Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 5, 2016

ဟယ်ရီလင်းရဲ့ အနုပညာမှတ်တမ်းများ

~~ဟယ်ရီလင်းရဲ့ အနုပညာမှတ်တမ်းများ ~~

တေးသံရှင် ဟယ်ရီလင်းဟာ ငယ်စဉ်ကျောင်းသားဘဝမှာကတည်းက ကျောင်းမှာ သီချင်းသီဆိုတဲ့အခါ (ခရစ်ယာန်ကျောင်းမှာ နေခဲ့ရသူဖြစ်ပါတယ်) တခြားကျောင်းသားတွေရဲ့အသံကို ဖုံးလွှမ်းသွားသည်အထိ ကျယ်လောင်ကြည်လင် စူးရှလွန်းတာကြောင့် ဆရာတွေကရော ကျောင်းက သူငယ်ချင်းတွေကပါ အာဂကောင်ဆိုပြီး အာဂဆိုတဲ့ ငယ်နာမည်ကို ရလာခဲ့တာပါ။ ရှစ်တန်းကျောင်းသားဘဝမှာ ညကျောင်းတတ်ရတော့ ကျောင်းသင်ခန်းစာထက် ဂီတကိုသာ အာရုံစူးစိုက်မိတဲ့အထိ အနုပညာဗီဇ ပါလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မန္တလေးသင်္ကေတ မြို့မတီးဝိုင်းကြီးမှာ ရှေ့ထွက်အဆိုတော်အနေနဲ့ ခေတ်ပေါ်သီချင်းတွေ သီဆိုခဲ့ဖူးတဲ့ မန္တလေး ဧဒင်တေးဂီတအဖွဲ့က ထုတ်ပေးလိုက်တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ ပထမဦးဆုံး အသံသွင်းယူခဲ့တဲ့ မီးသင့်မြေမှ အငွေ့အသက်များ တေးစုဟာ မထွက်ရှိခဲ့သလို တစ်ကိုယ်တော် အသံသွင်းခဲ့တဲ့ ကြိုက်သလိုနေနိုင်တယ် အမည်ရှိ တေးစုကိုလည်း ပရိသတ်လက်ထဲရောက်အောင် ပို့မပေးနိုင်ခဲ့ပါဘူး။ အခွေတွေ သွင်းယူခဲ့ပေမယ့် ထွက်ရှိနိုင်ခြင်း မရှိတဲ့အခါ စိတ်ပျက်အားလျော့သွားခြင်းမရှိဘဲ ဇွဲနဲ့ ဆက်တိုက်ကြိုးစားခဲ့တဲ့ တေးသံရှင်ဟယ်ရီလင်းဟာ လူငယ်ပရိသတ်ကြားမှာ ရေပန်းစား ထင်ရှားလာခဲ့တယ်။ ပြင်းထန်တဲ့ ရော့ခ်ဂီတ ကြောက်ခမန်းလိလိ show performance တွေနဲ့ ပရိသတ်ရဲ့နှလုံးသားကို ဆွဲဆောင်ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ တေးရေးဆရာ ဝင်းမင်းထွေး၊သော်ဒီဝေနဲ့ ကိုဇော်မျိုးထွဋ်ရဲ့ T4 တေးဂီတနဲ့ တေးဥယျဉ်မှာ အသံဖမ်းယူခဲ့ပြီး ကာဘာဒီဇိုင်းနဲ့ ဝေါလ်ရှိတွေကလည်း သူများနဲ့မတူ တစ်မူထူးခြားစေခဲ့ပါတယ်။ မူပိုင်ထုတ်လုပ်သူက Metal Zone ဦးဇော်ဝင်းရဲ့ညီ အောင်ဝင်းဖြစ်ပြီး `ဟယ်ရီလင်းရဲ့ဟယ်ရီလင်း´စီးရီးခွေက တေးသံရှင် ဟယ်ရီလင်းကို ဂီတစင်မြင့်ပေါ်ရောက်ရှိအောင် တွန်းပို့ပေးနိုင်ခဲ့ပါတယ်။

>> ဟယ်ရီလင်းရဲ့ စိတ်သဘောထားများ <<

ဂမ္ဘီရမှော်ဆန်ဆန် အသံအားနဲ့ ရော့ခ်ဂီတအပြင်းစားတွေ သီဆိုသွားခဲ့တဲ့ ဃကြီးတစ်ဖြစ်လဲ ဟယ်ရီလင်းဟာ `ကျွန်ုပ်၏ဆံပင်သည် ကျွန်ုပ်၏အမှတ်သင်္ကေတ အလံတော်ဖြစ်သည်´လို့ တစိုက်မတ်မတ် ခံယူထားခဲ့သူပါ။ ဆံပင်ရှည်ထားခြင်းကို လွတ်လပ်ခြင်းရဲ့ လက္ခဏာတစ်ခုအဖြစ် တန်ဖိုးထားခဲ့လို့ ကျောင်းထုတ်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။ အောင်မြင်နေတဲ့အချိန်မှာ စည်းစိမ်အပြုတ်ခံပြီး ရော့ခ်ဝါသနာရှင်လူငယ်တွေကို မြေတောင်မြှောက်ပေးတတ်တဲ့ စေတနာရှင်ကြီးပါ။ သူသီဆိုခဲ့တဲ့ သီချင်းတွေနဲ့ နောက်ပေါက်အဆိုတော်တွေ အောင်မြင်သွားကြတာကို ကျေနပ်အားရနေတဲ့သူ၊ အောင်မြင်နေတဲ့အချိန်မှာ လွယ်လွယ်ကူကူ ငွေရှာလို့ရတဲ့ အခွင့်အရေးတွေကို လျစ်လျူရှုနိုင်ခဲ့တဲ့ အလိုလောဘနည်းသူ၊ မအောင်မြင်ခင်၊ အောင်မြင်နေတဲ့အချိန်၊ ကျချိန်တွေအထိ တစ်သမတ်တည်း စိတ်သဘောထားရှိသူ၊ ဘဝကို အရိုးသားဆုံး ကြိုးစားရင်ဆိုင်သွားသူ၊ ဂျစ်ပစီတစ်ယောက်လို ပေပေတေတေ ဖြစ်တ်သန်းခဲ့တဲ့သူ၊ ငွေကြေးကို အဆိပ်လို့ သဘောထားသူတစ်ယောက် ဖြစ်ပါတယ်။
ဂီတအမျိုးအစားတွေ ဘယ်လောက်ပေါ်လာခဲ့ပါစေ ရော့ခ်ဂီတမဟုတ်ရင် မဆိုဘူးလို့ ခံယူထားတဲ့ ရော့ခ်ကာကြီးတစ်ဦး ဖြစ်ပါတယ်။ နိုင်ငံခြားသံစဉ်မှီ ကော်ပီသီချင်းတွေ ဆိုခဲ့ပေမယ့် မူရင်းအဆိုရှင်ရဲ့မူနဲ့ ကွဲပြားစွာ ကိုယ်ပိုင်ဟန်နဲ့ သီဆိုခဲ့သူပါ။ အနိမ့်အမြင့်၊ အတက်အကျတွေအပြည့်နဲ့ ဂီတဘဝလမ်းကြောင်းကို ရူးရူးသွပ်သွပ် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး မထွက်ဖြစ်တဲ့ တေးစုများစွာနဲ့ ကြိုးစားခဲ့ရသူလည်း ဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေးအတွက် အငှါးယာဉ်တောင် မောင်းခဲ့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ခေတ်ပေါ်သီချင်းတွေကိုသာမက မြန်မာသီချင်း အေးအေးကြီးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် ဆွေးဆွေးမြည့်မြည့် သီဆိုတတ်တယ်လို့ သိရပါတယ်။ နာမည်ကျော်ခဲ့တဲ့သီချင်းတွေကတော့ လိပ်ပြာ၊အဆိပ်ငွေကြေး၊အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ်၊ ဂြိုလ်သားတယောက် ၊ အားလုံးပြန်ယူသွားပါ စတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရော့ခ်ဂီတကို လက်မခံခဲ့ကြစဉ်ကတည်းက တစ်ချိန်ချိန်မှာ လက်ခံလာမှာပဲလို့ ယုံကြည်ပြီး စိတ်ဓာတ်ကျခဲ့ပေမယ့် မာန်တင်းပြီး ကြိုးစားခဲ့သူပါ။ လက်ဦးဆရာတွေကတော့ ဆရာဖရန့်၊ အစ်ကိုဝမ်းကွဲ ကိုဌေးလှိုင်တို့ပဲ ဖြစ်ပါတယ်။
ဟယ်ရီလင်းဟာ ၈၈ အရေးအခင်းမှာ ဂဠုန်နီ ကျောင်းသားသစ္စာ သတင်းစာထုတ်ဝေခဲ့ပြီး အယ်ဒီတာ့အာဘော်အနေနဲ့ နိုင်ငံရေးသဘောတရားတွေ ရေးသားခဲ့ပါသေးတယ်။ အရေးအခင်းအပြီးမှာ ထောက်လှမ်းရေးက ဆယ်ရက်ချုပ်ထားခဲ့ပြီး နိုင်ငံရေးမလုပ်ရ သတိပေးချက်နဲ့အတူ ပြန်လွှတ်ပေးခဲ့ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားခဲ့တဲ့ ဟယ်ရီလင်းဟာ သူ့ရဲ့တေးသီချင်းတွေမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ဗုဒ္ဓဓမ္မတေးတွေ၊ လူသားချင်း စာနာနားလည်မှုတွေစတဲ့ ခံယူချက်သဘောထားတွေကို ထည့်သွင်းသီဆိုချင်တဲ့ ဆန္ဒတွေရှိခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မသီဆိုခဲ့ရရှာပါဘူး။
တေးသံရှင် ဟယ်ရီလင်းဟာ Band အဖွဲ့မရှိတဲ့ အဆိုတော်တစ်ယောက်ပါ။ တစ်ခေတ်တစ်ခါက IC အဆိုတော်၊ အင်ပါယာအဆိုတော်ရယ်လို့ အဆိုတော်တွေ ပေါ်ပေါက်နေခဲ့ချိန်မှာ band အဆိုတော်အဖြစ် မခံယူချင်တဲ့အတွက် section players ငှါးရမ်းပြီးသီဆိုခဲ့တဲ့ အနုပညာမာန ခပ်ကြီးကြီးထားသူတစ်ယောက် ဖြစ်ပါတယ်။ ပွင့်လင်းရိုးသားသလို လွတ်လပ်မှုကို မြတ်နိုးတန်ဖိုးထားခဲ့ပြီး သေသည်အထိ ဂီတကိုရင်ဝယ်ပိုက်ကာ နိဂုံးချူပ်သွားခဲ့ရတဲ့ ရော့ခ်ကာအဆိုရှင်ကြီး ဟယ်ရီလင်းဟာ မဟုတ်မခံတတ်သူတစ်ဦးဖြစ်သလို မိတ်ဆွေအပေါင်းအသင်းနဲ့ မိသားစုအပေါ် တာဝန်ကျေသွားခဲ့တဲ့ လူသားတစ်ဦးလည်း ဖြစ်ပါတယ်။

#fashion_image
#ဂီတအကြောင်း_သောင်းပြောင်းထွေလာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B