Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 2, 2016

အရှုံးမပေးပါနဲ့ …

အရှုံးမပေးပါနဲ့ …
+++++++++++++

“Quitters never win and winners never quit.”

လက်လျှော့ အရှုံးပေးတဲ့သူတွေဟာ ဘယ်တော့မှ မအောင်မြင်သလို
အောင်မြင်တဲ့သူတွေဟာလည်း ဘယ်တော့မှ အရှုံးမပေးကြဘူး …

ကျွန်တော် အရမ်းကို ကြိုက်မိတဲ့ စာတစ်ခုပါ …. လက်ရှိ ကျွန်တော့်သင်တန်းက နေ့လည်ဖက် စာဖတ်တန်းမှာ သင်နေတဲ့ John C. Maxwell ရဲ့101 Success စာအုပ်ထဲက စာသားတစ်ခုပါ။ လူတော်တော်များများ မအောင်မြင်ရတဲ့ အကြောင်းရင်းတစ်ခုက လမ်းခုလတ်မှာ အရှုံးပေးသွားကြတာပဲ … လုပ်ငန်းတိုင်းမှာ အခက်အခဲတွေ၊ အဆင်မပြေတာတွေ … ရှိတတ်ပါတယ်။ အဲဒီလို ကြုံလာတဲ့အခါ ပထမတစ်ဆင့် စိတ်ညစ်ပါတယ် … ပြီးရင် စိတ်ဓါတ်ကျလာပါတယ် … နောက်တော့ လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်ဆုံးပြီးတော့ လက်လျှာ့ အရှုံးပေးပြီး လမ်းပျောက်သွားတတ်ကြပါတယ်။ John C. Maxwell ပြောတဲ့ စကားကို သက်သေပြနိုင်သူတွေ ကမ္ဘာမှာရော မြန်မာ မှာပါ အများကြီး ရှိပါတယ်။

လက်ရှိ ရွှေလောကမှာ နာမည်ရနေတဲ့ အောင်သမာဓိ တည်ထောင်သူ ဦးအောင်ဟာ ကွမ်းယာရောင်းတဲ့ ဘဝက ရွှေဆိုင်ပိုင်ရှင်အထိ ဖြစ်လာတဲ့ ဘဝခရီးမှာ ပန်းမွေ့ယာ ရွှေကော်ဇောတွေ ဖြတ်ခဲ့ရတာမဟုတ်ပါဘူး … ၊ ထို့အတူ ILBC ကျောင်းတည်ထောင်သူ ဦးတင်မောင်ဝင်းဟာလည်းပဲ အခုချိန်မှာ မြန်မာပြည်အနှံကျောင်းခွဲပေါင်းများစွာ တည်ထောင်ပြီး စီးပွားထူးချွန်သူ တစ်ယောက်ဖြစ်ပေမယ့် အခက်အခဲပေါင်းများစွာကို ဖြတ်ခဲ့ရတာပါ။ (အဆိုပါ ပုဂ္ဂိုလ်များ အကြောင်း အသေးစိတ်ကို Hub Myanmar က ထုတ်ဝေတဲ့ မြန်မာ့စီးပွားထူးချွန်သူများ စာအုပ်မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်)

ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင်ကပြောပါတယ် …. “အခက်အခဲဆိုတာ ကိုယ့်ရဲ့ ခံနိုင်ရည်ကို စမ်းနေတာတဲ့” ဥပမာ - အသွားထက်တဲ့ ဓါးတစ်ချောင်းဖြစ်လာဖို့ မီးအပူပေးပြီး တူနဲ့ အထုခံရသလို မျိုးပေါ့ … မီးအပူပေးမခံ … အထုအရိုက်မခံဘဲနဲ့ ဓါးကောင်းကောင်းတစ်လက် မဖြစ်လာနိုင်ပါဘူး …

ကျွန်တော်ကိုယ်တိုင်လည်း လုံးဝ ဆက်မလုပ်ချင်လောက်တဲ့ အထိ အခက်အခဲတွေ ကြုံခဲ့ဘူး ပါတယ် … ဒါပေမယ့် ကျွန်တော် နှလုံးသွင်းထားတာ တစ်ခုရှိတယ် … အဆင်မပြေတာနဲ့ ကြုံတဲ့အခါ ကိုယ်က ချက်ချင်း သေသွားလို့မှမရတာ … လူလောကမှာ ရှင်သန်နေသရွေ့တော့ လုပ်စရာ ရှိတာ ဆက်လုပ်နေရာမှာပဲ … အဆင်ပြေလွယ်ကူတာတွေ တွေ့နိုင်သလို ခက်ခဲကြမ်းတမ်းမှုတွေ လည်း ကြုံရမှာ မလွဲမသွေပါပဲ … ခုချက်ချင်း ဖျိုးကနဲ ဖြတ်ကနဲ သေသွားရင်တော့ နားအေးပါတယ်။ မသေသွားနိုင်သေး တော့လည်း လုပ်စရာရှိတာကို ဆက်လုပ်ရတာပါပဲ … ။

အခု အချိန်မှာ ကြုံရတဲ့ အခက်အခဲတွေ ဒုက္ခတွေဟာ အောင်မြင်လာတဲ့ တစ်နေ့မှာ လက်မထောင် ဂုဏ်ယူပြောရမယ့် အဖိုးတန် အတွေ့အကြုံတွေ ဖြစ်လာမှာပါ … အခုချိန်မှာတော့ အံကြိတ်ခံ ပြီးတော့ ဆက်ကြိုးစားပါ …. ကျွန်တော် ၂၀၁၀ မှာ ဘဝကို ပြန်စတဲ့ အခါ အလုပ်က ထွက်လိုက်တော့ ပိုက်ဆံလည်း မရှိ အကြွေးလည်းတင်၊ ဒီကြားထဲ ကျန်းမာရေးကမကောင်း … အဲဒီအခြေအနေက နေ ၈-ပေ ပတ်လည် အခန်းကျဉ်းထဲမှာ တစ်နေ့ကို ၄ နာရီပဲ အိပ်ပြီး ၃ နှစ်ဆက်တိုက် မနားမနေကြိုးစားခဲ့တာ … ၂၀၁၃ မှာ AELC ကို စတင်တည် ထောင်ခဲ့ပါတယ်။ ထမင်စား စားပွဲလို လေးထောင့် ခုံ ၂ လုံး ဆက်ပြီး ၄ လွှာ ဒါဘာ အခန်းကျဉ်းလေးက စခဲ့တဲ့ AELC ဟာ များပြားလာတဲ့ ကျောင်းသားဦးရေကြောင့် အခု ၂၀၁၆ မှာ ကျယ်ဝန်းသပ်ရပ်တဲ့ အခန်းနဲ့ တစ်ယောက် တစ်ခုံ Lecture Chair နဲ့ Projector, Sound System အစုံလင်နဲ့ အဆင့်မီတဲ့ စာသင်ခန်း တစ်ခု အထိ ပြောင်းလဲ လာနိုင်ခဲ့ပါပြီ … ဒါပေမယ့် အောင်ခြေကလာ တဲ့ သူတွေရဲ့ ဘဝကို စာနာလို့ သင်တန်းကို ပိုမိုသက်တောင့် သက်တာနဲ့ အဆင်ပြေအောင် Facility တွေ တိုးထားပေမယ့် သင်တန်းကြေးကို တိုးမတောင်းပါဘူး … ။ ဒါတွေ ပြောနေတာဟာ ကိုယ်ရည်သွေးချင် လို့ မဟုတ်ပါ … အခက်အခဲကြားထဲမှာ ရုန်းကန်ခဲ့ရပြီးတော့ တိုးတက်လာမှု အတိုင်းအတာလေးကို မြင်သာ ထင်သာ ရှိစေချင်လို့ပါ … ။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် အရှုံးမပေးပါနဲ့ … “လက်လျှော့ အရှုံးပေးတဲ့သူတွေဟာ ဘယ်တော့မှ မအောင်မြင်သလို အောင်မြင်တဲ့သူတွေဟာလည်း ဘယ်တော့မှ အရှုံးမပေးကြဘူး …” … ဒါလုံးဝ အမှန်တရားပါ … “Quitters never win and winners never quit.” ဒီစကားလေးအတိုင်းပဲ Winner တွေပဲ ဖြစ်ကြပါစေ … Quitter တွေ မဖြစ်ကြပါစေနဲ့ လို့ ဆန္ဒပြုလိုက်ပါတယ် …


မေတ္တာဖြင့်

အောင်ကိုဦး(UMK)
Be the Best !

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။