သို့ /
ချစ်ရပါသော ပိုက်ဆံ
သတိရခြင်းများစွာဖြင့်စာရေးလိုက်ပါတယ်။
နေကောင်းကျန်းမာစွာရှိသည့်အကြောင်းကိုလည်းကြားသိရသဖြင့်အလွန်ပင်ဝမ်းမြောက်
မိပါသည်။
ဤစာကို ရေးသားရသည့် အကြောင်းမှာ
ကျွန်တော်နှင့်ပိုက်ဆံ၏ဆက်ဆံရေးအတွက်
ဖြစ်ပါသည်။
ကျွန်တော်ဘက်မှပိုက်ဆံကိုထာဝစဉ်
လိုလိုလားလားရှိသည်ဖြစ်သော်လည်း
ယခုနောက်ပိုင်းသင်၏ဘက်မှဆက်ဆံရေး
ကျဲလာသည်ကို သတိထားမိပါသည်။
ယခင်ကအတူတွဲခဲ့သည့်အချိန်များတွင်
ကျွန်တော်ဘက်မှဘာများမှားသွားခဲ့သလဲ
ဆိုတာကိုလည်းစဉ်းစားမရနိုင်ပါ။
ယခုဆိုလျှင်တစ်လလုံးနေမှသင့်ကိုတွေ့တယ်
ဆိုရုံလေးတွေ့ရတတ်ပြီး မကြာခင်မှာပင်
ပျောကိဆုံးသွားပြန်သောကြောင့် များစွာ
စိတ်မကောင်းဖြစ်ရပါသည်။
အတူတူပျော်ခဲ့ဖူးသောအချိန်များကိုပြန်စဉ်းစား
မိတိုင်းပို၍ဝမ်းနည်းမိပါသည်။
ကျွန်တော့အား စိတ်ဆိုး စိတ်ခုနေသည်ဆိုလျှင်
ပွင့်ပွင့်လင်းလင်းပြောပြပေးစေလိုပါသည်။
သင်မရှိသည့်အခါ ကျွန်တော့မှာ စားလည်း
မစားနိုင် ၊ သွားလည်းမသွားနိုင် ၊ phone တောင်
မပြောနိုင်ဖြစ်၍လာပါသည်။
သင့်ကို တစ်ခါတလေသူများတွေနှင့်တွဲ၍
ပျော်ရွှင်စွာ တွေ့မြင်ရသည့်အခါ ကျွန်တော်သည်မျက်ရည်များပင် ဝဲလာသည်ထိထိခိုက်နာကျဉ်ခံစားရပါသည်။
ကျွန်တော့အပေါင်းအသင်းများကအစကျွန်တော့ကို
ဘေးမှာထားပြီး သင်ဘယ်ရောက်နေသည်
ဆိုတာကိုအမြဲတမ်းနားစွင့်နေတတ်သည်ကို
မြင်ရတိုင်း ကျွန်တော်စိတ်မကောင်းဖြစ်သော်
ညား အပြစ်လို့လဲ သတ်မှတ်ရခက်ပြန်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ကျွန်တော့ထံ များများ
မြန်မြန် ပြန်လာဖို့သာဖြစ်တော့သည်။
Credit #OP

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။