အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ
ဒီနေ့လည်း အွန်လိုင်းပေါ်မှာ ဖတ်မိတဲ့အကြောင်းလေးတစ်ခုကို
ပြောပြချင်ပါတယ် … ဖားတစ်ကောင်ကို ရေဇလုံတစ်ခုထဲမှာ ထည့်ပြီးတော့ အဲဒီရေ
ဇလုံကို အပူပေးပါတယ် … ။ စစခြင်းတော့ သိပ်ပြီးမပူသေးတော့ ဖားက အဆင်ပြေပါတယ်
… တော်တော်လေးပူလာတဲ့အထိ ဖားက ဇလုံထဲမှာ ဆက်နေပါသေးတယ် …
နောက်ဆုံးဘယ်လိုမှ မခံနိုင်တော့တဲ့ အချိန်ကျတော့မှ ဖားဟာ ရေဇလုံထဲက
ခုံထွက်ဖို့ ကြိုးစားပါတယ် … ။ ဒါပေမယ့် သူဟာ ခုံမထွက်နိုင်တော့ဘဲ
သေပွဲဝင်သွားရပါတယ် … ။ ဘာကြောင့်လဲဆိုတော့ သူက အားမှ မရှိတော့တာ …
ဒီအကြောင်းအရာလေးကို ဖတ်ပြီးတဲ့အခါ ဘာကြောင့် ဖားက သေးတာလဲဆိုရင်
ယေဘုယျအနေနဲ့တော့ အပူကြောင့်သေတယ် လို့ ပြောနိုင်ပါတယ် … ။ ဒါပေမယ့်
သေသေချာချာ စဉ်းစားကြည့်လိုက်ရင် အပူကြောင့်မဟုတ်ဘဲ သူရဲ့ဆုံးဖြတ်ချက်
အမှားကြောင့်ပါလို့ စာရေးသူက ဆိုထားပါတယ် … ။ ဟုတ်ပါတယ် … ဒါဟာ
တကယ့်အမှန်တရားပါ တကယ်ဆိုရင် သူ့မှာ ခုန်နိုင်တဲ့ စွမ်းအား
ရှိတဲ့အချိန်ကတည်းက ခုန်ထွက်ဖို့ ဆုံးဖြတ်ရမှာပါ …. ။ ခုန်ထွက်ဖို့
ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ နောက်ကျနေပါပြီ … သူ့မှာ စွမ်းအားတွေ
မရှိတော့ပါဘူး … ။
ဒါဆိုရင် ကျွန်တော်တို့တစ်တွေကရော ဘဝဒုက္ခတွေကြားမှာ … လုပ်ငန်းခွင် အခက်အခဲ တွေကြားမှာ ဘယ်လောက် ရှည်ကြာနေကြပြီလဲ … ? အလုပ်တစ်ခုကို စလုပ်လိုက်တဲ့အချိန်မှာတော့
အကြောင်းအမျိုးမျိုး တွေကြောင့် ကျွန်တော်တို့တစ်တွေဟာ
စိတ်တိုင်းကျရွေးချယ်ဖို့ အခွင့်အလမ်း မရခဲ့ပါဘူး … ။ ဒါပေမယ့်
အဲဒီအလုပ်ကို လုပ်နေရင်းနဲ့ ဒီအလုပ်ဟာ ကိုယ့်အတွက် အဆင်ပြေမယ့်
ပတ်ဝန်းကျင်လား ဆိုတာကို သုံးသပ်ဖို့လိုပါတယ် … ။ အဆင်မပြေနိုင်တဲ့
ပတ်ဝန်းကျင်ဆိုရင်တော့ လုပ်နိုင်ကိုင်နိုင်တုန်းမှာ
ရုန်းထွက်နိုင်ဖို့ ကြိုးစားသင့်ပါတယ် … ။ ရုံးထွက်ဖို့ ကြိုးစားတဲ့
အချိန်မှာ ကြုံရနိုင်တဲ့ Risk တွေလည်း ရှိပါတယ်…။ အဲဒီအကြောင်းတွေကို
“ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ” ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပါပြီ … ။
အလုပ်တစ်ခုကို လုပ်လိုက်ပြီဆိုတာနဲ့ အကြောင်းကြောင်းတွေကြောင့် ရုံးမထွက်နိုင်ဘဲ နစ်နေတတ်ပါတယ် … ကိုယ့်အတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်နေရာမှာ အချိန်အကြာကြီး မြှပ်နှံလိုက် ရင်တော့ အကျိုးရှိနိုင်ပေမယ့် အကျိုးမရှိနိုင်တဲ့ ပတ်ဝန်းကျင်မှာ မြှပ်နှံမိရင်တော့ အထက်က ဖားလို အဖြစ်မျိုးတွေ ကြုံတွေနိုင်ပါတယ် … ။
အဆင်မပြေမှန်သိလျက်နဲ့ ရုန်းမထွက်ဖြစ်ကြတာ တစ်ခုက ထပ်တွေ့ရမယ့် Risk တွေ Challenge တွေကို စိုးရိမ်ကြောင့်ကြနေတာလည်း ပါသလို ဒီမှာများ အဆင်ပြေလာ မလားလို့ မျှော်လင့်နေတာလည်း ပါ ပါလိမ့်မယ် … ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်
အမှန်ကို မြင်နိုင်ဖို့လိုပါတယ် … ။ အမှန်ကိုမြင်ပြီးရင် ဆုံးဖြတ်ချက်ကို
အချိန်မှန်ချနိုင်ဖို့ လိုပါတယ် … ဆုံးဖြတ်ချက်ချပြီး ပြီဆိုရင်လည်း
အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်နိုင်ဖို့ လိုပါတယ် … ။ ဒါမှသာ ကိုယ်နဲ့
သင့်တော်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ကြမှာပါ … ။
စာဖတ်သူများ အနေနဲ့ ကိုယ့်နေရာကို ကိုယ်က အသေအချာ သုံးသပ်ပြီးလို့ အဆင်မပြေတော့ဘူး ဆိုရင် အားအင်မကုန်ခန်းခင် … အရွယ်မလွန်ခင် အချိန်ရှိတုန်း … စွမ်းအားရှိတုန်း ခုန်ထွက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ …
အောင်ကိုဦး(UMK)
Be the Best !
Credit to
ဒီနေ့လည်း အွန်လိုင်းပေါ်မှာ ဖတ်မိတဲ့အကြောင်းလေးတစ်ခုကိ
ဒါဆိုရင် ကျွန်တော်တို့တစ်တွေကရော ဘဝဒုက္ခတွေကြားမှာ … လုပ်ငန်းခွင် အခက်အခဲ တွေကြားမှာ ဘယ်လောက် ရှည်ကြာနေကြပြီလဲ … ? အလုပ်တစ်ခုကို စလုပ်လိုက်တဲ့အချိန်မှာတော့
အလုပ်တစ်ခုကို လုပ်လိုက်ပြီဆိုတာနဲ့ အကြောင်းကြောင်းတွေကြောင့် ရုံးမထွက်နိုင်ဘဲ နစ်နေတတ်ပါတယ် … ကိုယ့်အတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်နေရာမှာ အချိန်အကြာကြီး မြှပ်နှံလိုက် ရင်တော့ အကျိုးရှိနိုင်ပေမယ့် အကျိုးမရှိနိုင်တဲ့ ပတ်ဝန်းကျင်မှာ မြှပ်နှံမိရင်တော့ အထက်က ဖားလို အဖြစ်မျိုးတွေ ကြုံတွေနိုင်ပါတယ် … ။
အဆင်မပြေမှန်သိလျက်နဲ့ ရုန်းမထွက်ဖြစ်ကြတာ တစ်ခုက ထပ်တွေ့ရမယ့် Risk တွေ Challenge တွေကို စိုးရိမ်ကြောင့်ကြနေတာလည်း ပါသလို ဒီမှာများ အဆင်ပြေလာ မလားလို့ မျှော်လင့်နေတာလည်း ပါ ပါလိမ့်မယ် … ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ
စာဖတ်သူများ အနေနဲ့ ကိုယ့်နေရာကို ကိုယ်က အသေအချာ သုံးသပ်ပြီးလို့ အဆင်မပြေတော့ဘူး ဆိုရင် အားအင်မကုန်ခန်းခင် … အရွယ်မလွန်ခင် အချိန်ရှိတုန်း … စွမ်းအားရှိတုန်း ခုန်ထွက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ …
အောင်ကိုဦး(UMK)
Be the Best !
Credit to

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။