဆိုတော့ မြန်မာနိုင်ငံမှာ ပေးနေတဲ့ တချို့ Diploma တွေက သူတို့နိုင်ငံမှာ High School level လောက်သာပဲရှိတယ်။ ဒါကိုခက်ခဲလှပြီလို့ထင်ပြီး
ပြီးတော့လည်း အဲဒီလို လူတွေက အရည်အချင်းပြည့်မီတဲ့၊ သတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ
လူငယ်တွေဆီကနေ ပိုက်ဆံတွေနင့်နေအောင်ယူပြီ
ဤ “မြန်မာနိုင်ငံမှ ပညာရေးပြည့်တန်ဆာ နှင့် ပညာရေးဘိန်းခန်းများ” Post သည် မည်သည့် ကျောင်း၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်ခြင်းမဟုတ်ပါ။ ကျွန်တော့်၏ တစ်ထွာ၊ တစ်မိုက်လောက်သော ဥာဏ်ပညာဖြင့် ကျွန်တော့် သား ကိုရှင်းပြနေခြင်းသာ ဖြစ်ပါသည်။
အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်အားလုံးကို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။