Sincere နဲ့ Honest အသုံးကွာခြားချက်
Sincere နဲ့ Honest စကားလုံးနှစ်လုံးကိုလေ့လာကြည့်ရအောင် နှစ်ခုလုံးက
ရိုးသားတယ်လို့ပဲ အဓိပါယ်ရပါတယ်...သို့သော် ကွာခြားချက်များရှိပါတယ်...
Sincere ရိုးသားတာဟာ....စိတ်ထဲမှာရှိတဲ့အတိုင်း မလိမ်မညာ မကွယ်မ၀ှက်
ဟန်မဆောင်ပဲ...ရိုးရိုးသားသား ပြုမူပြောဆို ကျင့်ကြံနေထိုင်တာကိုဆိုလိုပါ
တယ်...။ ( ထပ်ပြောရရင်...စိတ်ထဲမှာ ရှိတဲ့အတိုင်း ကျင့်ကြံတဲ့သဘော ) ဖြစ်
ပါတယ်....။ မြန်မာစကားမှာတော့....သူက အရိုးခံ ဆိုတာ Sincere အဓိပါယ်
မျိုးပါပဲ.....။
စောဒက တက်စရာက...သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်းပြောဆိုပြူမူ
နေထိုင်သော်ငြားလည်း....လောက အမှန်တရားနဲ့ အံဝင်ဂွင်ကျမဖြစ်တတ်တာ
တွေရှိပါတယ်....။Honest ရိုးသားတာက....စိတ်ခံစားမူ့အပေါ်မတည်မှီပဲ....
လက်တွေ့အမှန်တရားပေါ်မှာတည်မှီတဲ့ ရိုးသားမူ့ပဲဖြစ်ပါတယ်...အထူးသ
ဖြင့်ခေါင်းဆောင်ပိုင်းတာဝန်ယူတဲ့သူများအနေဖြင့် Honest ဖြစ်ဖို့လိုပါတယ်....
( နှလုံးသားထက် ဦးဏှောက်ကို ဦးစားပေးရတဲ့ ရိုးသားဖြောင့်မတ်မူ့ ) ဆိုရင်
ပိုမှန်နိုင်မယ်ထင်ပါတယ်။ ဥပမာ...ရဲအရာရှိတစ်ယောက်မှာအလွန်ချစ်တဲ့သား
လေးတစ်ယောက်ရှိတယ်...ရင်နဲ့အမျှချစ်တယ်...ရိုးသားပွင့်လင်းစွာချစ်တယ်။
သူ့သားအပေါ်မှာ သူဟာ ( Sincere ) ဖြစ်တယ်...ဟန်မဆောင်ဘူး..မပွင့်မလင်း
မလုပ်ဘူး...မာယာမရှိဘူး....အဲဒီ့သားလေးက ရာဇ၀တ်မူ့ဖြစ်ပြီဆိုပါစို့...သူဟာ
တာဝန်အတိုင်း အရေးယူရမှာဖြစ်တယ်...ဒါမှ သူဟာ သူ့အလုပ်အပေါ် မှာ
( Honest ) ဖြစ်မှာဖြစ်ပါတယ်။ Honest ဖြစ်တဲ့သူဟာ နှလုံးသားခံစားမူ့ကို ဦး
စားမပေးရပါဘူး....လက်တွေ့အမှန်တရားကို ဦးစားပေးရပါတယ်။
Sincere ဖြစ်တိုင်း Honest မဖြစ်ပါဘူး။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။