ဂီတသက်တန်း
ရှည်ကြာသည်နှင့်အမျှ အတွေ့အကြုံတွေကလည်း များပြားနေမှာ အမှန်ပါ။ ဒါကြောင့်
ဂီတဝါသနာပါသော ဝါသနာတူ သူငယ်ချင်းများအတွက် အဆိုတော် ကိုဟယ်ရီလင်းနဲ့
တွေ့ဆုံတင်ပြ ပေးလိုက်ပါတယ်။
မေး - ကိုဟယ်ရီလင်း ပထမဆုံးထွက်ခဲ့တဲ့ "ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း" ဖြစ်လာဖို့ ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ်ဆိုတာလေး အရင်ဦးဆုံး အကျယ်တဝင့် ပြောပြပါလား။
ဖြေ - အကျယ်တဝင့် ပြောပြချင်ပါတယ်။ ဒီမေးခွန်း တစ်ခုနဲ့တင် ပေးထားတဲ့ စာမျက်နှာ ပြည့်သွားပါလိမ့်မယ်။ အတိုချုံးပြီး ပြောရရင် စာဖတ်ရင်ပဲဖြစ်ဖြစ်၊ စကားပြောကြတဲ့အခါမှာပဲဖြစ်ဖြစ်၊
အမြဲကြားနေကြရ၊ မြင်နေကြရတဲ့ 'အခွင့်အရေးဆိုတာ ပေးလာခဲ့ရင် ကိုယ့်ဘက်က
အဆင့်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်' တို့၊ နောက်ပြီး 'လွယ်လွယ်နဲ့ရခဲ့တာ
မဟုတ်ဘူး' ဆိုတဲ့ စကားတွေဟာ ကျွန်တော့် ဒီအခွေနဲ့ ပတ်သက်ပြီး တကယ့်ဘဝပေး
အသိ၊ ငါတွေ့ တွေပေါ့နော်။
မေး - ဒီခွေကို ဘယ်ခုနှစ်လောက်က ထုတ်လုပ်ခဲ့ပါသလဲ။ တေးရေး၊ sound၊ studio၊ ဖြန့်ချီရေးက အစပေါ့။ မမီလိုက်တဲ့သူတွေလည်း သိရအောင်လို့ပါ။
ဖြေ - ၉၂ လောက်ကပါ။ မူပိုင်က ကိုအောင်ဝင်း (A family)၊ ဝင်းမင်းထွေး၊ သော်ဒီဝေ၊ တီးဝိုင်းက T4 စတူဒီယိုက ဗိုလ်တထောင်ဘက်က တေးဥယျာဉ်နဲ့ ညိုညိုတေးသံသွင်းဆိုင်က ဖြန့်ချီခဲ့ပါတယ်။
မေး - ဒီခွေအရင်မှာလည်း တစ်ခွေလှုပ်ရှားခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။ အဲဒီ အကြောင်းလေးလည်း ပြောပြပါလား။
ဖြေ - တစ်ခွေမဟုတ်ပါဘူး။ နှစ်ခွေပါ။ ဒီမေးခွန်းကလည်း မေးတိုင်း ဖြေနေကျမို့လို့ အားလုံးက သိပြီးသားနေပါလိမ့်မယ်။
မေး - "အနာဂတ်ဗိမာန်" လိုမျိုး နှစ်ပုဒ်တစ်ခွေထုတ်ဖို့ အစီအစဉ် ရှိသေးသလား။
ဖြေ - စိတ်တော့မကုန်သေးဘူးဗျ။ ထပ်လုပ်ကြည့်ချင်တယ်။ ဒီတစ်ခါ ကိုယ်ပိုင်သံစဉ်ကျ လုပ်ကြည့်ဦးမလားဆိုတာ စိတ်ကူးထဲ ဝင်ဝင်လာတယ်။
မေး - ပထမခွေတုန်းက Copy သီချင်းတွေကို ကိုဟယ်ရီလင်းပဲ ရွေးခဲ့တာလား။
ဖြေ - မဟုတ်ပါဘူး။ ထုတ်ဝေသူရော၊ တေးရေးသူရော။ နောက်ပြီး နီးစပ်တဲ့ အပေါင်းအသင်းတွေပါ ဝိုင်းပြီး ရွေးတာပါ။
မေး - တစ်ကိုယ်တော် Own Tune တစ်ခွေရယ်၊ Copy နှစ်ခွေရယ် လုပ်နေတယ်ဆိုတာ ဘယ်အတိုင်းအတာထိ ရောက်နေပါပြီလဲ။
ဖြေ - ကော်ပီတစ်ခွေက ပြီးတော့မှာပါ။ နောက်ကော်ပီတစ်ခွေနဲ့ ကိုယ်ပိုင်သံစဉ်ကတော့ ဒီနှစ်ထဲ မပြီးနိုင်သေးပါဘူး။
မေး - ကိုဟယ်ရီလင်းရဲ့ အခွေကြီးတွေ တစ်ခွေနဲ့တစ်ခွေထွက်တာ အချိန်ကြာတယ်လို့ မထင်ဘူးလား။
ဖြေ - ထင်ပါတယ်ခင်ဗျ။ ကြာတာကိုက ကျွန်တော့်အကျင့် ဖြစ်နေပါတယ်။ ဒီအကျင့်ဆိုးပျောက်အောင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကျင့်နေပါတယ်။
မေး - ထွက်ခဲ့သမျှတွေထဲက အကြိုက်ဆုံးတစ်ခွေလောက် ပြောပြပါလား။ ဘာကြောင့် ကြိုက်တာပါလဲ။
ဖြေ - သားသမီး ၄၊ ၅ ယောက် မွေးထားတဲ့သူလို ဖြစ်နေပါတယ်။ ဒီတစ်ယောက်တော့ မျက်စိစောင်းစောင်းလေးမို့ ချစ်ရတယ်။ ဟိုတစ်ယောက်တော့ သွားခေါခေါလေးမို့ ချစ်ရတယ်။ အဲ အဲဒီအတိုင်းပါပဲ ခင်ဗျ။
မေး - ဆိုခဲ့သမျှတွေထဲက အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ပြောပြပါဦး။ ဘာကြောင့် ကြိုက်ခဲ့တယ်ဆိုတာလေးရောပေါ့။
ဖြေ - အရာကြီးနဲ့ ဘာဘူကြီးလိုပါပဲ။ ရှေ့ကမေးခွန်းနဲ့ အတူတူပါပဲ။
မေး - အတွဲခွေလည်း တော်တော်များများ ဆိုဖြစ်တယ်နော်။ အဲဒီအပေါ်မှာ ကိုဟယ်ရီလင်းရဲ့ ခံယူမှုလေး။
ဖြေ - အဲဒါကတော့ ကျွန်တော်တို့ အချင်းချင်းလည်း အမှတ်တရ၊ ပရိသတ်အတွက်လည်း အမှတ်တရဖြစ်စေဖို့ အတွက်ပါ။ အဲ ကြားဖြတ် နောက်တစ်ခုကလည်း ကျွန်တော့်လို အခွေထွက်ကျဲတဲ့ လူကျတော့ ပရိသတ်နဲ့ မကင်းတော့ဘူးပေါ့။
မေး - ကိုဟယ်ရီလင်းကို Producer တစ်ယောက်က သီချင်းခွေလုပ်ဖို့ လာပြီး ကမ်းလှမ်းရင် ဘာတွေကို ဦးစားပေးပြီး ကြည့်တတ်ပါသလဲ။
ဖြေ - (ဥပမာ - တေးရေး၊ သီချင်းစာသား၊ Music Style, Band, Studio စသဖြင့်ပေါ့)။ အဲဒီ ဥပမာတွေထဲက အကုန်လုံး ဦးစားပေးကြည့်ပါတယ်။
မေး - အဆိုပိုင်းလေ့ကျင့်မှုတွေ လုပ်ပါသလား။ လုပ်ခဲ့ရင် ဘယ်လို လုပ်တယ်ဆိုတာလေး ပြောပြပါဦး။
ဖြေ - မလုပ်ဖြစ်တာ ကြာပါပြီ။ ခင်ဗျားရဲ့အမေးကြောင့် သတိပေးသလို ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုပါပဲ။ ကိုယ့်သီချင်းပဲဖြစ်ဖြစ်၊ သူများသီချင်းပဲဖြစ်ဖြစ် ဆိုနေလိုက်တာပဲ။ ဌာန်၊ ကရိုဏ်း ကျကျလေးပေါ့ဗျာ။
မေး - အသံအတွက် အစားအသောက်ရှောင်တာရော ရှိပါသလား။ ရှိခဲ့ရင် ဘာတွေကိုရှောင်ပြီး ဘာတွေကိုဆောင်တယ် ဆိုတာလေး ပြောပြပါလား။
ဖြေ - အရင်က ဘာမှမရှောင်ခဲ့ပါဘူး။ အခုတော့ အဲဒီလို နေခဲ့တဲ့အတွက်လားတော့ မသိဘူး အစားရော အသောက်ရော ရှောင်နေရပြီး။
မေး - Studio မှာ သီချင်းဆိုဖို့ Date ရှိရင် ဘာတွေကို ဘယ်လိုလုပ်ကိုင် နေထိုင်ပါသလဲ။
ဖြေ - အစားအသောက် အနေအထိုင် ဆင်ခြေပြီး ကိုယ်ဆိုမယ့်သီချင်း ကျက်နေတာပေါ့။
မေး - အခုဖြစ်ပေါ်နေတဲ့ မျိုးဆက်သစ်တို့ရဲ့ Music Style တွေကိုလည်း ကိုဟယ်ရီလင်းရဲ့ အမြင်နဲ့ ခံစားမှုလေးတွေကို ပြောပြပါဦး။
ဖြေ- အမြင်နဲ့ခံစားမှုကို ပြောရရင်ဗျာ၊ ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို လုပ်တဲ့သူဆိုရင် ကြီးကြီးငယ်ငယ် လေးစားပါတယ်။
မေး - ကိုဟယ်ရီလင်းက အကြောင်းအရာပြောပြပြီး ရေးခိုင်းတဲ့ သီချင်းတွေရော ရှိပါသလား။
ဖြေ - တော်တော်လေးရှိပါတယ်။ အဲ အနီးစပ်ဆုံးနဲ့ မကြာသေးတဲ့ သီချင်းပေါ့လေ၊ "ဂမ္ဘီရဝိညာဉ်" ဆိုတဲ့ သီချင်းပါ။
မေး - ကိုဟယ်ရီလင်း အရမ်းဆိုချင်တဲ့ အကြောင်းအရာနဲ့ သီချင်းတစ်ပုဒ်ကို သီဆိုပြီးခဲ့ပါပြီလား။
ဖြေ - ဟင့်အင်း မဆိုရသေးပါဘူး။ ဒါပေမဲ့ အသံသွင်းနေတုန်း လက်စ မသတ်နိုင်သေးတဲ့ ကိုယ်ပိုင်သံစဉ် အခွေထဲမှာ ပါပါလိမ့်မယ်။
မေး - အခုလောလောဆယ် ကိုဟယ်ရီလင်း ဂီတနဲ့ပတ်သက်လို့ ဘာတွေ ဘယ်လို လှုပ်ရှားနေတယ်ဆိုတာလေး ပြောပြပါဦး။ (ဥပမာ - အခု နောက်ထွက်မယ့်ခွေအတွက် ဘယ်တေးရေးတွေနဲ့ ဘယ် Studio မှာ ဘယ် Sound နဲ့ ဘာခွေလုပ်နေတယ်။ ဘယ်အခြေအနေ ရောက်နေပြီ ဆိုတာလေးပေါ့)။
ဖြေ - အခုလုပ်နေတာကတော့ နောက်ထွက်မယ့် အဲ ဒီနှစ်ထဲထုတ်မယ့် "ကလိုက်ဗီသိုဗင်" အခွေပေါ့။ လက်စသတ်နေပါတယ်။ တေးရေးက သုခမိန်လှိုင်၊ သော်ဒီဝေ၊ နိုင်းနိုင်၊ ဝေးခေါင်နဲ့ ထက်တည်မြင့်။ တီးဝိုင်းနဲ့ စတူဒီယိုက Metal Zone ပါ။
မေး - ဂီတအနုပညာသမား တစ်ယောက်မှာ ပါရမီနဲ့ အတတ်ပညာ ဘယ်ဟာက ပိုအရေးကြီးတယ်လို့ ထင်ပါသလဲ။
ဖြေ - ဆရာကြီး လုပ်ကြည့်လိုက်ဦးမယ်။ ပါရမီနဲ့ အတတ်ပညာကို အစိတ်သားစီလောက် မပ်ုကြေး၊ မလိုကြေးနဲ့ အနုပညာစိတ်ရှိတဲ့ ကွန့်မြူးခြင်း၊ ဆန်းသစ်ခြင်းတို့ကို ငါးဆယ်သားလောက် ရောစပ်လိုက်ရင်တော့။
မေး - ကိုဟယ်ရီလင်းရဲ့ လိပ်စာလေး။
ဖြေ - အမှတ် (၇) ပထမထပ်၊ ကြေးပန်းတိမ်လမ်း၊ ကန်တော်လေး။
ဘယ်မဂ္ဂဇင်းကမှန်း မမှတ်မိတော့..
#ဂီတအကြောင်း_သောင်းပြောင်းထွေလာ
မေး - ကိုဟယ်ရီလင်း ပထမဆုံးထွက်ခဲ့တဲ့ "ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း" ဖြစ်လာဖို့ ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ်ဆိုတာလေး အရင်ဦးဆုံး အကျယ်တဝင့် ပြောပြပါလား။
ဖြေ - အကျယ်တဝင့် ပြောပြချင်ပါတယ်။ ဒီမေးခွန်း တစ်ခုနဲ့တင် ပေးထားတဲ့ စာမျက်နှာ ပြည့်သွားပါလိမ့်မယ်။ အတိုချုံးပြီး ပြောရရင် စာဖတ်ရင်ပဲဖြစ်ဖြစ်၊ စကားပြောကြတဲ့အခါမှာပဲဖြစ်ြ
မေး - ဒီခွေကို ဘယ်ခုနှစ်လောက်က ထုတ်လုပ်ခဲ့ပါသလဲ။ တေးရေး၊ sound၊ studio၊ ဖြန့်ချီရေးက အစပေါ့။ မမီလိုက်တဲ့သူတွေလည်း သိရအောင်လို့ပါ။
ဖြေ - ၉၂ လောက်ကပါ။ မူပိုင်က ကိုအောင်ဝင်း (A family)၊ ဝင်းမင်းထွေး၊ သော်ဒီဝေ၊ တီးဝိုင်းက T4 စတူဒီယိုက ဗိုလ်တထောင်ဘက်က တေးဥယျာဉ်နဲ့ ညိုညိုတေးသံသွင်းဆိုင်က ဖြန့်ချီခဲ့ပါတယ်။
မေး - ဒီခွေအရင်မှာလည်း တစ်ခွေလှုပ်ရှားခဲ့ဖူးတယ်လိ
ဖြေ - တစ်ခွေမဟုတ်ပါဘူး။ နှစ်ခွေပါ။ ဒီမေးခွန်းကလည်း မေးတိုင်း ဖြေနေကျမို့လို့ အားလုံးက သိပြီးသားနေပါလိမ့်မယ်။
မေး - "အနာဂတ်ဗိမာန်" လိုမျိုး နှစ်ပုဒ်တစ်ခွေထုတ်ဖို့ အစီအစဉ် ရှိသေးသလား။
ဖြေ - စိတ်တော့မကုန်သေးဘူးဗျ။ ထပ်လုပ်ကြည့်ချင်တယ်။ ဒီတစ်ခါ ကိုယ်ပိုင်သံစဉ်ကျ လုပ်ကြည့်ဦးမလားဆိုတာ စိတ်ကူးထဲ ဝင်ဝင်လာတယ်။
မေး - ပထမခွေတုန်းက Copy သီချင်းတွေကို ကိုဟယ်ရီလင်းပဲ ရွေးခဲ့တာလား။
ဖြေ - မဟုတ်ပါဘူး။ ထုတ်ဝေသူရော၊ တေးရေးသူရော။ နောက်ပြီး နီးစပ်တဲ့ အပေါင်းအသင်းတွေပါ ဝိုင်းပြီး ရွေးတာပါ။
မေး - တစ်ကိုယ်တော် Own Tune တစ်ခွေရယ်၊ Copy နှစ်ခွေရယ် လုပ်နေတယ်ဆိုတာ ဘယ်အတိုင်းအတာထိ ရောက်နေပါပြီလဲ။
ဖြေ - ကော်ပီတစ်ခွေက ပြီးတော့မှာပါ။ နောက်ကော်ပီတစ်ခွေနဲ့ ကိုယ်ပိုင်သံစဉ်ကတော့ ဒီနှစ်ထဲ မပြီးနိုင်သေးပါဘူး။
မေး - ကိုဟယ်ရီလင်းရဲ့ အခွေကြီးတွေ တစ်ခွေနဲ့တစ်ခွေထွက်တာ အချိန်ကြာတယ်လို့ မထင်ဘူးလား။
ဖြေ - ထင်ပါတယ်ခင်ဗျ။ ကြာတာကိုက ကျွန်တော့်အကျင့် ဖြစ်နေပါတယ်။ ဒီအကျင့်ဆိုးပျောက်အောင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကျင့်နေပါတယ်။
မေး - ထွက်ခဲ့သမျှတွေထဲက အကြိုက်ဆုံးတစ်ခွေလောက် ပြောပြပါလား။ ဘာကြောင့် ကြိုက်တာပါလဲ။
ဖြေ - သားသမီး ၄၊ ၅ ယောက် မွေးထားတဲ့သူလို ဖြစ်နေပါတယ်။ ဒီတစ်ယောက်တော့ မျက်စိစောင်းစောင်းလေးမို့ ချစ်ရတယ်။ ဟိုတစ်ယောက်တော့ သွားခေါခေါလေးမို့ ချစ်ရတယ်။ အဲ အဲဒီအတိုင်းပါပဲ ခင်ဗျ။
မေး - ဆိုခဲ့သမျှတွေထဲက အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ပြောပြပါဦး။ ဘာကြောင့် ကြိုက်ခဲ့တယ်ဆိုတာလေးရောပေါ
ဖြေ - အရာကြီးနဲ့ ဘာဘူကြီးလိုပါပဲ။ ရှေ့ကမေးခွန်းနဲ့ အတူတူပါပဲ။
မေး - အတွဲခွေလည်း တော်တော်များများ ဆိုဖြစ်တယ်နော်။ အဲဒီအပေါ်မှာ ကိုဟယ်ရီလင်းရဲ့ ခံယူမှုလေး။
ဖြေ - အဲဒါကတော့ ကျွန်တော်တို့ အချင်းချင်းလည်း အမှတ်တရ၊ ပရိသတ်အတွက်လည်း အမှတ်တရဖြစ်စေဖို့ အတွက်ပါ။ အဲ ကြားဖြတ် နောက်တစ်ခုကလည်း ကျွန်တော့်လို အခွေထွက်ကျဲတဲ့ လူကျတော့ ပရိသတ်နဲ့ မကင်းတော့ဘူးပေါ့။
မေး - ကိုဟယ်ရီလင်းကို Producer တစ်ယောက်က သီချင်းခွေလုပ်ဖို့ လာပြီး ကမ်းလှမ်းရင် ဘာတွေကို ဦးစားပေးပြီး ကြည့်တတ်ပါသလဲ။
ဖြေ - (ဥပမာ - တေးရေး၊ သီချင်းစာသား၊ Music Style, Band, Studio စသဖြင့်ပေါ့)။ အဲဒီ ဥပမာတွေထဲက အကုန်လုံး ဦးစားပေးကြည့်ပါတယ်။
မေး - အဆိုပိုင်းလေ့ကျင့်မှုတွေ လုပ်ပါသလား။ လုပ်ခဲ့ရင် ဘယ်လို လုပ်တယ်ဆိုတာလေး ပြောပြပါဦး။
ဖြေ - မလုပ်ဖြစ်တာ ကြာပါပြီ။ ခင်ဗျားရဲ့အမေးကြောင့် သတိပေးသလို ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုပါပဲ။ ကိုယ့်သီချင်းပဲဖြစ်ဖြစ်၊ သူများသီချင်းပဲဖြစ်ဖြစ် ဆိုနေလိုက်တာပဲ။ ဌာန်၊ ကရိုဏ်း ကျကျလေးပေါ့ဗျာ။
မေး - အသံအတွက် အစားအသောက်ရှောင်တာရော ရှိပါသလား။ ရှိခဲ့ရင် ဘာတွေကိုရှောင်ပြီး ဘာတွေကိုဆောင်တယ် ဆိုတာလေး ပြောပြပါလား။
ဖြေ - အရင်က ဘာမှမရှောင်ခဲ့ပါဘူး။ အခုတော့ အဲဒီလို နေခဲ့တဲ့အတွက်လားတော့ မသိဘူး အစားရော အသောက်ရော ရှောင်နေရပြီး။
မေး - Studio မှာ သီချင်းဆိုဖို့ Date ရှိရင် ဘာတွေကို ဘယ်လိုလုပ်ကိုင် နေထိုင်ပါသလဲ။
ဖြေ - အစားအသောက် အနေအထိုင် ဆင်ခြေပြီး ကိုယ်ဆိုမယ့်သီချင်း ကျက်နေတာပေါ့။
မေး - အခုဖြစ်ပေါ်နေတဲ့ မျိုးဆက်သစ်တို့ရဲ့ Music Style တွေကိုလည်း ကိုဟယ်ရီလင်းရဲ့ အမြင်နဲ့ ခံစားမှုလေးတွေကို ပြောပြပါဦး။
ဖြေ- အမြင်နဲ့ခံစားမှုကို ပြောရရင်ဗျာ၊ ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို
မေး - ကိုဟယ်ရီလင်းက အကြောင်းအရာပြောပြပြီး ရေးခိုင်းတဲ့ သီချင်းတွေရော ရှိပါသလား။
ဖြေ - တော်တော်လေးရှိပါတယ်။ အဲ အနီးစပ်ဆုံးနဲ့ မကြာသေးတဲ့ သီချင်းပေါ့လေ၊ "ဂမ္ဘီရဝိညာဉ်" ဆိုတဲ့ သီချင်းပါ။
မေး - ကိုဟယ်ရီလင်း အရမ်းဆိုချင်တဲ့ အကြောင်းအရာနဲ့ သီချင်းတစ်ပုဒ်ကို သီဆိုပြီးခဲ့ပါပြီလား။
ဖြေ - ဟင့်အင်း မဆိုရသေးပါဘူး။ ဒါပေမဲ့ အသံသွင်းနေတုန်း လက်စ မသတ်နိုင်သေးတဲ့ ကိုယ်ပိုင်သံစဉ် အခွေထဲမှာ ပါပါလိမ့်မယ်။
မေး - အခုလောလောဆယ် ကိုဟယ်ရီလင်း ဂီတနဲ့ပတ်သက်လို့ ဘာတွေ ဘယ်လို လှုပ်ရှားနေတယ်ဆိုတာလေး ပြောပြပါဦး။ (ဥပမာ - အခု နောက်ထွက်မယ့်ခွေအတွက် ဘယ်တေးရေးတွေနဲ့ ဘယ် Studio မှာ ဘယ် Sound နဲ့ ဘာခွေလုပ်နေတယ်။ ဘယ်အခြေအနေ ရောက်နေပြီ ဆိုတာလေးပေါ့)။
ဖြေ - အခုလုပ်နေတာကတော့ နောက်ထွက်မယ့် အဲ ဒီနှစ်ထဲထုတ်မယ့် "ကလိုက်ဗီသိုဗင်" အခွေပေါ့။ လက်စသတ်နေပါတယ်။ တေးရေးက သုခမိန်လှိုင်၊ သော်ဒီဝေ၊ နိုင်းနိုင်၊ ဝေးခေါင်နဲ့ ထက်တည်မြင့်။ တီးဝိုင်းနဲ့ စတူဒီယိုက Metal Zone ပါ။
မေး - ဂီတအနုပညာသမား တစ်ယောက်မှာ ပါရမီနဲ့ အတတ်ပညာ ဘယ်ဟာက ပိုအရေးကြီးတယ်လို့ ထင်ပါသလဲ။
ဖြေ - ဆရာကြီး လုပ်ကြည့်လိုက်ဦးမယ်။ ပါရမီနဲ့ အတတ်ပညာကို အစိတ်သားစီလောက် မပ်ုကြေး၊ မလိုကြေးနဲ့ အနုပညာစိတ်ရှိတဲ့ ကွန့်မြူးခြင်း၊ ဆန်းသစ်ခြင်းတို့ကို ငါးဆယ်သားလောက် ရောစပ်လိုက်ရင်တော့။
မေး - ကိုဟယ်ရီလင်းရဲ့ လိပ်စာလေး။
ဖြေ - အမှတ် (၇) ပထမထပ်၊ ကြေးပန်းတိမ်လမ်း၊ ကန်တော်လေး။
ဘယ်မဂ္ဂဇင်းကမှန်း မမှတ်မိတော့..
#ဂီတအကြောင်း_သောင်းပြောင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။