မှတ်စုကြမ်း added 3 new photos — with Bo Tay Za.
-ပညာရေးသည် နိုင်ငံရေးဖြစ်သည်-
(ဗိုလ်ချုပ်အောင်ဆန်း)
(ပထမအကြိမ်ကျောင်းဆရာများညီလာခံ ၃၀.၄.၁၉၄၆)
###########
အခြေခံအားဖြင့် နိုင်ငံရဲ့ပညာရေးစနစ်ဖွံ့ဖြိုး၊ဆုတ်ယုတ်မူ့ဆိုတာ တခြားသောကဏ္ဌတွေမှာပါ impact ဖြစ်စေ သက်ရောက်မူ့ဖြစ်စေတာပါ၊နိုင်ငံရေး၊စီးပွားရေး၊ကျန်းမာရေးနဲ့လူမူ့ရေးတွေဆိုတာနိုင်ငံသားတွေ (တနည်း) အားလုံးသော state holders တွေရဲ့ပညာရေးရေချိန်အပေါ်လည်းတည်မှီနေပါသေးတယ်၊ပညာရေးရေချိန်ဆိုလို့ ဘွဲ့ ရဦးရေ၊စာတက်မြောက်မူ့နူန်းစတာတွေအပေါ်မှာပဲသတ်မှတ်လို့ရတာမျိုးမဟုတ်ပါဘူး၊အရည်အသွေးဘက် qualitative approach ကိုမရောက်ဘဲ အရည်အတွက် quantitative approach ကိုအာရုံစိုက်နေယုံနှင့်တော့ ပေမှီဒေါက်မှီပညာရေးစနစ်တစ်ခုကိုဘယ်လိုနည်းနဲ့ပုံဖော်နိုင်မှာလည်းမဟုတ်ပါဘူး၊
လူများပြီးပွဲမစည် ဆိုတဲ့စကားလည်းရှိသားဗျာ၊နိုင်ငံမှာ (အဆင့်မမှီတဲ့)ပညာတက်အမည်ခံဘွဲ့ရတွေဘယ်လောက်မွေးထုတ်နေပေမယ့် တကယ့်လိုအပ်တဲ့ ထိရောက်တဲ့ပညာရပ်တွေသာ သင်ကြားသင်ယူမူ့မှာနေရာမရရင် ဒီစနစ်ကိုဘယ်လိုမှ capacity building လုပ်နေတယ်လို့ခေါ်လို့ရမှာလည်းမဟုတ်ပါဘူး၊လက်ရှိကျနော်တို့နိုင်ငံမှာကို ဘွဲ့ ရ ပညာမတက်ယဉ်ကျေးမူ့ထွန်းကားနေတာဟာ ဒီ quantitative အခြေပြုတဲ့ပညာရေးစနစ်နှစ်ပေါင်းများစွာအခြေတည်ခဲ့လို့လည်းဖြစ်ပါတယ်၊တစ်နေ့ကအင်တာဗျုးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က "ဘွဲ့နဲ့ပညာမတူတဲ့အကြောင်းအရာလေး"ပြောသွားတာသွားသတိရပါတယ်၊တကယ်တော့ ဒါဟာအင်မတန်ရိုးစင်းပြီးလက်တွေ့ကျတဲ့အခြေအနေတစ်ခုပါပဲ၊
လက်ရှိယူနက်စ်စကိုသတ်မှတ်ချက်တွေအရ မြန်မာနိုင်ငံရဲ့ စာတက်မြောက်မူ့နူန်းဟာ မြင့်မားတဲ့အဆင့်မှာရှိနေတာပါ၊ဒါဂုဏ်ယူစရာဖြစ်ပေမယ့် တကယ်တမ်း စာဖတ်မူ့နူန်းကတော့ထင်သလောက်တိုးတက်မလာတာသတိထားမိပါတယ်၊စာအုပ်ဈေးနူန်း၊စားဝတ်နေရေးအတွက်လုံးပန်းရမူ့၊လူငယ်တွေကျောင်းစာနဲ့သာအချိန်ကုန်နေရတာတွေ၊အိုင်တီနည်းပညာကြောင့်တခြားဖျော်ဖြေရေးတွေဘက်ခြေဦးလှည့်သွားကြတာတွေစတဲ့အချက်တွေကြောင့်လည်းပါပါတယ်၊
တကယ်တော့ပြင်ပဗဟုသုတအတွက်စာဖတ်ပါဆိုတဲ့နေရာမှာ စာအုပ်စာတမ်း၊ကျမ်းစာပေစာတွေသာမကဘဲအခု Internet website ,Facebook နဲ့ Google တွေထဲကစာကောင်းပေမွန်တွေ၊ကိုယ့်ဘ၀အတွက်အကျိုးရှိစေနိုင်မယ့် food for thought အမျိုးအစားစေ့စေ့တွေးရေးရေးပေါ် တွေးခေါ်မျှော်မြင်ရေးအခြေပြုစာတွေမရေတွက်နိုင်အောင်ဖတ်နိုင်နေပါပြီ၊ဒီအတွက်အချိန်အတိုင်းအတာ (အနည်းငယ်ဖြစ်စေ)ပေးသင့်ပါတယ်၊ဒါမှလည်းဒီလိုတဆင့် ကိုးကားသိလာရတဲ့သူတပါးအမြင်တွေအပေါ်ကိုယ့်ဘ၀ကိုယ့်အခြေအနေနဲ့ကိုက်ညီအောင် adaptedလုပ်ပြီးဒါကိုကောင်းကောင်းအသုံးချနိုင်မှာပါ၊
တကယ်တော့ အသိပညာရှာဖွေတဲ့နေရာမှာ ကိုးကားသိ testimony သဘောတရားဟာမပါမဖြစ်လို့ဆိုနိုင်အောင်ကိုအသုံးဝင်ပါတယ်၊ဘာသာရေး၊အတွေးအခေါ်နဲ့သိပ္ပံပညာရပ်တွေပါမကျန်ကိုးကားသိနဲ့ကင်းတာဆိုလို့ခပ်ရှားရှားရယ်ပါ၊ကိုးကားသိသဘောဟာမိမိမှတပါးတခြားသူတစ်ဦးဦးဆီကနေရလာတဲ့အသိပညာရပ်တစ်ခုမို့သူ့ကို သိမူ့ဗေဒနယ်ပယ်(theory of knowledge)မှာ authority လို့ခေါ်ပါသေးတယ်၊ဘာသာရေးမှာဆို ဘုရားနူတ်ကပတ်(revelation of God),အဆုံးအမ(teaching of the Buddhaစသဖြင့်)စတာတွေလည်း ကိုးကားသိနွယ်ဝင်တွေပါပဲ၊ကြားဆရာ၊မြင်ဆရာ၊သင်ဆရာတွေဆိုတာလည်း ကိုးကားသိထဲအကြုံးဝင်ပြန်ပါတယ်၊ဒါ့ကြောင့် ဒီအသိပညာရှာဖွေနည်း(method of authority or testimony) ဟာ ပညာလိုချင်သူတွေအတွက်မလွဲအသွေကြုံတွေ့ရမယ့်သဘော indispensable first step သဖွယ်လို့မြင်ပါတယ်၊
တကယ်လို့ ဒီလိုကိုးကားတဲ့နည်းလမ်း၊မှီငြမ်းတဲ့နည်းလမ်းကို ပညာရေးမှာ ဖွင့်ထားသောစိတ်၊ကြီးမားသောသဘောထားနဲ့သာ ကောင်းကောင်းအသုံးချနိုင်ခဲ့ရင်အင်မတန်အကျိုးရှိမယ့်အနာဂတ်ကိုထုဆစ်ပုံဖော်နိုင်မယ်လို့ကျနော်ယုံကြည်ပါတယ်၊ကမ္ဘာသမိုင်းမှာ ကိုးကားသိရဲ့တန်ဖိုးကိုမသိလို့၊ဒါမှမဟုတ် မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးမချနိုင်ခဲ့လို့အဖိုးတန်အချိန်တွေအလဟဿကုန်ဆုံးခဲ့တာလက်တွေ့ပါ၊ဥရောပအလယ်ခေတ်တစ်လျောက်လုံးနှစ်၁၀၀၀လောက် Bible နဲ့ Aristotleအတွေးအခေါ်ရဲ့အပေါ်မှာသာမှီငြမ်းခဲ့ပြီးကျန်တဲ့ဘယ်အသစ်အသစ်သောပညာရပ်ကိုမှလက်မခံခဲ့တာမို့ အမှောင်ခေတ် dark age လို့ခေါ်ရလောက်အောင်ကို အသိပညာဟာဆိတ်သုန်းခဲ့တာပါ၊ကိုးကားသိတန်ဖိုးကိုဘာသာရေးနဲ့အတွေးအခေါ်အတွက် တလွဲဆံပင်ကောင်းလုပ်မိသွားတာပါ၊
မြန်မာ့သမိုင်းမှာလည်းအနောက်တိုင်းကဆိုရှယ်လစ်ဝါဒ socialism ကိုကြံကြံဖန်ဖန်မြန်မာမူ့ပြုထားတဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အဖြစ်နှစ်၂၀ကျော်တရားသေအသုံးပြုခဲ့တဲ့ရလဒ်ကတော့ဖွံ့ဖြိုးမူ့အနိုမ့်ကျဆုံး LDC စာရင်းဝင်နိုင်ငံဖြစ်ခဲ့ရတာပဲအဖက်တင်ပါတယ်၊ဒါလည်း ကိုးကားသိကိုနိုင်ငံရေးနဲ့စီးပွားရေးအရ လွဲမှားစွာအသုံးချခဲ့ခြင်းတစ်မျိုးပါပဲ၊
ကိုးကားသိနဲ့ပတ်သတ်လို့ ဗုဒ္ဓရဲ့မြွေဖမ်းဥပမာလေးသွားသတိရပါတယ်၊အနှစ်ချုပ်ကတော့ မြွေတစ်ကောင်ကိုမကျွမ်းကျင်ဘဲဖမ်းရင်ဖမ်းသူအန္တရာယ်ရှိသလို၊ဘာသာဝါဒသဘောတရား တွေအပေါ်မှာတလွဲနည်းနဲ့မှတ်ယူကျင့်သုံးရင်အကျိုးနဲမယ်ဆိုတာပါ၊ဒီလိုပဲလောကမှာပညာရှာသူဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်သင့်တော်မယ့်၊ဘေးဥပါဒ်နည်းမယ့်နည်းကိုဆင်ခြင်ပြီးမှထုတ်ယူအသုံးပြုသင့်တာပါ၊ဒါ့ကြောင့် ကိုးကားသိဆိုတာ သုံးတက်ရင်ဆေး၊မသုံးတက်ရင်ဘေးပါ၊ယူတက်ရင်အား မယူတက်ရင် ကျား ပါ၊
ဘာပဲဖြစ်ဖြစ်ဒီနည်းလမ်းကတဆင့်အသိပညာရရာရကြောင်းကိုတော့ကျနော်တို့ရှောင်ဖယ်လို့ရမှာမဟုတ်ပါဘူး၊သမိုင်းဆိုတာ လူတို့ရဲ့အတိတ်ကအမှားတွေကိုသံဝေဂယူရင်း၊သင်ခန်းစာယူရင်းတစ်ဖက်၊လူတို့ရဲ့အတိတ်ကအောင်မြင်မူ့တွေကိုအားကျအတုခိုးရင်း၊လိုက်နာကျင့်သုံးရင်းကတစ်ဖက်နဲ့ ကိုးကားသိ၊ဆင့်ပွားနားလည်သိကရလာတဲ့ပညာကိုလိမ္မာစွာအသုံးချတက်ဖို့သာလိုတာပါ၊
ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ဘ၀မှာအမြင်ကျယ်အောင်၊တရားသေ၀ါဒနဲ့ပိတ်လှောင်ထားတဲ့လူ့အဖွဲ့အစည်း close society ကိုရှောင်နိုင်ဖို့၊နိုင်ငံရေးနဲ့လူမျိုးရေးအမြင်မှာပါကျယ်ပြန့် ပြီးပွင့်လင်းတဲ့လူ့အဖွဲ့အစည်း transparent society တစ်ခုကိုပုံဖော်ဖို့ ကျနော်တို့စာဖတ်ကြရပါမယ်၊လေ့လာမြဲလေ့လာနေရပါမယ်၊ပညာရေးမှာရနိုင်တဲ့နည်းနဲ့ကိုယ့်ဘ၀၊ကိုယ့်လူမူ့ပတ်ဝန်းကျင်တိုးတက်ဖို့နည်းပေါင်းစုံကို ကိုးကားသိ တွေကတဆင့်ရှာဖွေနေရပါမယ်၊နေကြရပါဦးမယ်။
With Respect
#Nyi Kyaw(3.2.2016)
Field : Education.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။