Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 17, 2016

အိပ်မက်ဆုံရာ ရာသက်ပန် Season 2 ၏ Winner ဆုရှင် David လိုင်နှင့် တွေ့ဆုံခြင်း



ဂီတ၀ါသနာ ဗီဇရှိသူများအတွက် ဂီတလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ပထမခြေလှမ်းဟု ဆိုရမည့် အဆိုပြိုင်ပွဲများစွာ ရှိနေသည်။ ယင်းတို့အနက် ခက်ခဲမှုများ၊ စိန်ခေါ်မှုများနှင့် ကိုယ်ပိုင်ဖန်တီးမှု များစွာဖြင့် သီဆိုယှဉ်ပြိုင်ရသည့် အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်မှာ လူငယ်များ၏ အိပ်မက်တွင် နေရာယူထားသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 ၏ ပြိုင်ပွဲတစ်လျှောက်လုံးတွင် ပရိသတ် အားပေးမှု အများအပြား ရရှိခဲ့ပြီး တေးသီချင်းများအား ကိုယ်ပိုင်ခံစား သက်ဝင်မှု၊ ဖန်တီးမှု များစွာဖြင့် ယှဉ်ပြိုင်နိုင်ခဲ့သူ ပြိုင်ပွဲဝင် အဆိုရှင် David လိုင်မှာ နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် Winner ဆုကို ဆွတ်ခူး ရရှိခဲ့ပြီ ဖြစ်သည်။ ပရိသတ်များ၏ မဲပေးရွေးချယ်မှု၊ အကဲဖြတ်ဒိုင်တို့၏ အမှတ်ပေး ရလဒ်များဖြင့် Winner ဆုကို ဆွတ်ခူးနိုင်ခဲ့သူ ချင်းတိုင်းရင်းသား အဆိုရှင် David လိုင်နှင့် တွေ့ဆုံ၍ မေးမြန်းဖြစ်သမျှမှာ


မေး- အိပ်မက်ဆုံရာ ရာသက်ပန် Season 2 ရဲ့ Winner အဖြစ် ပရိသတ်တွေက မျှော်လင့်ထားကြတဲ့ အတိုင်း မောင်လေး ဆုရခဲ့တဲ့အပေါ် ၀မ်းသာပီတိလေး အရင်ပြောပြပါဦး။

ဖြေ- ကျွန်တော်ကတော့ အရမ်းကြီး မျှော်လင့်မထားရဲပါဘူး။ ကျွန်တော့်ကို ချစ်ခင်အားပေးတဲ့သူတွေ၊ ပရိသတ်တွေ၊ မိသားစုတွေက ဆုရစေချင် သလိုမျိုး အခုရရှိခဲ့တဲ့ အတွက် ၀မ်းသာပါတယ်။ ကျွန်တော့်ဘက်က အများကြီး လုပ်နိုင်ခဲ့တာမျိုး မရှိပါဘူး။ အခု သူတို့ဖြစ်စေချင်သလို ဖြစ်လာတဲ့အတွက် ပျော်ပါတယ်။

မေး- နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ သီချင်းသုံးပုဒ် ယှဉ်ပြိုင်ရတယ်နော်။ အဲဒီအတွက်ရော ဘယ်လောက်ပြင်ဆင်ခဲ့ရလဲ။

ဖြေ- ကျွန်တော့်အတွက်ကတော့ အချိန်သိပ် မရဘူးလို့ ဆိုရမှာပါ။ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာက သီချင်းသစ် နှစ်ပုဒ်နဲ့ သီချင်းဟောင်း တစ်ပုဒ်ကို ယှဉ်ပြိုင်ခဲ့ရတာပါ။ သီချင်းသစ် နှစ်ပုဒ်နဲ့ တစ်သားတည်း ဖြစ်ဖို့ကို တော်တော်လေး ကြိုးစားလိုက်ရပါတယ်။ သီချင်းဟောင်းကိုလည်း ပုံစံပြောင်းအောင် ကြိုးစားရတယ်။ သီချင်းသစ် ဆိုရာမှာလည်း ကိုယ်ပိုင်ဖန်တီးမှုလေး ပါဝင်အောင် ကြိုးစားရတဲ့အတွက် တော်တော်လေးတော့ ပြင်ဆင်ခဲ့ရပါတယ်။

မေး- သီချင်းသစ် တစ်ပုဒ်ဖြစ်တဲ့ တေးရေး စောခူဆဲရဲ့ သီချင်းသစ်နဲ့ ယှဉ်ပြိုင်တာ တော်တော်လေးကို အားပေးကြတယ်။ မတင်ဇာမော်ကလည်း ဒီသီချင်းလေးက မောင်လေးရဲ့ ကိုယ်ပိုင်သီချင်းလေး ဖြစ်ပြီလို့ ပြောခဲ့တယ်။ အဲဒီသီချင်းလေး အတွက် ဘယ်လောက် အားထုတ်ခဲ့ရလဲ။

ဖြေ- ဆရာစောခူဆဲ ရေးပေးတဲ့ ပြန်တွေးရင်းနဲ့ဆိုတဲ့ သီချင်းလေးကို ဆိုတဲ့အခါ ကျွန်တော့်ကို ဆရာက ခံစားပြီး ဆိုပါလို့ မှာပါတယ်။ ပထမတစ်ရက် စဆိုစဉ်မှာတော့ သီချင်းရဲ့ အဓိပ္ပာယ်ကို သေချာ နားမလည်ဘူး။ သေချာပြန်တွေးကြည့်တဲ့ အခါမှ စုတ်ပြတ်သတ်နေတဲ့ ဘ၀နဲ့ ကျွန်တော့်ကို အနစ်နာခံပြီး ပြုစု စောင့်ရှောက်ခဲ့တဲ့ ချစ်သူအကြောင်းကို ရေးဖွဲ့ထားတဲ့ သီချင်းဆိုတာကို သဘောပေါက်လာတယ်။ ဒီအခါမှာ ခံစားချက်ပေါ်လွင်အောင် ထည့်နိုင်လာတယ်။ ဘယ်လိုခံစားချက်နဲ့ ဆိုရမယ်ဆိုတာကို သိလာပါတယ်။ ကျွန်တော်ယှဉ်ပြိုင်တဲ့ အခါမှာလည်း သီချင်းရဲ့ အဓိပ္ပာယ်အတိုင်း ခံစားပြီး သီဆို ယှဉ်ပြိုင်ခဲ့ပါတယ်။ ပရိသတ်တွေက ကြိုက်တယ်ဆိုတော့လည်း ကျွန်တော့်ဘက်ကတော့ အတိုင်း မသိပါပဲ။ ဆရာ့ရဲ့ကျေးဇူးလည်း အများကြီး ပါပါတယ်။

မေး- နောက်ဆုံးအဆင့် ပြိုင်ပွဲကို အလိုလို တက်ရောက်ခွင့်ရသူက ဒေးဗစ်ဖြစ်မယ်လို့ အများက မျှော်လင့်ထားပေမယ့် မဖြစ်ခဲ့တဲ့အပြင် တကယ်တမ်း ယှဉ်ပြိုင်တော့လည်း  ဒိုင်တွေက Save ကိုအသုံးပြုပြီး ကယ်တင်ခဲ့ရတယ် ဆိုတော့ အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ပြီး တည်ဆောက်ယူခဲ့ရလဲ။

ဖြေ- ကျွန်တော် နောက်ဆုံးအဆင့်ကို တက်ရောက်ဖို့ ရွေးချယ်တဲ့ ပြိုင်ပွဲမှာ အမှားတွေ လုပ်ခဲ့ပါတယ်။ သီချင်းစာသားလေးတွေ တော်တော်လေးကို မှားခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်မှာ အကဲဖြတ်ဒိုင်တွေက Save ကိုသုံးပြီး ကယ်တင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် ငိုက်စိုက်ကျပြီး စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။ ဒိုင်တွေက အခုလို ကယ်ခဲ့တာနဲ့တင် တော်တော်လေး အားနာဖို့ ကောင်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော့်အတွက် ဒိုင်တွေက အခွင့်အရေး တစ်ခု ထပ်ပေးတယ်လို့ပဲ ယုံကြည်ခဲ့ပြီး သီချင်းပိုင်းမှာ အကောင်းဆုံး ပြင်ဆင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်က စာသားတွေလည်း မှားတတ်တော့ စာသားကအစ မမှားအောင် ကြိုးစားခဲ့ပါတယ်။ ဖန်တီးမှု အပိုင်းမှာလည်း ကျွန်တော့်ဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

မေး- အခု ပန်းတိုင်တစ်ခုကို ရောက်ပြီဆိုတော့ နောက်ထပ် ပန်းတိုင်တစ်ခုကိုရော ဘယ်လို သတ်မှတ်ထားလဲ။

ဖြေ- အခုက ကျွန်တော့်အတွက် ဂီတလမ်းကြောင်းမှာ ပထမ လှေကားတစ်ထစ်ပဲ ရှိပါသေးတယ်။ ဂီတနဲ့ ပတ်သက်လို့ အများကြီး ကြိုးစားရမှာတွေ ရှိသလို လူမှုရေးပိုင်းမှာလည်း အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော့်အနေနဲ့တော့ ဂီတလမ်းကြောင်းမှာ ဆက်လက် လျှောက်လှမ်းသွားမှာပါ။ အိပ်မက်ဆုံရာ အစီအစဉ်နဲ့လည်း လက်တွဲပြီး လုပ်ဆောင်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။

မေး- ဂီတလမ်းကြောင်းမှာ ဆက်လျှောက်မှာဆိုတော့ ဘာတွေစတင် လုပ်ဆောင်သွားဖြစ်မလဲ။

ဖြေ- ဂီတအနုပညာကို ခံစားတတ်တဲ့ ပရိသတ်ကလည်း ဂီတ အမျိုးအစားစုံကို ကြိုက်နှစ်သက်ကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ပေါ့ပ်၊ ရော့ခ်၊ အပြင်းစား၊ R&B စသဖြင့် ဂီတအမျိုးအစားစုံကို ကြိုက်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော် မြတ်နိုးတဲ့ ဂီတအလုပ်တွေကို ပရိသတ် အားပေးရကျိုးနပ်အောင် ကြိုးစားသွားမှာပါ။

မေး- အိပ်မက်ဆုံရာနဲ့က တစ်ကိုယ်တော် စီးရီးထွက်ဖြစ်မှာလား။

ဖြေ- အဲဒီလိုတော့ သေချာပြောလို့ မရသေးပါဘူး။ အားလုံး ညှိနှိုင်းတိုင်ပင် နေကြဆဲပါ။

မေး- အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိသေးလား။

ဖြေ- ဒီနေ့အထိ ချစ်ခင်အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ မိသားစုတွေ၊ ဆွေမျိုးတွေ၊ ငွေကုန်ကြေးကျခံ အချိန်ကုန်ခံပြီး Voting တွေ ပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ မဲပေးခွင့် မရလိုက်လို့ စိတ်မကောင်း ဖြစ်ရတဲ့ အကြောင်း လာပြောကြတဲ့သူတွေ အားလုံးကို ဒီလောက်ထိ အားပေးခဲ့ကြတဲ့အပေါ် ကျေးဇူးအများကြီး တင်ပါတယ်။ ပရိသတ် အားပေးရကျိုးနပ်အောင်လည်း ရှေ့ဆက် ကြိုးစားသွားပါမယ်။ အဲဒီအတွက်လည်း အားပေးကြပါဦးလို့။
Writer: 
လင်းလင်းခိုင်
 http://news-eleven.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။