"ရေးတော့အမှန်-၂" (မင်းလူ)
====================
ခုကာလတွင် ဂျာနယ်တွေ စည်ဘီယာဆိုင်တွေလို ပေါများလှသည်။ ကျွန်တော်သည် စာရေးဆရာလည်းဖြစ်၊ စာဖတ်ဝါသနာပါသူလည်းဖြစ်သဖြင့် စည်ဘီယာသောက် (အဲ..ဆောရီး)ဂျာနယ်တွေကို ကြုံသလိုဖတ်ဖြစ်၏။ ဖတ်လို့လည်း ကောင်းပါသည်။ ပိုက်ဆံလည်း ကုန်ပါသည်။
ကျွန်တော်သည် ဂျာနယ်တွေမှာ တစ်ခါမှ မရေးဖူးသေးပါ။ ရေးဖို့ကမ်းလှမ်းခဲ့သော ဂျာနယ်သုံးလေးစောင်လောက်တော့  ရှိပါသည်။ သို့တိုင်အောင် ဇာတ်ညွှန်းကတစ်ဖက်၊ လုံးချင်းဝတ္ထုကတစ်ဖက်မို့ မရေးဖြစ်သေးပါ။ (အပျင်းထူတာက ၅၀ရာခိုင်နှုန်း)
နောက်တော့ တစ်ခုစဉ်းစားမိ၏။ ဒီလောက်ဂျာနယ်တွေ မိုးကောင်းနေတုန်း မရေးမိလျှင် ဟိုတစ်ခါ မြေတွေ ဈေးကောင်းစဉ်က မြေပွဲစားမလုပ်မိတာ နာလေခြင်းဟု နောင်တရသလိုမျိုးဖြစ်သွားနိုင်သဖြင့် ဂျာနယ်တစ်ခုခုမှာတော့ ရေးဦးမှပဲဟု စဉ်းစားမိ၏။
ဒါဆို ဘယ်ဂျာနယ်မှာရေးမလဲ။ အယ်ဒီတာ (သို့) စီစဉ်ကြီးကြပ်သူအတော်များများက ကိုယ်နှင့်ခင်နေသည်။ ခင်တဲ့ဂျာနယ်တိုင်း ရေးရအောင်ကလည်း ကိုယ်က ဒီလောက် လက်သွက်တာမဟုတ်။
ဒီတော့ ဂျာနယ်တစ်ခုခုကို ရွေးရမည်။ ဘယ်ဟာကို ရွေးမလဲ။ အယ်ဒီတာ(သို့) စီစဉ်ကြီးကြပ်သူတွေထဲက ကိုယ် အကြောက်ရဆုံးလူ ကိုင်တဲ့ဂျာနယ်ကို ရွေးမှဖြစ်မည်ဟု သဘောရ၏။ (ကြောက်တာတော့ အားလုံးကို ကြောက်တာပါပဲ)
ကောင်းပြီ။ အကြောက်ရဆုံးလူက ဘယ်သူလဲ။ မျက်နှာတစ်ခုကို ဖျတ်ခနဲမြင်မိ၏။ သူကတော့ မိုးလုံးဟိန်းတဲ့ ဆရာဝင်းငြိမ်း။ သူက ဆူပူကြိမ်းမောင်းနေလို့ ကြောက်ရတာတော့မဟုတ်။ ကျွန်တော်က
"အလုပ်တွေများနေလို့၊ မအားသေးလို့ မရေးနိုင်တာပါ အစ်ကိုရာ"
ဟု တောင်းပန်သောအခါ သူက
"ရပါတယ်ကွာ။ အလုပ်များရင် နေပါစေ"
ဟု ပြုံးပြုံးလေးပြန်ပြောပါသည် ။
သူပြုံးပုံမှာ သုခမိန်ကြီးပေါင်ချိန်က "ဟောက်" (ကောင်းပြီ)ဆိုပြီး
ပြုံးလိုက်ပုံကို သတိရစေ၏။ နရင်းပိတ်ရိုက်ခံရတာထက် နာဖို့ကောင်းသည်။
(ဒါကြောင့် အလင်းတန်းမှာ ရေးလိုက်တာပါ။ ခွင့်လွှတ်ပါ သူငယ်ချင်းမောင်မြတ်ခိုင်၊ မျက်နှာမည်းရာ ဟင်းဖတ်ပါတယ်လို့ မထင်ပါနဲ့)
ကျွန်တော်တို့တစ်မိသားစုလုံးသည် ဂျာနယ်ဖတ်ပရိသတ်များဖြစ်ကြပါသည်။ တစ်ခုရှိတာက ဂျာနယ်များမှာ အခန်းဆက် ဆောင်းပါးတွေပါနေခြင်းပင်ဖြ စ်၏။
ဂျာနယ်တွေကို ကြုံသလို တစ်စောင်စီဖတ်နေသောအခါ ဆောင်းပါးတွေက
ဟိုတစ်ပိုင်း၊ ဒီတစ်စ ဖြစ်ပြီး အရသာမရှိတော့။ ထို့ကြောင့်
ဂျာနယ်တစ်စောင်တည်း သီးသီးသန့်သန့်လပေးယူဖတ်တာ ပိုကောင်းမည်ဟု စဉ်းစားမိ၏။
မိသားစုဆွေးနွေးပွဲလေး လုပ်ပြီး ကိုယ်ကြိုက်တဲ့ဂျာနယ်ကို တင်ပြခိုင်းသည်။ အားလုံး လေး ငါးစောင်လောက်ရသည်။ ဒီထဲကမှ တစ်စောင်ကို ရွေးရမည်။ ဒီတစ်ခါမှာလည်း မျက်နှာတစ်ခုကို မြင်ယောင်ပြန်၏။ သူကတော့ မျက်နှာမည်းမဟုတ်။ မျက်နှာညိုကြီးဖြစ်၏။ ကျွန်တော်၏ချစ်လှစွာသောကြို ကီးညို(ဆရာချစ်ဦးညို)သည် ပေါ်ပြူလာဂျာနယ်မှာ "သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့စကားများ"ဆိုသော အခန်းဆက်ဆောင်းပါးရှည်ကြီးကို (စာအုပ်တစ်အုပ်စာ မရမချင်း)ရေး၏။ ဒါကို အကြောင်းပြုပြီး ပေါ်ပြူလာဂျာနယ်ကိုသာ လပေးဝယ်ဖတ်ဖို့ ဆုံးဖြတ်လိုက်ရ၏။
ပေါ်ပြူလာမှာက လူကြီးတွေအတွက် ဓမ္မဆောင်းပါး၊ လူလတ်တွေအတွက် စာပေနှင့်လူမှုရေး၊ လူငယ်တွေအတွက် ခေတ်ပေါ်အကြောင်းအရာတွေ စသည်ဖြင့် စုံအောင်ပါသဖြင့် မိသားစုအားလုံးဖတ်လို့ အဆင်ပြေသည်။ (ကြော်ငြာခမရပါ)
နောက်ပိုင်းကျတော့ ကလေးများအတွက် "ကြိမ်လုံးဆောင်းပါး"တွေ ပါပါလာသည်။ ကလေးများကို ရိုက်ပြီးဆုံးမသင့်၊ မဆုံးမသင့် အခြေအတင်ရေးကြခြင်းဖြစ်၏။ လူကြီးများအတွက် ရည်ရွယ်ရေးဟန်တူသော်လည်း ကလေးတွေကပါ သူတို့နှင့် တိုက်ရိုက်သက်ဆိုင်သဖြင့် စိတ်ဝင်စားကြ၏။
အင်္ဂါနေ့တိုင်း ကျောင်းကပြန်ရောက်လျှင် အ၀တ်အစားတောင် မလဲနိုင်သေးဘဲ ပေါ်ပြူလာကို ကောက်ကိုင်ဖတ်ကြည့်ပြီး
"ဟာ..ဒုက္ခပဲ။ ဒီဂျာနယ်က ကျောင်းကဆရာမဖတ်မိရင်တော့ မစားသာဘူး"ဟု ညည်းချင်ညည်းသည်။ နောက်တစ်ပတ်ကျ ပြန်တော့..
"ဟေး..ပိုင်ပြီ၊ ပိုင်ပြီ။ ကလေးရိုက်သူ တို့ရန်သူတဲ့"
ဟု ၀မ်းသာအားရအော်ပြန်၏။ ဒီလိုပါပဲ။ အရိုက်ဝါသနာပါသော ဆရာ၊ ဆရာမတချို့အနေဖြင့်..
"ဒီမှာတွေ့လား။ ဂျာနယ်ထဲမှာရေးထားတာ။ ဟိုတုန်းကဆို ဆရာကြီးတွေက ထန်းပလက်နဲ့တောင်ရိုက်ခဲ့တာ ။ ခုလို ကြိမ်လုံး သေးသေးလေးနဲ့အရိုက်ခံရတာ မင်းတို့အများကြီး ကံကောင်းတယ်မှတ်ပါ"
ဆိုပြီး ကျမ်းကိုးကျမ်းကားပြုစရာရသွားနိုင်သည်။
တချို့မိဘတွေကျတော့လည်း ကိုယ့်သားသမီးကို ရိုက်မည်ပြုပြီးကာမှ အိမ်နီးချင်းတွေမြင်လျှင်၊ ကြားလျှင် "ဒီကလေး အိုင်ကျူနိမ့်လို့ အရိုက်ခံရတာပဲ။ ဒါဆို သူ့မိဘလည်း အိုင်ကျူသိပ်မမြင့်ရှာဘူးထင်ပါရဲ့"ဟု အထင်ခံရမှာစိုးသဖြင့် မရိုက်ဖြစ်တော့ဘဲ ကလေးမှာ သက်သာရာရသွားတာမျိုးလည်းဖြစ်နိုင်၏။
ကျွန်တော်ကတော့ ကြိမ်လုံးဆောင်းပါးတွေဖတ်ပြီး အတွေးတစ်မျိုးပေါက်မိ၏။ ခုချိန်မှာ စွဲမိစွဲရာ လုပ်တတ်ကြသည်။ တစ်ခုခု ခေတ်စားလာလျှင် ထိုနယ်ပယ်ထဲ ၀ိုင်းအုံတိုးဝင်တတ်ကြ၏။
မြေဆို မြေ၊ တိုက်ခန်းဆို တိုက်ခန်း၊ တော်ကြာကျတော့ မော်တော်ကား။ နောက် အချိုရည်၊ နောက်တော့ ပေါင်မုန့်၊ ဟော.. တိုက်တန်းနစ်၊ လီယိုနာဒိုဖြစ်ပြန်ပြီ။ ပြီးတော့ ဘောလုံးပွဲ၊ မိုက်ကယ်အိုဝင် စသည်ဖြင့်။
တကယ်လို့သာ ကလေးတွေကိုရိုက်သည့်ကိစ္စများ လူတွေကြားမှာ ခေတ်စားလာခဲ့လျှင် ဘယ်လိုဖြစ်လာနိုင်သလဲ စဉ်းစားကြည့်တော့...
ပထမဆုံးဖြစ်နိုင်တာက ကြိမ်လုံးတွေ ရောင်းကောင်းမည်။ ရောင်းကောင်းလျှင် ဈေးတက်မည်။ ကြိမ်လုံးရောင်းတဲ့လူတွေ စားသာမည်။ ထုံးစံအတိုင်း ကြိမ်လုံးဆိုင်တွေ မှိုလိုပေါက်လာမည်။ ကြိမ်လုံးလှောင်တဲ့လူက လှောင်မည်။ ထိုအခါ မော်တော်ကားဈေးတွေ အီနေလို့ အလုပ်သိပ်မဖြစ်တော့သော ငွေရှင်ကြေးရှင်တွေက ကြိမ်လုံးဈေးကွက်ထဲ လှိမ့်ဝင်လာကြလိမ့်မည်။
တချို့မိဘတွေက အလုပ်တွေသိပ်များသဖြင့် ကလေးကိုဆုံးမဖို့တောင် အချိန်မရရှာကြ။ ဒီအတွက်တော့ ပူစရာမလို။ ကလေးရိုက်ပေးသည့် အကျိုးဆောင်လုပ်ငန်းတွေ ပေါ်လာမည်။
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်မြင်သံကြားတို့မှာ အောက်ပါကြော်ငြာမျိုးတွေကို ကြည့်ကြရလိမ့်မည်။
"သင့်ကလေးကိုရိုက်ဖို့ အချိန်မရဖြစ်နေသလား။ တယ်လီဖုန်းသာ ဆက်လိုက်ပါ။ အိမ်တိုင်ရာရောက် ဒိုးတူဒိုးစနစ်ဖြင့် လာရိုက်ပေးမည်"
"မိဘများ စီးပွားရေးကို စိတ်အေးချမ်းသာစွာလုပ်ပါ။ ကလေးကိုရိုက်ပေးဖို့ ကျွန်တော် တာဝန်ယူမည်"
"နှစ်သစ်ကူးအထူးအစီအစဉ်၊ အရိုက်မြှင့်တင်ရေးကာလအတွင်း ဆယ်ချက်စာ အော်ဒါမှာလျှင် မေတ္တာလက်ဆောင်အဖြစ် နှစ်ချက်ရိုက်ပေးမည်။ ကံစမ်းမဲအစီအစဉ်လည်းပါရှိပြီး မဲပေါက်သည့် ရွှေကြိမ်လုံး ချီးမြှင့်ပါမည်"
"ကြိမ်စကြာကုမ္ပဏီလီမိတက်တွင် တာဝန်ထမ်းဆောင်ရန် အရိုက်ကြမ်းသူတစ်ဦး အလိုရှိသည်။ လစာကောင်းကောင်း ပေးမည်။ ပြည်တွင်း၌ခန့်ထားရန်အတွက်သာဖြစ်သည်။ တရုတ်စကားပြောကျွမ်းကျင်သူကို ဦးစားပေးမည်"
ပိုက်ဆံချမ်းသာသူတွေကတော့ လက်ညောင်းခံပြီး ကိုယ်တိုင်ရိုက်လိမ့်မည်မဟု တ်။
စူပါမတ်ကက်ကြီးတွေမှာ အဆင်သင့်ရနိုင်သော ကြိမ်ရိုက်စက်တွေကို
ဝယ်သုံးကြလိမ့်မည်။ စက်တွေကလည်း ဈေးနှုန်းအမျိုးမျိုး
အရည်အသွေးအမျိုးမျိုး၊ ဈေးကြီးလျှင်ကြီးသလို အထူးပြုလုပ်ချက်တွေပါလာမည်။ ရိုက်ချက်အပြင်းအပျော့ကို လိုသလိုပြောင်းနိုင်ခြင်း၊ ဘယ်နှစ်ချက် ရိုက်ပြီးကြောင်း ဒစ်ဂျစ်တယ်ဂဏန်းကွက်တွင်ပြ ခင်း၊ အချက်အရေအတွက်ကို အော်တိုစနစ်ဖြင့် ချိန်ထားနိုင်ခြင်း၊ ကြိမ်လုံးကို ကြိမ်အစား ဖိုင်ဘာပလပ်စတစ်သုံးလာခြင်း ၊ တစ်ခါရိုက်ပြီးတိုင်း စက်ထဲက "မှတ်ပြီလား"ဆိုသောအသံထွက်ေ ပ်ါလာခြင်း စသည်ဖြင့် အမျိုးမျိုးတီထွင်လာကြလိမ့် မည်။
စီးပွားရေးအကွက်မြင်သူတွေကလ ည်း
မိနစ်နှစ်ဆယ်အတွင်း အရှိုးရာပျောက်စေသည့် ဒဏ်ကြေလိမ်းဆောင်း၊
အရိုက်ခံရလျှင် မနာအောင် လေအိတ်ငယ်များ ထည့်ချုပ်ပေးထားသည့်
အထူးအတွင်းခံဘောင်းဘီ စသောအရာများရောင်းချခြင်းဖြ င့် ကလေးငယ်များ၏စုဘူးထဲကငွေများကို နှိုက်ယူကြလိမ့်မည်။
ရိုက်တာတွေ ခေတ်စားလာသဖြင့် စတီရီယိုသီချင်းတွေမှာလည်း. ...
"♫♪မရိုက်ရင် မနေနိုင်တာကလွဲလို့♪♫"
ဆိုတာမျိုး၊
"♫♪ချစ်သူလေးရဲ့ခြေသလုံးပေါ် မှာ အရှိုးများပြည့်နှက်နေ..မော င်ကြိမ်လုံး မသုံးတတ်မှန်းကို မေလည်း အသိဆုံးပါမေ♪♫"
ဆိုတာမျိုး
ရေးစပ်သီဆိုလာကြလိမ့်မည်။
"အမေ့ကြိမ်လုံး၊ အဖေ့ထန်းပလက်"အမည်ရှိ ဗီဒီယိုဇာတ်ကားတွေလည်း ထွက်ပေါ်လာလိမ့်မည်။
ဝတ္တုတွေထဲမှာလည်း ကောင်မလေးက သူ့ကိုချစ်ရေးဆိုလာသည့်ကောင်လေးများကို ကြိမ်လုံးနှင့်နာနာရိုက်ပြီး မျက်နှာ တစ်ချက်မျှမပျက်သူကို ချစ်သူအဖြစ်ရွေးသည့်ဇာတ်လမ်းမျိုးတွေ ရေးလာနိုင်သည်။ ၀တ္ထုနာမည်ကတော့ "မာယာကြိမ်လုံး"ဆိုတာမျိုး ဖြစ်လိမ့်မည်။
တစ်ခုတော့ သတိပြုပါ။ ဒီလိုကိစ္စမျိုးနှင့်ပတ်သက်၍ နိုင်ငံတော်မှ တရားဝင်ပြဌာန်းထားပြီးဖြစ်ေ သာ ကလေးသူငယ်ဥပဒေ ကလည်း လက်ပိုက်ကြည့်နေလိမ့်မည်မဟု တ်ပါကြောင်း။
(ကြိမ်လုံးဆောင်းပါးရှင်များကို သရော်လှောင်ပြောင်လိုသောဆန္ဒ မဟုတ်ပါ။
Tensionတွေလျော့သွားအောင် ပျော်စေပြက်စေ သဘောသာဖြစ်ပါသည်။
ထိုဆရာများ၏အဆိုများကို ထောက်ခံဆွေးနွေးသော ဆောင်းပါးတစ်ပုဒ်ကို
အဆင်ပြေသည့်တစ်ပတ်တွင် တကယ်အတည်ရေးပါဦးမည်)
- မင်းလူ
-------------------------- -------------
အလင်းတန်းဂျာနယ် (၂၉-၁၂-၁၉၉၈)
— with နီ် တို.====================
ခုကာလတွင် ဂျာနယ်တွေ စည်ဘီယာဆိုင်တွေလို ပေါများလှသည်။ ကျွန်တော်သည် စာရေးဆရာလည်းဖြစ်၊ စာဖတ်ဝါသနာပါသူလည်းဖြစ်သဖြင
ကျွန်တော်သည် ဂျာနယ်တွေမှာ တစ်ခါမှ မရေးဖူးသေးပါ။ ရေးဖို့ကမ်းလှမ်းခဲ့သော ဂျာနယ်သုံးလေးစောင်လောက်တော
နောက်တော့ တစ်ခုစဉ်းစားမိ၏။ ဒီလောက်ဂျာနယ်တွေ မိုးကောင်းနေတုန်း မရေးမိလျှင် ဟိုတစ်ခါ မြေတွေ ဈေးကောင်းစဉ်က မြေပွဲစားမလုပ်မိတာ နာလေခြင်းဟု နောင်တရသလိုမျိုးဖြစ်သွားနိ
ဒါဆို ဘယ်ဂျာနယ်မှာရေးမလဲ။ အယ်ဒီတာ (သို့) စီစဉ်ကြီးကြပ်သူအတော်များမျ
ဒီတော့ ဂျာနယ်တစ်ခုခုကို ရွေးရမည်။ ဘယ်ဟာကို ရွေးမလဲ။ အယ်ဒီတာ(သို့) စီစဉ်ကြီးကြပ်သူတွေထဲက ကိုယ် အကြောက်ရဆုံးလူ ကိုင်တဲ့ဂျာနယ်ကို ရွေးမှဖြစ်မည်ဟု သဘောရ၏။ (ကြောက်တာတော့ အားလုံးကို ကြောက်တာပါပဲ)
ကောင်းပြီ။ အကြောက်ရဆုံးလူက ဘယ်သူလဲ။ မျက်နှာတစ်ခုကို ဖျတ်ခနဲမြင်မိ၏။ သူကတော့ မိုးလုံးဟိန်းတဲ့ ဆရာဝင်းငြိမ်း။ သူက ဆူပူကြိမ်းမောင်းနေလို့ ကြောက်ရတာတော့မဟုတ်။ ကျွန်တော်က
"အလုပ်တွေများနေလို့၊ မအားသေးလို့ မရေးနိုင်တာပါ အစ်ကိုရာ"
ဟု တောင်းပန်သောအခါ သူက
"ရပါတယ်ကွာ။ အလုပ်များရင် နေပါစေ"
ဟု ပြုံးပြုံးလေးပြန်ပြောပါသည်
(ဒါကြောင့် အလင်းတန်းမှာ ရေးလိုက်တာပါ။ ခွင့်လွှတ်ပါ သူငယ်ချင်းမောင်မြတ်ခိုင်၊ မျက်နှာမည်းရာ ဟင်းဖတ်ပါတယ်လို့ မထင်ပါနဲ့)
ကျွန်တော်တို့တစ်မိသားစုလုံ
မိသားစုဆွေးနွေးပွဲလေး လုပ်ပြီး ကိုယ်ကြိုက်တဲ့ဂျာနယ်ကို တင်ပြခိုင်းသည်။ အားလုံး လေး ငါးစောင်လောက်ရသည်။ ဒီထဲကမှ တစ်စောင်ကို ရွေးရမည်။ ဒီတစ်ခါမှာလည်း မျက်နှာတစ်ခုကို မြင်ယောင်ပြန်၏။ သူကတော့ မျက်နှာမည်းမဟုတ်။ မျက်နှာညိုကြီးဖြစ်၏။ ကျွန်တော်၏ချစ်လှစွာသောကြို
ပေါ်ပြူလာမှာက လူကြီးတွေအတွက် ဓမ္မဆောင်းပါး၊ လူလတ်တွေအတွက် စာပေနှင့်လူမှုရေး၊ လူငယ်တွေအတွက် ခေတ်ပေါ်အကြောင်းအရာတွေ စသည်ဖြင့် စုံအောင်ပါသဖြင့် မိသားစုအားလုံးဖတ်လို့ အဆင်ပြေသည်။ (ကြော်ငြာခမရပါ)
နောက်ပိုင်းကျတော့ ကလေးများအတွက် "ကြိမ်လုံးဆောင်းပါး"တွေ ပါပါလာသည်။ ကလေးများကို ရိုက်ပြီးဆုံးမသင့်၊ မဆုံးမသင့် အခြေအတင်ရေးကြခြင်းဖြစ်၏။ လူကြီးများအတွက် ရည်ရွယ်ရေးဟန်တူသော်လည်း ကလေးတွေကပါ သူတို့နှင့် တိုက်ရိုက်သက်ဆိုင်သဖြင့် စိတ်ဝင်စားကြ၏။
အင်္ဂါနေ့တိုင်း ကျောင်းကပြန်ရောက်လျှင် အ၀တ်အစားတောင် မလဲနိုင်သေးဘဲ ပေါ်ပြူလာကို ကောက်ကိုင်ဖတ်ကြည့်ပြီး
"ဟာ..ဒုက္ခပဲ။ ဒီဂျာနယ်က ကျောင်းကဆရာမဖတ်မိရင်တော့ မစားသာဘူး"ဟု ညည်းချင်ညည်းသည်။ နောက်တစ်ပတ်ကျ ပြန်တော့..
"ဟေး..ပိုင်ပြီ၊ ပိုင်ပြီ။ ကလေးရိုက်သူ တို့ရန်သူတဲ့"
ဟု ၀မ်းသာအားရအော်ပြန်၏။ ဒီလိုပါပဲ။ အရိုက်ဝါသနာပါသော ဆရာ၊ ဆရာမတချို့အနေဖြင့်..
"ဒီမှာတွေ့လား။ ဂျာနယ်ထဲမှာရေးထားတာ။ ဟိုတုန်းကဆို ဆရာကြီးတွေက ထန်းပလက်နဲ့တောင်ရိုက်ခဲ့တာ
ဆိုပြီး ကျမ်းကိုးကျမ်းကားပြုစရာရသွ
တချို့မိဘတွေကျတော့လည်း ကိုယ့်သားသမီးကို ရိုက်မည်ပြုပြီးကာမှ အိမ်နီးချင်းတွေမြင်လျှင်၊ ကြားလျှင် "ဒီကလေး အိုင်ကျူနိမ့်လို့ အရိုက်ခံရတာပဲ။ ဒါဆို သူ့မိဘလည်း အိုင်ကျူသိပ်မမြင့်ရှာဘူးထင
ကျွန်တော်ကတော့ ကြိမ်လုံးဆောင်းပါးတွေဖတ်ပြ
မြေဆို မြေ၊ တိုက်ခန်းဆို တိုက်ခန်း၊ တော်ကြာကျတော့ မော်တော်ကား။ နောက် အချိုရည်၊ နောက်တော့ ပေါင်မုန့်၊ ဟော.. တိုက်တန်းနစ်၊ လီယိုနာဒိုဖြစ်ပြန်ပြီ။ ပြီးတော့ ဘောလုံးပွဲ၊ မိုက်ကယ်အိုဝင် စသည်ဖြင့်။
တကယ်လို့သာ ကလေးတွေကိုရိုက်သည့်ကိစ္စမျာ
ပထမဆုံးဖြစ်နိုင်တာက ကြိမ်လုံးတွေ ရောင်းကောင်းမည်။ ရောင်းကောင်းလျှင် ဈေးတက်မည်။ ကြိမ်လုံးရောင်းတဲ့လူတွေ စားသာမည်။ ထုံးစံအတိုင်း ကြိမ်လုံးဆိုင်တွေ မှိုလိုပေါက်လာမည်။ ကြိမ်လုံးလှောင်တဲ့လူက လှောင်မည်။ ထိုအခါ မော်တော်ကားဈေးတွေ အီနေလို့ အလုပ်သိပ်မဖြစ်တော့သော ငွေရှင်ကြေးရှင်တွေက ကြိမ်လုံးဈေးကွက်ထဲ လှိမ့်ဝင်လာကြလိမ့်မည်။
တချို့မိဘတွေက အလုပ်တွေသိပ်များသဖြင့် ကလေးကိုဆုံးမဖို့တောင် အချိန်မရရှာကြ။ ဒီအတွက်တော့ ပူစရာမလို။ ကလေးရိုက်ပေးသည့် အကျိုးဆောင်လုပ်ငန်းတွေ ပေါ်လာမည်။
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်မြင်သံကြားတို့မှာ အောက်ပါကြော်ငြာမျိုးတွေကို
"သင့်ကလေးကိုရိုက်ဖို့ အချိန်မရဖြစ်နေသလား။ တယ်လီဖုန်းသာ ဆက်လိုက်ပါ။ အိမ်တိုင်ရာရောက် ဒိုးတူဒိုးစနစ်ဖြင့် လာရိုက်ပေးမည်"
"မိဘများ စီးပွားရေးကို စိတ်အေးချမ်းသာစွာလုပ်ပါ။ ကလေးကိုရိုက်ပေးဖို့ ကျွန်တော် တာဝန်ယူမည်"
"နှစ်သစ်ကူးအထူးအစီအစဉ်၊ အရိုက်မြှင့်တင်ရေးကာလအတွင်
"ကြိမ်စကြာကုမ္ပဏီလီမိတက်တွင
ပိုက်ဆံချမ်းသာသူတွေကတော့ လက်ညောင်းခံပြီး ကိုယ်တိုင်ရိုက်လိမ့်မည်မဟု
စီးပွားရေးအကွက်မြင်သူတွေကလ
ရိုက်တာတွေ ခေတ်စားလာသဖြင့် စတီရီယိုသီချင်းတွေမှာလည်း.
"♫♪မရိုက်ရင် မနေနိုင်တာကလွဲလို့♪♫"
ဆိုတာမျိုး၊
"♫♪ချစ်သူလေးရဲ့ခြေသလုံးပေါ်
ဆိုတာမျိုး
ရေးစပ်သီဆိုလာကြလိမ့်မည်။
"အမေ့ကြိမ်လုံး၊ အဖေ့ထန်းပလက်"အမည်ရှိ ဗီဒီယိုဇာတ်ကားတွေလည်း ထွက်ပေါ်လာလိမ့်မည်။
ဝတ္တုတွေထဲမှာလည်း ကောင်မလေးက သူ့ကိုချစ်ရေးဆိုလာသည့်ကောင
တစ်ခုတော့ သတိပြုပါ။ ဒီလိုကိစ္စမျိုးနှင့်ပတ်သက်၍
(ကြိမ်လုံးဆောင်းပါးရှင်မျာ
- မင်းလူ
--------------------------
အလင်းတန်းဂျာနယ် (၂၉-၁၂-၁၉၉၈)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။