ကောင်လေးမသိတဲ့ကောင်မလေး
.......................... .......................... ..
တစ်ခါတုန်းက ကောင်လေးနဲ့ကောင်မလေး
တစ်ယောက်ဟာ online ပေါ်မှာချစ်ကြိုက်သွား
ခဲ့ကြတယ်။ ကောင်မလေးရဲ့  စိတ်ကလေးဟာ
သိပ်မရင့်ကျက်သေးပေမယ့် ကောင်လေးအပေါ်
တော်တော်ချစ်မြတ်နိုးသွားတယ်။သေချာတာ
တစ်ခုကကောင်လေးအပေါ်ချစ်တဲ့ေ ကာင်မလေး
ရဲ့ စိတ်ဟာ တိုက်တွန်းချက်ဖိအားတွေတစ်စုံတစ်ခုမှမပါဘဲ
ကောင်လေးအပေါ် သနားကြင်နာဖေးမချင်တဲ့
စိတ်တွေနဲ့သာ ချစ်မိသွားခဲ့တာပါ။
ကောင်လေးဟာ ကောင်မလေးရဲ့ မျက်လုံးထဲမှာ
သိပ်ခန့်ညားတဲ့လူငယ်လေးတစ်ဦးပေါ့။ ကောင်
လေးရဲ့ ဖုန်းထဲကစကားသံ ၊ ရယ်သံ တွေဟာ
ကောင်မလေးသိပ်ကိုမြတ်နိုးမိ တဲ့အရာလေးတွေ
ပါပဲ။
ကောင်လေးဟာ ကျန်းမာရေးနည်းနည်းချူ ချာ
တယ်။ကောင်မလေးဟာ ကောင်လေးအတွက်
အချိန်ပြည့်စိတ်ပူနေခဲ့တယ်။ ရေခြားမြေခြားရောက်နေတော့ လေလိုင်းထဲကနေဘဲ ကျန်းမာ
အောင်နေဖို့ ကောင်မလေးကကောင်လေးအတွက်တတွ က်တွက်မှာနေခဲ့တယ်။
ချစ်စတုန်းက ကောင်လေးဟာ ကောင်မလေးကို
တအားအလိုလိုက်မြတ်နိုးတယ်။ ကောင်မလေး
နားထောင်ဖို့အတွက် သီချင်းလေးတွေဆိုပြပြီး
အသံmessage လေးပို့ပေးတယ်။ ချစ်တဲ့အကြောင်းလေးတွေကို ဆယ်ခါမက message
လေးတွေပို့ပြီးပြောတယ်။ ကောင်မလေးသိပ်
ကြိုက်တတ်တဲ့ ရေခဲမုန့်လေးကို ဝယ်ပြီး ကောင်မလေးအတွက်ဆိုပြီး photoရိုက်ပြီး ကျွေးဖူးတယ်။
ကောင်မလေးထားခဲ့မှာစိုးတဲ့စိတ်နဲ့ မထားခဲ့ဖို့
ကောင်လေးဟာ ငိုပြီးပြောခဲ့ဖူးတယ်။ ကောင်မ
လေးနဲ့အတူနေဖို့အတွက်ရှေ့ ရေးတွေတိုင်ပင်
ပြောပြခဲ့ဖူးတယ်။ ကောင်လေးဟာ ကောင်မလေးကိုသိပ်ချစ်ခဲ့တာေ ပါ့။
ကောင်မလေးက အစချစ်တုန်းက ကောင်လေး
အပေါ် တအားစိတ်မနှစ်ထားခဲ့ဘူး။ ပေါ့ပေါ့လေး
ဘဲ သဘောထားခဲ့တယ်။ နောက်ပိုင်း ကောင်
လေးရဲ့ လေးနက်သိမ်မွေ့ပြီးကြည်နူး ဖို့ကောင်း
တဲ့အပြုအမူအပြောအဆိုတွေကြောင့် ကောင်မ
လေးက ကောင်လေးဟာ ဘယ်လိုလူတန်းစား
မျိုးဖြစ်နေပါစေ... တစ်ဘဝစာလက်တွဲဖ်ို့ကို
ဆုံးဖြတ်ချက်ချလိုက်တယ်။
ကောင်မလေးဟာ အထပ်(၂၀)မြင့်တဲ့အဆောက်အဦး ပေါ်ရောက်တိုင်း အဝေးကနေလှမ်း
မျှော်ကြည့်လိုက်ရင်တွေ့ရတဲ့  တောင်ကုန်းပေါ်က
စေတီလေးကို မြင်တိုင်း လက်အုပ်လေးချီပြီး
ကောင်လေး ကျန်းမာရေးအရင်အတိုင်းပြန်ေ ကာင်းလာဖို့ ၊ စိတ်ချမ်းမြေ့ပြီး ကိုယ်ကျန်းမာစေဖို့
၊ အစစအရာရာ အဆင်ပြေဖို့အတွက် အမြဲဆုတွေတောင်းနေခဲ့တယ်။
မနက်တိုင်း... အိပ်ရာနိုးတာနဲ့ phone လေးကို
အရင်ဆုံးဖွင့်ပြီး ကောင်လေးအတွက် "Morning" လို့နှုတ်ဆက်ပြီး ကျန်းမာချမ်းမြေ့စေ
ဖို့ ဆုတောင်းလေးတစ်ခုနဲ့ message လေးတွေ
အရင်ဆုံးပို့တတ်လာခဲ့တယ်။ ညရောက်တိုင်း
ကောင်လေးအတွက် "Good night ! "ပြောရင်း
အနမ်းလေးနဲ့ နှုတ်ဆက်message ပို့ရင်း ကောင်လေးဆီက ပြန်ပို့မယ့် နှုတ်ဆက်စာလေး
ကို ပြန်မျှော်နေမိတယ်။
ကောင်လေးက အလုပ်မအားလို့ message မပြန်ထားတဲ့အခါ ကောင်မလေးဟာ ဝမ်းနည်း
စွာ အိပ်ယာဝင်ခဲ့တဲ့ညတွေမှာ မျက်ရည်တွေနဲ့
ပေါ့။ အိပ်မပျော်ဖြစ်ပြီး ဖုန်းလေးပြန်ဖွင့်ရင်း
ကောင်လေးရဲ့messageလေးများရှိမလား
မျှော်လင့်နေမိတာပေါ့။ လိုင်းဖွင့်လိုက်တာနဲ့
တစ်ဒေါင်ဒေါင်နဲ့မြည်နေတဲ့ ကောင်လေးပို့တဲ့
Message လေးတွေမှာ "Good night !ချစ်လေး..အာဘွား 😘"ဆိုတဲ့ စာကြောင်းလေးတွေ
ဖတ်ရပြီးမှ ကောင်မလေးဟာ ပျော်ရွှင်စွာ ပြန်အိပ်စက်နိုင်တော့တယ်။
ဒီလိုနဲ့ ကောင်မလေးဟာ ကောင်လေးပေါ် အရမ်းချစ်မြတ်နိုးလာခဲ့တာပေါ့။ ကောင်မလေးရဲ့ wall
မှာကောင်လေးနဲ့ပတ်သက်တဲ့ stauts လေးတွေ
အမြဲတင်လေ့ရှိလာခဲ့တယ် ။ ကောင်လေးက တစ်ခြားကောင်မလေးတွေနဲ့ ရှုပ်ပြီး သူမကိုထား
ခဲ့မှာ သိပ်ကြောက်လာခဲ့တယ်။ ကောင်လေး
သာ ထားခဲ့ရင် ဆိုတဲ့အတွေးတွေဝင်လာရင်
အမြဲထိုင်ငိုလာတတ်တယ်။ ...
ကောင်မလေးရဲ့ အချစ်စိတ်တွေ ယိုဖိတ်လာတဲ့
အခါ ကောင်လေးဟာ ကောင်မလေးရဲ့ စိတ်ထဲ
မှာ အချစ်ပေါ့လာတယ်လို့ခံစားလာရ တယ်။
ကောင်လေးဟာ ကောင်မလေးကို အရင်လိုသူ့ 
့acc ရဲ့ pw နံပါတ်ကို ကောင်မလေးကိုမပေး
သုံးတော့ဘူး။ ကောင်မလေးကို pw သူများချိန်း
လိုက်တယ်ဆိုတဲ့ ဆင်ခြေနဲ့ ကောင်မလေးအပေါ်
မုသားသုံးတယ်။ ပထမ ကောင်မလေးကယုံခဲ့
တယ်။နောက်တော့ ကောင်လေးဟာ သူမ့ ကိုလိမ်ညာနေမှန်း သူမသေချာစုံစမ်းမိမှ သိသွား
ခဲ့တယ်။ ကောင်မလေးအရမ်းဝမ်းနည်းခဲ့တ ယ်။
ကောင်လေးဟာ ကောင်မလေးအပေါ် အလေးနက်မထားတော့ဘူး။ ကောင်မလေးကို
ရင်ထဲမပါတဲ့စကားတွေနဲ့ ချွေးသိပ်ခဲ့တယ်။
ကောင်မလေးကို ဖုန်းဆက်ဖို့ဆိုတာ တော်တော်
အလှမ်းဝေးသွားခဲ့တယ်။ ကောင်မလေးကို အရင်လို သီချင်းဆိုပြဖို့အတွက် ကောင်လေး
စိတ်မပါတော့ဘူး။
ကောင်မလေးဟာ ကောင်လေးရဲ့ အေးစက်လာ
တဲ့အမူယာတွေကို သိလာပေမယ့် သူမ မပြော
တော့ဘူး။ ကောင်လေးကို လွမ်းရင် ကောင်လေး
ဓာတ်ပုံလေးဖိနမ်းရင်းမျက်ရည်ဝဲတယ်။ ကောင်
လေးနဲ့အပြန်အလှန် ပို့ဖြစ်တဲ့ messageအဟောင်းလေးတွေ ထပ်တလဲလဲဖတ်ရင်းတစ်ယောက်ထဲ ပြုံးဖြစ်တယ်။ တစ်ယောက်နဲ့တစ်
ယောက် စိတ်ကောက်ရင်းအိပ်မပျော်တဲ့ ညတွေ
မှာကဗျာလေးတွေချရေးရင်း ငိုဖြစ်တယ်။....
ဒီလိုနေရင်းနဲ့သာ ကောင်မလေးဟာ
ကောင်လေးလုံးဝပြောင်းလဲသွား မယ့်နေ့ကို
ရောက်မလာစေဖို့ ကောင်မလေးရဲ့  ရင်ထဲမှာ
ငိုခြင်းရှည်တဲ့အသံတိတ်ဆုတောင်းလေးတစ်ခုကို
သာ ထပ်ခါ ထပ်ခါ ရွတ်နေခဲ့တော့တယ်။
#အက္ခရာ
..........................
တစ်ခါတုန်းက ကောင်လေးနဲ့ကောင်မလေး
တစ်ယောက်ဟာ online ပေါ်မှာချစ်ကြိုက်သွား
ခဲ့ကြတယ်။ ကောင်မလေးရဲ့  စိတ်ကလေးဟာ
သိပ်မရင့်ကျက်သေးပေမယ့် ကောင်လေးအပေါ်
တော်တော်ချစ်မြတ်နိုးသွားတယ
တစ်ခုကကောင်လေးအပေါ်ချစ်တဲ့ေ
ရဲ့ စိတ်ဟာ တိုက်တွန်းချက်ဖိအားတွေတစ်စ
ကောင်လေးအပေါ် သနားကြင်နာဖေးမချင်တဲ့
စိတ်တွေနဲ့သာ ချစ်မိသွားခဲ့တာပါ။
ကောင်လေးဟာ ကောင်မလေးရဲ့ မျက်လုံးထဲမှာ
သိပ်ခန့်ညားတဲ့လူငယ်လေးတစ်ဥ
လေးရဲ့ ဖုန်းထဲကစကားသံ ၊ ရယ်သံ တွေဟာ
ကောင်မလေးသိပ်ကိုမြတ်နိုးမိ
ပါပဲ။
ကောင်လေးဟာ ကျန်းမာရေးနည်းနည်းချူ ချာ
တယ်။ကောင်မလေးဟာ ကောင်လေးအတွက်
အချိန်ပြည့်စိတ်ပူနေခဲ့တယ်။
အောင်နေဖို့ ကောင်မလေးကကောင်လေးအတွက်တတွ
ချစ်စတုန်းက ကောင်လေးဟာ ကောင်မလေးကို
တအားအလိုလိုက်မြတ်နိုးတယ်။ ကောင်မလေး
နားထောင်ဖို့အတွက် သီချင်းလေးတွေဆိုပြပြီး
အသံmessage လေးပို့ပေးတယ်။ ချစ်တဲ့အကြောင်းလေးတွေကို ဆယ်ခါမက message
လေးတွေပို့ပြီးပြောတယ်။ ကောင်မလေးသိပ်
ကြိုက်တတ်တဲ့ ရေခဲမုန့်လေးကို ဝယ်ပြီး ကောင်မလေးအတွက်ဆိုပြီး photoရိုက်ပြီး ကျွေးဖူးတယ်။
ကောင်မလေးထားခဲ့မှာစိုးတဲ့စ
ကောင်လေးဟာ ငိုပြီးပြောခဲ့ဖူးတယ်။ ကောင်မ
လေးနဲ့အတူနေဖို့အတွက်ရှေ့ ရေးတွေတိုင်ပင်
ပြောပြခဲ့ဖူးတယ်။ ကောင်လေးဟာ ကောင်မလေးကိုသိပ်ချစ်ခဲ့တာေ
ကောင်မလေးက အစချစ်တုန်းက ကောင်လေး
အပေါ် တအားစိတ်မနှစ်ထားခဲ့ဘူး။ ပေါ့ပေါ့လေး
ဘဲ သဘောထားခဲ့တယ်။ နောက်ပိုင်း ကောင်
လေးရဲ့ လေးနက်သိမ်မွေ့ပြီးကြည်နူး
တဲ့အပြုအမူအပြောအဆိုတွေကြေ
လေးက ကောင်လေးဟာ ဘယ်လိုလူတန်းစား
မျိုးဖြစ်နေပါစေ... တစ်ဘဝစာလက်တွဲဖ်ို့ကို
ဆုံးဖြတ်ချက်ချလိုက်တယ်။
ကောင်မလေးဟာ အထပ်(၂၀)မြင့်တဲ့အဆောက်အဦး
မျှော်ကြည့်လိုက်ရင်တွေ့ရတဲ
စေတီလေးကို မြင်တိုင်း လက်အုပ်လေးချီပြီး
ကောင်လေး ကျန်းမာရေးအရင်အတိုင်းပြန်ေ
၊ အစစအရာရာ အဆင်ပြေဖို့အတွက် အမြဲဆုတွေတောင်းနေခဲ့တယ်။
မနက်တိုင်း... အိပ်ရာနိုးတာနဲ့ phone လေးကို
အရင်ဆုံးဖွင့်ပြီး ကောင်လေးအတွက် "Morning" လို့နှုတ်ဆက်ပြီး ကျန်းမာချမ်းမြေ့စေ
ဖို့ ဆုတောင်းလေးတစ်ခုနဲ့ message လေးတွေ
အရင်ဆုံးပို့တတ်လာခဲ့တယ်။ ညရောက်တိုင်း
ကောင်လေးအတွက် "Good night ! "ပြောရင်း
အနမ်းလေးနဲ့ နှုတ်ဆက်message ပို့ရင်း ကောင်လေးဆီက ပြန်ပို့မယ့် နှုတ်ဆက်စာလေး
ကို ပြန်မျှော်နေမိတယ်။
ကောင်လေးက အလုပ်မအားလို့ message မပြန်ထားတဲ့အခါ ကောင်မလေးဟာ ဝမ်းနည်း
စွာ အိပ်ယာဝင်ခဲ့တဲ့ညတွေမှာ မျက်ရည်တွေနဲ့
ပေါ့။ အိပ်မပျော်ဖြစ်ပြီး ဖုန်းလေးပြန်ဖွင့်ရင်း
ကောင်လေးရဲ့messageလေးများရ
မျှော်လင့်နေမိတာပေါ့။ လိုင်းဖွင့်လိုက်တာနဲ့
တစ်ဒေါင်ဒေါင်နဲ့မြည်နေတဲ့ ကောင်လေးပို့တဲ့
Message လေးတွေမှာ "Good night !ချစ်လေး..အာဘွား 😘"ဆိုတဲ့ စာကြောင်းလေးတွေ
ဖတ်ရပြီးမှ ကောင်မလေးဟာ ပျော်ရွှင်စွာ ပြန်အိပ်စက်နိုင်တော့တယ်။
ဒီလိုနဲ့ ကောင်မလေးဟာ ကောင်လေးပေါ် အရမ်းချစ်မြတ်နိုးလာခဲ့တာပေ
မှာကောင်လေးနဲ့ပတ်သက်တဲ့ stauts လေးတွေ
အမြဲတင်လေ့ရှိလာခဲ့တယ် ။ ကောင်လေးက တစ်ခြားကောင်မလေးတွေနဲ့ ရှုပ်ပြီး သူမကိုထား
ခဲ့မှာ သိပ်ကြောက်လာခဲ့တယ်။ ကောင်လေး
သာ ထားခဲ့ရင် ဆိုတဲ့အတွေးတွေဝင်လာရင်
အမြဲထိုင်ငိုလာတတ်တယ်။ ...
ကောင်မလေးရဲ့ အချစ်စိတ်တွေ ယိုဖိတ်လာတဲ့
အခါ ကောင်လေးဟာ ကောင်မလေးရဲ့ စိတ်ထဲ
မှာ အချစ်ပေါ့လာတယ်လို့ခံစားလာရ
ကောင်လေးဟာ ကောင်မလေးကို အရင်လိုသူ့ 
့acc ရဲ့ pw နံပါတ်ကို ကောင်မလေးကိုမပေး
သုံးတော့ဘူး။ ကောင်မလေးကို pw သူများချိန်း
လိုက်တယ်ဆိုတဲ့ ဆင်ခြေနဲ့ ကောင်မလေးအပေါ်
မုသားသုံးတယ်။ ပထမ ကောင်မလေးကယုံခဲ့
တယ်။နောက်တော့ ကောင်လေးဟာ သူမ့ ကိုလိမ်ညာနေမှန်း သူမသေချာစုံစမ်းမိမှ သိသွား
ခဲ့တယ်။ ကောင်မလေးအရမ်းဝမ်းနည်းခဲ့တ
ကောင်လေးဟာ ကောင်မလေးအပေါ် အလေးနက်မထားတော့ဘူး။ ကောင်မလေးကို
ရင်ထဲမပါတဲ့စကားတွေနဲ့ ချွေးသိပ်ခဲ့တယ်။
ကောင်မလေးကို ဖုန်းဆက်ဖို့ဆိုတာ တော်တော်
အလှမ်းဝေးသွားခဲ့တယ်။ ကောင်မလေးကို အရင်လို သီချင်းဆိုပြဖို့အတွက် ကောင်လေး
စိတ်မပါတော့ဘူး။
ကောင်မလေးဟာ ကောင်လေးရဲ့ အေးစက်လာ
တဲ့အမူယာတွေကို သိလာပေမယ့် သူမ မပြော
တော့ဘူး။ ကောင်လေးကို လွမ်းရင် ကောင်လေး
ဓာတ်ပုံလေးဖိနမ်းရင်းမျက်ရည
လေးနဲ့အပြန်အလှန် ပို့ဖြစ်တဲ့ messageအဟောင်းလေးတွေ ထပ်တလဲလဲဖတ်ရင်းတစ်ယောက်ထဲ ပြုံးဖြစ်တယ်။ တစ်ယောက်နဲ့တစ်
ယောက် စိတ်ကောက်ရင်းအိပ်မပျော်တဲ့
မှာကဗျာလေးတွေချရေးရင်း ငိုဖြစ်တယ်။....
ဒီလိုနေရင်းနဲ့သာ ကောင်မလေးဟာ
ကောင်လေးလုံးဝပြောင်းလဲသွား
ရောက်မလာစေဖို့ ကောင်မလေးရဲ့  ရင်ထဲမှာ
ငိုခြင်းရှည်တဲ့အသံတိတ်ဆုတေ
သာ ထပ်ခါ ထပ်ခါ ရွတ်နေခဲ့တော့တယ်။
#အက္ခရာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။