လောင်ဇူ နှင့် အခြား ပညာရှိတို့ ၏ အဆိုအမိန့်များ
--------------------
အတိတ်ကိုရောက်နေတဲ့ စိတ်ဟာ ညှိုးငယ်ခြင်းကို ဖြစ်စေပါတယ်။ အနာဂတ်ကို ရောက်နေတဲ့ စိတ် ဟာလဲ စိုးရိမ်ခြင်းကို ဖြစ်စေပါတယ်။ ပစ္စုပ္ပန်ကို ရောက်နေတဲ့ စိတ်ကမှ ညှိုးငယ်ခြင်း နဲ့ စိုးရိမ်ခြင်း တို့ လွတ်ကင်းတဲ့ အဖြူထည် သပ်သပ် ဖြစ်လိမ့်မယ်။
အပြင်မှာ ဖြစ်တဲ့ သတ္တိက သေရဲတယ်။ အတွင်းမှာ ဖြစ်တဲ့ သတ္တိကတော့ ရှင်ရဲတယ်။
ဖြစ်ချင်စိတ် တစ်ခုထဲနဲ့ သင်ဟာ ပန်းတိုင်ကို ခြေတစ်ဖက်ချပြီးပြီ ဖြစ်တယ်။ ကျန်ခြေတစ်ဖက်ကို ကြွဖို့ကတော့ သင့်အလုပ် အပေါ် မူတည်တယ်။
အိပ်နေတဲ့နွားထက် သွားနေတဲ့ ပုရွက်ဆိတ်က ခြေတစ်လှမ်းသာတယ်။
ကိုယ့်တစ်ယောက်ထဲကို ကွက်မကြည့်ပါနဲ့။ ဒါမှသင် အမြင်ကျယ်လာလိမ့်မယ်။ ကိုယ့်တစ်ယောက်ထဲ မှန်တယ် မထင်ပါနဲ့။ ဒါမှသင် အမှန်အမှားကို ခွဲတတ်လာလိမ့်မယ်။
သူများအကြောင်းကို သိသူဟာ အကုန်မသိသေးသူ။ ကိုယ့်အကြောင်းကို သိသူကတော့ အလုံးစုံ သိသူ။
အရာရာဟာ ပြောင်းလဲနေတယ်ဆိုတာ သင်သိတဲ့အချိန်ကျရင် လက်လွှတ်လိုက်ရတာကို မကြောက် တော့ပေ။ သေရမှာ မကြောက်တဲ့ အချိန်ကျရင်တော့ သင် မရနိုင်တာ ဘာမှမရှိတော့ပေ။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။