ကိုအောင်ဆန်း....
ရှင် ရောက်ရာစခန်းက
ခဏလောက်ပြန်မြန်းကြည့်လှည့် ပါ
ရှင် သိပ်ချစ်တဲ့ တိုင်းပြည်
ရှင် သိပ်မြတ်နိုးတဲ့ နိုင်ငံ
ရှင် ကောင်းစားစေချင်တဲ့ မြန်မာပြည်ကြီး
ရှင့် သမီးက ဦးဆောင်နေပြီ
ကျမ သမီးမို့လို့ တစ်ဝကြီးချီးမွမ်းနေတယ်ထင်လိုက်ပါနဲ့
ရှင့်လို စွန့်လွှတ် စွန့်စားတဲ့ စိတ်အမြတ်
သူ့မှာ အပြည့် အကြပ်ရှိနေတယ်
ရှင့်လို အပင်ပန်းခံ ကျားကုတ်ကျားခဲ
မတုန်လှုပ်တဲ့ အသည်းနဲ့ ဇွဲ
သူ့မှာလည်း မကွဲပဲရှိနေတယ်
မဟုတ်မခံ သဘောချင်း
အကြောတင်းတာခြင်းလဲ အတူတူပါပဲ
ခုလည်းကြည့်ပါအုံး....
သူ ဦးဆောင်တဲ့ အစိုးရတစ်ရပ်
အဖိုးအခ အမြတ်ယူဖို့ မဟုတ်ဘူးတဲ့
သူ့အဖွဲ့ ဝန်ကြီးတွေ မပြတ်သား
လဘ်စားရင်...ထောင် တဲ့
ရှင့်တုန်းက...
လွတ်လပ်ရေးအတွက် သားပစ် မယားပစ်
နိုင်ငံကို ကျမတို့ထက် ပိုချစ်ခဲ့တယ်
ရှင့်သမီးကျတော့.....
သားပစ် လင်ပစ်
နိုင်ငံတော် အသစ်ဖြစ်စေဖို့...
မိသားစုကို ကျောခိုင်း
သဘောရိုင်းနေတဲ့ အာဏာရှင်တစ်စုကို မျက်နှာချင်းဆိုင်ခဲ့တယ်
သူ ပေဖြစ်တုန်းက ဆုပ်ထားခဲ့တဲ့ လက်သီးဆုပ်
တူဖြစ်ချိန်မှာ ထုဖို့ မဟုတ်ခဲ့ဘူး
လက်သီးဆုပ်က ထပ်ပြီးဆုပ်စရာမလိုတော့ဘူးလို့ခံယူပြီး
လက်သီးဆုပ်ကို ဖြည်ချ
ပီသတဲ့ ခွင့်လွှတ်ခြင်းတွေနဲ့
ဖြန့်သောလက်ကို ကမ်းပေး....
အလှမ်းမဝေးတော့တဲ့ကာလမှာ လက်ဆွဲနှုတ်ဆက်နိုင်ကြတော့မှာပါ
ကိုအောင်ဆန်းရေ.....
ကျမ ရှင့်ကိုလွမ်းတိုင်း
ရှင့်စိတ်...
ရှင့်ဥာဉ်...
ရှင့်စရိုက်...
ရှင့်အကျင့်အတိုင်း မချင့်နှိုင်း...
ရှင့်အတိုင်းရှိနေတဲ့
ရှင့်သမီးထွေး
"စု" လေးကို......
ရှင့်အစား ချစ်နေရတယ်ရှင်
Blon Di
ဆရာထွဍ်တေဇဖြိုး၏ ရေးဟန်ကို မှီငြမ်းပါသည်
Credit via
Ecy Nanabawa
ရှင် ရောက်ရာစခန်းက
ခဏလောက်ပြန်မြန်းကြည့်လှည့်
ရှင် သိပ်ချစ်တဲ့ တိုင်းပြည်
ရှင် သိပ်မြတ်နိုးတဲ့ နိုင်ငံ
ရှင် ကောင်းစားစေချင်တဲ့ မြန်မာပြည်ကြီး
ရှင့် သမီးက ဦးဆောင်နေပြီ
ကျမ သမီးမို့လို့ တစ်ဝကြီးချီးမွမ်းနေတယ်ထင်လ
ရှင့်လို စွန့်လွှတ် စွန့်စားတဲ့ စိတ်အမြတ်
သူ့မှာ အပြည့် အကြပ်ရှိနေတယ်
ရှင့်လို အပင်ပန်းခံ ကျားကုတ်ကျားခဲ
မတုန်လှုပ်တဲ့ အသည်းနဲ့ ဇွဲ
သူ့မှာလည်း မကွဲပဲရှိနေတယ်
မဟုတ်မခံ သဘောချင်း
အကြောတင်းတာခြင်းလဲ အတူတူပါပဲ
ခုလည်းကြည့်ပါအုံး....
သူ ဦးဆောင်တဲ့ အစိုးရတစ်ရပ်
အဖိုးအခ အမြတ်ယူဖို့ မဟုတ်ဘူးတဲ့
သူ့အဖွဲ့ ဝန်ကြီးတွေ မပြတ်သား
လဘ်စားရင်...ထောင် တဲ့
ရှင့်တုန်းက...
လွတ်လပ်ရေးအတွက် သားပစ် မယားပစ်
နိုင်ငံကို ကျမတို့ထက် ပိုချစ်ခဲ့တယ်
ရှင့်သမီးကျတော့.....
သားပစ် လင်ပစ်
နိုင်ငံတော် အသစ်ဖြစ်စေဖို့...
မိသားစုကို ကျောခိုင်း
သဘောရိုင်းနေတဲ့ အာဏာရှင်တစ်စုကို မျက်နှာချင်းဆိုင်ခဲ့တယ်
သူ ပေဖြစ်တုန်းက ဆုပ်ထားခဲ့တဲ့ လက်သီးဆုပ်
တူဖြစ်ချိန်မှာ ထုဖို့ မဟုတ်ခဲ့ဘူး
လက်သီးဆုပ်က ထပ်ပြီးဆုပ်စရာမလိုတော့ဘူးလ
လက်သီးဆုပ်ကို ဖြည်ချ
ပီသတဲ့ ခွင့်လွှတ်ခြင်းတွေနဲ့
ဖြန့်သောလက်ကို ကမ်းပေး....
အလှမ်းမဝေးတော့တဲ့ကာလမှာ လက်ဆွဲနှုတ်ဆက်နိုင်ကြတော့မှ
ကိုအောင်ဆန်းရေ.....
ကျမ ရှင့်ကိုလွမ်းတိုင်း
ရှင့်စိတ်...
ရှင့်ဥာဉ်...
ရှင့်စရိုက်...
ရှင့်အကျင့်အတိုင်း မချင့်နှိုင်း...
ရှင့်အတိုင်းရှိနေတဲ့
ရှင့်သမီးထွေး
"စု" လေးကို......
ရှင့်အစား ချစ်နေရတယ်ရှင်
Blon Di
ဆရာထွဍ်တေဇဖြိုး၏ ရေးဟန်ကို မှီငြမ်းပါသည်
Credit via
Ecy Nanabawa
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။