Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 7, 2016

(ကိုယ့်ကိုယ်ကို အကောင်းဆုံး အမှတ်တံဆိပ်ဖြစ် လာအောင် ဘယ်လိုဘယ်လိုတည်ဆောက်မလဲ)

"Personal Branding"
(ကိုယ့်ကိုယ်ကို အကောင်းဆုံး အမှတ်တံဆိပ်ဖြစ် လာအောင် ဘယ်လိုဘယ်လိုတည်ဆောက်မလဲ)

Brand ဆိုတဲ့စကားကိုစစဉ်းစားကြည့်ရအောင်ပါ။
ပြည်တွင်းထုတ် စပို့စ်ရှပ်ရယ် နဲ့ ဂျော်ဒါးနိုး စပို့ရှပ် အလကားပေးမယ် ဆို ခင်ဗျား ဘယ်ဟာကိုယူမလဲ။ ပိုက်ဆံပေးဝယ်ရမယ် ဈေးကတော့အတူတူဘဲဆိုရင်ရော ဘာကို ရွေးချယ်ုမှာလဲ။ ခင်ဗျားတို့ ဂျော်ဒါးနိုးကိုဘဲ ရွေးချယ်ကြမှာပါ။ ဘာဖြစ်လို့လဲ မေးရင် Brand ဆိုတဲ့ အမှတ်တံဆိပ်
ကြောင့်လို ပြောကြမှာပါဘဲ။
နောက်တမျိုး စဉ်းစားကြည့်ရအောင် ။အမျိုးသမီးတွေ ဘာဖြစ်လို့ LV အိပ် မှ အရူးအမူး ကိုင်ချင်ကြတာလဲ (LV အစစ်ကသိန်း၃၀ လောက်ရှိတယ်)။ရိုးရိုးအိတ်လှလှလေးတွေအများ ကြီးရှိနေတာဘဲကို။ ဆန်းစစ်ကြည့်ရင် Brand ကောင်းရင် အားလုံးက တန်ဖိုးထားကြတာပါဘဲ။ ဈေးဘယ်လောက်ကြီးကြီး ဝယ်သုံးဖို့ ဝန်မလေးကြတော့ပါဘူး။ ဒါဆို ကျနော်တို့ လူတွေ ကရော ကိုယ့်ကိုယ်ကို Brand တခုအနေနဲ့သဘော ထားပြီး တန်ဖိုးကြီးလာအောင်လုပ်လို့မရဘူးလား။ စနစ်တကျနဲ့ ကြိုးစားရင် တကယ်ဖြစ်နိုင်ပါတယ်။ အခုခေတ်မှာ လစာ ၁ သိန်းနဲ့ အလုပ်လုပ်နေရသူ တွေရှိသလို လစာ သိန်း ၁၀၀ အကျော်ပေးပြီး လုခေါ်နေရတဲ့အထိ လူတော်ဝန်ထမ်းကြီးတွေ ကုမ္ပဏီလောက မှာ တကယ်ရှိနေပါတယ်။ ဒါဟာ ကိုယ်ပိုင် အမှတ်တံဆိပ် တည်ဆောက် မှု Personal Branding ကောင်းလွန်းလို့ပါဘဲ။ စာရေးသူကကိုယ်တိုင်လဲ ၁၉၉၂ ဆယ်တန်းဖြေ အပြီး သူးများဆီမှာ ပြာတာ လုပ်တာ လစာ၁၀၀၀ ကျပ် ကစခဲ့ရတာ ၂၀၁၂ နောက်ဆုံးလုပ်ခဲ့တဲ့ ကုမ္ပဏီမှာ လစာ ဒေါ်လာ ၄၀၀၀ အထိ မြန်မာ ပြည် မှာဘဲ ရခဲ့ဘူးပါတယ်။ လွယ်လွယ်နဲ့တော့ ဖြစ်လာတာမ ဟုတ်ပါဘူး ။ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ရတာတွေ ထဲကမှာ ယနေ့ခေတ်နဲ့ ကိုက်ညီ တဲ့ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးပါမယ်။
Person Branding ကို အတိအကျ အဓိပ္ပါယ်ဖွင့်ဆို ရရင် လူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းမှု ဘဝကို အမှတ်တံဆိပ်အနေနဲ့ ဈေးကွက်တင်ရောင်ချရာမှာ ကိုယ့်ကိုယ်ကို ဘယ်လိုစီမံ ခံခွဲရမယ် (Self Management) ကိုယ့်ကိုယ်ကို အမြဲ တိုးတက်နေအောင်(Self improvement) နဲ့ ဘယ်လို ပြုပြင်နေထိုင်ဝတ်ဆင်ပြောဆ်ုသင့်တယ် ( Self packaging) တွေကအဓိကကျပါတယ်။ဒါ့အပြင် ဒီလုပ်ငန်းစဉ်က တကြိမ်တခါတည်းလုပ်ရမှာမဟုတ်ဘဲနဲ့ စဉ်ဆက်မပြတ် သတိထားပြီး လူအများရဲ့အမြင်မှာ အမြဲ အထင်ကြီးလေးစားနေအောင် ထိနိးသိမ်းထားရမှာဖြစ်ပါတယ်
Brand တခုရဲ့ ဂုဏ်ဒြပ်တွေဖြစ်တဲ့ အမည် လိုဂို ဒီဇိုင်း စလိုဂန်ခေါ် အမှန်တံဆိပ်နဲ့ တွဲထားတဲ့ အကြောင်းအရာ တွေ ရှိသလို ဘဲ။ လူတွေ မှာ လူသိများခြင်း ယုံကြည်စိတ်ချရခြင်း ဂုဏ်သိက္ခာ နဲ့ တန်ဖိုးရှိခြင်း ဆိုတာတွေနဲ့ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။
ကမ်ဘာကျော် Amazon.com ရဲ့ Jeff Bezos ကတော့
"Your brand is what other people say about you when you are not in the room"
"ခင်ဗျားရဲ့ အမှတ်တံဆိပ်ဆိုတာ ခင်ဗျားအခန်းထဲမှာမရှိတုန်း လူတွေက ခင်ဗျားအကြောင်း ဘယ်လိုပြောကြသလဲ ဆိုတာပါဘဲ"
ခင်ဗျားဘာတွေလုပ်နေလဲဆိုတာထက် ဘယ်လိုလုပ် လဲဆိုတာက အရေးကြီးသလို ဘာကြောင့် လုပ်ရ တယ်ဆိုတာကလည်း အရေးကြီးဆုံးဖြစ်ပါတယ်။
ဒါပေမယ့် Personal Branding ဆိုတာ ကိုယ့်ကိုယ်ကို အရောင်းမြှင့်တာမဟုတ်ပါဘူး "သူများနဲ့မတူ ကွဲပြားခြားနားမှု Differentiation ကို ပြသရတာပါ။"

Personal Branding လုပ်ဆောင်ရန် (၉) ချက်

၁။ရည်မှန်းချက်ထားပြင်ဆင်ပါ။ Create Plan
ကိုယ်ဘာဖြစ်ချင်တာလဲ ဘဝရည်မှန်းချက်ကဘာလဲ ရှိရပါမယ်။ ကိုယ်တွေ့ဆုံ ဆက်ဆံရမယ့် ပတ်ဝန်း ကျင်က ဘယ်လိုလူတွေလဲဆိုတာပါသိထားပ
ကိုယ်သွားမယ့်ရည်မှန်းချက်အတွက် မဟာဗျူဟာ နည်းဗျူးဟာတွေ ချမှတ်ထားပါ။ ကိုယ့်ရလာနိုင်မယ့် ရလာဒ်တွေကိုခန့်မှန်းထားပါ။

၂။ဦးနှောက်ကိုအလုပ်ပေးပြီးစဉ်းစားပါ။Brain Storm. မိမိ အားသာချက် အားနည်းချက် အစွမ်းအစ တွေကို အသုံးချပါ။ လူအများနဲ့ ကိုယ် ဘာကွာလဲ ဘယ်လို အချက်တွေက လူအများကြားထဲမှာ ကွာခြားစေမှာလဲ ဒါတွေကို သိဖို့ လိုပါတယ်။

၃။ကိုယ့် ရဲ့ Identity လို့ခေါ်တဲ့ ကိုယ်ပိုင် ပုံစံတခုကို တည်ဆောက်ပါ။ အဝတ်အစား စကားပြောဆိုပုံက အစ ကိုယ်ပိုင် စတိုင်ရှိရပါမယ်။

၎။ကိုယ့်ကိုယ် ကိုကျွမ်းကျင်ပညာရှင်ဖြစ်လာအောင် ပျိုးထောင်ပါ။ ကိုယ့်မှာရှိတဲ့ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်း ကျင်မှု အတွေ့အကြုံတွေကိုအသုံးချပါ ပရိတ်သတ်ကြားထဲမှာ အစွမ်းအစပြနိုင်မယ့် အခွင့်အရေးကိုအမြဲရှာနေပါ။ လူကြားထဲမှာ စကားပြောတတ်အောင် စင်မြင့်ပေါ်တက်ပြောနိုင်အောင် လေ့ကျင့်ပါ။အခြေခံကိုတော့သင်တန်းငယ်တွေမှာစာပို့ချပေးခြင်းနဲ့ တည်ဆောက်ယူပါ။

၅။အွန်လိုင်း လှူပ်ရှားမှု တည်ဆောက်ထားပါ။ ဆွဲဆောင်မှုရှိတံ့ဓာတ်ပုံ လူအများလေးစားအောင်မိမိ ရဲ့အကြောင်းအရာ အစရှိသည်ဖြင့် ပြင်ဆင်ပါ။ မသင့်တော်တဲ့စာတွေ ဓါတ်ပုံတွေ ရှိနေရင်လည်း ဖျက်ပြစ်ပါ။

၆။Social Media လို့ ခေါ်တဲ့ Facebook ,LinkedIn
You tube, Twitter, We Chat, Line , Vibre အစရှိတာတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးမှု ရှိရှိသုံးပါ။

၇။မည်သူနဲ့မဆို မျက်နှာချင်း ဆိုင်တွေ့လာရရင် ကိုယ့်ကိုယ်ကိုမိတ်ဆက်နိုင်အောင် Visiting Card , QR code အစရှိသည်တို့ကိုပြင်ဆင်ထားပါ။ အချိန် တိုအတွင်း မိမိအကြောင်းကို ထိထိရောက်ရောက် ပြောပြတတ်အောင်လေ့ကျင့်ပါ။

၈။Networking ကိုမြငှ့်တင်ပါ။ လူထုကြား ပွဲလမ်းသဘင် အခမ်းအနား တတ်ခြင်းဖြင့် မိမိ နဲ့ အခြားသူများရဲ့ ခင်မင်ရင်းနှီးမှုကို တိုးပြီးတည်ဆောက်ပါ။ စကားများများပြောပေးပါ။ ခေါင်းတောင်နိုင်မှုအရည်သွေးကိုပြပါ။

၉။လူအများကြား ပရိတ်သတ်ကြား မိတ်ဆွေများကြားမှာ မိမိရဲ့ လှုပ်ရှားမှုမှန်သမျှကို သိရှိနေအောင် ဖြန့်ဝေပါ။ ထပ်ခါထပ်ခါ လုပ်ပါ။

"ခင်ဗျားရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုတာ ခင်ဗျားနဲ့အခြားသူတွေကြား ဘာတွေကွာခြားနေလဲ ဆိုတာဘာဘဲ။ "

အောင်မြင်ကြပါစေ။
ကောင်းငြိမ်းစိုး-Kudos

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။