အမေရိကန် ဒေါ်လာ အတုအစစ် အလွယ်ကူးဆုံး
စစ်ဆေးနည်း
6-2-2016
ထိုင်းနိုင်ငံအတွင်း အမေရိကန်ဒေါ်လာအတုတွေ ဆက်တိုက်ဖမ်းမိနေ တာကြောင့် အာရှဒေသတွင်း ပြန့် နေတဲ့ ဒေါ်လာအတုတွေကို ဘဏ်ကိုသွား မစစ်ဆေးဘဲသိနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းတွေ ကိုဖေါ်ပြပေး လိုက်ပါ တယ်.။
(1)လူပုံမျက်နှာဖြစ်ပါတယ် အစစ်က အစစ်ရဲ့ မျက်နှာပြင်ဟာ အရေးအကြောင်း
တွေထင်ထင်ရှားရှား တွေ့ မြင်၊ အတုမှာ အရောင်မှိန်ကာ မိတ်ကပ်လိမ်းထား
သလို ဖြစ်နေပါမယ်။
(၂) တဆိပ်တုံး ထုထားသည့်နေရာကို ဘဏ်ဝန်ထမ်းတွေက ငွေကူ ကို လက်မနဲ့ လက်ညိုးကြားမှာ ညှပ်ပြီးဆွဲကြည့်တဲ့ပါ -အစစ်ဟာ ရှတတ (ကော်ဘတ်အနုစားကို ပွတ်သလို) ပိတ်သားပြင်ကို ပွတ်ရတဲ့အတိုင်း ခံစားနိုင်ပါတယ် ။အတုကတော့ A4 စက္ကူသားလို ချောနေပါတယ်။
(၃)အစစ်ငွေစက္ကူရဲ့  အနားသတ်ထားတဲ့ ဘောင်ဟာရှင်းလင် ပြတ်သားပြီး အစွန်းအထင်မရှိ ဘဲ အတုကတော့ မှင်စတွေအစက် အပြောက်တွေဖြစ်နေ တတ်ပါတယ်။
(၄)ငွေစက္ကူရဲ့  စီးရီး နံပါတ်ရိုက်ထားတဲ့ စာသာဟာ အပေါ်က စီးတဆိပ်တုံးရဲ့ အရောင်အတိုင်းဖြစ်ပါတယ်၊အတုနဲ့ သေခြာယှဉ်ကြည့်မယ်ဆိုရင် နံပါတ်အနေအထားဟာ ၀ါးနေတာ လိုင်းအနားမှာကပ်နေတာတွေ့ ရ ပါလိမ့်မယ်။
(၅)ငွေစက္ကူရဲ့  အသားပေါ်မှာ သေခြာကြည့်မယ်ဆိုရင် အမေရိကန်အလံရဲ့ အရောင် အနီနဲ့ အပြာ ရောင် ဆံပင်အပြတ်အစလေးတွေကပ်နေသ လို မြင် တွေ့ နိုင်ပါတယ်၊အတုကတော့ အမှုန်လေးတွေစုထားသလို ဖြစ်နေမယ်လို့  ဆိုပါတယ်။
(၆) အမေရိကန်က စတိုးဆိုင်တွေမှာ စစ်တဲ့နည်းကတော့ counterfeiting pen မှင်တန် တွေနဲ့ စစ်တာကိုတွေ့ ရပါတယ် ။အလွယ်ဆုံးနည်းပါ မှင်တန်နဲ့ ငွေစက္ကူပေါ်မှာခြစ်လိုက်လို့ အ၀ါရောင်ဖြစ်ရင်အစစ်ပါ၊ ဆေးသားဟာ အပြာနဲ့ အနက်ရောင်ဖြစ်သွားမယ်ဆိုရင်တော့ အတုဖြစ်တယ်လို့  အမေရိကန်နိုင်ငံဘဏ်တွေက ဒေါ်လာအတုအစစ်ခွဲခြားစစ်ဆေးနည်းတွေမှာဖေါ်ပြထားပါတယ်။
Social Action for Women - SAW

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။