စည်းကမ်းရှိတဲ့ လူငယ်တွေဖြစ်ဖို့..
=================
"စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆိုတဲ့ စကားရှိပါတယ်။ တကယ်တော့ စည်းကမ်းလိုက်နာခြင်းဆိုတာ ကိုယ့်တန်ဖိုးတစ်ခုတည်းတင်မ ကပါဘူး။ ကိုယ့်ရဲ့အသိုင်းအဝိုင်း၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ်နဲ့ဆက်စပ်တဲ့အရာတိုင်း ကို တန်ဖိုးတက်စေပါတယ်။
.
တစ်ချို့လူငယ်တွေရဲ့အမြင်မှာတော့ စည်းကမ်းဆိုတာကို ကန့်သတ်ချက်တစ်ခုလို့မြင်တယ်။
ကန့်သတ်ချက်ဘောင်ထဲကနေ ရုန်းထွက်ရမယ်ဆိုတဲ့ အတွေးတွေနဲ့စည်းမျဉ်း၊
စည်းကမ်းချက်တွေကိုပါ ဖောက်ထွက်ဖို့ ကြိုးပမ်းလာကြပါတယ်။ တကယ်တမ်း လူငယ်တွေ
ဖောက်ထွက်ရမှာက အစဉ်အလာတွေ၊ လွှမ်းမိုးမှုတွေ၊ အတွေးအခေါ်တွေနဲ့ယုံကြည်မှုတွေပါ။ စည်းမျဉ်း၊ စည်းကမ်းတွေ မဟုတ်ပါဘူး။
.
(၁) စည်းကမ်းတွေကို အရင်သိရမယ်။
အိမ်တစ်အိမ်မှာ အိမ်စည်းကမ်းရှိသလို၊ ကျောင်းမှာ ကျောင်းစည်းကမ်း။ နိုင်ငံမှာလည်း နိုင်ငံစည်းကမ်း (ဥပဒေ) တွေ ရှိပါတယ်။ နောက်ဆုံး ကစားကွင်းသွားရင် ကစားကွင်းစည်းကမ်း၊ပြည်ပနို င်ငံတစ်ခုသွားရင်
အဲဒီ့မှာရှိတဲ့ စည်းကမ်း.. စသဖြင့်ပေါ့။ ကိုယ့်ရောက်နေတဲ့နေရာ၊
ပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ စည်းကမ်းတွေကို ကိုယ့်အနေနဲ့ သိထားရပါမယ်။ ကိုယ်က
စာကြည့်တိုက်ထဲ ရောက်နေတဲ့အခါ စာကြည့်တိုက် စည်းကမ်းတွေကို သိထားရမယ်။
ကုန်ကုန်ပြောရရင် Club လိုနေရာမျိုး ရောက်နေရင်တောင် Club ရဲ့
စည်းကမ်းတွေကို သိထားရပါမယ်။
.
(၂) ဘာကြောင့် ဒီစည်းကမ်းတွေ ရှိနေတာလဲ။
စည်းကမ်းတွေ ရှိနေတာတော့ ဟုတ်ပါပြီ။ စည်းမျဉ်းတွေ၊ စည်းကမ်းတွေဟာ ဒီတိုင်း သြဇာပြချင်လို့ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ သူ့အကြောင်းရင်းနဲ့သူ ရှိပါတယ်။ ဒီစည်းကမ်းတွေ ဘာလို့ချထားရတာလဲဆိုတဲ့ အကြောင်းအရင်းကို နားလည်သင့်ပါတယ်။ ဒါမှလည်း ဒီစည်းကမ်းတွေအပေါ်မှာ လေးစားမှုရှိပြီး လိုက်နာနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီတိုင်း မဖြစ်မနေလိုက်နာရမယ်ဆိုတာထက်စာရင် အကျိုးသင့်အကြောင်းသင့်နားလ ည်ပြီးမှ လိုက်နာတာက ပိုတန်ဖိုးရှိပါတယ်။
.
(၃) လိုက်နာနိုင်ရင် ဘာကောင်းကျိုးတွေ ရှိမလဲ။
စည်းကမ်းတွေ လိုက်နာနိုင်ရင် ဘယ်လိုမျိုး ကောင်းကျိုးရှိမလဲဆိုတာကို စည်းကမ်းသတ်မှတ်ပြဌာန်းထားတဲ့သူတွေက
အသိပညာပေးသင့်ပါတယ်။ စည်းကမ်းတွေဟာ လိုက်နာနိုင်မယ်ဆိုရင် ကောင်းကျိုးတွေ
ကိုယ်စီကိုယ်စီ ရှိပါတယ်။ ကိုယ့်အတွက် ကောင်းကျိုးရှိမယ်။
ကိုယ့်အသိုင်းအဝိုင်းအတွက် ကောင်းကျိုးရှိမယ်။ ကိုယ့်ပတ်ဝန်းကျင်အတွက်
ကောင်းကျိုးရှိမယ်။စသဖြင့်ေ ပါ့။
ဒီကောင်းကျိုးတွေကို သိထားမယ်ဆိုရင်လည်း စည်းကမ်းလိုက်နာဖို့
ဝန်လေးတော့မှာ မဟုတ်ပါဘူး။ စည်းကမ်းတိုင်းဟာ ကောင်းဖို့ရည်ရွယ်ချက်တွေနဲ့ ထားတာဖြစ်လို့ စည်းကမ်းတွေ လိုက်နာရင်း ကောင်းကျိုးတွေဖြစ်အောင် ဖန်တီးရပါမယ်။
.
(၄) မလိုက်နာရင် ဘာဆိုးကျိုးတွေရှိမလဲ။
စည်းကမ်းတွေ ဖောက်ဖျက်မယ်ဆို ဆိုးကျိုးတွေ ရှိပါမယ်။ ဒီဆိုးကျိုးတွေဟာ ဘာတွေလည်းဆိုတာကို သိသင့်ပါတယ်။ ဥပမာ ပြောရရင် ပန်းခြံမှာ ကွမ်းတံတွေးမထွေးရလို့ တားမြစ်ထားတယ်။ ထွေးလိုက်မိတယ်ဆိုရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင် ညစ်နွမ်းမယ်။ နိုင်ငံကြီးသားမပီသမှုတွေ၊ စည်းကမ်းဖောက်ဖျက်မှုတွေကြော င့် ကိုယ့်အပေါ်အထင်အမြင်သေးမယ်။
ဒီလိုမျိုးလေးတွေပေါ့။ ကျောင်းစည်းကမ်း၊ ရုံးစည်းကမ်းတွေမှာလည်း
ဒီလိုမျိုးပဲပေါ့။ ဖောက်ဖျက်မိမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ
ရှိပါတယ်။
.
(၅) အခြေခံလေးစားမှု။
အခြေခံလေးစားမှုသဘောကို နားလည်တဲ့သူက စည်းကမ်းတွေကို လေးစားလိုက်နာပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို လေးစားလို့ ပတ်ဝန်းကျင်စည်းကမ်းကို လိုက်နာတယ်။ အိမ်ထောင်ဦးစီးအပေါ်မှာ လေးစားမှုရှိလို့ သူ့အိမ်စည်းကမ်းတွေကို လိုက်နာတယ်။ ကိုယ့်ကျောင်းအပေါ်လေးစားလို့  ကျောင်းစည်းကမ်းတွေကို လိုက်နာတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို လေးစားတဲ့အခါမှာလည်း ကိုယ်ဟာ စည်းကမ်းလိုက်နာသူဖြစ်အောင် နေဖို့ အားထုတ်လေ့ရှိပါတယ်။ စည်းကမ်းမလိုက်နာတတ်သူတစ်ချို့ဟာ အခြေခံလေးစားမှုသဘောကို နားမလည်ကြတာများပါတယ်။
(၆) ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းများ။
အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ ရုံးစည်းကမ်းတွေအပြင် တကယ်ကိုယ်အားထုတ်လိုက်နာရမယ့် စည်းကမ်းကတော့ "ကိုယ်တိုင်ချမှတ်တဲ့ စည်းကမ်း" ပါပဲ။ ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုတော့
ကိုယ်တိုင် တိတိကျကျလိုက်နာသင့်ပါတယ်။ ဒီလိုလိုက်နာနိုင်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ၊ လေးစားမှုတွေရှိပြီး အောင်မြင်မှုအထိကို ဦးတည်သွားနိုင်ပါတယ်။ ဥပမာပြောရရင်တော့ မနက် စောစောထမယ်ဆိုတဲ့ စည်းကမ်းတွေ၊ တစ်နေ့ကို ရုပ်ရှင်ဘယ်လောက်ပဲ ကြည့်မယ်၊ Facebook ဘယ်လောက်ပဲ သုံးမယ်ဆိုတဲ့ စည်းကမ်းတွေ၊ စာကြည့်ချိန် ဘယ်လောက်ထားမယ်ဆိုတဲ့ စည်းကမ်းမျိုးတွေပေါ့။
.
စည်းကမ်းတွေ လိုက်နာပြီး အောင်မြင်တိုးတက်တဲ့ လူငယ်များဖြစ်ကြပါစေ..
____________
Credit-ရွှေညာမောင် (Focus Youth)
=================
"စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆိုတဲ့ စကားရှိပါတယ်။ တကယ်တော့ စည်းကမ်းလိုက်နာခြင်းဆိုတာ ကိုယ့်တန်ဖိုးတစ်ခုတည်းတင်မ
.
တစ်ချို့လူငယ်တွေရဲ့အမြင်မှ
.
(၁) စည်းကမ်းတွေကို အရင်သိရမယ်။
အိမ်တစ်အိမ်မှာ အိမ်စည်းကမ်းရှိသလို၊ ကျောင်းမှာ ကျောင်းစည်းကမ်း။ နိုင်ငံမှာလည်း နိုင်ငံစည်းကမ်း (ဥပဒေ) တွေ ရှိပါတယ်။ နောက်ဆုံး ကစားကွင်းသွားရင် ကစားကွင်းစည်းကမ်း၊ပြည်ပနို
.
(၂) ဘာကြောင့် ဒီစည်းကမ်းတွေ ရှိနေတာလဲ။
စည်းကမ်းတွေ ရှိနေတာတော့ ဟုတ်ပါပြီ။ စည်းမျဉ်းတွေ၊ စည်းကမ်းတွေဟာ ဒီတိုင်း သြဇာပြချင်လို့ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ သူ့အကြောင်းရင်းနဲ့သူ ရှိပါတယ်။ ဒီစည်းကမ်းတွေ ဘာလို့ချထားရတာလဲဆိုတဲ့ အကြောင်းအရင်းကို နားလည်သင့်ပါတယ်။ ဒါမှလည်း ဒီစည်းကမ်းတွေအပေါ်မှာ လေးစားမှုရှိပြီး လိုက်နာနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီတိုင်း မဖြစ်မနေလိုက်နာရမယ်ဆိုတာထက
.
(၃) လိုက်နာနိုင်ရင် ဘာကောင်းကျိုးတွေ ရှိမလဲ။
စည်းကမ်းတွေ လိုက်နာနိုင်ရင် ဘယ်လိုမျိုး ကောင်းကျိုးရှိမလဲဆိုတာကို စည်းကမ်းသတ်မှတ်ပြဌာန်းထားတ
.
(၄) မလိုက်နာရင် ဘာဆိုးကျိုးတွေရှိမလဲ။
စည်းကမ်းတွေ ဖောက်ဖျက်မယ်ဆို ဆိုးကျိုးတွေ ရှိပါမယ်။ ဒီဆိုးကျိုးတွေဟာ ဘာတွေလည်းဆိုတာကို သိသင့်ပါတယ်။ ဥပမာ ပြောရရင် ပန်းခြံမှာ ကွမ်းတံတွေးမထွေးရလို့ တားမြစ်ထားတယ်။ ထွေးလိုက်မိတယ်ဆိုရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင် ညစ်နွမ်းမယ်။ နိုင်ငံကြီးသားမပီသမှုတွေ၊ စည်းကမ်းဖောက်ဖျက်မှုတွေကြော
.
(၅) အခြေခံလေးစားမှု။
အခြေခံလေးစားမှုသဘောကို နားလည်တဲ့သူက စည်းကမ်းတွေကို လေးစားလိုက်နာပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို လေးစားလို့ ပတ်ဝန်းကျင်စည်းကမ်းကို လိုက်နာတယ်။ အိမ်ထောင်ဦးစီးအပေါ်မှာ လေးစားမှုရှိလို့ သူ့အိမ်စည်းကမ်းတွေကို လိုက်နာတယ်။ ကိုယ့်ကျောင်းအပေါ်လေးစားလို
(၆) ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းများ။
အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ ရုံးစည်းကမ်းတွေအပြင် တကယ်ကိုယ်အားထုတ်လိုက်နာရမယ
ကိုယ်တိုင် တိတိကျကျလိုက်နာသင့်ပါတယ်။ ဒီလိုလိုက်နာနိုင်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ၊ လေးစားမှုတွေရှိပြီး အောင်မြင်မှုအထိကို ဦးတည်သွားနိုင်ပါတယ်။ ဥပမာပြောရရင်တော့ မနက် စောစောထမယ်ဆိုတဲ့ စည်းကမ်းတွေ၊ တစ်နေ့ကို ရုပ်ရှင်ဘယ်လောက်ပဲ ကြည့်မယ်၊ Facebook ဘယ်လောက်ပဲ သုံးမယ်ဆိုတဲ့ စည်းကမ်းတွေ၊ စာကြည့်ချိန် ဘယ်လောက်ထားမယ်ဆိုတဲ့ စည်းကမ်းမျိုးတွေပေါ့။
.
စည်းကမ်းတွေ လိုက်နာပြီး အောင်မြင်တိုးတက်တဲ့ လူငယ်များဖြစ်ကြပါစေ..
____________
Credit-ရွှေညာမောင် (Focus Youth)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။