သင့်ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာ ၁၁ ချက်
========================== ======
၁။ လျှာလှုပ်ခြင်း
ခန္ဓာကိုယ်က ကြွက်သားတချို့ဟာ လျှာလိုမျိုး အလုပ်လုပ်လွန်းရပါတယ်။ လျှာက စကားပြောရမှာ အသံထွက်ဖို့အတွက် လှုပ်ရှားရသလို သင်စားတဲ့ အစားအစာတွေကို တွန်းထုတ်ဖို့အတွက်လည်း လှုပ်ရှားရပါတယ်။ သင်အိပ်နေစဉ်အတွင်း တံတွေးတွေကို လည်ချောင်းထဲ ရောက်အောင် သင့်လျှာက တွန်းပို့ပေးပါတယ်။
...
၂။ အူ၏ အရွယ်အစား
သင့်ခန္ဓာကိုယ်တွင်းရဲ့ အူအရှည်က ၂၇ ပေ ရှိပါတယ်။ အူသေးလို့ခေါ်ပေမယ့် အမှန်မှာတော့ သေးသေးလေးမဟုတ်ပါဘူး။ ၂၂ ပေ အရှည်ရှိပါတယ်။ အူမကြီးက ပိုကျယ်ပေမယ့် ဆွဲဆန့်လိုက်ရင် အရှည်ငါးပေသာ ရှိပါတယ်။
...
၃။ ညစ်ပတ်သည့် ပါးစပ်
သင် အနမ်းမပေးခင် နှစ်ခါလောက် စဉ်းစားလိုက်ပါ။ သင့်ပါးစပ်က ခန္ဓာကိုယ်အတွင်း အညစ်ပတ်ဆုံးနေရာ ဖြစ်နေတာကြောင့်ပါ။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာပါ။ ပါးစပ်တစ်ခုမှာ ပါဝင်တဲ့ ဘက်တီးရီးယားပမာဏက ကမ်္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူဦးရေပမာဏထက် ပိုများပါတယ်။ သွားတိုက်တံနဲ့ သွားကြားပွတ်ကြိုးသုံးတာက ဘက်တီးရီးယားအနည်းငယ်ကို လျော့သွားနိုင်ပါတယ်။ တချို့တွေက သင်ထွေးထုတ်လုပ်တဲ့ တံတွေးနှစ်လီတာထဲမှာ နစ်မြှုပ်သွားပါတယ်။
...
၎။ မျက်နှာပေါ်မှာ ပိုးမွှားများ
သင့်မျက်နှာပေါ်မှာရှိတဲ့ ပိုးမွှားတွေက တွေ့မြင်နိုင်ဖို့အတွက် အလွန်သေးငယ်လွန်းပါတယ်။ ဒီပိုး မွှားကောင်လေးတွေက မျက်နှာပြင်ပေါ်မှာပဲ မိတ်လိုက်ပြီး ဥပေါက်ကာ မျိုးပွားနိုင်ပါတယ်။ သင်ရဲ့ နဖူးဆံစပ်၊ မျက်လုံးအိမ်နဲ့ မျက်တောင်တွေက ပိုးမွှားတွေ ခိုအောင်းဖို့ အလွန် ကြိုက်နှစ်သက်တဲ့နေရာတွေပါ။
မျက်နှာကို ဆေးကြောပွတ်တိုက်ရာမှ တချို့ပိုးမွှားတွေက ရေနဲ့အတူ
မျောပါသွားနိုင်ပါတယ်။ အဲဒီပိုးမွှားတွေ ပေါက်ဖွားတာကို မထိန်းချုပ်နိုင်ရင်
ဝက်ခြံပေါက်တာလိုမျိုး အရေပြားပြဿနာတွေ၊ မျက်စိပြဿနာတွေဖြစ်နိုင်ပါတ ယ်။
...
၅။ ချွေးထွက်ခြင်း
သင်ဟာ ပူလွန်းတဲ့အခါမှာ သင်ရဲ့ အာရုံကြောတွေက ချွေးပေါက်သန်းပေါင်းများစွာ
ပွင့်ထွက်ဖို့အတွက် အချက်ပေးလိုက်တဲ့အတွက် ချွေးတွေထွက်လာပါတယ်။ ချိုင်း၊
လက်ဖ၀ါး၊ ခြေဖ၀ါး၊ နဖူးနဲ့ လိင်အင်္ဂါနေရာတွေမှာ ချွေးအများဆုံး
ခိုအောင်းနေတတ်ပါတယ်။ ပိုးမွှားတွေက အဲဒီနေရာတွေကို အလွန်
ကြိုက်နှစ်သက်ပါတယ်။ ချွေးတစ်မျိုးတည်းက အနံ့မထွက်နိုင်ပေမယ့်
ဘက်တီးရီးယားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အနံ့ဆိုးတွေ ထွက်လာပါတယ်။
...
၆။ အိမ်တွင်းမှ ဖုန်များ
သင့်အိမ်ထဲက ဖုန်မှုန့်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ အရေပြားက ဆဲလ်သေတွေပါ။ သင့်ခန္ဓာကိုယ်မှ တစ်နှစ်ကို ပျမ်းမျှအားဖြင့် ဆဲလ်သေ ၁ ဒသမ ၅ ပေါင် ထွက်လာပါတယ်။ ဒါဟာ သကြားသုံးခွက်ခွဲစာနဲ့ ညီမျှပါတယ်။
...
၇။ အကြီးဆုံး ကြွက်သား
ဂလူးတီးယပ်စ်မက်ဆင်းမာ့စ်က ခန္ဓာကိုယ်ရဲ့ အကြီးဆုံးကြွက်သားကို လက်တင်ဘာသာနဲ့ခေါ်တဲ့ နာမည်ပါ။ သင်ရဲ့ တင်ပါးတစ်ဖက်တစ်ချက်စီမှာ ဒီကြွက်သားနှစ်ခုရှိပါတယ်။ သင်ထိုင်တဲ့အခါမှာ ဒီကြွက်သားတွေက ကူရှင်လိုမျိုး အလုပ်လုပ်ပေးပေမယ့် သူတို့က သင်မတ်မတ်ရပ်နိုင်ဖို့ ထောက်ပံ့ပေးရာမှာ အကောင်းဆုံးလို့ ဆိုပါတယ်။
...
၈။ အရေပြားအောက်မှ အရိုးပုံစံ
အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အရိုးတည်ဆောက်ပုံချင်း ကွာခြားကြပါတယ်။ အမျိုးသားအရိုးစုတွေက လေးထောင့်ပုံ မေးရိုး၊ ကြီးမားတဲ့ မျက်ခုံးရိုးနဲ့ စောင်းနေတဲ့ နဖူးပြင်ရှိပါတယ်။ အမျိုးသမီးအရိုးစုမှာ မေးစေ့ချွန်ပြီး မျက်ခုံးရိုးသေးကာ ညီညာတဲ့နဖူးပြင်ရှိပါတယ်။ ဒါ့အပြင် ကလေးမွေးရမှာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ တင်ပဆုံရိုးက ကျယ်ပါတယ်။
...
၉။ အရိုးမှ သိရှိနိုင်သည့် အသက်အမှန်
ဒီဓာတ်ပုံက အရိုးကို လှီးဖြတ်ထားတဲ့ ပုံပါ။ သင်ရဲ့ အရိုးအတွင်းမှာ အော်စတီရွန်ခေါ်တဲ့ သွေးကြောတွေနဲ့ ပြည့်နှက်နေတဲ့ ပြွန်ငယ်လေးတွေ ရှိပါတယ်။ အရိုးထဲက ဒီပြွန်တွေရဲ့ အရေအတွက်က သင့်အသက်အမှန်ကို ခန့်မှန်းနိုင်ပါတယ်။ ငယ်ရွယ်သူတွေမှာ အသက်ကြီးသူတွေထက် အော်စတီရွန် အရွယ်အစား ပိုကြီးပြီး အရေအတွက်က ပိုနည်းပါတယ်။
...
၁၀။ ဆီး၏ အံ့သြဖွယ်ရာအချက်
တချို့ဟင်းသီးဟင်းရွက်တွေကို
စားအပြီး ဆီးသွားစဉ် ဆီးအရောင်ပြောင်းတာတွေ၊ ဆီးအနံ့ထွက်လာတာတွေ
ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် Beets ခေါ်တဲ့ မုန်လာဥနီစားပြီး ဆီးအနီရောင်
ပြောင်းသွားတာ၊ ကညွတ် ဒါမှမဟုတ် တညင်းသီးစားပြီး
ဆီးအနံ့အလွန်နံတာတွေဖြစ်တာပါ။ ဒါက သင့်ခန္ဓာကိုယ်မှာ ဘာမှမှားနေတာမဟုတ်ပါဘူး။ တချို့လူတွေမှာ ဖြစ်တတ်တာက မျိုးရိုးလိုက်တာကြောင့်ပါလို့ သိပ္ပံပညာရှင်တွေက ထင်မှတ်ကြပါတယ်။
...
၁၁။ ချက်မည်းအတွင်းမှ ပိုးမွှားများ
သင်ရဲ့ ချက်မည်းနေရာမှာ ပိုးမွှားမျိုးစိတ်ပေါင်း ၂၄၀၀ ခန့်ဟာ သူတို့အိမ်လို နေထိုင်နေကြပါတယ်။ သူတို့တစ်တွေက မဖိတ်ကြားထားတဲ့ ဧည့်သည်တွေပါ။
#ဒေါက်တာခင်မိုးမိုး
(Good Health Journal facebook page မှ)
#သုတဇုန်
www.thutazone.com
==========================
၁။ လျှာလှုပ်ခြင်း
ခန္ဓာကိုယ်က ကြွက်သားတချို့ဟာ လျှာလိုမျိုး အလုပ်လုပ်လွန်းရပါတယ်။ လျှာက စကားပြောရမှာ အသံထွက်ဖို့အတွက် လှုပ်ရှားရသလို သင်စားတဲ့ အစားအစာတွေကို တွန်းထုတ်ဖို့အတွက်လည်း လှုပ်ရှားရပါတယ်။ သင်အိပ်နေစဉ်အတွင်း တံတွေးတွေကို လည်ချောင်းထဲ ရောက်အောင် သင့်လျှာက တွန်းပို့ပေးပါတယ်။
...
၂။ အူ၏ အရွယ်အစား
သင့်ခန္ဓာကိုယ်တွင်းရဲ့ အူအရှည်က ၂၇ ပေ ရှိပါတယ်။ အူသေးလို့ခေါ်ပေမယ့် အမှန်မှာတော့ သေးသေးလေးမဟုတ်ပါဘူး။ ၂၂ ပေ အရှည်ရှိပါတယ်။ အူမကြီးက ပိုကျယ်ပေမယ့် ဆွဲဆန့်လိုက်ရင် အရှည်ငါးပေသာ ရှိပါတယ်။
...
၃။ ညစ်ပတ်သည့် ပါးစပ်
သင် အနမ်းမပေးခင် နှစ်ခါလောက် စဉ်းစားလိုက်ပါ။ သင့်ပါးစပ်က ခန္ဓာကိုယ်အတွင်း အညစ်ပတ်ဆုံးနေရာ ဖြစ်နေတာကြောင့်ပါ။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာပါ။ ပါးစပ်တစ်ခုမှာ ပါဝင်တဲ့ ဘက်တီးရီးယားပမာဏက ကမ်္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူဦးရေပမာဏထက် ပိုများပါတယ်။ သွားတိုက်တံနဲ့ သွားကြားပွတ်ကြိုးသုံးတာက ဘက်တီးရီးယားအနည်းငယ်ကို လျော့သွားနိုင်ပါတယ်။ တချို့တွေက သင်ထွေးထုတ်လုပ်တဲ့ တံတွေးနှစ်လီတာထဲမှာ နစ်မြှုပ်သွားပါတယ်။
...
၎။ မျက်နှာပေါ်မှာ ပိုးမွှားများ
သင့်မျက်နှာပေါ်မှာရှိတဲ့ ပိုးမွှားတွေက တွေ့မြင်နိုင်ဖို့အတွက် အလွန်သေးငယ်လွန်းပါတယ်။ ဒီပိုး မွှားကောင်လေးတွေက မျက်နှာပြင်ပေါ်မှာပဲ မိတ်လိုက်ပြီး ဥပေါက်ကာ မျိုးပွားနိုင်ပါတယ်။ သင်ရဲ့ နဖူးဆံစပ်၊ မျက်လုံးအိမ်နဲ့ မျက်တောင်တွေက ပိုးမွှားတွေ ခိုအောင်းဖို့ အလွန် ကြိုက်နှစ်သက်တဲ့နေရာတွေပါ။
...
၅။ ချွေးထွက်ခြင်း
သင်ဟာ ပူလွန်းတဲ့အခါမှာ သင်ရဲ့ အာရုံကြောတွေက ချွေးပေါက်သန်းပေါင်းများစွ
...
၆။ အိမ်တွင်းမှ ဖုန်များ
သင့်အိမ်ထဲက ဖုန်မှုန့်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ အရေပြားက ဆဲလ်သေတွေပါ။ သင့်ခန္ဓာကိုယ်မှ တစ်နှစ်ကို ပျမ်းမျှအားဖြင့် ဆဲလ်သေ ၁ ဒသမ ၅ ပေါင် ထွက်လာပါတယ်။ ဒါဟာ သကြားသုံးခွက်ခွဲစာနဲ့ ညီမျှပါတယ်။
...
၇။ အကြီးဆုံး ကြွက်သား
ဂလူးတီးယပ်စ်မက်ဆင်းမာ့စ်က ခန္ဓာကိုယ်ရဲ့ အကြီးဆုံးကြွက်သားကို လက်တင်ဘာသာနဲ့ခေါ်တဲ့ နာမည်ပါ။ သင်ရဲ့ တင်ပါးတစ်ဖက်တစ်ချက်စီမှာ ဒီကြွက်သားနှစ်ခုရှိပါတယ်။ သင်ထိုင်တဲ့အခါမှာ ဒီကြွက်သားတွေက ကူရှင်လိုမျိုး အလုပ်လုပ်ပေးပေမယ့် သူတို့က သင်မတ်မတ်ရပ်နိုင်ဖို့ ထောက်ပံ့ပေးရာမှာ အကောင်းဆုံးလို့ ဆိုပါတယ်။
...
၈။ အရေပြားအောက်မှ အရိုးပုံစံ
အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အရိုးတည်ဆောက်ပုံချင်း ကွာခြားကြပါတယ်။ အမျိုးသားအရိုးစုတွေက လေးထောင့်ပုံ မေးရိုး၊ ကြီးမားတဲ့ မျက်ခုံးရိုးနဲ့ စောင်းနေတဲ့ နဖူးပြင်ရှိပါတယ်။ အမျိုးသမီးအရိုးစုမှာ မေးစေ့ချွန်ပြီး မျက်ခုံးရိုးသေးကာ ညီညာတဲ့နဖူးပြင်ရှိပါတယ်။ ဒါ့အပြင် ကလေးမွေးရမှာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ တင်ပဆုံရိုးက ကျယ်ပါတယ်။
...
၉။ အရိုးမှ သိရှိနိုင်သည့် အသက်အမှန်
ဒီဓာတ်ပုံက အရိုးကို လှီးဖြတ်ထားတဲ့ ပုံပါ။ သင်ရဲ့ အရိုးအတွင်းမှာ အော်စတီရွန်ခေါ်တဲ့ သွေးကြောတွေနဲ့ ပြည့်နှက်နေတဲ့ ပြွန်ငယ်လေးတွေ ရှိပါတယ်။ အရိုးထဲက ဒီပြွန်တွေရဲ့ အရေအတွက်က သင့်အသက်အမှန်ကို ခန့်မှန်းနိုင်ပါတယ်။ ငယ်ရွယ်သူတွေမှာ အသက်ကြီးသူတွေထက် အော်စတီရွန် အရွယ်အစား ပိုကြီးပြီး အရေအတွက်က ပိုနည်းပါတယ်။
...
၁၀။ ဆီး၏ အံ့သြဖွယ်ရာအချက်
တချို့ဟင်းသီးဟင်းရွက်တွေကု
...
၁၁။ ချက်မည်းအတွင်းမှ ပိုးမွှားများ
သင်ရဲ့ ချက်မည်းနေရာမှာ ပိုးမွှားမျိုးစိတ်ပေါင်း ၂၄၀၀ ခန့်ဟာ သူတို့အိမ်လို နေထိုင်နေကြပါတယ်။ သူတို့တစ်တွေက မဖိတ်ကြားထားတဲ့ ဧည့်သည်တွေပါ။
#ဒေါက်တာခင်မိုးမိုး
(Good Health Journal facebook page မှ)
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။