Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 3, 2016

လူတိုင်းမှာ တာဝန်ရှိသည်

လူတိုင်းမှာ တာဝန်ရှိသည်

|| ဒေါက်တာခင်မောင်ညို ||

( ၁ )

ဧပြီရောက်ပါတော့မည်။ ပူပြင်းသည့် နွေရာသီမှာ မီးတွေက ဟိုလောင်ဒီလောင်နှင့်။ ပြည်သူတွေ မျှော်လင့်နေသည့် ဒီမိုကရေစီစစ်စစ် အစိုးရသစ် ဖွဲ့တော့မည်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် လူတိုင်းမှာ တာဝန်ရှိသည်။ ဒီတော့ သင်လည်း နောက်ချန်နေလို့ မရဘူး။ မကြာသေးမီက ကာတွန်းတစ်ပုဒ် ဖတ်ရသည်။ တစ်ကွက်ကာတွန်းပါ။ အင်မတန် သဘောကျစရာ ကောင်းပါသည်။ တစ်ယောက်က မေးလိုက်သည်.. “ကျွန်တော်တို့နိုင်ငံကြီး ဒီလောက် အောက်ကျနောက်ကျ ဖြစ်နေတာ ဘယ်သူ့မှာ တာဝန်ရှိတာလဲ” တဲ့။

ဖြေသည့်လူက “လူတိုင်းမှာ တာဝန်ရှိတယ်” ဟု ဖြေသည်။ ပြီးတော့ “မင်းမှာလည်း တာဝန်ရှိတယ်” ဟု ဆက်ပြောပါသည်။ တကယ်တော့ မေးသူရောဖြေသူရော အားလုံးမှာ တာဝန်ရှိသည်။ အထူးသဖြင့် ဆင်းရဲအောင်လုပ်ခဲ့သည့် လူကြီးများတွင် တာဝန်ပိုရှိသည်။

( ၂ )
“တို့တစ်တွေက အာဏာနဲ့ ခိုင်းမှလုပ်တဲ့ လူမျိုး” ဟု ငယ်ငယ်က လူကြီးတွေက ပြောကြသည်။ အင်္ဂလိပ်အစိုးရက လွတ်လပ်ရေး ပေးလိုက်တော့ သူတလူ ငါတစ်မင်းနှင့် ကွဲလိုက်ကြ ပြဲလိုက်ကြသည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တဲ့၊ တိုင်းရင်းသား သူပုန် စသဖြင့် ရောင်စုံသူပုန်များပင် ပေါ်လာသည်။ ဖဆပလလည်း ကွဲသည်။ ကွန်မြူနစ်လည်း ကွဲသည်။ တိုင်းရင်းသားများလည်း ကွဲသည်။ ပါတီများစွာ ကွဲပြဲကြသည်။

၁၀ နှစ်အကြာ အိမ်စောင့်အစိုးရ တက်လာတော့ လူတွေ ကြိုဆိုသည်။ ကောင်းလိုက်တာ။ ဗိုလ်မှူးကြီးထွန်းစိန်သည် မြူနီစပယ်လူကြီး လုပ်သည်။ ကိုယ်တိုင် အမှိုက်လှည်းသည်။ “ကိုယ်တိုင် သန့်ရှင်းရမည်၊ အိမ်တိုင်း သန့်ရှင်းမှ မြို့တွင်း သန့်ရှင်းမည်” ဆိုသော သီချင်းတွေဖွင့်သည်။ တစ်မြို့လုံး သန့်သောခေတ်ကို လူတွေလိုချင်ကြသည်။ သို့နှင့် အာဏာရှင်အစိုးရ တက်လာသည်။ မြန်မာအများစုက ဘုမသိဘမသိ လက်ခံကြိုဆိုသည်။

မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ပြီ။ စစ်တပ်သည် စည်းနှင့်ကမ်းနှင့်။ ပြည်သူပိုင် သိမ်းသည်၊ အစိုးရက စီးပွားရေး လုပ်သည်။ ကြွက်မနိုင် ကျီမီးရှို့သည်။ ငွေတွေကို သိမ်းသည်။ အကြိမ်ကြိမ်သိမ်းသည်။ စူဇကာ စစ်ဆင်ရေးဆိုသော ချမ်းသာသောသူများကို ဖမ်းဆီးထောင်ချသည်။

နိုင်ငံသည်လည်း အဆင်းရဲဆုံးသော နိုင်ငံ ဖြစ်သွားပါတော့သည်။ ၂၀၁၀ ခုနှစ်တွင်မှ ရွေးကောက်ပွဲလုပ်ပေးကာ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်မည်ဟု လွှတ်တော်အစိုးရ၊ တရားရုံးဟူ၍ မဏ္ဍိုင်ကြီး သုံးရပ်ဖြင့် ရပ်တည်ရန် ကြိုးစားလျက်ရှိသည်။ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာကလည်း ကုစားဖို့ ကြိုးစားသည်။

သို့သော် ကျွန်တော်တို့နိုင်ငံသည် ထိုဆင်းရဲတွင်းထဲက ယနေ့တိုင် မတက်နိုင်သေးပါ။

( ၃ )

စောဦးကပြောခဲ့သလို ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ ဆိုလျှင်တော့ လူတိုင်းတွင် တာဝန်ရှိသည်။

လူတိုင်း အိမ်ရှေ့ထွက် အမှိုက်ပစ်နေသည်။ အိမ်ရှေ့တွင်မက အိမ်နောက်မှာလည်း အမှိုက်တွေပစ်သည်။ ဒီလို ပစ်ကြရင်းနှင့် ကျွန်တော်တို့နေသည့် ရန်ကုန်မြို့ကြီး ထိန်းမနိုင်သိမ်းမရ အမှိုက်တွေများသည့် မြို့တော်ကြီး ဖြစ်လာသည်။
လတ်တလော အဖြစ်အပျက်လေးကိုပဲ ပြောချင်ပါသည်။

လွန်ခဲ့သောနှစ်က ရေတွေကြီးသည်။ ရန်ကုန်မှာနေသည့် ကျွန်တော်သည် ရန်ကုန်ကိုပဲ သတိထားမိသည်။ ဂျပန်က စီမံကိန်းဖြင့် ၀င်လာသည်။ သူတို့ စီမံကိန်းကို ကျွန်တော်တို့ ခရီးသွားဟန်လွှဲ ကြည့်မိသည်။ ပလက်ဖောင်းတွေကို ပြန်ဖျက်ကာ ရေမြောင်းတွေဖော်သည်။ ကျယ်ကျယ်တူးသည်။ ရှင်းအောင်လုပ်သည်။ မကြာသေးမီက ပြုပြင်ထားသော ပလက်ဖောင်းကိုလည်း ဖျက်၍ပြင်သည်။

ကောင်းဖို့ လုပ်တာပဲပြင်ပါ ပြင်ပါစေပေါ့။

မိုးလေးတစ်ပြိုက်နှစ်ပြိုက် ရွာပါလေရော။ မုတ်သုံတောင် မ၀င်သေးပါဘူး။

ရွာတိုင်း ရေလျှံသွားလေတော့သည်။

သူတို့ ပလက်ဖောင်းဖျက် ရေမြောင်းတွေပြင်တာ ယနေ့အထိ မပြီးသေးပါ။ ကားလမ်းတွေ ပိတ်လောက်အောင် ကြိုးစားမြောင်းဖော်ကြသည်။

လာမည့်နှစ် ကြည့်ရပါမည်။

ဘယ်သူတွေ ဘယ်လို လုပ်နေကြတာလဲ။

( ၄ )

မြန်မာတို့သည် ရောင့်ရဲတတ်သည့် လူမျိုးပါ။ လောကဓံကိုလည်း လက်ခံပါသည်။ လောကဓံတရား ရှစ်ပါးတွင် အဆိုးလောကဓံလေးပါး နှင့် အကောင်းလောကဓံ လေးပါးရှိသည်။ အကောင်းကို လူအများ ခံနိုင်သော်လည်း အဆိုးကိုမခံနိုင်ကြပါ။ သို့သော် မြန်မာတို့ကတော့ အဆိုးလာလည်း လက်ခံပါသည်။

ဥပမာ မနေ့က ချမ်းသာပေမယ့် ဒီနေ့ ဆင်းရဲသွားသော လောကဓံမျိုးကိုလည်း ရင်စည်းကာ သည်းခံသည်။ မမှုကြပါ။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ သို့သော် တစ်ချိန်လုံးတော့ ဒုက္ခတွေနှင့် ဘယ်သူမှ မနေချင်ကြပါဘူး။

ဒီဘ၀ကနေ ဘယ်လိုရုန်းထွက်ကြမလဲ။ မြန်မာနိုင်ငံသားတို့သည် ရှေ့ဆက်၍ ဒီအတိုင်းနေ၍မရတော့ပါ။ ပါရာဒိုင်းအသစ်ကို နဖူးတွေ့ ဒူးတွေ့ လက်ခံရန်လိုသည်။

ပါရာဒိုင်းအသစ်ဟာ ဘာလဲ။ ပါရာဒိုင်း အဟောင်းဟာ ဘာလဲ။

သာမန်အားဖြင့် ပါရာဒိုင်းသည် စည်းမျဉ်းဘောင်တစ်ခုအတွင်းတွင်ရှိသော အလေ့အကျင့်သာ ဖြစ်သည်။

( ၄ )

သမိုင်းကိုကြည့်ပါ။

ကျွန်တော်တို့၏ မူရင်းအစ အုပ်ချုပ်သည့်စနစ်မှာ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြစ်သည်။ ဘုရင်စနစ်အပြီး နှစ်ပေါင်းတစ်ရာကျော် ကိုလိုနီစနစ်က အုပ်ချုပ်သွားသည်။

နောက်တော့ လွတ်လပ်ရေးရစဉ် ခဏလေး ( ၁၄ နှစ်မျှ) ပါလီမန်ဒီမိုကရေစီ ခရီးကို လျှောက်ခဲ့ပါသည်။ ထို ၁၄ နှစ်တွင် အတော်အသင့် ကမ္ဘာက လက်ခံခဲ့သော်လည်း ပြည်သူတွေက ရောင်စုံသူပုန်တွေအကြား ဒုက္ခတွေ ပွားရပါသည်။

နောက် နှစ် ၅၀ ကျော် အာဏာရှင် အုပ်ချုပ်ရေးစနစ်တွင်သာ ကျင်လည်ခဲ့ရသည်။

ဒီနောက်ဆုံးနှစ် ၅၀ သည် မြန်မာတို့ကို အဆုံးစွန်သော ဒုက္ခတွင်းထဲကို ရောက်စေသကဲ့သို့ ဖြစ်ရခြင်းမှာ - တစ်ဖက်က ကမ္ဘာတွင် တက္ကနိုလိုဂျီအစွမ်းကုန် ဖွံ့ဖြိုးတိုးတက်လာသည်။

ကျန်တစ်ဖက်က တစ်ပြည်လုံးတွင် အကျင့်ပျက် လာဘ်စား ပျက်စီးလာသည်။

တက္ကနိုလိုဂျီ တိုးတက်လာသောကြောင့် မိုဘိုင်းဖုန်း၊ ကွန်ပျူတာ တို့ကအစ မော်တော်ကားအထိ မက်မောစရာ ပစ္စည်းတွေကို ဈေးကွက်တွင် တွေ့လာရသည်။ သို့သော် ထိုပစ္စည်းများကို ၀ယ်နိုင်သုံးနိုင် တီထွင်နိုင်ဖို့ မိမိတို့တွင် အင်အားမရှိပါ။

ထိုအခါ အိမ်တိုင်ချွတ်ရောင်းကြသည်။

ကျွန်းသစ်များ၊ တရားဝင်နည်းဖြင့် သော်လည်းကောင်း မှောင်ခိုဈေးကွက်မှ သော်လည်းကောင်း ပါသွားသည်။ မြစ်ဆုံစီမံကိန်း လုပ်သည် ( ပြည်သူ ကန့်ကွက်သောကြောင့် ရပ်ဆိုင်းထားသည် )

ကြေးနီစီမံကိန်း၊ နီကယ်ခရိုမီယံမိုင်းများ၊ ကျောက်မီးသွေး စက်ရုံများကို လက်ခံလာကြသည်။ ၅ သန်း မှ ၁၀ သန်းအထိရှိသော မြန်မာများ ပြည်ပတွင် အလုပ်လုပ်နေကြတော့သည်။ အချို့မှာ ညစ်ပေသော အလုပ်တွေကို လုပ်ကြရသည်။ ဘွဲ့ရ အမျိုးသမီးများပင် နိုင်ငံတကာတွင် အိမ်ဖော်ဖြစ်လာသည်။ ဒါကို အားလုံးသိကြသည်။ တစ်နေ့တွင် ဒါတွေသည် သမိုင်းဖြစ်လာပေမည်။

ဒီသမိုင်းကို ဖော်ပြရသည်မှာ မည်သူ့ကိုမျှ အပြစ်တင်ချင်၍ မဟုတ်ပါ။

( ၅ )

နေရာတကာတွင် ငွေက စကားပြောလာသည်။ သိက္ခာကို ထည့်၍ မစဉ်းစားတော့ပါ။

အကျင့်ပျက် ခြစားမှုများ တဖြည်းဖြည်း ကြီးထွားလာသည်။ ထိုအတွက် တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်း ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ရှိလာလေတော့သည်။

လူတို့သည် လူမှုရေးသတ္တ၀ါများ ဖြစ်ကြသည်။

တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်း ဆောင်ရွက်မှသာလျှင် တိုးတက်မည်။

ပူးပေါင်းရန်အတွက် တစ်ယောက်ကို တစ်ယောက် လေးစားဖို့လိုသည်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုလိုသည်။

နှစ် ၂၀၀ ကျော် ဖိနှိပ်မှုအောက်တွင် ကြောက်ရွံ့မှုများဖြင့် နေထိုင်ကြရသော ပြည်သူများသည် တစ်ယောက်ကို တစ်ယောက် မယုံကြည်ကြတော့ပါ။

ဒုတိယအချက်ကို ကြည့်လိုပါသည်။

အာဏာရှိသူများနှင့် ချမ်းသာသူများ ပူးပေါင်းလျှင် အလုပ်ဖြစ်သည်ဟု ဆိုကြသည်။ ဒီစကား မှန်သင့်သလောက် မှန်ပါသည်။ သို့သော် ထိုပူးပေါင်းမှုသည် ဆင်းရဲသူများကို ဖိနှိပ်ရန်အတွက် မဟုတ်ဘဲ၊ ဆင်းရဲသူများကို ဆင်းရဲတွင်းမှ ဆွဲတင်ပေးရန် ဖြစ်သည်။

သင်တို့ လုပ်နိုင်ပါသည်။

မြန်မာလူမျိုး အထက်ကိုရောက်ရန် လူကြီးများအားလုံး သိက္ခာရှိသူများ ဖြစ်အောင် ကြိုးစားရပါမည်။

အောက်ကျနောက်ကျ ဖြစ်နေခြင်းမှာ သိက္ခာမရှိသောကြောင့်သာ ဖြစ်သည်။

ကိုအောင်ဆန်းသည် ရိုးရှင်းစွာ နေထိုင်ခဲ့သည်။ သူ့ကျွန်ဘ၀ကနေ ကိုလိုနီသခင်ကြီးများ လေးစားအောင် နေပြနိုင်သော သခင်အောင်ဆန်း ဖြစ်လာသည်။ အဲဒီနောက် တစ်နိုင်ငံလုံး လေးစားသော ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသည်။

ယခု ခေတ်သစ်နိုင်ငံကို တည်ထောင်ပါတော့မည်။

ကျွန်တော်တို့လူကြီးများရော ပါရာဒိုင်းသစ်မှာ ကြိုးစားမည်ဟု တစ်နိုင်ငံလုံးက ယုံကြည်ထားပါသည်။

အဟောင်းကတော့ အစိတ်သားသုံးဆယ်သား ကျော်ပါသေးသည်။

ပူးပေါင်းပါဝင်ကြပါ။ ကြိုးစားပြီး မြန်မာပြည်ကို ကယ်တင်ကြပါဟု ပန်ကြားလိုပါသည်။

ဒေါက်တာခင်မောင်ညို
Credit-The Ladies News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။